အပိုင်း ၈၈
Viewers 29k

Chapter 88


"Come on Challenger” ပထမပိုင်းက အားလုံး၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။


“Come on Challenger”‘ trailer က အမှန်တကယ်ပင် အောင်မြင်ခဲ့သော်လည်း ၎င်းက ရသစုံ တစ်ခုသာဖြစ်သည်။ အစီအစဉ်၏ တည်းဖြတ်ထားသည့် အနှစ်သာရအားလုံး ပါဝင်သောကြောင့် Trailer သည် လည်းကောင်းမွန်ခဲ့သည်။ တရားဝင် ထုတ်လွှင့်ပြီးနောက်တွင် ၎င်းကအကြီးစားရိုက်ချက် ဖြစ်ခဲ့သည်။


ပထမပိုင်း ဇွန်ဘီဝန်းရံခြင်းကို ထုတ်လွှင့်ပြီးနောက် ပရိသတ်အားလုံးက ၎င်းကို စေ့စေ့ကြည့်ရှုခဲ့ကြသည်။ လူတိုင်း၏ မသိစိတ်က မိုဘိုင်းလ်ဖုန်းများ ကွန်ပျူတာ သို့မဟုတ် အင်တာနက်ပေါ် မှ ကြည့်ပြီးနောက် သူငယ်ချင်းများဖြင့် စာပို့နေကြသည်။


အစီအစဉ်ကို ထုတ်လွှင့်ပြီးနောက် တစ်နာရီအတွင်းမှာပင် hot searchထဲဝင်ခဲ့ပြီး အဆင့်ကလည်း အလွန့်မြင့်သည်။


ထို့အပြင် ရှအန်းနှင့် ရှရှင်းချန်မိသားစုက hot searchပလ္လင်ကို လွှမ်းမိုးထားကြသည်။


ရှအန်းနှင့်သက်ဆိုင်သည့် လူထုထင်မြင်ချက်များက ချက်ချင်းပင် hot search homepage ကန်ထရိုက်တာဆီသို့ပင် တက်သွားခဲ့သည်။


[ ရှအန်း ရှင်ကကျွန်မရဲ့နတ်သမီးပဲ ... အရမ်း ခန့်ညားတာပဲ ]


[ အမျိုးသမီးသတ်ဖြတ်သူဇာတ်ကောင်က ရှအန်းအတွက် အရမ်းကောင်းလွန်းနေတယ် ]


[ ငါပြောချင်တာ တစ်ခုက ရှအန်းညစ်ထားများလား ... ဒီတိုက်ခိုင်နိုင်စွမ်းက ကြောက်မက်ဖွယ်ပဲ ... သေနတ်ပစ်ချက်တွေအားလုံးကလည်း ခေါင်းကိုပဲ ချိန်ပစ်တာ ]


[အား ... ရှိသေးတယ် သူမမြှားလည်းပစ်တာပဲ ]


[ အစပိုင်းမှာတည်းက ထွက်ပြေးနိုင်ခဲ့တဲ့ ရှအန်းရဲ့စွမ်းရည်ကို လေးစားတယ် ]


[ ဒီရှိုးမှာ ပါဝင်သူခြောက်ယောက်ဆိုတော့ ‌နောက်ပိုင်းရောက်ရင် အမျိုးသားပါဝင်သူနည်းနည်းပဲ ကျန်ခဲ့မယ်လို့ နဂိုကထင်ခဲ့မိတာ ... တကယ်မထင်မှတ်ထားဘူး ]


[ ငါကြားမိတာတော့ ဇွန်ဘီပေါက်စလေးနေရာ သရုပ်ဆောင်တဲ့ကလေးက ရှအန်းရဲ့သားလေးတဲ့... ဘုရားရေ သူက အရမ်းချစ်ဖို့ကောင်းတာပဲ ]


[ သူ့အမေက သန်မာတဲ့အပြင် သူကလည်း ညံ့မနေဘူးနော် ... ဇွန်ဘီပေါက်စလေးက အားလုံးကို ထုတ်ပယ်လိုက်တာ ]


[ ကျန်းချန်ကို ဇွန်ဘီပေါက်စလေးက နှစ်ခါတောင် ထုတ်လိုက်တာ ]


