♎️Chapter 76
ရှဲ့လင်၏ စကားကိုကြားလိုက်သည့်အခိုက် ဖုယွမ်ကျိုးမှာ တောင့်တင်းသွားခဲ့ပြီး ခဏတွင်းချင်းပင် အတိတ်မှကိစ္စတစ်ခုကိုသတိရသွားလေသည်။
ယခင်ဘဝကလည်း သူနှင့်ရှဲ့လင် ရေပူစမ်းကိုသွားခဲ့ကြဖူးသည်။ ထိုအချိန်က ရှဲ့လင်၏မိသားစုသည် ရေပူစမ်းတွင်အပန်းဖြေစခန်းတစ်ခုဆောက်လုပ်ရန်ရည်ရွယ်ထားခဲ့ကြ၏။ မိသားစုနှင့်အတူ ထိုနေရာကို အကြိမ်ကြိမ်သွားခဲ့ကြဖူးသည်။ သူနှင့်ယွိဖေးနှစ်ယောက်တည်း ဒိတ်လုပ်ကြစဥ်ကလည်း ထိုနေရာကိုသွားခဲ့ကြဖူးသည်။
ယခုတော့ သူနှင့်အတူသွားမည့်သူကရှဲ့လင်ဖြစ်လာခဲ့ပြီ ။ ဖုယွမ်ကျိုးက ထိုအပြောင်းအလဲကြောင့်စိတ်ကျေနပ်နေပြီး ရှဲ့လင်ကသူ့အားထပ်မေးလာခဲ့၏။
"သွားချင်လား..."
"အာ...သွားကြမယ်လေ..."
ဖုယွမ်ကျိုး သတိပြန်လည်လာပြီး အလိုလိုခေါင်းညိတ်လိုက်မိ၏၊၊ ထို့နောက်မှ သူသဘောပေါက်သွားပြီး ရှက်လာမိလေသည်။
သူတကယ်စိတ်လှုပ်ရှားနေမိသည်။ ဖုယွမ်ကျိုးမှာ ယခုလိုတုံ့ပြန်မိလိမ့်မည်ဟု လုံးဝထင်မထားမိပေ။ ယခင်ကလည်း ထိုနေရာကိုရှဲ့လင်နှင့်အတူ သွားခဲ့ဖူးသည်ပင်။ ကလေးအရွယ်က ရှဲ့လင်နှင့်အတူရေကူးပြီး ရေလည်းချိုးခဲ့ဖူးသည်။
သူရှဲ့လင်နှင့်တွဲနေတာမလို့ စိတ်ပြောင်းသွားတာများလား။
မည်သို့ပင်ဖြစ်စေ သူရှဲ့လင်ကိုကတိပေးထားပြီးဖြစ်သောကြောင့် ဖုယွမ်ကျိုးလည်း စကားကိုပြန်ရုတ်သိမ်းမည့်အစီအစဥ်မရှိဘဲ မျှော်လင့်ချက်ရှိနေခဲ့သည်။
သူ ရှဲ့လင်နှင့်တွဲနေပြီးနောက်ပိုင်း ယခုကပထမဆုံးဒိတ်လုပ်ခြင်းပင်မလား။
****
ပိတ်ရက်တွင် ယွိဖေးအမေကဆေးရုံမှဆင်းလာခဲ့သည်။ ဖုယွမ်ကျိုးကမိသားစုနှင့်အတူ ရှဲ့လင်ကိုပါခေါ်ပြီး သူမကိုသွားတွေ့ခဲ့သည်။ ထိုနေရာတွင် ယွိဖေးအမေ၏ခင်ပွန်းဟောင်း ပါပါးယွိလည်းရှိနေလေ၏။
လွန်ခဲ့သောနှစ်များစွာက နီးမောင်နှံသည် သဘောထားချင်းမတိုက်ဆိုင်တော့၍ကွာရှင်းခဲ့ကြသည်။ ပါပါးယွိက သူ့ဇနီးသည်ကို အလုပ်များလွန်းသည်ဟုထင်ပြီး မိသားစုကိုဂရုစိုက်သင့်သည်ဟုယူဆခဲ့သည်၊ မာမားယွိသည်လည်း သူမခင်ပွန်းကသူမနည်းတူ မိသားစုကိုဂရုစိုက်ရန်အချိန်မပေးနိုင်ဘဲ သူမအလုပ်အကိုင်ကိုဝင်မစွက်ဖက်သင့်ဟုမြင်ခဲ့သည်။ အကြီးမားဆုံးကွာဟချက်ကြောင့် စောစောကွာရှင်းခဲ့ကြရသည်။
