အပိုင်း ၉၀
Viewers 29k

Chapter 90


Come on Challenger တတိယပိုင်း ရိုက်ကူးပြီးသောအခါ ရှအန်းနှင့် ရိုက်ကူးရေးအဖွဲ့က Bမြို့တော်ကို ပြန်လာကြသည်။


လေယာဉ်ပေါ်မှ ဆင်းသည့်အခါ လေဆိပ်မှ ပရိသတ်အုပ်လိုက်ကြီးကို ရှအန်း ကြည့်လိုက်မိသည်။ အားလုံး၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီးbannerများ light stickများနှင့် ဟယကင်မရာများ ကိုင်ထားကြသည်။ အတိုချုပ်ပြောရလျှင် ပြင်းထန်သည့်ပရိသတ်များက သူမကို ဝန်းရံထားကြသည်။


ဤတစ်ကြိမ်တွင် သူမကိုလေဆိပ်တွင်လာရောက်ကြိုဆိုသည့် ပရိသတ်များက နောက်ဆုံးတစ်ကြိမ်ကထက် ပိုများသည်။


‌လွန်ခဲ့သည့်အခေါက်က လေဆိပ်လုံခြုံရေးနှင့် ရိုက်ကူးရေးဝန်ထမ်းများကြောင့် လွယ်ကူစွာ ထွက်သွားနိုင်ခဲ့သော်လည်း ဤတစ်ကြိမ်တွင် ပရိသတ်များက လေဆိပ်ကိုပါ ဝန်းရံထားကြသည်။


" အား .. ရှအန်းပဲ ..."


" ဘုရင်မရှအန်း အရမ်းချစ်တယ် ..."


" နတ်ဘုရားမလေးကို အမြဲ အားပေးနေမယ် ..."



နားထဲတွင် ထိုအသံများကို ကြားရပြီး ပရိသတ်အုပ်စုကြီးက ရှေ့သို့ တိုးလာသည်ကို မြင်သည့်အခါ ရှအန်းက အကောင်ပေါက်လေး၏ လက်ကိုဆွဲပြီး ဖက်ထားမိသည်။


လူများစွာရှိနေသည့်အတွက် တစ်စုံတစ်ယောက်က သူမသားလေးကို မတော်တဆ ထိခိုက်သွားစေမည်ကို စိုးရိမ်နေသည်။


ရှအန်း အကောင်ပေါက်လေးကို ချီထားစဉ် နောက်ထပ်စိတ်လှုပ်ရှားစွာအော်လိုက်သည့် အသံတစ်သံကို ကြားလိုက်သည်။

" အား... ချစ်ဖို့အကောင်းဆုံးဇွန်ဘီပေါက်စလေးက နတ်ဘုရားမလေးရဲ့သားပဲ ..."


" နတ်ဘုရားမလေးရဲ့ မျိုးရိုးက တကယ်ကောင်းတာပဲ ... သူမသားလေးကလည်း ချောတယ် ... ချစ်စရာလေးတွေ ..."


  …


ထိုသို့ အရူးတစ်ပိုင်းဖြစ်နေသည့် လူအုပ်ကြီးကို ရင်ဆိုင်ရသည့်အခါ ရှအန်း သူမကိုယ်ကို လူအများဝိုင်းအုံ့ကြည့်ကြသည့် တိရစ္ဆာန်ရုံထဲမှ သတ္တဝါတစ်ကောင်ဟုပင် ထင်သွားမိသည်။


ထိုလူများက သူမ၏ပရိသတ်များဖြစ်သော်လည်း ဤခံစားချက်နှင့် မရင်းနှီးသေးပေ။


ကံကောင်းသည်မှာ လေဆိပ်လုံခြုံရေးများက ကူညီပေးကြသဖြင့် သူမ အဆင်ပြေပြေထွက်သွားနိုင်ခဲ့သည်။


ရှအန်း သူမသားလေးကို ‌ကားထဲထည့်ပြီးဝင်ထိုင်လိုက်ချိန်မှ စိတ်အေးသွားသည်။


" ကြောက်စရာကောင်းလိုက်တာ ..."


အနုပညာရှင်တစ်ယောကိ အွန်လိုင်းမှာtrendဖြစ်တာနဲ့ အားလုံးက ကြောက်ဖို့ကောင်းကုန်တာပဲလား ..


