Chapter 10
Viewers 19k


👻Chapter 10: 

ဝိဥာဥ်လက်ထပ်ပွဲ (9)



“ဒီလိုမျိုး အဝတ်တွေ အထပ်ထပ် ဝတ်ထားတာ ရှင် မအိုက်ဖူးလား" 


ချူဟွိုက်က ပေါ့ပေါ့ပါးပါး မေးလာသည်။


ကျင်းထျန်းယိက ခေါင်းသာ ယမ်းပြလာပြီး စကားဆိုမလာချေ။ သို့သော်လည်း သူက ရှက်ကိုးရှက်ကန်း ဝင်လာသည့် လီပင်းကို တွေ့လိုက်ရသည်။


လော့ဇီယန်က အေးစက်စက် နှာမှုတ်လိုက်သည်။


 "ဝမ်ရွှယ်ကရော..." 


ချူဟွိုက်က မေးလာသည်။ လီပင်း၏ မျက်လုံးများက ရှေ့နောက် ရွေ့သွားသည်။ ချူဟွိုက်က မျက်ခုံးပင့်လိုက်ပြီး တံခါးဆီ အကြည့်ရောက်သွားကာ တိတ်တဆိတ် စောင့်နေလိုက်သည်။ ဆယ်မိနစ်ကြာပြီးနောက် ဝမ်ရွှယ်က ကုတ်အင်္ကျီအထူကြီး ဝတ်ပြီး ပေါ်လာလေသည်။ 


“မင်းက ယောက်ျားရော ဟုတ်ရဲ့လား။ ဒီလိုအရာမျိုး လုပ်နိုင်သေးတယ်ပေါ့။ ကိုယ့်တစ်ယောက်တည်း ထွက်ပြေးလာပြီး မိန်းကလေးကို နောက်မှာ ချန်ထားခဲ့တယ်"


 á€œá€ąá€Źá€ˇá€‡á€Žá€šá€”်က ထေ့ငေါ့ပြီး ပြောလိုက်သည်။ 


လီပင်းက အသံတိတ်နေပြီး စကားဆိုမလာ၍ သူ၏ ပုံမှန်အပြုအမူနှင့် မတူသလို ဖြစ်နေကာ သူ၏ မျက်နှာက ပြာပြီး စိမ်းရောင်သန်းလာသည်။


ကျင်းထျန်းယိနှင့် ကျန်နှစ်ယောက်ကို တွေ့လိုက်ရ၍ လီပင်းက စိတ်အေးသွားရသည်။ စောစောက သူ့ရင်ထဲ တင်းကျပ်လာ၍ ဝမ်ရွှယ်ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ 


ဝမ်ရွှယ်က အားတင်းပြုံးလိုက်သည် 


" အစ်ကိုလော့...ကျွန်မ အဆင်ပြေပါတယ်"


ချောင်သခင်မကြီးက လူတိုင်းကို စကားအနည်းငယ် ပြောပြီးနောက် အိမ်တော်ကိစ္စများကို ဖြေရှင်းရန် ထွက်သွားလေသည်။


ဧည့်သည်များကလည်း တစ်ကွဲတစ်ပြား ဖြစ်သွားလေသည်။


ကျင်းထျန်းယိက ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။


ချူဟွိုက်က မျက်စိလျင်၍ သူ့အင်္ကျီလက်ကို အမြန် ဆုပ်ကိုင်လိုက်သည် 


" ဘယ်သွားမလို့လဲ" နောက်ဆုံးတစ်ခေါက် ဖြစ်ခဲ့သည့်အတိုင်း သူက ကျင်းထျန်းယိကို ဖက်တွယ်မတတ် ဆွဲထားလေသည်။


" သန့်စင်ခန်း" ကျင်းထျန်းယိက ပြုံးပြလိုက်သည်


 " သွားချင်လို့လား" ချူဟွိုက်၏ မျက်နှာ နီရဲလာပြီး လွှတ်ပေးလိုက်သည်။ 


“အမြန်သွားပြီး အမြန်ပြန်လာခဲ့" 