ယခု မာမားယွိက သားဖြစ်သူနှင့်အတူ တရုတ်ပြည်ကိုပြန်ရောက်လာချိန် နှစ်ယောက်လုံးလူလွတ်များဖြစ်နေကြဆဲပင်။
ပါပါးယွိက သူမနှင့်ပြန်ပေါင်းထုပ်ချင်သည်။ ဖုယွမ်ကျိုးသည်လည်း နောက်ပိုင်းတွင် ၎င်းတို့နှစ်ယောက်ပြန်ပြေလည်သွားမည်ဟု သိထားခဲ့၏။ ယွိဖေးအနုပညာလောကထဲသို့ဝင်သွားရခြင်းမှာ သူ(မ)အဖေနှင့်ပတ်သတ်မှုရှိသော်လည်း ဖုယွမ်ကျိုးကမူ သူ(မ)ကိုအတော်လေးအားပေးခဲ့သည်။
အားလုံး နေ့လည်စာအတူစားကြပြီးနောက်မှ ယွိဖေးတို့မိသားစုက ပြန်သွားခဲ့သည်။ ဖုယွမ်ကျိုးမိဘများက ရှဲ့လင်ပြန်သည့်အခါ သူ့ကိုပါခေါ်သွားစေချင်ခဲ့ကြသည်။ ၎င်းတို့က အားလပ်ရက်တွင် ကလေးနှစ်ယောက်အိမ်ပြန်သည့်အခါစိတ်ချရမည်ဟုထင်ထားကြလေ၏။
"ရှောင်ရှန်းက ရက်နည်းနည်းလောက်အိမ်မကပ်ဘဲနေခဲ့တာ...ညဘက်ဆိုရင် မီးတွေပိတ်ထားတယ်..အိမ်မှာဘယ်သူမှမရှိကြဘူးထင်တယ်..."
ထိုအချိန်က သူ့မိဘများလည်းထိုနေရာတွင်မရှိခဲ့ကြသောကြောင့် ရှန်းရှီကောက သူ့ကိုယ်သူဒဏ်ရာရအောင်လုပ်ခဲ့သည့်ကိစ္စကို မသိကြပေ၊၊ ထိုသူတွင်ကိစ္စတစ်ခုခုရှိနေသည်ဟုသာထင်သွားကြပြီး စကားပြောနေစဥ်မှာပင်ရယ်နေသေးသည်။ ထို့နောက် ရှဲ့လင်ကသူ့အားပြောလာခဲ့၏။
"မင်းစိတ်ပူစရာမလိုပါဘူး..ကိုယ်နဲ့ပြန်လိုက်ခဲ့..အမေကညနေကျရင်ဟင်းချက်ကျွေးလိမ့်မယ်.."
ရှန်းရှီကောက စိတ်ကျန်းမာရေး ကုသမှုခံယူနေရဆဲရှိသေးပြီး ဖုယွမ်ကျိုးလည်းသတိထားမိသည်။ ဒေါက်တာစွင်းကလည်း ထိုသူဘက်မှအခြေအနေကိုပြောပြပေးခဲ့၏။ ထိုသူဘက်မှ ဆေးကုသမှုတွင်ပူးပေါင်းရန်ဆန္ဒရှိသရွေ့ သူစိတ်အေးနိုင်ပေသည်။ မဟုတ်လျှင် သူရှဲ့လင်နှင့်အပြင်ထွက်ရဖို့ပင် စိတ်ပါမည်မဟုတ်ပေ။
သူအချိန်အတန်ကြာစဥ်းစားပြီးမှ အကြောင်းပြလိုက်သည်။
"ကျွန်တော်တို့ဒီတစ်ပတ်ကိုမပြန်တော့ဘူး...တိုက်ခန်းမှာပဲစာလုပ်မလို့..ရှဲ့လင်က ကျွန်တော့်ကိုစာပြပေးမှာ..ဒါမှ နောက်ဆုံးစာမေးပွဲမှာ အမှတ်ပိုကောင်းမှာ..."