[ အိုး ... ရှအန်းရှေ့ရောက်သွားရင် နတ်သားတွေ အာ.... မဟုတ်ဖူ ယောက်ျားဆိုတဲ့လူတွေက အသုံးမဝင်တော့ဘူးပဲ ... ဒီနေ့ကစပြီး ဘုရင်မရှက ငါ့ရင်ထဲက နတ်ဘုရားလေးပဲ ] 


[ ရှအန်းက အရမ်းနူးညံ့တယ် မဟုတ်ဖူးလား ... ဘာဖြစ်လို့ အစီအစဉ်ပေါ်ရောက်မှ ရုတ်တရက်ကြီး သန်မာသွားတာလဲ ဖြစ်နိုင်ရဲ့လား ]


[ ငါထင်တာတော့ ရှအန်းက ပါဝင်သူတွေထဲမှာ အတော်ဆုံးပဲ ... အထူးလုပ်ဆောင်ချက်တွေက ပရိုဂရမ်အဖွဲ့က ထည့်တာမလား ]


[ စတန့်နှစ်ယောက် သုံးထားတာရော မဖြစ်နိုင်ဘူးလား ]


[ ဟားဟား စတန့်နှစ်ယောက်တဲ့ ... ရယ်ရတဲ့ဟာသကြီးပဲ ... အစားထိုးရှိတယ်ဆိုရင် ငါဘာလို့ မမြင်မိပါလိမ့် ... ပြဿနာမရှာပါနဲ့ အိုကေ ... ပြီးတော့ ရှအန်းက စတန့်မလိုပါဘူး ... သူမမျက်နှာတစ်ခုတည်းနဲ့ပဲ သူမနောက်ကို တစ်သက်လုံး လိုက်နိုင်တယ် ]


[ ရှအန်းကို ချစ်မိသွားပြီ +1 ]


  …


ရှိုး၏ ထုတ်လွှင့်မှုကြောင့် ရှအန်း၏ ချောမောခန့်ညားသော စွမ်းရည်နှင့် မြန်ဆန်သည့်တုံ့ပြန်မှုများကြောင့် မရေမတွက်နိုင်သော ပရိသတ်များ ရရှိလာခဲ့သည်။


“Come on Challenger” အစီအစဉ်က ကောင်းမွန်သော်လည်း ဤရှိုးကို တုန်လှုပ်ဖွယ်အကောင်းဆုံးဖြသ်အောင် လုပ်ခဲ့သူက ရှအန်းသာဖြစ်သည်။


ဤအစီအစဉ်တွင် ရှအန်း မပါဝင်ပါက လူအများကညတစ်ကြိမ်သာကြည့်ပြီး ထပ်ကြည့်တော့မည်မဟုတ်ပေ။


သို့သော် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကြီးမားသော ရှအန်းကဲ့သို့ပါဝင်သူနှင့်အတူ ဤအစီအစဉ်ကအလွန်လှပခဲ့ပြီး အကြိမ်များစွာ ရေပန်းစားခဲ့သည်။


ရှအန်း၏ တည်ရှိမှုဖြင့်ဆိုလျှင် ဤရှိုးက ဟောလိဝုဒ်စံနှုန်များအထိပင် ရောက်နိုင်သည်။


အလွန်မိုက်၍ ချောမောသော နတ်ဘုရားမလေးက ပထမည၌ပင် သိန်းချီသော ပရိသတ်မှ ရုတ်ချည်း သန်းချီသည့်ပရိသတ်များ ရရှိခဲ့သည်။


သို့သော် အလွန်အမင်းအာရုံစိုက်ကြသည့်အခါ အမုန်းပွားခံရခြင်းများလည်းရှိသည်။ ရှအန်းက လူအားလုံးကြိုက်နှစ်သက်ကြသည့် ငွေကြေးမဟုတ်ပေ။ နောက်ကွယ်တွင် သူမကို အသရေဖျက်ရန် ရည်စူးထားသည့်လူများ ရှိနေဆဲပင်ဖြစ်သည်။


ထို့ကြောင့် အင်တာနက်ပေါ်တွင် လူအများစုက ရှအန်း၏ ပုံပန်းသွင်ပြင်နှင့် စွမ်းရည်ကို အံ့မခမ်းဖြစ်နေချိန်တွင် ရှအန်း၏အက်ရှင်များက အတု သို့မဟုတ် စတန့်သုံးထားသည်ဟူ၍ မေးခွန်းထုတ်ထားသည့်လူများလည်း ရှိနေသည်။


