အပိုင်း ၈၄
Viewers 29k

Chapter 84


အစီအစဉ် ဒုတိယပိုင်း ရိုက်ကူးပြီးသွားသည့်အခါ ရှအန်း အိမ်ပြန်လိုက်သည်။ ယခု နောက်ပိုင်းတွင် သူမအတွက် ဒေါသထွက်စရာကိစ္စများသာ ဖြစ်နေသည်။


သူမ လိုင်းပေါ်တွင် ရုပ်ရှင်ကြည့်နေပါက သူမနာမည်နှင့်ဓာတ်ပုံများကို နေရအနှံ့တွင် တွေ့ရသည်။


အင်တာနက်ပေါ်မှ လူအတော်များများက သူမအကြောင်းပြောနေသည်ကိုလည်း တွေ့သည်။ အများစုမှာ သူမ၏ပုံပန်းသွင်ပြင်ကို ချီးကျူးကြခြင်းဖြစ်သည်။


ယခုအချိန်တွင် သူမသင်ခန်းစာတစ်ခု သင်ယူလိုက်ရသည်။ မျက်နှာ၏တန်ဖိုးကသာ တရားမျှတမှုဖြစ်ကြောင်းပင်။


အတိတ်က ရှအန်းတွင် မကောင်းသတင်း မည်မျှ ရှိစေကာမူ ယခု သူမ၏မျက်နှာကြောင့် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။


သူမ ဝေ့ပေါ်တွင် အရာအားလုံးကို ရှင်းလင်းခဲ့သော်လည်း ဤပြောင်းလဲမှု၏အရှိန်က မြန်ဆန်လွန်းလှသည်။


သို့သော်  ရှိုးကို ရုပ်သံလွှင့်ပြီးပါက စွမ်းအားကြီးသည့်အပြောင်းအလဲများကို ပို၍တွေ့ကြုံရမည်ကို ရှအန်း မသိလိုက်ပေ။


——USA · Late Night——


" ဘုရားရေ ဒါက ဒဏ္ဍာရီလာ တရုတ်ကွန်ဖူး ဆိုတာလား ..."


" ဘုရားဘုရား သူမက အရမ်းလှပပြီး အံ့ဩစရာကောင်းတာပဲ ...  တရုတ်မှာ စွမ်းအားကြီးတဲ့ ကွန်ဖူးမိန်းကလေးတွေ ရှိသေးတာလား ..."


" အက်ဒီ ဒီမိန်းကလေးက ဂရေစ့် ရှာနေတဲ့ ကွန်ဖူးနတ်ဘုရားမလို့ထင်လား ..."


" အိုး ချာလီ ငါလည်း ဒီမိန်းကလေးက ဂရေစ့်ရှာချင်တဲ့ ကွန်ဖူးမိန်းကလေးလို့ထင်တယ် ...သူမက အရမ်းလှတာပဲ ..."



ထိုနေ့တွင် ၊ပစိဖိတ်သမုဒ္ဒရာ၏ တစ်ဖက်ခြမ်းရှိ special effectမာစတာစတူဒီယိုမှ တည်းဖြတ်ရန်အတွက် Come on Challenger ၏ဗီဒီယိုကို လက်ခံရရှိခဲ့သည်။ ၎င်းက စတူဒီယိုဝန်ထမ်းများ အားလုံးကို ထိတ်လန့်သွားစေသည်။


သူတို့ မမျှော်လင့်ထားသည်က သူတို့ရရှိထားသည့် ထိုဗီဒီယိုထဲမှ တရုတ်မိန်းကလေးတစ်ယောက်က အလွန်လှပပြီး သူတို့ကို ရင်သပ်ရှုမောဖြစ်သွားစေသည်။


ဗီဒီယိုထဲတွင် လှပသည့် အာရှအမျိုးသမီးတစ်ယောက်၏ စွမ်းရည်များ ပါဝင်သည်။


special effectမာစတာစတူဒီယိုသည် ကမ္ဘာ့အကောင်းဆုံး effectအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။ ရုပ်ရှင်များတွင် အထူးပြုလုပ်ချက်များ ထည့်သွင်းပေးခဲ့သဖြင့် ၎င်းသည် ကမ္ဘာ့ရောင်းအားတွင်သာမက Box Officeအတွက်လည်း နိုင်ငံတကာတွင် ဆုများစွာရရှိခဲ့သည်။ 


ဤ special effect မာစတာသည် ရုပ်ရှင်များရောင်းချခြင်းအတွက် သင်္ကေတဖြစ်သော ရုပ်ရှင် အထူးပြုလုပ်ချက်များ၏ အာမခံချက်ဟု ဆိုနိုင်သည်။


ယေဘုယျအားဖြင့် ထိုကဲ့သို့ စတူဒီယိုများက ပရောဂျက်တစ်ခုကို လက်ခံသည့်အခါ အလွန်ဂရုစိုက်ရသည်။ ပုံမှန်အားဖြင့် သူတို့က တီဗီရှိုးများကို လက်မခံပေ။


သို့သော် ဤတစ်ကြိမ်တွင် သူတို့၏ အဆင့်အတန်းနှင့် မကိုက်ညီသည့် “Come on Challenger” ဟူသည့် ရသစုံရှိုးတစ်ခုကို လက်ခံခဲ့သည်။


တန်ရာတန်ကြေးက မြင့်မားနေသောကြောင့် ရုပ်ရှင်မဟုတ်သည့် ရသစုံရှိုး တစ်ခုကို ဝန်လေးစွာဖြင့် လက်ခံလိုက်ခြင်းဖြစ်သည်။