"နှစ်လယ်စာမေးပွဲပြီးရုံရှိသေးတယ်လေ..အိမ်မှာလည်းစာလုပ်လို့ရတာပဲကို..."
"ကျွန်တော် မိနစ်တိုင်း၊ စက္ကန့်တိုင်းကိုဖြုန်းတီးလိုက်လို့မဖြစ်ဘူး..ရှဲ့လင်လည်း နောက်ကျရင် ကျွန်တော့်ကိုကူညီပေးဖို့အချိန်ရမှာမဟုတ်တော့ဘူး..."
ဖုယွမ်ကျိုးကအကြောင်းပြလိုက်သည်။
"လိုအပ်တဲ့စာအုပ်တွေက တိုက်ခန်းမှာ..သယ်လာဖို့ဆိုရင်အများကြီးပဲဖြစ်သွားလိမ့်မယ်..."
မာမားဖုက အနည်းငယ်မျှစိတ်ညစ်သွားခဲ့သည်၊ ရှဲ့လင်က တစ်လုံးနှစ်လုံးဝင်ပြောပေးမှ သည်တစ်ပတ် သူတို့အိမ်မပြန်နိုင်သည့်ဆင်ခြေကိုလက်ခံလိုက်ကြသည်။
အိမ်အကူအဒေါ်ကိုမူ သည်တပတ်တွင် သူနှင့်ရှဲ့လင်တို့အိမ်ပြန်မည်ဟုပြောထားပြီးသားပင်။ မနေ့တည်းက အိမ်အကူအဒေါ်ကိုအားလပ်ရက်ပေးထားပြီးသားဖြစ်နေ၍ သူမက သူမ၏မွေးရပ်မြေကိုပြန်သွားလိမ့်မည်။
၎င်းက မကောင်းသည့်ကိစ္စကိုခိုးလုပ်ရသည့်ခံစားချက်ပင်။
ရေပူစမ်းမှဟိုတယ်တွင် ဘွတ်ကင်တင်လိုက်သည်နှင့် ဖုယွမ်ကျိုးမှာ အပြစ်ရှိသလိုခံစားရသော်လည်း ချက်ချင်းပင်ပြန်ပြေလျော့သွားခဲ့သည်။ သူသည်ကား ရှဲ့လင်နှင့်မတူဘဲ ငယ်စဥ်တည်းက ပြောစကားနားထောင်ခဲ့သည့်ကလေးဖြစ်သည့်အလျောက် သူ့ကိုပိုပြီးစိတ်လှုပ်ရှားစေလေသည်။
ရှဲ့လင်က အခြားကိစ္စများကိုလည်းစီစဥ်ထားခဲ့သည်။ ဖုယွမ်ကျိုးတွင် အဝတ်အစားမှလွဲပြီးအခြားစိုးရိမ်စရာမရှိပေ။ သူတို့ ရေပူစမ်းအိမ်ကိုရောက်သွားသည့်အခါ အမျိုးသမီးငယ်တစ်ယောက်က ထွက်ကြိုခဲ့သည်။ သူမ၏မျိုးရိုးအမည်က ချန် ဖြစ်ပြီး သူတို့အချင်းချင်းလည်းရင်းနှီးကြသည်။ သူတို့ကမူ သူမအား ချန်ဟုသာခေါ်လေ၏။
"ငါမင်းတို့အတွက် အားလုံးစီစဥ်ပေးထားပြီ..."
