Chapter 89
သူ့ မျက်ဝန်းထဲတွင် ရုတ်တရက် မျက်ရည်များဝဲလာသည်။
အသက်ပြင်းပြင်းရှုပြီးနောက် ဟန်ယွဲ့စိတ်ငြိမ်ငြိမ်ထားလိုက်သည်။
" အင်း ... ကောင်းပြီ ငါသိပြီလေ ... မင်းတို့အခုနောက်ပိုင်း အလုပ်ကြိုးစားနေကြတာပဲ ... ပြန်လာရင် အားလုံးကို ဘောနပ်စ်ပေးမယ် ..."
ဖုန်း၏တစ်ဖက်မှ အားပေးသံများ ကြားရပြီးနောက် ဟန်ယွဲ့ဖုန်းချလိုက်သည်။ မော်နီတာခန်းမှ ထွက်လာပြီးနောက် ရှအန်းဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်လာသည်။
ရှအန်းက ရိုက်ကူးရေးလုပ်နေဆဲဖြစ်သည်။
ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် နာလန်မထူနိုင်အောင် ရှုံးနိမ့်ပြီးနောက်ပိုင်း ဟန်ယွဲ့ ရှအန်းနှင့် မပြိုင်ဆိုင်တော့ရန် ဆုံးဖြတ်ခဲ့သည်။
တတိယပိုင်း၏themeက စစ်မှန်သောအာရုံခံစားမှုဖြင့် တောနက်ထဲတွင် ရှင်သန်ခြင်းဖြစ်သည်။
၎င်းက ပို၍အဓိပ္ပါယ်ရှိပြီး လေးနက်သော theme ဖြစ်သည်။ လူသားများက ပတ်ဝန်းကျင်ကို ဂရုမစိုက်ကြသည့်အခါ ၎င်းတို့ကို သဘာဝက သုတ်သင်ရှင်းလင်းကြပြီး လူသားမျိုးနွယ်မျိုးတုန်းသွားခဲ့သည်။ အပင်နှင့် သတ္တဝါများလည်း သန္ဓေပြောင်းလဲကုန်သည်။ အဆုံးတွင် ကမ္ဘာပေါ်၌ ရှ င်ကျန်ခဲ့သူ ခြောက်ယောက်သာရှိသည်။
ဤပြဿနာ၏ themeက ကမ္ဘာမြေပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။
ရှိုး၏ ပထမဆုံးနေ့ကို စတင်ရိုက်ကူးနေပြီဖြစ်သည်။ ရှအန်းက သူမ သုံးရက်တာနေထိုင်ရမည့် "အိမ်အသစ်" တွင် ရောက်ရှိနေပြီဖြစ်သည်။
ရှအန်းကို ဟန်ယွဲ့တွေ့ချိန်၌ သူမက သစ်တုံးများကို ပျဉ်ချပ်အရွယ်ဖြစ်အောင်ပိုင်းဖြတ်ပြီး သူမအသုံးပြုနိုင်သည့် ရိုးရှင်းသော လက်နက်များ ပြုလုပ်နေသည်။
တောက် တောက် ...
ရှအန်း နောက်ထပ် သစ်သားပြားတစ်ခု ပြုလုပ်ပြီးသည့်အခါ သစ်ပင်အိမ်တစ်လုံး ဆောက်လုပ်နိုင်ပြီဟုပင် တွေးလိုက်မိသည်။
သူမရှေ့တွင် ရုတ်ချည်းထွက်ပေါ်လာသည့် ဟန်ယွဲ့ကို မြင်လိုက်သည်။
" ဟန် ..."
ဟန်ယွဲ့ထွက်ပေါ်လာမှုကြောင့် ရှအန်း အလွန်အံ့ဩသွားသည်။ ယေဘုယျအားဖြင့် ရိုက်ကူးရေးလုပ်နေစဉ်တွင် စည်းမျဉ်းများဖတ်ပြချိန်မဟုတ်ပါက ဟန်ယွဲ့က ပါဝင်သူများရှေ့တွင် ပေါ်မလာတတ်ပေ။
ယခင်အပိုင်းနှစ်ခုကို တွေးမိပြီး ရှအန်း နှုတ်ခမ်းများ တင်းတင်းစေ့ပြီ ရေရွတ်လိုက်သည်။
" ဘာစည်းမျဉ်းအသစ်တွေ ပြောင်းသွားပြန်တာလဲ ..."