ရှိုးတွင် ရှအန်းကို ချီးကျူးရုံမျှသာဆိုလျှင် အင်တာနက်ပေါ်ရှိ အရှိန်အဟုန်မြင့်မားမှုက ဤမျှ ကြာရှည်ခံမည်မဟုတ်ပေ။


သို့ရာတွင် အစီအစဉ်၏ရေပန်းစားမှု အလွန်မြင့်တက်လာသည်ဟူသော သံသယနှင့် အငြင်းပွားမှုများ ဖြစ်လာခဲ့သည်။


အစီအစဉ်ကို ကြည့်ရှုပြီးနောက် အင်တာနက်အသုံးပြုသူများ  တနင်္ဂနွေမနက်ပိုင်းမှစ၍  ပထမပိုင်းကို ဗီဒီယိုများ ရုပ်ပုံများနှင့် များပြားသော screen shot များဖြင့် ဆွေးနွေးခဲ့ကြသည်။ 


၎င်းက  "Come on Challenger" မှ ပါဝင်သူရှအန်း တစ်ဦးတည်းကြောင့်သာဖြစ်သည်။


နောက်နေ့မနက်မှာ ဝန်ထမ်းများက စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေကြနေချိန်တွင် သူတို့၏ အစီအစဉ်က တကယ်ကို ပေါက်သွားပြီဆိုတာ သိလိုက်ရသည်။ 


မှန်ပါတယ် ... လုံးဝကို အပြင်းစားရိုက်ချက် ဖြစ်သွားတာပဲ ...


ရှိုးပွဲတွင် ရှုကျင်းယန်က နာမည်အကြီးဆုံး ကြယ်ပွင့်ဖြစ်သည်။ မကြာသေးမီက ရှုကျင်းက ရုပ်ရှင်အင်ပါယာ ဂုဏ်ပုဒ်ကို ရရှိထားခဲ့သည်။ထိုအချက်နှင့်တွဲဖက်လိုက်ပါက ရှုကျင်းယန်သာ အစီအစဉ်၏ အာရုံစိုက်စရာ ဖြစ်သင့်သည်။


သို့ရာတွင် ရှအန်းက အစီအစဉ်ကို ခိုးယူသွားခဲ့သည်။


အင်တာနက်ပေါ်တွင် ရှအန်း၏ တိုက်ခိုက်နေသည့်ဗီဒီယိုများနှင့် အလှဓာတ်ပုံများက နေရာတိုင်းတွင် ရှိနေသည်။ 


သူတို့အားလုံးတွင် retweetခံရမှု အများဆုံးက ရှအန်းဖြစ်သည်။ အိမ်ထဲတွင် ဇွန်ဘီများစွာ ဝန်းရံခံနေရစဉ်က သူမက ပြတင်းပေါက်ကိုဖွင့်ကာ သစ်ပင်ပေါ်ခုန်တက်ပြီး ထွက်ပြေးသွားခဲ့သည်။


“Come on Challenger” ဖန်သားပြင်ပေါ်ရှိ ဗီဒီယို ဓာတ်ပုံများနှင့် စိတ်ခံစားချက်များကို ကြည့်ရှုနေသော ဝန်ထမ်းများအားလုံး အံ့သြသွားကြသည်။


ဒေတာအမျိုးအစားအားလုံးကို ကြားဖြတ်ဖမ်းယူလိုက်သောအခါတွင် အရေအတွက်ကြောင့် ၎င်းတို့အားလုံးပို၍ပင် တုန်လှုပ်သွားခဲ့သည်။


ဗီဒီယိုကို ထုတ်လွှင့်ခဲ့သည်က  နေ့တစ်ဝက်ခန့်အချိန်ကာလသာ ရှိသေးသော်လည်း ကြည့်ရှု့သူများက ဂဏန်းရှစ်လုံးကျော်သွားခဲ့သည်။


ဝေ့ပေါ် ပေါ်မှ ရှာဖွေမှုများက ရှအန်း “Come on Challenger” နှင့် အခြားပါဝင်သူများ ဖြစ်ကြသည်မှာ ပြောစရာပင် မလိုပေ။