အစ်မချန်က ပြုံးရင်းဖြင့်ပြောလာသည်။
"ဒီနေရာကိုတရားဝင်မဖွင့်ရသေးခင်...မင်းတို့က ပထမဆုံးဧည့်သည်တွေပဲ...လိုအပ်တာတွေကိုအကြံပေးလို့လည်းရတယ်...အရမ်းယဥ်ကျေးနေစရာမလိုဘူး..."
"ကျေးဇူးတင်ပါတယ်...အစ်မချန်..."
ဖုယွမ်ကျိုးကလည်း ပြန်လည်ပြုံးပြလိုက်သည်။
"မင်းတို့လည်းပျော်ကြပါ...စာကျက်ရတာပင်ပန်းနေကြမှာပေါ့...နားနားနေနေ အပန်းဖြေကြ..."
အစ်မချန်က မျက်လုံးတဖက်မှိတ်ပြပြီး ပြောလာပြန်သည်။
"ငါမင်းတို့ကို စာကြည့်တိုက်အထိခေါ်သွားပေးမယ်...ဘာလို့မင်းတို့နှစ်ယောက်တည်းလာတာလဲ...ဒိတ်လုပ်နေကြတာလား..."
ဖုယွမ်ကျိုးမျက်နှာက ရဲတွက်သွားပြီး ရှဲ့လင်ကလည်းသူ့အားလှမ်းကြည့်လာသည်။သူက ပြန်ငြင်းမည့်မပုံသည့်အခါ သူ့လက်ကိုဆွဲကာခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်...ဒါပေမဲ့ လူကြီးတွေကိုတော့မပြောပြရသေးဘူး..."
"ဟုတ်လား?"
အစ်မချန်၏မျက်နှာပေါ်တွင် အံ့ဩဝမ်းသာနေသည့်အရိပ်အယောင်တို့ ရောထွေးထွက်ပေါ်လာလေ၏၊ သူမပါးစပ်ကိုပင်မစေ့နိုင်တော့ပေ။
"ဒါဆိုမင်းတို့နှစ်ယောက်အတွက်ဂုဏ်ယူပါတယ်..ဟုတ်ပြီ..ရှဲ့လင်...နောက်ဆုံးတော့ ယွမ်ကျိုးကိုဖမ်းမိသွားပြီပေါ့...မင်းတို့နှစ်ယောက် သူငယ်ချင်းတွေပဲဖြစ်လာမယ်လို့ငါထင်ခဲ့တာ...ဒါပေမဲ့ ငါမထင်ထားခဲ့ဘူး...နောက်ဆုံးတော့ မင်းတို့..."
သူမ ထိုကောင်လေးနှစ်ယောက်အတွက် တကယ်ဝမ်းသာနေမိသည်၊၊ သူမကအနေအထိုင်သိမ်မွေ့စေကာမူ မထင်မှတ်ဘဲ စကားများမိသွားခဲ့သည်။ ဖုယွမ်ကျိုးပင် ခဏမျှနားထောင်နေပြီးနောက် စိတ်ဝင်စားသွားခဲ့ရ၏။
အစ်မချန်က ရှဲ့လင် သူ့ကိုသဘောကျနေမှန်းသိနိုင်ခဲ့သည့်တိုင် သူကမူလုံးဝ မရိပ်မိခဲ့ပေ။
တကယ်လည်း ယနေ့အထိရှဲ့လင် သူ့အားချစ်မိသွားရသည့်အကြောင်းအရင်းကိုမသိသေးပေ၊၊ သူက အိုမီဂါတစ်ယောက်ဖြစ်နေခြင်းကြောင့်ပေလား။
သူပြန်လည်မွေးဖွားလာပြီးသည့်နောက် လက်ရှိဘဝနှင့် ယခင်ဘဝ၏အကြောင်းအရာတို့က အတော်လေးကွဲပြားသွားခဲ့သည်။ အစက ဖုယွမ်ကျိုးသည် အတွေးမလွန်ခဲ့သည့်တိုင် ရှဲ့လင်နှင့်တွဲပြီသည့်နောက်ပိုင်း သူထိုအကြောင်ကိုအာရုံစိုက်မိလာလေသည်။ သူသည် ရှဲ့လင်စိတ်ထဲမှ အစစ်အမှန်ခံစားချက်တို့ကိုသိချင်လာခဲ့၏။
