အပိုင်း ၈၅
Viewers 29k

Chapter 85


ဒါက သူတို့အတွက် လစာတိုးဖို့ အခွင့်အရေးတစ်ခုလည်းဟုတ်တယ်လေ ...


ထို့ကြောင့် အားလုံးက အတူတကွ အလုပ်ကြိုးစားကာ သူတို့၏ရှိုးကို အပြည့်စုံဆုံးဖြစ်အောငါ ကြိုးပမ်းနေကြခြင်းဖြစ်သည်။


" ရှုလင်း special effectမာစတာဆီကနေ ဖုန်းရသေးလား ...အစီအစဉ်က မကြာခင် လွှင့်တော့မှာလေ ... သူတို့ဘာလို့ အရမ်းနှေးနေပါလိမ့် အထူးပြုလုပ်ချက်တွေထည့်တာ မပြီးသေးဘူးလား ... မဟုတ်ရင်လည်း trailer အရင်ပို့ခိုင်းလိုက် ..."


ရှုထျန်းထျန်းက ဟန်ယွဲ့ကို အမေရိကန်မှ ဖုန်းခေါ်သည်ဟု ပြောလိုက်သည်။ ထို့ကြောင့် ဟန်ယွဲ့က ရှုလင်း၏ ရုံးခန်းကို ပြေးသွားသည်။


သူ ရုံးခန်းထဲ ဝင်သွားသည့်အခါ ရှုလင်းက ဖုန်းကိုကိုင်ထားပြီး ကြောင်အအ ဖြစ်နေသည်။ 


" ရှုလင်း ... ဘာဖြစ်တာလဲ  မင်းမျက်နှာအမူအရာကလည်း ..."


" လောင်ဟန် ဒါ မယုံနိုင်စရာကြီးပဲ ... ဘုရားရေ ရှအန်းက အရမ်းကံကောင်းတဲ့ မိန်းကလေးပဲ ..."


လက်ထဲမှ ဖုန်းကိုချလိုက်ပြီး ဟန်ယွဲ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။


" ရှအန်းဟုတ်လား ... ဒါ အမေရိကန်ကဆက်တဲ့ ဖုန်းဆို ... ရှအန်းနဲ့ ဘာဆိုင်လို့လဲ ... အကုန်ရှုပ်ကုန်ပြီ ... ငါမင်းကို လာရှာတာ special effectမာစတာက အထူးပြင်ဆင်ချက်တွေထည့်တာ ပြီးပြီလားမေးမလို့ .. အပတ်စဉ်ရှိုးတွေလွှင့်တော့မှာဆိုတော့ ငါတို့ အင်တာနက်ပေါ်မှာ trailer တင်ရတော့မယ်လေ ..."


ရှုလင်းက ပြန်မဖြေပြီးအကြိမ်အနည်းငယ်ခန့် ရယ်လိုက်သည်။

" Special effectမာစတာကtrailerပို့လိုက်ရုံတင်မကဘူး ပထမအဆင့် အထူးပြုလုပ်ချက်တွေလည်း ပြီးသွားပြီ ..."


" တကယ်လား ဒါဆိုကောင်းတာပေါ့ ... ငါတို့အေးဆေးနေပြီး ရှိုးက နာမည်ကြီးမှာကို စောင့်နေလို့ရပြီ ..."


သူလိုချင်သည့် ရလဒ်များရသည့်အခါ ဟန်ယွဲ့ မျက်လုံးများပိတ်သည်အထိ ပြုံးလိုက်သည်။


သို့သော် ရှုလင်းထပ်ပြောလိုက်သည်က သူ၏အပြုံးများကို ပို၍ တောက်ပသွားစေသည်။


" ဟားဟား လောင်ဟန် ငါပြောပါရစေဦး ... ရှိုးကိုမလွှင့်ခင် ငါတို့ရဲ့ချန်ပီယံရှအန်းက နိုင်ငံရပ်ခြားကို သွားရဦးမယ်ထင်တယ် ..."