သို့သော် သူမမျှော်လင့်ထားသည်က ဟန်ယွဲ့က စကားတစ်ခွန်းမှမပြောပဲ သူမဆီသို့ ခြေလှမ်းကျဲကျဲဖြင့် လာနေသည်။
" ရှအန်း ..."
သူ၏ခန္ဓာကိုယ် အနေအထားကိုကြည့်ရသည်က ပြေးလာပြီး သူမကို ဖက်တော့မည့်ပုံပင်။
ထို့နောက် ...
ဘုန်း ...
အား ...
မြေပြင်ပေါ်သို့ လေးလံသည့်အရာဝတ္ထုတစ်ခုကျလာပြီး အော်သံတစ်ခုလည်း ကြားလိုက်ရသည်။ ဟန်ယွဲ့က ရှအန်း၏ပခုံးနှင့် တိုက်မိကာ မြေကြီးပေါ် လဲကျသွားခြင်းပင်။
ကံကောင်းသည်မှ ဤနေရာက တောအုပ်ဖြစ်သဖြင့် လဲကျသွားသော်လည်း မြေကြီးက အလွန်မနာပေ။
" ရှအန်း မင်းက အေးတိအေးစက်နဲ့ ..."
ဟန်ယွဲ့မြေပြင်ပေါ်မှ ရှက်ရွံ့စွာထလာပြီး ပေသွားသာ့်အဝတ်များကို ပုတ်နေသည်။
သို့ရာတွင် သူအလွန်စိတ်လှုပ်ရှားနေသည့်အတွက် အိမ်မက်မက်နေသကဲ့သို့ဖြစ်ပြီး မယုံကြည်နိုင် ဖြစ်နေခဲ့သည်။ ရှအန်းကသူ့ကို လဲကျအောင်လုပ်လိုက်သည့်အခါမှ ပုံမှန်အခြေအနေ ပြန်ရောက်သွားသည်။
" ရှင့်ကို ဘယ်သူက ဆိတ်တစ်ပိုင်းလူတစ်ပိုင်းဖြစ်အောင် လုပ်လိုက်တာလဲ ..."
ရှအန်း ဟန်ယွဲ့ကို စက်ဆုပ်စွာကြည့်နေသည်။ ရှအန်း သူ့ကိုမပြောလိုက်သည်က ကမ္ဘာပျက်ကပ်နေ့ရက်များမှ အကျင့်များကြောင့် သူမအနားသို့ တစ်စုံတစ်ယောက်က ရုတ်တရက် ချဉ်းကပ်လာပါက ထိုလူက သေလျှင်သေ မသေလျှင် မသန်စွမ်း ဖြစ်သွားတတ်သည်ကိုပင်။
ဒါ သူမရဲ့ခွန်အားတွေကို တော်တော်ထိန်းချုပ်ထားတာပဲ ...
" ငါမင်းကို စကားပြောချင်ရုံလေးပါ ... မင်းကို ကျေးဇူးတင်ချင်လို့ ..."
ရှအန်း မျက်တောင်ခတ်၍ တည်ငြိမ်စွာပြောလိုက်သည်။
" စကားပဲပြော မဖက်နဲ့ ... ပြီးတော့ ..."
ရှအန်း သူမပါးကို လက်တစ်ဖက်ဖြင့် အုပ်ထားပြီး မျက်နှာကလည်း အလွန်တည်ကြည်နေသည့်အတွက် သူမ နောက်ပြောင်နေသည်နှင့် မတူပေ။
" ရှင် ကျွန်မကို တကယ်ကျေးဇူတင်ချင်ရင် ပိုက်ဆံ ဒါမှမဟုတ် လက်ဆောင်ပေးလေ ..."
