အပိုင်း ၈၃
Viewers 29k

Chapter 83


အစီအစဉ်က ပါဝင်သူတွေအပေါ်မှာ သေတ္တာတွေကို အကြမ်းပတမ်း လွှတ်ပစ်ပြီး မဖွင့်ရဘူးဆိုတဲ့ စည်းမျဉ်းလည်း မရှိတော့ အဲ့ဒါက ... 


(╯ ‵ □ ′) ╯︵┻━╯︵┻


ရိုက်ကူးရေးအဖွဲ့က ကြမ်းတမ်းသည့် ပါဝင်သူများ ရှိလာမည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် သေတ္တာများ ရွေးချယ်ရာ၌ အရည်အသွေးပိုင်းကို အာရုံမစိုက်ခဲ့မိပေ။ 


အဲ့လောက် အရေထူပြီး အရှက်ရှိတဲ့လူတစ်ယောက် ပါလာမယ်လို့ ဘယ်သူထင်မိမှာလဲ ... အဲ့ဒါနဲ့ပဲ ဒုတိယမြောက်ပွဲကိုလည်း သူမပဲ နိုင်သွားတယ် ...


ဟန်ယွဲ့ မျက်ဆံလှန်သည်မှာ ကောင်းကင်ပေါ်အထိ ရောက်တော့မည်ဖြစ်သည်။


" ဟန် ... ကျွန်မကို ဘာလို့ စိုက်ကြည့်နေတာလဲ ..."

ရှအန်း အနည်းငယ်ဆွံ့အသွားပြီး အမြင်ကတ်လာသဖြင့် ပြောလိုက်သည်။


" မင်းကိုယ်မင်းကြည့်ဦး ..."

ဟန်ယွဲ့ ရှအန်းကို စိတ်ဆိုးစွာဖြင့် ပြောလိုက်သည်။


" အင်း ... ကျွန်မ တော်တော်လှတယ်လေ ..."

ရှဟန်း ဟန်ယွဲ့ကိုကြည့်ပြီး အရှက်မဲ့စွာ ပြောလိုက်သည်။


ရှအန်း၏ ယခုပုံစံကိုတွေ့ပြီးနောက် ဟန်ယွဲ့ ဘာပြောရမည်မသိတော့ပေ။


အမှန်တကယ် ရှအန်းအပိုင်းတစ်ခုချင်းစီအတွက် ချန်ပီယံရှစ် ဘောနက်စ်များရသည်ကို ဟန်ယွဲ့သဘောမကျပေ။  ဆန့်ကျင်ဘက်တွေးလိုက်သောအခါ ရှအန်း ငွေလိုနေသောကြောင့် သူမကို ဆုရရန်မျှော်လင့်နေမိသည်။


သူ့ကို စိတ်တိုစေသည်က ရှအန်းက သူ၏ထောင်ခြောက်များထဲမဝင်ခြင်းကိုပင်။ 


သေချာပေါက် တကယ်ကြီး စိတ်ဆိုးတာတော့ မဟုတ်ဘူးပေါ့ ...


အဘယ့်ကြောင့်ဆိုသော် သူမနှင့်သူက ဆက်ဆံရေးပြေလည်သဖြင့် အပိုင်းတစ်ခု အဆုံးသတ်တိုင်း သူမကို အားပေးလေ့ရှိသည်။


မကြာမီ လေယာဉ်က မြို့တော်B၏  လေဆိပ်သို့ ဆိုက်ပြီး ရှအန်း ရိုက်ကူးရေးအဖွဲ့နှင့် အခြားလူများ ပြန်ရောက်လာကြသည်။


ရှအန်းနှင့် အခြားလူများ လေယာဉ်ပေါ်မှ ဆင်းလာသည့်အခါ သူတို့လမ်းကြောင်းကို မြောက်များစွာသော ပရိသတ်များက ပိတ်ဆို့ထားသည်။


" ထူးဆန်းလိုက်တာ ရှုကျင်းယန်က ငါတို့လေယာဉ်နဲ့တူတူ ပါမလာပါဘူး ..."