" ရှအန်းက နိုင်ငံခြားကိုလား ... ဘာကိုဆိုလိုတာလဲ ... ဘာလဲ ငါနည်းနည်းရှုပ်သွားပြီ ..."


" ဂရေစ့်ကိုသိလား ..."


" သောက်ရမ်းသိတာပေါ့ ... ဘာဖြစ်လို့လဲ ..."


" ဂရေစ့်က ငါတို့ရှိုးက ဗီဒီယိုတွေကြည့်ပြီးတော့ ရှအန်းကို‌ တွေ့သွားတယ် ... သူမက ရှအန်းကို ရုပ်ရှင်မှာထည့်ရိုက်ချင်တယ်တဲ့ ... မိနစ်အနည်းငယ်ပဲ ပါရတဲ့နေရာမဟုတ်ဘူး ... အဓိကဇာတ်ကောင်နေရာကတဲ့ ..."


“…”


ရှုလင်း၏ စိတ်လှုပ်ရှားစွာပြောသည့် စကားများက ဟန်ယွဲ့ကို ခဏတာ တိတ်ဆိတ်သွားစေသည်။ ထို့‌နောက် မယုံကြည်စွာ ပြောလိုက်သည်။

" ရှုလင်း ငါ့ကိုနောက်နေတာလား ... ရှအန်းက ဂရေစ့်လို ကြီးမြတ်တဲ့ဒါရိုက်တာတစ်ယောက်နဲ့ ဘယ်လိုဖြစ်ပြီး ..."


အကယ်၍ အခြားဒါရိုက်တာများက ရှအန်းကို တစ်ချက်ကြည့်ရုံဖြင့် သဘောကျသွားလျှင် သူ မယုံကြည်နိုင် ဖြစ်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ရှအန်းက အလွန်လှပပြီး ဆွဲဆောင်မှုရှ်ိသောကြောင့်ပင်။


ဒါပေမဲ့ ဂရေစ့်က ဘယ်သူမို့လဲ ... သူမရဲ့ ဇာတ်ကားတွေက အကယ်ဒမီဆုပေးပွဲမှာ နိုင်ငံတကာ အကောင်းဆုံးဒါရိုက်တာဆု ရထားတဲ့လူလေ ...


အဲ့လိုလူက ရှအန်းကို တစ်ချက်ကြည့်ရုံနဲ့ သဘောကျသွားတယ်ဆိုတော့ ... ပြီးတော့ အဓိကဇာတ်ကောင်တဲ့ ...


အာရှရုပ်ရှင်မင်းသမီးများ အထူးသဖြင့် တရုတ်မင်းသမီးများကို ဟောလိဝုဒ်ဒါရိုက်တာ အများစုက သဘောမကျကြသည်ကို သူသိသည်။ ဟောလိဝုဒ်ရုပ်ရှင်များထဲတွင် ပါရန် အခွင့်အရေး ရပါကလည်း မိနစ်အနည်းငယ်သာဖြစ်သည်။


ဒါပေမဲ့ အခု ရှုလင်းပြောလိုက်တာက ဟောလိဝုဒ်က အကောင်းဆုံးဒါရိုက်တာ ဂရေစ့်က ရှအန်းရဲ့ ဗီဒီယိုကိုမြင်ပြီး သူမရုပ်ရှင်ကားမှာ အဓိကဇာတ်ဆောင် ဖြစ်စေချင်တာတဲ့လား ...


သူ အိမ်မက်များ မက်နေမိတာလား ...


ဒါပေမဲ့ ဟန်ယွဲ့မထင်ထားတာ ဒီကိစ္စက တကယ်ဖြစ်နေတာပဲ ... အိမ်မက်မဟုတ်ဘူးတဲ့လေ...


" ငါဘာလို့ နောက်ရမှာလဲ ... Special Effectမာစတာ စတူဒီယိုရဲ့ ‌ခေါင်းဆောင်နဲ့ ဂရေစ့်က သူငယ်ချင်းအရင်းကြီးတွေလေ ... ဂရေစ့်က သူမဇာတ်ကားအတွက် မင်းသမီးလိုနေတာ သူသိတယ် ..." 