သူ အိုမီဂါဖြစ်နေသောကြောင့် ရှဲ့လင်ကသူ့အားသဘောကျခဲ့ခြင်းဆိုလျှင်ပင် ရှဲ့လင်ကသူ့အပေါ် ပြောင်းလဲသွားခြင်းကြောင့် သူ ရှဲ့လင်ကိုဆက်သဘောကျနေဦးမည်ပင်။
အတိတ်ကမူ ရှဲ့လင်ကို သူငယ်ချင်းအနေဖြင့်သတ်မှတ်ထားခဲ့ပြီး ထိုသူအပေါ် မည်သည့်မရိုးမသားခံစားချက်မျှမရှိခဲ့သလို ရှဲ့လင်ကလည်း ထိုအတိုင်းပင်။
သို့သော် သူတို့နှစ်ယောက်က တစ်ယောက်အတွက်တစ်ယောက်အရေးပါသည်ဆိုသည့်အချက်မှာမူ မပြောင်းလဲသွားနိုင်ပေ။
ဖုယွမ်ကျိုးမှာ သူ့ထံတွင်ဆိုးသွမ်းသည့်အခြမ်းမရှိကြောင်း သူ့ကိုယ်သူနှစ်သိမ့်နေရပြီး ရှိခဲ့လျှင်ပင် ရှဲ့လင် ယခင်ဘဝကသူ့အားသဘောမကျခဲ့သည့်အတွက် နောင်တရမိနေနိုင်သည်။
သို့သော်လည်း ၎င်းက ရှင်းရခက်သည့်ပြဿနာတစ်ရပ်ဖြစ်သည်။ အတိတ်ဘဝက လက်ရှိအခြေအနေနှင့်ကွဲပြားနေပြီး ယောကျ်ားလေးနှစ်ယောက်အတူနေသည့်အချက်က ကျိန်းသေဝေဖန်ခံရနိုင်သည်။
မိသားစုဝင်များပင် လက်ခံရန်ခဲယဥ်းသွားလိမ့်မည်။
သူ့မိသားစုက ရှင်းပြလွယ်သည့်တိုင် ရှဲ့လင်အမေနှင့် ယွိဖေးအမေတို့ကညီအစ်မများဖြစ်နေသည်။
နှစ်ယောက်လုံးကမျိုးရိုးမြင့်များဖြစ်ပြီး လိင်တူနှစ်သက်ခြင်း သို့မဟုတ် လက်မထပ်ခင်အတူနေခြင်းကိုလက်ခံကြမည်မဟုတ်။
ထို့ကြောင့် သူတို့နှစ်များစွာတွဲကြလျှင်ပင် ဘာမှမတတ်နိုင်ပေ၊ မဟုတ်လျှင် နှစ်ယောက်လုံး ခြေထောက်ရိုက်ချိုးခံရပေလိမ့်မည်။
ဖုယွမ်ကျိုး၏အတွေးတို့က တရွေ့ရွေ့လွင့်သွားပြီး သူနှင့်ရှဲ့လင်တို့အကြောင်းကိုပြန်ရောက်လာခဲ့သည်။ သူတို့တွဲနေကြလင့်ကစား ရှဲ့လင်အမေက စည်းကမ်းကြီးသည်။နောင်အနာဂတ်တွင် သူတို့တတ်နိုင်သည့်အရာမရှိတော့မှန်း ခန့်မှန်းကြည့်လျှင်သိနိုင်သည်။နောက်ပိုင်း သူနှင့်ရှဲ့လင်တို့လက်ထပ်ဖြစ်ခဲ့မှသာ။
သူသည်ကား ပုခုံးတွန့်လိုက်မိပြီး လက်ရှိအခြေအနေကို အာရုံပြန်စိုက်လိုက်သည်။ ဘယ်အရာမှမသေချာသေးသော ယခုအချိန်တွင် လက်ထပ်ရန်တွေးလျှင် စောလွန်းသေး၏။