ကျင်းထျန်းယိက ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီးနောက် ပြန်လှည့်လာပြီး ချူဟွိုက်ကို တိုးတိုးပြောလာသည် " လျှောက်ပြေးမနေနဲ့။ ဒီမှာ ထိုင်ပြီး ကောင်းကောင်းနေ။ ကိုယ် ပြန်လာခဲ့မယ်" 


"ဘော့စ်က တော်တော် မကောင်းတာပဲ။ ကျွန်တော့်ကို အော်ဂလီဆန်အောင် လုပ်နေတာ" 


လော့ဇီယန်က ထိန်းမထားနိုင်တော့၍ ချဥ်တူးတူးမျက်နှာနှင့် ပြောလာသည် " သန့်စင်ခန်းသွားရုံပဲကို...မင်းက ဘာလို့ ဒုက္ခများတဲ့ပုံ ပေါ်နေတာလဲ" 


ကျင်းထျန်းယိက သူ့ကို အပြုံးမမည်သည့် အပြုံးတစ်ခုနှင့် စိုက်ကြည့်လာ၍ လော့ဇီယန်က နောက်ကျော တွန့်သွားရသည်။


“မင်းလည်း ဒီမှာ နေခဲ့ရမယ်။ ပတ်ရှုပ်မနေနဲ့ဦး"


 á€€á€ťá€„်းထဝန်းယိက သူ့ကို ပြောလာသည်။


"ဟုတ်ကဲ့။ နားလည်ပါပြီ။ ကျောင်းကျောင်းကို ဘော့စ်အတွက် ကာကွယ်ပေးပါ့မယ်" လော့ဇီယန်က သူ့ကို သွားရန် အမြန် တိုက်တွန်းလာသည်။ 


ကျင်းထျန်းယိက ဘာမှ ငြင်းဆိုလာခြင်း မရှိချေ။ 


ချူဟွိုက်က မျက်လွှာချပြီး ပြုံးလိုက်သည်။ လော့ဇီယန်က လိမ္မာပါးနပ်သည့်သူ မဟုတ်သော်လည်း သူက ပွင့်လင်းပြီး တည့်တိုးဆန်သည့်သူ ဖြစ်သည်။ 


ချူဟွိုက်က ကျင်းထျန်းယိ၏ ထွက်သွားသော ပုံရိပ်ကို တွေးတွေးဆဆ ကြည့်နေသည်။


ခဏမျှ သူက သူနှင့်အတူ လိုက်သွားရမလား စဥ်းစားမိသော်လည်း ကျင်းထျန်းယိက အသက်ရှင်နိုင်မည့် နည်းလမ်းကို သိပြီးလောက်သည်။ ထို့ကြောင့် စောစောက လော့ဇီယန်ကို သူ့(ချူဟွိုက်)ကို ချန်မထားခဲ့ရန် သတိပေးခဲ့ခြင်းဖြစ်မည်။ 


ကျင်းထျန်းယိ၏ ပုံရိပ်က ပျောက်ကွယ်သွားစဥ် ချူဟွိုက်က ချက်ချင်း ထရပ်လိုက်ပြီး သူ့နောက်လိုက်ရန် ပြင်သည်။


“အစ်ကိုလော့...အစ်ကိုလော့...ကျွန်မ အစ်ကိုလော့ကို ပြောစရာ တစ်ခုခု ရှိတယ်...ကျွန်မနဲ့အတူ အပြင်လိုက်ခဲ့ပေးလို့ရမလား..." ဝမ်ရွှယ်က ရုတ်တရက် မေးလာသည်။


သူမက ခေါင်းငုံ့ထားပြီး လော့ဇီယန်ကိုလည်း မကြည့်ကာ သူမမျက်နှာက ရှက်သွေးဖြာနေပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။


“ဒါက..." လော့ဇီယန်က စောစောက ကျင်းထျန်းယိ၏ စကားကြောင့် တွန့်ဆုတ်နေပုံရသည် " ကောင်းပြီလေ"