သို့သော် ထိုကဲ့သို့ သေးငယ်သည့် ရသစုံရှိုးလေးက သူတို့ကို စိတ်မပူစေသည့်ပြင် ကြီးမားသော အံအားသင့်ဖွယ်ရာများကိုပါ ပေးလိုက်သည်။ ၎င်းအစီအစဉ်မှ သူတို့ရှာဖွေနေသည့် ကွန်ဖူး နတ်ဘုရားမလေးကိုပါ တွေ့လိုက်သည်။


တိတိကျကျ ပြောရလျှင် သူတို့ရှာဖွေနေသည့် ကွန်ဖူးနတ်ဘုရားမလေးက သူတို့သူငယ်ချင်း၏ ရုပ်ရှင်တွင် ဝင်ရောက်သရုပ်ဆောင်ရန်ဖြစ်သည်။


ဂရေစ့်က လူသိများသည့် ဟောလိဝုဒ်ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး Box Officeတွင် နာမည်ကျော်ကြားခဲ့သော ရုပ်ရှင်များကို မရေမတွက်နိုင်အောင် ရိုက်ကူးခဲ့ဖူးသူ ဖြစ်သည်။  သူမက အကယ်ဒမီဆုပေးပွဲများကို မကြာခဏ တက်ရောက်လေ့ရှိပြီး ဇာတ်ကားတစ်ကားတွင် အကောင်းဆုံးဒါရိုက်တာဆုအတွက် အော်စကာဆုကို ရရှိခဲ့သည်။


သူမက နှစ်ဆယ်ရာစု၏ အတော်ဆုံး ဒါရိုက်တာစာရင်းထဲတွင် ပါဝင်ပြီး ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုအရှိဆုံးဒါရိုက်တာများထဲမှ တစ်ယောက်ဖြစ်သည်။


" ချာလီ ငါတို့ ဘာစောင့်နေဦးမှာလဲ ... အာရှသူအမျိုးသမီးလေးရဲ့ ဗီဒီယိုကို တင်လိုက်တော့ ... ဂရေစ့်သာ အခုနေတွေ့သွားရင် ဒီည အိပ်ပျော်တော့မှာ မဟုတ်ဘူး ..."


" ကောင်းပြီလေ အက်ဒီရယ် ... မင်းက တော်တော် ဆိုးတာပဲ ..."


  …


Special effectမာစတာ စတူဒီယိုသို့ တည်းဖြတ်ပြီးသားအပိုင်းများ ပို့လိုက်ခြင်းက ထိုကိစ္စများဖြစ်လာမည်ဟု ထုတ်ဝေရေးအဖွဲ့က မထင်ခဲ့ပေ။


တစ်ချိန်တည်းမှာပင် ထုတ်လွှင့်ရမည့်အချိန် နီးကပ်လာသောကြောင့် အချို့လူများ အလွန်အလုပ်များကြသည့်အတွက် ရက်အနည်းငယ် အိမ်မပြန်နိုင်ကြပေ။


သို့သော် အစီအစဉ်ကို အချိန်စော၍ ထုတ်လွှင့်မည်ဖြစ်သော်ကြောင့် အခြားနည်းလမ်းမရှိပေ။ သူတို့အားလုံး အလုပ်ပြီးမြောက်ရန်သာမက ဒုတိယအစီအစဉ်တွင်  ရိုက်ကူးထားသည့် ဗီဒီယိုများကိုလည်း တည်းဖြတ်ရသည့်အပြင် တတိယပိုင်းအတွက်ပါ အပြည့်အ၀ လှုပ်ရှားနေရသည်။ အော်ပရေတာသည်လည်း နောက်ထပ်ပါဝင်သူ ခြောက်ဦးကို အချိန်မဆိုင်းဘဲ ချောချောမွေ့မွေ့ ရိုက်ကူးရန် စောင့်ဆိုင်းနေသည်။


အလုပ်များလွန်းသောကြောင့် “Come on Challenger” ဝန်ထမ်းများအားလုံး ဝိတ်ကျကုန်ပြီး အစီအစဉ်ဒါရိုက်တာနှင့် ခေါင်းဆောင်တည်းဖြတ်သူ ဟန်ယွဲ့နှင့် ရှုလင်းတို့ တဖြည်းဖြည်းပိန်လာကြသည်။


သို့ရာတွင် ထိုသို့အလုပ်ပိနေသော်လည်း “Come on Challenger” အဖွဲ့သားများ စိတ်လှုပ်ရှားပြီး စွမ်းအင်များ ပြည့်လျက်ရှိသည်။


အကြောင်းပြချက်မှာ သူတို့၏အစီအစဉ် ပထမပိုင်းကို မထုတ်လွှင့်မီကပင် ‌အုတ်အော်သောင်းနင်း ဖြစ်နေသောကြောင့်ပင်။


မြောက်မြားစွာသော အင်တာနက်အသုံးပြုသူများကလည်း မျှော်လင့်နေကြသည်။


သူတို့ရှိုးကို မထုတ်လွှင့်ရသေးသော်လည်း ဤရှိုးက ဝက်ဝက်ကွဲအောင်မြင်မည်ကို အားလုံးသိနေကြသည်။


ဤသည်မှာ ၎င်းတို့၏ကုမ္ပဏီက ဖျော်ဖြေရေးနယ်ပယ်နှင့် တရားဝင်တွဲဖက်ခြင်းအတွက် မှတ်တိုင်တစ်ခုဖြစ်သည်။