“…”
သူမ စိတ်လှုပ်ရှားနေပုံမရဟု ဟန်ယွဲ့ ခဏတာ တွေးလိုက်မိသည်။
" ဘာပဲဖြစ်ဖြစ် မင်းအခု နာမည်ကြီးအနုပညာရှင် ဖြစ်သွားပြီနော် ... အနာဂတ်မှာ လက်တွေ့ဆန်ဆန်နဲ့ ဒီလိုမျိုး ရုပ်ဝတ္ထုပစ္စည်းတွေအကြောင်းကို မပြောပါနဲ့ ... မဟုတ်ရင် တခြားလူတွေရဲ့ အသုံးချခံရပြီး ကောလဟာလတွေ ဖြစ်သွားနိုင်တယ် ..."
ရှအန်း မျက်တောင်ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ဟန်ယွဲ့ ဘာပြောသည်က်ို သိချင်နေသည်။
" ဟန် ရှင်ဘာတွေပြောနေတာလဲ ... ကျွန်မ ဘာလို့နားမလည်ရတာလဲ ..."
" ရှအန်း ငါတို့အစီအစဉ်ရဲ့ ပထမပိုင်းကို လွှင့်နေပြီလေ ... မင်းအခု treandingဖြစ်နေပြီ ... ဒီတစ်ခေါက်တော့ တကယ်ကို ပေါက်သွားတာပဲ ..."
တစ်ခါတ်စရံတွင် ဟန်ယွဲ့က ဖျော်ဖြေရေးအသိုင်းအဝိုင်းရှိ အမျိုးမျိုးသော အချက်အလက်များအပေါ် ရှအန်း၏ အာရုံမစိုက်နိုင်မှုကြောင့် အမှန်တကယ်ပင် ယုံကြည့်မိသည်။ သို့သော် တစ်ခါတစ်ရံတွင် ရှအန်းက ၎င်း၏ တစ်စိတ်တစ်ပိုင်းမဟုတ်ဟုလည်း ခံစားမိသည်။
သို့ရာတွင် အမှန်တွင်လည်း ရှအန်းက ဤအသိုင်းအဝိုင်းထဲတွင်ရှိနေသည်က အချိန်တိုတောင်းလှသေးသည်။
သူမကိုယ်သူမ ကာကွယ်ထားတာများလား ...
" ကျွန်မက trendingဖြစ်နေတာလား ... ကျွန်မစားချင်တာ စားလို့ရသေးတာ သေချာရဲ့လား ..."
ရှအန်း၏ ခံစားချက်က Trendဖြစ်နေခြင်းနှင့် ပက်သတ်ပါက လုံးဝမကောင်းပေ။
သူမက ငွေတွေယူပြီး ပြေးလွှားနေရမှာလား ... ဘာလိုအိမ်မက်မျိုးကြီးလဲ ...
ကမ္ဘာပျက်ကပ်နေ့ရက်များမှ ရောက်လာသည့်အတွက် သူမစိတ်တိုင်းကျ လွတ်လွတ်လပ်လပ်သာ နေထိုင်လိုသည်။
လက်ရှိအချိန်တွင် သူမ၏ ရည်ရွယ်ချက်ပန်းတိုင်က ဘဝကို ပျော်ရွှင်စွာနေပြီး ကလေးတစ်ယောက်ကို စောင့်ရှောက်ရန်သာ ဖြစ်သည်။
သူမ၏ဗီလိန်လေးက ဖြူစင်ရ်ိုးသား လုံခြုံပြီး ပျော်ပျော်ရွှင်ရွှင် ကလေးဘဝကို ဖြတ်သန်းခဲ့မှသာလျှင် အနာဂတ်တွင် အမျိုးသမီးဇာတ်လိုက်၏ အဆိပ်ခတ်ခြင်း မခံရမည်ဖြစ်သည်။
" ဒါပေါ့ မင်းသာဆန္ဒရှိရင် ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး ကြိုက်သလောက် စားနေလို့ရတယ် ... ဘာမှစိတ်မပူနဲ့ ..."