သူက ဝမ်ရွှယ်က ယခင်က ကူညီဖူးထားသည့်အတွက် ကျေးဇူးတင်ချင်ပုံရသည်ဟု တွေးမိသည်။ သို့မဟုတ် သူမက သန့်စင်ခန်းသွားချင်သော်လည်း သူ့ကို အကူအညီတောင်းရန် ခက်ခဲနေခြင်း ဖြစ်မည်ဟု တွေးမိသည်။ ထို့ကြောင့် သူမကို သဘောတူလိုက်ခြင်းဖြစ်သည်။


ရှေ့တစ်လှမ်းတိုးရန် ပြင်နေသည့် ချူဟွိုက်က ချက်ချင်း ပြန်နောက်ဆုတ်သွားလေသည်။


"ချူကျောင်း...ငါ ဝမ်ရွှယ်နဲ့ အပြင်သွားလိုက်ဦးမယ်" ချူဟွိုက်၏ မျက်လုံးများက အနည်းငယ် တင်းကျပ်သွားသော်လည်း တစ်ဖက်လူကို တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်သည်။


သူက မြက်ကို မွှေပြီး မြွေလန့်အောင် မလုပ်ချင်ပေ။


ဝမ်ရွှယ်က လော့ဇီယန်နောက်လိုက်ပြီး အပြင်ထွက်သွားသည်။


ထိုနှစ်ယောက် ထွက်သွားသည်ကို တွေ့လိုက်သောအခါ ချူဟွိုက်က တုံ့ဆိုင်းဆိုင်း ဖြစ်သွားရသည်။


ကျင်းထျန်းယိက ဘယ်ဘက်ကို သွားခြင်းဖြစ်ပြီး လော့ဇီယန်က ညာဘက်ကို သွားခြင်းဖြစ်သည်။ ကျင်းထျန်းယိက သူတို့ကို ဖုံးကွယ်ထားသည့် အရာတစ်ခုခု ရှိနိုင်သော်လည်း လော့ဇီယန်က ယခုတွင် အန္တရာယ်ရှိနေပြီဖြစ်သည်။


အဆုံးတွင် ချူဟွိုက်က လော့ဇီယန်ကို ရှာဖို့သာ ဆုံးဖြတ်လိုက်သည်။


👻


တစ်ဖက်တွင်လည်း ကျင်းထျန်းယိက အိမ်တော်ထဲ လှည့်ပတ်ရှာနေရင်း နောက်ဆုံးတွင် ချောင်သခင်မကြီးကို တွေ့သွားလေသည်။  


ထိုခဏ ကောင်းကင်ကြီးတစ်ခုလုံး မည်းမှောင်သွား၏။


ချောင်သခင်မကြီးက အခေါင်းဖက်ပြီး တစ်ခုခု ရေရွတ်နေသည်။


"သားရေ...အမေက မင်းကို မိန်းမကောင်းလေး တစ်ယောက် ရှာပေးမနိုင်ခဲ့ဘူး။ အမေ မင်းအပေါ် အမှားလုပ်မိသွားပြီ" 


သူမက မျက်ရည်သုတ်လိုက်ရင်း အားတင်းပြုံးလိုက်ကာ " မင်းက ဒီနေ့ လက်ထပ်တော့မှာ ဆိုတော့ အမေ ပျော်နေရမယ်လေ"


သူမမျက်လုံးထဲ ရူးသွပ်မှူတို့ အထင်းသား ပေါ်လာသည် 


" သူမကို စိတ်မကျေနပ်ဘူးဆိုရင် အမေ့အိပ်မက်ထဲ ပေါ်လာခဲ့။ အသစ်တစ်ယောက် အမေရှာပေးမယ်။ ဒီနှစ်တွေမှာ အမေက မင်းအတွက်ပဲ အကုန်လုံးကို လုပ်ခဲ့တာ။ တစ်ယောက် သတ်ရသတ်ရ ဆယ်ယောက် သတ်ရသတ်ရ...အယောက်တစ်ရာ သတ်ရရင်တောင် ဘာမှမဖြစ်ဘူး..."