ဆိုရှယ်မီဒီယာအသီးသီးမှ နေ့စဉ်ထုတ်နုတ်ထားသော ကိန်းဂဏန်းကြီးများတွင် ရေပန်းအစားဆုံးသော အဆင့်သတ်မှတ်ချက်များ၌  ရှအန်းနှင့် "Come on Challenger" တို့ ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။


အနုပညာရှင်တစ်ယောက် သို့မဟုတ် ရှိုးတစ်ခုအတွက် ဤမျှအောင်မြင်ရန် မည်မျှခက်ခဲသည်ကို သိရှိကြသည်။


ဖျော်ဖြေရေးနယ်ပယ်တွင် ရှိုးနှင့် အနုပညာရှင်များ အထူးသဖြင့် reality showများက အဝန်းအဝိုင်းထဲမှ ထူးချွန်စွာအောင်မြင်လာနိုင်လျှင် အံ့ဩဖွယ်ရာတစ်ခု ဖြစ်သည်။


တနင်္လာနေ့တွင် တီဗီအစီအစဉ်များ၏ အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်မည်ဖြစ်၍ တနင်္ဂနွေနေ့တွင် ထုတ်လွှင့်ခဲ့သည့်  ဤအစီအစဉ်ကို အဆင့်သတ်မှတ်ရန် မဖြစ်နိုင်ပေ။


သို့ရာတွင် သူတို့၏ အစီအစဉ်၏ အဆင့်သတ်မှတ်ချက်က မြင့်မည်ကို ဝန်ထမ်းအားလုံး သိကြသည်။


ထို့ကြောင့် သူတို့အားလုံးက အစီအစဉ်ကို ရိုက်ကူးနေဆဲဖြစ်သော ဟန်ယွဲ့ကို ဖုန်းခေါ်ခဲ့သည်။


" သူဌေး ကျွန်တော်တို့ရှိုးကတော့ အရမ်းပေါက်နေပြီ ... ရှအန်းလည်းtrendingဖြစ်နေတယ် ... အင်တာနက်ပေါ်က လူအားလုံးက ကျွန်တော်တို့ရှိုးနဲ့ ရှအန်းအကြောင်း ဆွေးနွေးနေကြတယ် ... Hot searchကိုလည်း ကျွန်တော်တို့ပဲ အပိုင်သိမ်းထားတာ ... အခုပဲ ကျွန်တော်တို့ရှိုးမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ဖုန်းတွေ လက်ခံထားရတယ် ..."


ရှိုးကို ထုတ်လွှင့်ပြီးပါက ဤကဲ့သို့ရလဒ်မျိုးကို ခန့်မှန်းထားပြီးသည့်ဟန်ယွဲ့မှာ အံ့အားသင့်နေဆဲဖြစ်သည်။


ပရိုဂရမ်ဗီဒီယို၏ နောက်ဆုံးဗားရှင်းကို သူကြည့်ရှုခဲ့ပြီးနောက် ၎င်းတို့၏ အစီအစဉ်က မည်မျှလှပသည်ကို အချိန်အတော်ကြာတည်းက သိခဲ့ပြီးဖြစ်သည့်အတွက် ဤသို့ရလဒ်မျိုး ရရန်မှာ သေချာခဲ့သည်။


သို့သော် သူ အိမ်မက်မက်နေသကဲ့သို့ ခံစားရသည်။


အဘယ့်ကြောင့်ဆိုသော် variety showတစ်ခုအတွက် ဇာတ်ညွှန်းရေးဆရာ ဖြစ်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။


သူ၏အသက်က လေးဆယ်ပြည့်လုနီးပါးဖြစ်သော်လည်း ပြန်လည်မွေးဖွားလာသည်ဟု ခံစားရသည်။


မရေမတွက်နိုင်သော လူများ ဖိအားများကြောင့်  ပဟေဠိဖြစ်ခဲ့ရပြီး ဘဝလမ်းတစ်ဝက်တွင် ရှိနေသည့်အချိန်၌ သူ့ကိုယ်သူ လိုလားတောင့်တသော အခွင့်အရေးကို ပေးခဲ့ခြင်းဖြစ်သည်။


မည်သူကမျှ အကောင်းမမြင်  မထောက်ပံ့ပေးခဲ့ချေ။ သို့ရာတွင် ယခုချိန်၌ သူအောင်မြင်ခဲ့ပြီဖြစ်သည်။