ဟန်ယွဲ့နှင့် အခြားလူများ အံ့ဩနေစဉ်တွင် အော်သံတစ်ခု ကြားလိုက်ရသည်။


" အား ... ရှအန်းကို တွေ့ပြီ ..."


" ဘုရားရေ ... အဲ့ဒါ ရှအန်းပဲ ... ရှအန်းက ပုံထဲမှာထက် အပြင်မှာ ပိုလှတယ် ..."


" အား ... ရှအန်းရေ မင်းရဲ့မျက်နှာလေးကို သဘောကျတယ် ..."


" ရှအန်း ..."


  …


သူတို့၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော လူများက ရှအန်း၏ပရိသတ်များဖြစ်ကြောင်း ဝန်ထမ်းများသိလိုက်ရသည်။


"ပရိသတ်"များ၏ ကြိုဆိုခြင်းခံရသော ရှအန်းက တအံ့တဩဖြစ်နေသည်။


အရိုးသားဆုံးပြောရလျှင် ထိုကဲ့သို့ ကြိုဆိုမှုကြီးကို သူမ ‌မမျှော်လင့်ထားခဲ့ပေ။


အခြားအနုပညာရှင်များ၏ ပရိသတ်များရှိသော်လည်း သူတို့၏ ကြိုဆိုမှုက ရှအန်းနှင့်ယှဉ်ပါက ဘာမှမဟုတ်ပေ။


သို့ရာတွင် ယခုရှအန်းက အနုပညာရှင် မဖြစ်ခဲ့ဖူးသော သာမန်လူသာ ဖြစ်သည်။


စိတ်လှုပ်ရှားနေသော အော်သံများနားထောင်ရခြင်း support bannerနှင့် လူများ၏လက်ထဲတွင် ပန်းများကို တွေ့ရသည့်အခါ ရှအန်း ရပ်တန့်သွားသည်။


ရိုက်ကူးရေးအဖွဲ့နှင့် လေဆိပ်လုံခြုံရေးအဖွဲ့များ၏ ကြိုးပမ်းမှုကြောင့် ရှအန်း လူအုပ်ထဲမှ ဖောက်ထွက်နိုင်ခဲ့သည်။


" ဘယ်လိုနေလဲ နာမည်ကြီးကြယ်ပွင့်လေး ... မင်းပျော်လား ဒါမှမဟုတ် ကြောက်သွားလား ..."


ကားပေါ်ရောက်သည့်အခါ စကားတစ်ခွန်းမှ မပြောပဲ ကြောင်အနေသည့်ရှအန်းကို ဟန်ယွဲ့ကြည့်လ်ိုက်ပြီး နောက်ပြောင်လိုက်သည်။


သို့သော် ရှအန်း၏ အဖြေက ဤသို့ဖြစ်လာမည်ဟု သူမ မထင်ထားခဲ့ပေ။


" အနာဂတ်မှာ အပြင်သွားတိုင်း အဲ့လိုအော်ဟစ်နေတဲ့ လူအုပ်ကြီး ကျွန်မရဲ့ဘေးနားမှာ မရှိလောက်ပါဘူးနော် ..."


" အဲ့လိုတော့ မဖြစ်လောက်ပါဘူး ..."


ရှအန်း၏ ကြောင်အအဖြစ်နေပုံကိုကြည့်ကာ ဟန်ယွဲ့ပြုံးပြပြီး ခေါင်းခါလိုက်သည်။


အဖြေကိုကြားသည့်အခါမှ ရှအန်း စိတ်သက်သာရာ ရသွားသည်။


မကောင်းဘူး ... လုံးဝမကောင်းဘူး ... အဲ့လိုသာဆိုရင် နောက်ဆို အပြင်မှာ အရသာရှိတဲ့ အစားအစာတွေ သွားစားလို့ မရတော့ဘူး ..."


သို့ရာတွင် မကြာမီ ဟန်ယွဲ့ ထပ်ပြောလိုက်သည့်စငားက သူမကို ကျောက်ရုပ်ဖြစ်သွားစေသည်။


" ရှိုးကို အသံလွှင့်ပြီးရင် မင်းဘေးနားမှာ ဒီထက်များတဲ့ လူအုပ်ကြီးတွေက အော်ဟစ်နေမှာ ..."