“ရုန်အာ...မင်းက ဒီလို ထွက်သွားမှတော့ အမေလည်း အသက်ရှင်နေဖို့ အကြောင်းရင်း မရှိတော့ဘူး..."


ကြေကွဲခြင်းခန်းမတွင် ချိတ်ဆွဲထားသည့် အဝတ်စဖြူများက 'ဟူးဟူး' မြည်နေပြီး ချောင်ရုန်က သူ့အမေကို တုန့်ပြန်နေသည်လား မပြောတတ်ပေ။


ချောင်သခင်မကြီး၏ လက်က အခေါင်းဖုံးပေါ် တောင်စဥ်ရေမရ ခေါက်နေပြီး တစ်ယောက်တည်း ရေရွတ်နေရင်း မျက်နှာက နူးညံ့သွားသည်။ အရောင်ဖျော့ဖျော့ အခေါင်းကြီးက ပုခက်တစ်ခုအဖြစ် ပြောင်းသွားပုံရကာ ချောင်သခင်မကြီးက သူ့သား အိပ်ပျော်အောင် ချော့သိပ်နေသည့် ပုံပေါ်သည်။


ခပ်လှမ်းလှမ်းတွင် ရပ်နေရင်း ကျင်းထျန်းယိက ချောင်သခင်မကြီး သီချင်းဆုံးသွားအောင် စောင့်နေရင်း အမြန်မလိုစွာပင် သူ့ဂျက်ကတ်အင်္ကျီကို ကြယ်သီးဖြုတ်လိုက်သည်။


သူ၏ လက်ချောင်းများက ရှည်သွယ်ပြီး ကြော့ရှင်းသည့် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ကျင်းထျန်းယိ၏ မျက်နှာက အေးစက်ပြီး အကြည့်တို့က စိမ်းသက်နေသည်။


ဂျက်ကတ်အင်္ကျီကို ချွတ်လိုက်သောအခါ အနက်ရောင် အဝတ်စက ပေါ်လာသည်။


ကျင်းထျန်းယိက အဝတ်စကို ထိတွေ့လိုက်ရင်း အပြုံးလေးနှင့် ပြောလာသည်


 " သွားတော့...ဒါက မင်းကို ကတိပေးထားတဲ့ အရာပဲ။ ဒါပေမယ့် ငါ သတိပေးလိုက်မယ်...ငါ့အဝတ်တွေ မစွန်းစေနဲ့"


သူ၏ မျက်လုံးများက မီးခိုးရောင်နှင့် အပြာရောင် သန်းသွားလေသည်။


အဝတ်စက အလင်းရောင် တောက်ပလာရင်း ကျင်းထျန်းယိ၏ မျက်နှာသည်လည်း အခြားအမျိုးသားတစ်ယောက်၏ မျက်နှာပုံစံအဖြစ် ပြောင်းသွားလေသည်။ ထိုလူ၏ မျက်နှာအစိတ်အပိုင်းများက ချောမွေ့ပြီး ကြော့ရှင်းနေသော်လည်း ရက်စက်မည့် အရိပ်အရောင်က မျက်နှာထက် အထင်းသား ပေါ်နေသည်။


‘ကျင်းထျန်းယိ'က ချောင်သခင်မကြီးရှိရာဘက် သရဲတစ်ကောင်လို ဖြတ်ခနဲပေါ်လာသည်။


ချောင်သခင်မကြီးက အံ့အားသင့်ပြီး တုန်လှုပ်သွားရသည် " မင်း...မင်းက..."