သည့်အပြင် လက်ရှိ သူ့ခန္ဓာကိုယ်အခြေအနေကြောင့် ရှဲ့လင်နှင့်အတူရှိနေလျှင်ပင် ဘာမှလုပ်မရပေ။ သို့တစေ သူ့ဘက်မှခြေလှမ်းတစ်သောင်းခန့်နောက်ဆုတ်လိုက်မည်၊၊ ရှဲ့လင်နှင့်လက်ထပ်လိုက်သည့်အချိန်မှ ထုတ်ပြောလိုက်မည်ဆိုလျှင် တဖက်ကငြင်းနိုင်တော့မည်မဟုတ်ပေ။
ရှဲ့လင်က အောက်ထပ်မဟုတ်သရွေ့ အခြားပြဿနာမရှိတော့...ABO ကမ္ဘာကြီးကလည်း လုံးဝပြည့်စုံနေသည်မဟုတ်ချေ။ ဖုယွမ်ကျိုးသည် တွေးလေ စိတ်မချမ်းသာလေဖြစ်လာရလေ၏။ အထူးသဖြင့် ရေပူစမ်းတွင် ယခုလိုရေစိမ်နေသည့်အချိန်။ ယင်းက လက်ရှိအခြေအနေကို ပိုပြီးအထင်လွဲစရာဖြစ်စေ၏၊၊ မတိုင်ခင်က ရေပူစမ်းကိုအတူသွားရမည်ဆိုသည့်အတွေးကြောင့်စိတ်အေးလက်သာရှိနေလင့်ကစား ယခုတော့ သူစိတ်ရှုပ်ထွေးလာရလေပြီ။
အပန်းဖြေအိမ်တော်က အကောင်းဆုံးတည်ဆောက်ထားပြီး ရေပူစမ်းအပြင် အခြားအရာများလည်းရှိသေးသည်။ ဖုယွမ်ကျိုးကအပြစ်ရှိစိတ်ကြောင့် ရေမစိမ်ချင်တော့ဘဲ ရှဲ့လင်ကိုခေါ်ကာအခြားနေရာများတွင် သွားကစားရန်ပြင်သည်။ ညစာစားပြီးနောက် သူလုံးဝထိန်းချုပ်မထားနိုင်တော့ပေ။ ရေကူးဘောင်းဘီကိုချွတ်ပစ်ပြီး ရေလဲဝတ်ရုံဖြင့်အပြင်ထွက်လာခဲ့လိုက်သည်။
ယင်းနှင့်အနီးတဝိုက်တွင် ရေပူစမ်းအကြီးအသေး အမျိုးစုံရှိသေးသည်။ သူတို့က ဆိတ်ငြိမ်လှပသည့် အမိုးပွင့်ရေပူစမ်းကိုရွေးလိုက်ကြ၏၊၊ အဖြူရောင်ရေနွေးငွေ့များက တလိမ့်လိမ့်တက်နေပြီး ရေပူစမ်းမှရေများကလည်းနွေးနေကာ ဆာလ်ဖာအနံ့ဖျော့ဖျော့လေးကိုပင်ရနေလေသည်။
ဖုယွမ်ကျိုးရောက်သွားသည့်အခါ ရှဲ့လင်က ရေပူစမ်းကိုရောက်နှင့်နေပြီ၊၊ ၎င်း၏ပုခုံးများက ရေမျက်နှာအထက်တွင်ပေါ်နေပြီး ရေငွေကြောင့် အနက်ရောင်ဆံနွယ်တို့ကစိုရွှဲနေကာ ဂုတ်ပေါ်တွင်ကပ်နေလေ၏။ ထိုသူလှမ်းကြည့်လာသည့်အခိုက်အတန့်လေးက ဖုယွမ်ကျိုးကို ရင်ခုန်သွားစေခဲ့သည်။
ရှဲ့လင်အရှေ့တွင် ဖုယွမ်ကျိုးက သူ့ရေချိုးဝတ်ရုံကိုချွတ်ရန် ရှက်နေမိသောကြောင့် ရှဲ့လင်မမြင်ခင်ရေကန်ထဲခုန်ဆင်းလိုက်ပြီး တဖက်ကလှည့်ကြည့်လာချိန်တွင် သူ့ခန္ဓာကိုယ်ကရေအောက်ထဲတွင်မြုပ်နေလေပြီ။
"ဒီကိုလာလေ..."