ဟန်ယွဲ့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။ စားသောက်ဆိုင်ဖွင့်ခြင်းက ယခုနောက်ပိုင်း နာမည်ကြီးသရုပ်ဆောင်များ ပြုလုပ်လေ့ရှိသည့် အရာများထဲမှ တစ်ခုဖြစ်သည်။
သို့သော် စားသောက်ဆိုင်ဖွင့်သည့် ကြယ်ပွင့်အများစုက ပိုက်ဆံအတွက်ဖြစ်သော်လည်း ရှအန်းက သူကိုယ်တိုင်စားသောက်ရန်သာ ဖြစ်နေလိမ့်မည်။
" စားသောက်ဆိုင်ဖွင့်ဖို့လား ... မဆိုးဘူးနော် ... ဒါပေမဲ့ အရမ်းကုန်ကျမယ်မလား ..."
ဟန်ယွဲ့၏စကားကို ကြားသည့်အခါ သူမမျက်လုံးများ အရောင်တောက်သွားသည်။
စားသောက်ဆိုင်ဖွင့်ခြင်းက အံ့ဩဖွယ်ရာဖြစ်သည်ဟုပင် တွေးလိုက်မိသည်။
ဟန်ယွဲ့က သာမန်ကာလျှံကာ ပြောလိုက်ခြင်းဖြစ်သော်လည်း ရှအန်းက ဂရုတစိုက်တွေးမိပြီး စိတ်လှုပ်ရှားနေသည်။
ဟန်ယွဲ့ အကြံတစ်ခု ရသွားသည်။
" မင်းက နာမည်ကြီးနေပြီဆိုတော့ အဆင်ပြေပါတယ် ... အမေရိကန်မှာသာ ရုပ်ရှင်ကားတစ်ကားအတွက် စာချုပ်ချုပ်ထားရင် မင်းကြိုက်သမျှစားသောက်ဆိုင် ဖွင့်နိုင်တယ် ..."
ဤကိစ္စနှင့် ပတ်သက်၍ ဟန်ယွဲ့ အနည်းငယ်စိတ်ဆိုးလာသည်။
ဒီကောင်မလေးရှအန်းက အနုပညာရှင်နဲ့ကို မတူဘူး ...
အကယ်၍ တစ်စုံတစ်ယောက်က နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင်ကားတစ်ခုတွင် အဓိကဇာတ်ကောင်အနေဖြင့် ပါဝင်ရန် အခွင့်အရေးရှိပါက အားလုံး အရူးအမူးဖြစ်သွားကြလိမ့်မည်သာ။
သို့သော် ဤအခွင့်အရေးကို ရှအန်းကို ပေးလိုက်သည့်အခါ မမှန်မကန် ဖြစ်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ရှအန်းက ငြင်းဆိုခဲ့သောကြောင့်ဖြစ်သည်။
" ရုပ်ရှင်ကားအတွက် လက်မှတ်ထိုးရမှာလား ... ကျွန်မ သရုပ်မဆောင်ဘူး ပြောထားတယ်လေ ..."
ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။
" သရုပ်မဆောင်ဘူးတဲ့လား ... မင်းရဲ့ အကျင့်စရိုက်က အဓိကဇာတ်ကောင်နဲ့တူလို့ ဒါရိုက်တာဂရေစ့်က မျက်နှာသာပေးထားတာနော် ... အဓိက အချက်ကတော့ သူတို့က မင်းရဲ့စရိုက်အတိုင်း နေစေချင်တာ သရုပ်ဆောင်စွမ်းရည်မလိုဘူး ... အက်ရှင်ခန်းတွေလည်း အများကြီးရိုက်ရမယ်လေ ..."
ဟန်ယွဲ့၏ ဦးနှောက်ဆေးမှုကြောင့် ရှအန်း ကမ်းလှမ်းချက်ကို စဉ်းစားရန်တွေးလိုက်သည်။
" ကျွန်မ စဉ်းစားကြည့်ပါဦးမယ် ..."