သူမ၏ မျက်လုံးအစုံ ပြူးကျယ်သွားပြီး ချက်ချင်းပင် ခွေးခြေခုံမှ အောက်ပြုတ်ကျသွားရင်း အထိမ်းအမှတ်ခန်း၏ စားပွဲပေါ်မှ ဖယောင်းတိုင်ကို ကန်မိသွားသည်။


“မဟုတ်ဘူး...ဒါ...ဒါ မဖြစ်နိုင်ဘူး" သူမက အထိတ်ထိတ်အပျာပျာနှင့် ခေါင်းယမ်းပြလာပြီး တီကောင်လို ခြေထောက်ကို ခွေထားလေသည်။ 


‘ကျင်းထျန်းယိ' က ချောင်သခင်မကြီးနား တစ်ဖြေးဖြေး ကပ်သွားလေသည်။


သူမရှေ့မှလူ၏ မျက်နှာအစိတ်အပိုင်းများက အဖေယင်းက သူမကို ပေးခဲ့သည့် ပန်းချီကားထဲမှ လူနှင့် အတူတူဖြစ်နေ၍ ချောင်သခင်မကြီး၏ အသိစိတ်အားလုံးက စုန်းစုန်းမြုပ်သွားရသည်။


“ဒီကိုမလာနဲ့...မလာနဲ့...သွား...ထွက်သွား...အဲ့ဒါ လူအိုကြီးယင်းလေ...အဲ့ဒီအစေခံပဲ...ငါ မဟုတ်ဘူး...ငါ ဘာမှ မလုပ်ခဲ့ဘူး" 


ထိုခဏ 'ကျင်းထျန်းယိ'က သူမခြေထောက်ကို လှမ်းဆွဲလာပြီး ချောင်သခင်မကြီး၏ ခြေထောက်ပေါ် အားပြင်းပြင်းထည့်လာသည်။ ထို့နောက် ချက်ချင်းပင် ကြေကွဲခြင်းခန်းမ၌ သူမ၏အော်သံတို့ ပြည့်နှက်သွားလေသည်။


“အား...." နာကျင်မှုကြောင့် ချောင်သခင်မကြီးက မျော့မျော့သာ ရှိတော့သည်။ သူမ၏ ခြေထောက်က ကျိုးသွားပြီ ဖြစ်သည်။


မာကျစ်ချိန်က သေသည်ထိ အရိုက်ခံရခြင်း ဖြစ်သည်။ သူ၏ အရိုးများက အချိုးခံထားရပြီး အရေပြားပေါ်တွင်လည်း ဒဏ်ရာဒဏ်ချက်များ လွှမ်းနေသည်။ သူ၏ နံရိုးကလည်း ကျိုးသွားပြီဖြစ်ကာ အရေပြားအောက်မှ အရိုးများအားလုံး အချိုးခံထားရသည်။   


ချောင်သခင်မကြီးက အသိစိတ်ပျောက်မတတ် ဖြစ်နေသော်လည်း နောက်ထပ် နာကျင်မှုလှိုင်းက သူမ ကျူးလွန်ခဲ့သော ပြစ်မှုကို အမှတ်ရသွားပေလိမ့်မည်။


ထိုအမျိုးသားတွင် အရပ်ရှည်ရှည် ခန္ဓာကိုယ်နှင့် ချောမောသည့် ရုပ်ရည်ရှိသည်။ သူက ငရဲမှ တက်လာသည့် နတ်ဆိုးလို ထူးမခြားသည့် အပြုံးတစ်ခု ချိတ်ဆွဲထားရင်း ယခုလေးတင် အလွန်အမင်း ကြောက်စရာကောင်းသော အရာကို လုပ်နေခြင်းဖြစ်သည်။ 


အရိုးချိုးခံလိုက်ရသည့်အသံ ထွက်ပေါ်လာပြီး ချောင်သခင်မကြီး၏ နာနာကျင်ကျင် ညည်းသံကြီးက အချိန်အတော်ကြာမှ ပြီးသွားလေသည်။


အဆုံးတွင် ချောင်သခင်မကြီးက သေသွားလေသည်။


အလွန် သနားစရာကောင်းလှသည်။ သူမ၏ စူးစူးရှရှအော်သံကြီးက ကြေကွဲခြင်းခန်းမ တစ်ခုလုံး ပဲ့တင်ထပ်သွားသလိုပင်။