ရှဲ့လင်ကလှမ်းခေါ်လေ၏။
ဖုယွမ်ကျိုးက မျက်နှာတဝက်ကိုရေထဲတွင်နှစ်ထားပြီး ရေပူဖောင်းလေးများကိုမှုတ်ထုတ်နေ၏။ သူ၏မျက်လုံးလှလှလေးများက ရှဲ့လင်ကိုကြည့်နေခဲ့သည်။ မျက်ဝန်းနက်နှင့်မျက်သားဖြူတို့က အပြစ်ကင်းစင်ပြီး သူ၏ကမ်းလှမ်းချက်ကို တိတ်တဆိတ်ငြင်းပယ်နေလေသည်။
ရှဲ့လင်က သူ့အားစက္ကန့်အနည်းငယ်ကြာအောင်ကြည့်နေခဲ့သည်။ ပြီးနောက် ရေသံများထွက်လာခဲ့၏။ ထိုသူက သူ့ထံ လျှောက်လာခြင်းပင်။ ဖုယွမ်ကျိုးက အေးခဲသွားပြီး နောက်ပြန်ဆုတ်သွားသော်လည်း ရှဲ့လင်ကလှမ်းဆွဲထားသည်။
ဖုယွမ်ကျိုးက ချက်ချင်းထရပ်လိုက်၏။
"မလုပ်..."
"မလုပ်နဲ့?"
ရှဲ့လင်က မေးသလိုဖြင့်ဆိုလာခဲ့သည်။
ဖုယွမ်ကျိုးမျက်နှာများက နီရဲနေသည်၊၊ တပိုင်းက ရေပူစမ်းမှအပူကြောင့်ဖြစ်သလို ကျန်တပိုင်းက သူရှက်နေ၍ပင်။ သူ့ခါးထက်မှရှဲ့လင်လက်များကမူ ရေပူစမ်းထက်ပိုပူနေခဲ့သည်။
သူဆွံ့အသွားခဲ့ပြီး ရေထဲတွင် မတ်မတ်ရပ်နိုင်ရန်ခက်ခဲလာခဲ့သည်။ နောက်ဆုံး၌ သူ့တွင်ပြန်လှည့်စရာလမ်းမရှိတော့ပေ။ သူသည် နောက်ကျောဘက်မှ ကျောက်နံရံကိုမှီထားလိုက်၏။ ရှဲ့လင်ကသူ့အရှေ့တွင်ရပ်နေပြီး ထပ်မေးလိုက်သည်။
"ကိုယ့်ကိုဘာမှမလုပ်နဲ့လို့ပြောတာလား..."
သူကခေါင်းငုံ့လာပြီး သူ့နှုတ်ခမ်းများက ဖုယွမ်ကျိုးနှုတ်ခမ်းများနှင့်ထိလုနီးပါးဖြစ်လာသည်။ ဝင်သက်ထွက်သက်တိုင်း ဝိုင်နီနံ့တို့က ရစ်ဝဲနေလျက်။
"မင်းကိုနမ်းလို့ရောမရဘူးလား..."
"....."
ဖုယွမ်ကျိုးက အသံတိတ်နေသည်။ သူ့နှလုံးက ဒရမ်တီးသလိုခုန်လှုပ်နေ၏။ သူသည်ကား စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးမှိတ်လိုက်ချေသည်။ သူ့ကိုရှဲ့လင်နမ်းလာလျှင်မငြင်းနိုင်ပေ။ ထိုသူက သူ့ကိုနမ်းလာလျှင် သူသဘောကျသည်။ ယင်းက သူကိုလိုက်လျောပေးထားခြင်းဖြစ်သည့်တိုင် ရှဲ့လင်ကသူ့သဘောထားကိုနားလည်ပုံမရဘဲ ထပ်မေးလာခဲ့သည်။
"မကြိုက်လို့လား..."