"  ရှအန်းက အဲ့ဇာတ်ရုပ်နဲ့ လိုက်ဖက်တယ်လို့ သူတို့ထင်တာနဲ့ ရှအန်းကို ရွေးလိုက်တာ ... နံရံပေါ်ခုန်တက်တာ သစ်ပင်ပေါ်တက်တာ ... ဇွန်ဘီတွေကို တိုက်ခိုက်တာ အဲ့ဗီဒီယိုတွေက ဂရေစ့်ဆီကိုရောက်သွားတယ် ... ဂရေစ့်က ရှအန်းကိုမြင်ပြီး သူမရုပ်ရှင်က မင်းသမီးနဲ့ ဆင်နေတာနဲ့ ရှအန်း ဒီအခွင့်အရေး ရလာတာ ..."


ရှုလင်း၏ အသေးစိတ်ရှင်းပြချက်များကြောင့် ဟန်ယွဲ့နောက်ဆုံးတွင် နားလည်သွားသည်။


သူ စိတ်လှုပ်ရှားနေမိသည်။


ရှအန်းက ကံကောင်းလိုက်တာ ... ဘာ ပကာသနမှ မပါတဲ့ variety show တစ်ခုကနေ ဒီလိုအခွင့်အရေးကောင်းကြီး ရသွားတာပေါ့....


ဂရေစ့်ဆိုတာ ဖျော်ဖြေရေးနယ်ပယ်မှာ နာမည်ကြီးပြီး နာမည်ကြီးအနုပညာရှင်တိုင်း မတွေ့နိုင်တဲ့ ကျွမ်းကျင်တဲ့ ဒါရိုက်တာ တစ်ယောက်ပဲ ...


ဆယ့်ရှစ်လိုင်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ ရှအန်းက ဒီလိုအခွင့်အရေးမျိုးကို ရတယ်ဆိုတော့ ... 


တကယ်လို့ ရှအန်းသာ ဒီအခွင့်အရေးကို ဖမ်းဆုပ်ထားမယ်ဆိုရင် ... 


" ကဲ ဒါကိုခဏထားလိုက်ပါဦး ... အရင်ဆုံး trailerကို  လွှင့်ရမယ် ..."


ယခုအချိန်တွင် ဟန်ယွဲ့က သူတို့၏ ပထမဆုံးပွဲဦးထွက် ရသစုံရှိုးကို ပို၍ စိတ်ပူနေသည်။


" ဂရေစ့်အကြောင်းကတော့ နက်ဖြန်မှ သူမကို အကြောင်းလိုက်မယ်လေ ..."


" အိုကေလေ ... ပထမအပိုင်းကို အရင်ဆုံးအပြီးသတ်ကြတာပေါ့ ... အဲ့ဒါဆို နောက်တစ်ပတ်ရောက်ရင် ရုပ်သံလွှင့်လို့ရပြီ ..."



ရှအန်း ဂရေစ့်၏ရုပ်ရှင်ကားတွင် ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ  သူမအတွက်ကြီးမားသောရိုက်ချက်တစ်ခု ဖြစ်သွားနိုင်သည်။


ဤကိစ္စကို မည်သူမျှ မသိကြသေးပေ။


သို့သော် ယခုအချိန်တွင် ရှအန်းက "Come on Challenger" ကို အားကိုးရဖွယ်ရှိကြောင်း လူတိုင်းသိခဲ့ကြသည်။ ၎င်းက နာမည်ကြီးအနုပညာရှင်တွေပါသည့် ရသစုံရှိုး မဟုတ်သော်လည်း ကြီးမားတဲ့ရိုက်ချက်တစ်ခုပင်။


“Come on Challenger“ trailer ကို တရားဝင် ထုတ်လွှင့်လိုက်ပါပြီ....