‘ကျင်းထျန်းယိ'က တစ်ခဏမျှ ဗလာဖြစ်စွာ ရပ်နေပြီးမှ အဝတ်စ၏ အလင်းရောင်က တဖြေးဖြေး မှိန်လာသည့်အချိန် သူက ယင်းရှောင်ဖုန်းလှဲနေသည့် အခေါင်းရှိရာ သွားလိုက်သည်။


သူ၏ ချောမောလှသော မျက်နှာထက် ဆွေးမြေ့ရိပ်သန်းလာသော်လည်း မကြာမီ ပျော်ရွှင်မှုက အစားထိုး ဝင်လာသည် " ရှောင်ဖုန်း...ဒီည...မင်းက ကိုယ်နဲ့ လက်ထပ်ရတော့မယ်" သူက ရေရွတ်လိုက်ရင်း သူ့မျက်လုံးများက နူးညံ့နေသည်။


အဝတ်စ၏ အလင်းတန်းက လုံးဝပျောက်ကွယ်သွားချိန် ကျင်းထျန်းယိက အဝတ်ကိုချွတ်ချလိုက်သည်။


ထိုနေ့က သူတို့ အမေမာဆီ ပြေးသွားကြချိန် သူမကို ထိုစကားပြောခိုင်းသည့်သူက သူဖြစ်သည်။ ထို့ကြောင့် မာကျစ်ချိန်ကို ကတိပေးလိုက်ရသည့်သူကလည်း သူဖြစ်နေသည်။(အခေါင်းပြုတ်ကျချိန်က)


ထို့ကြောင့် သူက သူ့စကားများကို ပြန်ရုတ်သိမ်း၍ မရနိုင်ချေ။ မဟုတ်ပါက ထိုသို့ ပစ်မှတ်ထားခံပြီး အဆုံးသတ်သွားရမည့်သူက သူ ဖြစ်သွားလိမ့်မည်။


သို့သော်လည်း ဤနည်းလမ်းက ဝမ်ရွှယ်လို အန္တရာယ် မရှိနိုင်ပဲ ဘေးကင်းကင်းနှင့် ဤအဝတ်စကို ဝတ်ထား၍ရသည်။


ဤဖြစ်ရပ်တွင် ပထမဆုံးသေသွားသည့်သူက ကျောက်ရှင်း မဟုတ်ပဲ ဝမ်ရွှယ် ဖြစ်သည်။


ကျင်းထျန်းယိက ခန်းမထဲသို့ ပြန်လာသည့်အချိန် ကျန်သည့် သုံးယောက်က မရှိပဲ လီပင်းတစ်ယောက်တည်းကိုသာ တွေ့၍ သူ့မျက်ခုံးတို့ တင်းကျပ်သွားလေသည်။


ချူဟွိုက်...


"သူတို့ ဘယ်မှာလဲ" ကျင်းထျန်းယိက သူ့ကိုယ်သူ စိတ်ငြိမ်ငြိမ်ထားရန် ပြောလိုက်ပြီး လီပင်းကို လေးပင်နေသည့် အသံနှင့် မေးလာသည်။


"လော့ဇီယန်ကို ဝမ်ရွှယ်က ခေါ်ထုတ်သွားတာ" လီပင်းက ပေါ့ပေါ့ပါးပါး ပြောလာသည်။


"ချူကျောင်းကတော့...သူမ ဘယ်သွားလဲ ဆိုတာကို မသိဘူး" 


👻


အခန်းထဲတွင် ဝမ်ရွှယ်က လော့ဇီယန်နှင့် စကားပြောနေချိန် ချူဟွိုက်က မတော်တဆ တံခါးခေါက်မိသွားသည်။ 


ထို့နောက် အထဲရှိလူများ စကားဟမလာခင် ချူဟွိုက်က ယဥ်ကျေးမနေတော့ပဲ တံခါးတွန်းဖွင့်ဝင်သွားလိုက်သည်။