သူနားမလည်နိုင်တော့ပေ။ ဖုယွမ်ကျိုးမျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက နီရဲနေခဲ့၏။ သည်တကြိမ်က သူစိတ်ဆိုးသွားသောကြောင့်ပင်။
သူသည်ကား ရှဲ့လင်ကိုနမ်းချင်၍ သူ့အပေါ်မှီလိုက်သော်လည်း ရှဲ့လင်က သူ့လက်ချောင်းများနှင့်ဟန့်တားလာခဲ့သည်။
"မင်းအတွေးကိုပြောပါဦး..ယွမ်ကျိုး...မင်းဆန္ဒရှိရင် လုပ်မယ်...မရှိရင်တော့မလုပ်တော့ဘူး.."
"ဆန္ဒရှိပါတယ်.."
ဖုယွမ်ကျိုးက ညို့ခံလိုက်ရသလိုမျိုး သူ့လက်ကိုဆွဲယူလာသည်၊၊ ရှဲ့လင်ကိုအရည်လဲ့နေသည့်မျက်လုံးများဖြင့်ကြည့်လာပြီး တိုးလျသည့်အသံဖြင့်ပြောလိုက်၏။
"ငါ့ကိုနမ်းပါ.."
"ကောင်းပြီ...."
ရှဲ့လင်က ခေါင်းငုံ့ပြီးသူ့ကိုနမ်းလာခဲ့သည်။ ရေစီးဆင်းနေသည့်အသံများက သူတို့အနားတွင်ဝန်းရံထားလေ၏။ ဆောင်းတွင်းဖြစ်သော်လည်း ဖုယွမ်ကျိုးသည်အေးစက်မှုကိုမခံစားရပေ။ မူးဝေလောက်အောင်ပင်ပူနေခဲ့သည်။ ရှဲ့လင်သာသူ့ကိုမထိန်းပေးထားပါက သူရေထဲကိုထိုင်လျက်ကျသွားတော့မည်မှာ ကြာလောက်ပေပြီ။
အနမ်းကပြင်းပြတာရှည်နေ၏။
နောက်ဆုံး၌ ဖုယွမ်ကျိုးမှာ မေ့လဲမသွားရအောင် ခပ်ပြင်းပြင်းအသက်ရှူလိုက်ရသည်။ ရှဲ့လင်ကသူ့နှုတ်ခမ်းထောင့်ကိုနမ်းလိုက်ပြီး အပြင်တွင်ထိုင်ရန်ခေါ်သွားပေးပြီးနောက် သူ့အတွက် ရေတစ်ဘူးယူလာပေးလေ၏။
ဖုယွမ်ကျိုးသည်လည်း ရေဆာနေခဲ့သည်။ သူရေသောက်နေရင်း ရှဲ့လင်ကသူ့အနားကိုစောင်တစ်ထည်ဖြင့်လာထိုင်သည်ကိုကြည့်နေလိုက်၏။
ထိုသူက စောင်ကိုသူတို့နှစ်ယောက်အပေါ်ခြုံလိုက်၏။ အိပ်ရာတစ်ခုကိုမျှအိပ်နေသည်ကပင်လွန်လှပြီ။ ဖုယွမ်ကျိုးမှာ ရေနင်သွားမတတ် ထပ်ပြီးစိတ်လှုပ်ရှားလာရာ သူ့ကိုယ်သူအခြားအတွေးမတွေးမိအောင် စကားစလိုက်သည်။
"ငါသိချင်နေတာလေ..."
သူ စောင်၏ထောင့်စွန်းကိုကိုင်ကာပြောလိုက်လေ၏။
"မင်း ဘယ်လိုလုပ် ငါ့ကိုချစ်မိသွားတာလဲလို့..."
♎️