အပိုင်း ၈၆
Viewers 29k

Chapter 86


" Come on Challenger" trailerက အားလုံးကို ထိတ်လန့်သွားစေသည်။


အဘယ့်ကြောင့်ဆိုသော် ၎င်းက အလွန်ခက်ခဲသည်ဟု ပြောနိုင်သောကြောင့်ပင်။


အစပိုင်း၌ မရေမတွက်နိုင်သော ဖုတ်ကောင်များ၏ အံ့မခန်းမြင်ကွင်းများ သို့မဟုတ်  ပါဝင်သူခြောက်ဦး၏ trailerထဲတွင် ပါဝင်သည့်ပုံစံသည် အလွန်ဆွဲဆောင်မှုရှိလွန်းသည်။


ဤtrailerက ရသစုံရှိုးတစ်ခု၏ trailerနှင့်မတူပဲ ကောင်းစွာ ဖန်တီးထားသည့် အက်ရှင်ဇာတ်ကားတစ်ခုနှင့် တူနေသည်။


သူတို့အားလုံးထဲတွင် ရှအန်းက အလွန်ခံ့ညားနေသည်။


အရည်အသွေးမြင့် လတ်ဆတ်သောအသားသုံးမျိုး ( ပါဝင်သူအမျိုးသားများကို ဆိုလိုခြင်းဖြစ်သည် ) ဝန်းရံခံထားရသော်လည်း ရှအန်းက ပြန်လည်ဝိုင်းရံနိုင်ခဲ့ပြီး ဆွဲဆောင်မှု အရှိဆုံးလူ ဖြစ်လာခဲ့သည်။


ထို့အပြင် ထိုယူနီဖောင်းကရှုကျင်းယန်အတွပ် ချုပ်ထားသော်လည်း ရှအန်းကအမျိုးသမီးဖြစ်နေသည့်အတွက် လူများ၏မျက်လုံးက ပို၍ စူးရှသည်။


"Come on Challenger" trailerကို ပရိုဂရမ်အဖွဲ့၏တရားဝင်မန်နေဂျာမှ ပထမဆုံးထုတ်ခဲ့သော်လည်း  ဤရှိုးကို ပျံ့နှံ့သွားစေခဲ့သည့်အရာမှာ Butterfly Blue တီဗွီက trailerကိုပြန်လည် ထုတ်လွှင့်နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အမှန်တကယ်ပင် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။


Butterfly Blueတီဗွီတွင် ပရိသတ်များစွာရှိသည့်အပြင် ဤတီဗွီလိုင်းက နိုင်ငံ၏အကြီးဆုံးရှော့ပင်းမောလ်ဖြစ်သည့် Time Shoppingပလာဇာနှင့် ပူးပေါင်းထားသည်။ ထို့ကြောင့်  “Come on Challenger” trailerသည်လည်း ကံကောင်းထောက်မစွာဖြင့် လူများစွာရှ်ိသော ရှော့ပင်း‌မောလ်အတွင်းမှ တီဗွီမျက်နှာပြင်များတွင် ပြသခဲ့သည်။


ထိုအကြောင်းပြချက်ကြောင့်  “Come on Challenger” trailer၏ အောင်မြင်မှုမှာ ဝန်ထမ်းများ မျှော်လင့်ထားသည်ထက် ပို၍ အောင်မြင်ခဲ့ခြင်းဖြစ်သည်။


[ ဇွန်ဘီဝန်းရံခြင်း trailer ကြည့်ပြီးတော့ ဒီ variety show က တကယ်ကောင်းမှန်းသိသွားပြီ မကြာခင်လွှင့်မယ့်ဟာကို ကြည့်ချင်နေပြီ ]


[“Come on Challenger” က သေချာပေါက် ကြည့်ရကျိုးနပ်မယ့်ရှိုးပဲ ... လွှင့်မယ့်ရက်ကို မျှော်နေပြီ ]


[Special effectတွေက တကယ်မိုက်တယ် ... ပိုက်ဆံတွေတော်တော်များများ ရင်းနှီးမြှုပ်နှံထားတဲ့ပုံပဲ ]


[ trailer က အရမ်းကောင်းတာပဲ 

စာကြွင်း : ရှအန်းရဲ့ စတိုင်ကလည်းအရမ်းမိုက်တယ် ]


[ ငါ ပိုသိချင်တာက ရှိုးထဲက ရှအန်းရဲ့ သရုပ်ဆောင်ချက်တွေပဲ ... သူမက အရမ်းနူးညံ့တာကို ဒီလို settingနဲ့ သရုပ်ဆောင်တတ်တယ်ပေါ့ ]


[ရှအန်းရဲ့ သရုပ်ဆောင်ချက် ဘယ်လောက်ကောင်းကောင်း မကောင်းကောင်း ငါဒီရှိုးကို ရှအန်းပါလို့ကြည့်မှာ ]


[ ဒီရအစီအစဥ်က ဒီတစ်ပတ်စနေမဟုတ်ပဲ ဘာလို့ နောက်တစ်ပတ်စနေနေ့မှ လွှင့်ရတာလဲ ]


  …


Trailer လွှင့်ပြီးနောက် ထိုကဲ့သို့ ကြီးမားသည့်တုံ့ပြန်မှုများနှင့် အကျိုးသက်ရောက်မှုများကို ရင်ဆိုင်ရသဖြင့် ပရိုပရမ်အဖွဲ့ ဝန်ထမ်းများနှင့်  Blue Butterfly တီဗွီမှ ဝန်ထမ်းများ အတိုင်းမသိ ပျော်ရွှင်နေကြသည်။


အဘယ့်ကြောင့်ဆိုသော် ပရိသတ်များထံမှ တုံ့ပြန်မှုက သူတို့၏ရှိုးပွဲ သေချာပေါက်အောင်မြင်မည်ဖြစ်ကြောင်း ပြသနေသောကြောင့်ပင်။


အကယ်၍ ထိုကျော်ကြားမှုကို မထိန်းသိမ်းထားနိုင်ပါက အကျိုးရှိမည် မဟုတ်ပေ။


" ဟေး ..."