ဝမ်ရွှယ်က လော့ဇီယန်နှင့် အမှန်တကယ်ပင် နီးနီးကပ်ကပ် ထိုင်နေသော်လည်း တစ်ဖက်လူက သတိထားမိပုံမရချေ။


ချူဟွိုက် ဝင်လာသည်ကို သတိထားမိသွားသောအခါ ဝမ်ရွှယ်၏ မျက်လုံးများက ရက်စက်မှုအလင်းတန်းတို့ ဖြတ်ပြေးသွားသည်။ 


“ချူကျောင်း...ဘယ်လိုလုပ် ရောက်လာတာလဲ"


 á€œá€ąá€Źá€ˇá€‡á€Žá€šá€”်က ချူကျောင်းကို တွေ့လိုက်၍ ပျော်သွားရသည်။ ဝမ်ရွှယ်၏ စောစောက အပြုအမူက အရမ်း ထူးဆန်းနေ၍ သူ့တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထနေပြီဖြစ်သည်။  


သူက ချူဟွိုက်ဆီ အမြန်လျှောက်သွားချိန် ချူဟွိုက်က တုံးတုံးအအလေးပုံစံ ဟန်ဆောင်လိုက်သည်


 " ဝမ်ရွှယ်...နင့်ကို ပြောစရာလေး ရှိနေလို့"


သူက လော့ဇီယန်ကို ခေါင်းစောင်းကြည့်လိုက်သည်


 " အစ်ကိုလော့ အရင်ဆုံး ထွက်သွားပေးရင် အဆင်ပြေနိုင်မလား"


ဝမ်ရွှယ်က ချူဟွိုက်ကို စေ့စေ့ကြည့်နေသည်။ ထိုမျက်ဝန်းတစ်စုံက ကြောက်စရာကောင်းပြီး ထိတ်လန့်ဖွယ်ကောင်းလှသည်။


ဒီအမျိုးသမီးက သေဖို့ ရောက်လာတာလား။


လော့ဇီယန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသော်လည်း သူက ထွက်သွားလိုက်သည်။ သူက ချူဟွိုက်နား ဖြတ်သွားချိန် တစ်ဖက်လူက သူ့ကို တိုးတိုးလေး ပြောသွားခဲ့သည်။


လော့ဇီယန်၏ မျက်လုံးများက ပြူးကျယ်သွားရပြီး ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်။


ချူဟွိုက်က တံခါးပိတ်လိုက်ပြီး ဝမ်ရွှယ့်နားကို သွားလိုက်သည်။


 " ရှောင်ရွှယ်...ငါ့ကို လျှို့ဝှက်ပေးထားစေချင်တာလေး ရှိနေလို့..."


သူက မျက်လွှာချလိုက်ပြီး သူ့မျက်နှာပုံစံက အတန်ငယ် မှိုင်းညှို့နေသည်။


"အစ်မပြောချင်တာ...အစ်မရဲ့ လက်ကိုလား..." 


ချူဟွိုက်က အနည်းငယ် တုံ့ဆိုင်းနေရာမှ နောက်ဆုံး ခေါင်းညိမ့်ပြလာသည်။ သူက ဝမ်ရွှယ်၏ နားထဲ ထူးဆန်းသည် လေသံနှင့် တိုးတိုးပြောလိုက်သည်


 " ငါ့ကိုယ်ထဲမှာ သရဲရှိနေတယ်"


သူက 'သရဲ'ဆိုသည့် စကားလုံးကို ဖိပြောလိုက်သည်။


ဝမ်ရွှယ်၏ မျက်လုံးထက် အမြန်ဖုံးကွယ်ထားလိုက်ရသည့် ရက်စက်မှု အရိပ်ရောင်များ ပြန်ပေါ်လာသည်။


သူမက စိုးရိမ်တကြီး ကြည့်လာသည် " တကယ်ကြီးလား" 


“ငါက ကြာကြာနေရတော့မှာ မဟုတ်ဘူး" 