“…” အစီအစဉ်ကို ရပ်ထားလို့မရဘူးလား


 / (ㄒ o ㄒ) / ~~


ထိုအချိန်တွင် ရှအန်း သေချင်စိတ်ပေါက်သွားသည်။


" ဘာဖြစ်လို့လဲ ..."


ရှအန်း၏ မျက်နှာပေါ်မှ တုံ့ပြန်မှုက အလွန်ဆိုးရွားနေသည်။ ထို့ကြောင့် ဟန်ယွဲ့က သူမက တုံ့ပြန်ပုံက အလွန်မှားနေသည်ဟု ထင်လိုက်သည်။


အခြားသူများသာဆိုလျှင် ပရိသတ်အများကြီးရှိခြင်း သို့မဟုတ် အနာဂတ်တွင် ပို၍များသည့်ပရိသတ်များက သူ့ကို ကြိုဆိုနေသည်ကို သိလိုက်ပါက စိတ်လှုပ်ရှားကြမည်သာဖြစ်သည်။


ဒါပေမဲ့ ရှအန်းကျတော့ အဖေနဲ့အမေ သေသွားလို့ ဖြစ်နေတဲ့ရုပ်ကြီးပါလား ... ပိုတောင် ရုပ်ဆိုးသွားသလိုပဲ ...


‌အကောင်ပေါက်လေးက သူ၏မိခင်ဘေးတွင် ငြိမ်သက်စွာ ထိုင်နေသည်။ နတ်သမီးမေမေ၏ အမူအရာကိုကြည့်ပြီး မည်သူ့ကိုမျှ ဂရုမစိုက်ပေ။ သူ၏မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်၍ ဟန်ယွဲ့ကို လေးနက်စွာပြောလိုက်သည်။

" အန်ကယ်ဟန် ... သားထင်တာတော့ မာမားက အနာဂတ်မှာ အပြင်ထွက်ပြီး အရသာ‌ရှိတာတွေ စားလို့မရတော့မှာကို စိတ်ပူနေတာဖြစ်မယ် ..."


ထို ရှင်းပြချက်ကို နားထောင်ပြီးသောအခါ ဟန်ယွဲ့ ဘာပြောရမည်ကို မသိတော့ပေ။


" အာ ... ရှအန်း စိတ်အေးလက်အေးနေပါ ... မင်း နာမည်ကြီးသွားပြီး ပိုက်ဆံပိုရှ်ိလာရင် တစ်ကမ္ဘာလုံးက အစားအစာတွေ စားနိုင်ပြီလေ ... ဈေးကြီးတဲ့ ဟင်းတွေတောင်မှ ဝယ်စားနိုင်ပြီ ..."


ဟန်ယွဲ့ မသိလိုက်သည်က သူ၏နှစ်သိမ့်စကားများက တစ်စုံတစ်ယောက်အတွက် ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားစေခဲ့သည်။


ဖျော်ဖြေရေးနယ်ပယ်ထဲမှာ ကြယ်ပွင့်အဖြစ် ဆက်နေရမယ် ~


...


စာရေးသူ၏ အမှာစကား


မြှောင်က ကြောင်တစ်ကောင်ဖြစ်လို့ ကိုရိုနာမဖြစ်ပေမယ့် ဟူးမန်းတွေကတော့ အိမ်မှာပဲ နေရမယ်နော် ... ကျန်းမာအောင်နေပြီး အခြားလူတွေနဲ့ မထိတွေ့စေနဲ့ ...


Id1nim:  ကျွန်မ အဲ့လိုနေပါတယ် (ခေါင်းငြိမ့်)


Id1nim’s bf: ဘာလို့ ဘယ်သူနဲ့မှ မထိရတာလဲ အဟွတ် ...


မြှောင်: ပြေးတော့ ~~ အား  သူချောင်းဆိုးနေပြီ ~~


...........


ဘာသာပြန်သူ၏ အမှာစကား


ရီဒါလေးများအားလုံး ကျန်းမာရေး ဂရုစိုက်ကြပါနော်  (´ з `)~~♡