" ကြောက်ဖို့ကောင်းတယ်ဟုတ်လား ... ရှအန်း မင်းကိုတော့လေးစားတယ် ... တခြားအနုပညာရှင်တွေသာ လေဆိပ်မှာပရိသတ်များအများကြီးက လာကြိုနေတာတွေ့ရင် အရမ်းပျော်ကြမှာပဲ ... မင်းကတော့ မပျော်ရုံတင်မကဘူး စိတ်မသက်မသာပါ ဖြစ်နေသေးတယ် ..."

ဟန်ယွဲ့ ဆွံ့အလုနီးပါးဖြစ်သွားသည်။


အစီအစဉ်ကို ထုတ်လွှင့်ခဲ့သည်က ရက်အနည်းငယ်သာ ရှိသေးသော်လည်း ရှအန်းက သူမကိုကြိုဆိုပေးမည့် ပရိသတ်အုပ်လိုက်ကြီး ရရှိထားပြီဖြစ်သည်။


ရှအန်းက ယခုမှပထမပိုင်းသယ ထုတ်လွှင့်ထားသည့် ရသစုံရှိုး တစ်ခုကို မှီခိုနေသော်လည်း သူမကိုကြိုဆိုရန် မိုင်ပေါင်းထောင်ချီသည့်နေရာမှ ‌လာရောက်ကြသည့် စစ်မှန်သော ပရိသတ်များစွာကို ရရှိထားသည်။


ဒါက ဘာကိုဆိုလိုတာလဲ ..


ဒါက ရှအန်းတစ်ယောက် မရေမတွက်နိုင်တဲ့ ပရိသတ်တွေနဲ့ နာမည်ကျော်ဖြစ်သွားပြီလို့ ဆိုလိုတာပဲ ...


အသိုင်းအဝိုင်းထဲမှ လူအားလုံးက သူမ၏ အလားအလာကို မြင်လာကြသည်။


ထို့ကြောင့် ရှအန်း ဤတစ်ကြိမ်  Bမြို့တော်သို့ တစ်ဖန်ပြန်ရောက်လာပြီးနောက် သူမ၏တန်ဖိုးက ယခင်ကနှင့် လုံးဝတူညီတော့မည်မဟုတ်ကြောင်း ယခင်တည်းက ဟန်ယွဲ့သိရှိခဲ့သည်။


ထို ကြိုတင်သိရှိခြင်းက မှန်ကန်နေခဲ့သည်။


ရာပေါင်းများစွာသော ပရိသတ်များက ရှအန်းကို ကြိုဆိုနေသည့် ဗီဒီယိုကို တင်လိုက်သောအခါ နောက်ထပ်လှိုင်းတစ်ခု ဖြစ်သွားခဲ့သည်။


ရှအန်းက လေဆိပ်တွင် တီရှပ်နှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားခဲ့သော်လည်း ထိုအဝတ်အစားများကtrendဖြစ်ပြီး ရောင်းကုန်သွားခဲ့သည်။


ရလဒ်အနေဖြင့် ဖျော်ဖြေရေးအသိုင်းအဝိုင်း အတွင်းနှင့်အပြင်မှ စီးပွားရေးလုပ်ငန်းရှင်များက ရှအန်းထံတွင် မရေမတွက်နိုင်သည့် စီးပွားရေး အခွင့်အလမ်းများကို တွေ့လာကြသည်။


ထိုနေ့၌ ရှအန်း၏ ဖုန်းက ပေါက်ကွဲထွက်မတတ်ဖြစ်သွားသည်။


" စိတ်မဝင်စားဘူး ..."


" ကျွန်မ မရိုက်ချင်ဘူး ..."


" ကျေးဇူးတင်ပါတယ် ... မလိုဘူး ..."


ရှအန်း သူမတိုက်ခန်းသို့ ပြန်ရောက်သည့်အခါ တောင်ကြားထဲမှတောထဲတွင် ရက်အနည်းငယ်ခန့် ခါးသီးသော အစားအစာများ စားခဲ့ရပြီးနောက် ရေချိုးရန်နှင့် သက်တောင့်သက်သာနေရန်ပင် အချိန်မရှိပေ။ အဘယ့်ကြောင့်ဆိုသော် မရေမတွက်နိုင်သော ရုပ်ရှင်ကား ရသစုံရှိုးနှင့် ကြော်ငြာပေါင်းများစွာက သူမကို ဆက်သွယ်လာသောကြောင့်ပင်။