ဤမနက်တွင် ရှအန်းက ဖုန်းခေါ်သံတစ်ခုကြောင့် နိုးလာသည်။


အချိန်ကိုကြည့်လိုက်သည့်အခါ မနက်၇နာရီသာ ရှိသေးကြောင်း သိလိုက်သည်။


" ဟေး မစ္စရှအန်းလား မသိဘူးရှင် ... ကျွန်မ ရှင်နဲ့အတူ  XXကြော်ငြာတုန်းက အလုပ်တွဲလုပ်ဖူးပါတယ် ... အခု ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ချက်ရှိလားလို့ မေးချင်ပါတယ် ..."


" XXကြော်ငြာလား စိတ်မဝင်စားဘူး ..."

အိပ်ငိုက်နေသည့်ရှအန်းက ငိုက်မျဉ်းပြီး ညည်းညူလျက် ဖုန်းချလိုက်သည်။


ဒါပေမဲ့ အဲ့ဒီကြော်ငြာကို ရင်းနှီးနေသလိုပဲ ...


ရှအန်း မစဉ်းစားတော့‌ပဲ မျက်လုံးများပိတ်ကာ အိပ်ပျော်သွားပြန်သည်။


သို့သော် သူမ ကြာကြာမအိပ်ရသေးမီ နောက်ထပ်ဖုန်းတစ်ခု ဝင်လာသည်။


" ဟဲလို မစ္စရှအန်းလား ... ကျွန်ဆော် ရှောင်ချန်ပါ ...“Diary of the Heart” အစီအစဉ်ရဲ့ လက်ဖောက် ဒါရိုက်တာပါ ...  အရင်တစ်ခေါက်က ပရိုဂရမ်အဖွဲ့က ဖုန်းဆက်ပြီး လျော်ကြေးတောင်းသေးတယ်လေ ..."


" လျော်ကြေးလား ... ကျွန်မ အကုန်ပေးပြီးပြီလေ ..."

ရှအန်း အိပ်ချင်မူးတူးဖြင့် ရေရွတ်နေသည်။


" အာ မဟုတ်ပါဘူး ... ကျွန်တော်တို့ လျော်ကြေးပြန်ပေးချင်လို့ပါ ... ပြီးတော့ပရိုဂရမ်ကို ဆက်ရိုက်ကူးချင်လားလို့ မေးချင်တာပါ ... စိတ်ဝင်စားသေးလားမသိဘူး ..."


ဖုန်းထဲမှ သိမ်မွေ့သော စကားလုံးများကို နားထောင်ပြီးနောက် ရှအန်း ရက်စက်စွာ ပြန်ပြောလိုက်သည်။

" စိတ်မဝင်စားဘူး ..."


ရှအန်း အညှာအတာကင်းမဲ့စွာဖြင့် ဖုန်းချလိုက်သည်။


ဒီမနက် အရမ်းဆူညံတာပဲ ...


ဖုန်းနှစ်ခုကြောင့် နိုးလာရသည့်အတွက် အလွန်စိတ်ရှုပ်နေပြီး ဖုန်းများပိတ်ထားပြီး ဆက်အိပ်ရန် စိတ်ကူးနေသည်။


ရလဒ်ကတော့ –


သူမဖုန်းမှ အသံမြည်လာပြန်သည်။


အနည်းငယ် စိတ်ရှုပ်သွားသောရှအန်းက ဖုန်းနံပါတ်ကိုမကြည့်ပဲ ကိုင်လိုက်ပြီး ဆူပူကျိန်းမောင်းလိုက်သည်။

" အာ ... ကျွန်မကို မနှောင့်ယှက်ကြပါနဲ့ ... စိတ်မဝင်စားဘူးလို့ ပြောပြီးပြီလေ ... ဖုန်းထပ်မခေါ်လို့ ရမလား ..."


ဖုန်းထဲမှ ဟန်ယွဲ့အသံ ထွက်လာသည်။

" ရှအန်း ဘာဖြစ်လို့လဲ ... မနက်စောစော ဘာလို့စိတ်ဆိုးနေတာလဲ ..."


ရှအန်း အနည်းငယ်စိတ်လျှော့လိုက်ပြီး လတ်တလောဖုန်းခေါ်ဆိုမှုများအကြောင်း ပြောပြလိုက်သည်။


ဟန်ယွဲ့ ရယ်နေသည်။

" အိုး ... ရှအန်း မင်းကတော့ တကယ်ပဲ ... အဲ့လိုတွေက မင်းကို ပိုက်ဆံပေးဖို့လေ ..."


ဘယ်လို ....

"..."