ချူဟွိုက်က ဆိုလိုက်ရင်း " ဒါပေမယ့်လည်း...ဒီလိုဖြစ်နေတာကြောင့်ပဲ ပုံမှန်ထက် သာလွန်တဲ့ စွမ်းရည်တစ်ခု ရလိုက်တယ်"


ဝမ်ရွှယ်က တောင့်ခနဲ ဖြစ်သွားလေသည် "ဘာစွမ်းရည်လဲ"


ချူဟွိုက်က နူးနူးညံ့ညံ့ ပြုံးလိုက်ပြီး သူမကို အန္တရာယ်မပေးလိုသည့် အကြည့်နှင့် ကြည့်လိုက်သည် " သရဲတွေကို အာရုံခံနိုင်တဲ့ စွမ်းရည်ပဲ" 


ဝမ်ရွှယ်က ထိုအကြောင်းကြားသော် လှောင်ပြုံးပြုံးလိုက်သည်။


"ငါ ပြောပြမယ်။ သူမက သရဲဟုတ်မဟုတ် သူမလက်ကို ကိုင်လိုက်တာနဲ့ သိတယ်"


ဝမ်ရွှယ်က ချက်ချင်း လက်ကို ရုတ်သွားသော်လည်း ချူဟွိုက်က အမြန် ဆွဲထားလိုက်သည်။


" မင်းကို လိမ်နေတာပါ" ချူဟွိုက်က ပြုံးလိုက်ရင်း သူ ကိုင်ထားသည့်လက်က ချက်ချင်းပင် စိုပြီး အေးစက်လာသည်။


လက်ထဲမှ ရေက တတောက်တောက် ကျနေပြီး အခန်းထဲတွင်လည်း ပုပ်အဲ့အဲ့အနံ့တစ်ခု လှိုက်တက်လာသည်။


'ဝမ်ရွှယ်'က တစ်ခဏမျှ ဗလာဖြစ်သွားရသည်။


ချူဟွိုက်က ဤသည်ကို အခွင့်အရေးယူပြီး သူမလည်ပင်းကို ညစ်လိုက်ကာ အိပ်ရာထက် တွန်းချလိုက်ပြီး ကုတ်အင်္ကျီကြီးကို ဖယ်လိုက်သည်။ 


“ယင်းရှောင်ဖုန်းရဲ့ အဝတ်ကို တွေ့ပြီ" ချူဟွိုက်က သူ့ရှေ့က အနီရောင် သတို့သမီးဝတ်စုံကို ကြည့်ပြီး ဖွဖွပြုံးလိုက်သည်။ 


‘ဝမ်ရွှယ်'က ဖြူဖတ်ဖြူရော် အသားအရေနှင့် မျက်နှာထက် သရဲပုံစံ မိတ်ကပ်တို့ လိမ်းထားပြီး အနီရောင် ဝတ်စုံကြီး ဝတ်ထား၍ သူမပုံစံက လန့်စရာကောင်းလှသည်။ တစ်စတစ်စ သူမ ပါးစပ်မှ ထွက်လာသည့် ရေပုပ်နံ့ကြီး ရလိုက်သည်။ ထပ်ပြီး ထိုရေထဲမှ ငါးသေ နှစ်ကောင်ရော ပါလာသည်။ 


ထိုအချိန် 'ဝမ်ရွှယ်' က စပြီး လှုပ်ရှားလာကာ ချူဟွိုက်၏ နူးညံ့ပြီး ကြေလွယ်သည့် လည်တိုင်ကို လိမ်ချိုးလာချင်သော်လည်း တစ်ဖက်လူက သူမ၏ ရွှံ့ထူထူ ဆံပင်အုံကြီးကို ချက်ချင်း ဆွဲလာသည်။


“အား...." ဝမ်ရွှယ်က စိတ်ပျက်ဖွယ်အသံကြီးနှင့် အော်ဟစ်လာလေသည်။


ထိုနောက် ချက်ချင်း ချူဟွိုက်က အော်ခေါ်လိုက်သည်


 " အစ်ကိုလော့..."