အပိုင်း၁၂၅
Viewers 8k

Chapter 125



မင်းသားချန်ချင်ဝမ်သည် လှပသော အမျိုးသမီးများကို နှစ်သက်ပြီး နိုင်ငံရေးကို သိပ်ဂရုမစိုက်ပေ။ သူသည် နင်းဝမ်မင်းသား နှင့်ပင် အဆက်အသွယ် နည်းပါးလှသည်။


 သူနှင့် လက်ရှိဧကရာဇ်သည် ဝမ်းကွဲညီအစ်ကိုများဖြစ်ကြပြီး ဧကရာဇ်နန်းတော်တွင် သူ၏လုပ်သက်မှာလည်း မနည်းပေ။ သို့သော်လည်း တရားရုံးတွင် သူရောက်ရှိနေခြင်းသည် ရုံရှား၏ ထက်ဝက်ပင် အရေးမပါပေ။သို့သော် သူသည် ဧည့်သည် အဖြစ် အလည်အပတ်ရောက်လာသောကြောင့် ရုံရှား သူ့ကို မငြင်းနိုင်ပေ။ထို့ကြောင့်  သူ့ကို ပုဂ္ဂိုလ်ရေးအရ ကြိုဆိုရန်သာ ပြင်ဆင်ရလေသည်။


" မင်းသားချန်ချင်ဝမ်ကို နှုတ်ခွန်းဆက်သပါတယ်" 


ရုံရှားက ဧည့်ခန်းမတံခါးဝကို လျှောက်သွားပြီး မင်းသားချန်ချင်ဝမ်ကို ဦးညွှတ်လိုက်သည်။


 "ကောကုန်းချမ်အမ် ရပါတယ်၊ သိပ်ပြီး ယဉ်ကျေးမနေပါနဲ့"


မင်းသားချန်ချင်ဝမ်က လက်ဖက်ရည်ခွက်ကိုချကာ မတ်တပ်ရပ်လိုက်သည်။


  "လွန်ခဲ့တဲ့နှစ်ရက်ကတည်းက မင်းကို တွေ့ချင်နေတာ၊ ဒါပေမယ့် မင်း လုပ်ကြံခံရတာကို စုံစမ်းဖို့ အလုပ်ရှုပ်နေမယ်ဆိုတာ သိတယ်၊ ဒါကြောင့် မင်းကို နှောင့်ယှက်ဖို့ မလာခဲ့တာ၊ အခုတော့ ဒီအမှုက ပြေလည်သွားပြီလို့ ကြားတော့ စိတ်သက်သာရာရသွားလို့ လာတာပါ"


 "ဒီအမှုတွေအားလုံးကို တပ်မှူးချမ် နဲ့ တရားရုံးချုပ်ရဲ့ တခြားအရာရှိတွေက ကိုင်တွယ်ထားပါတယ်၊ကျွန်တော်က ဒဏ်ရာဟောင်းကနေ မသက်သာသေးလို့ ဒီလိုမျိုးကြုံတွေ့ခဲ့ရတာပါ၊ဒီကိစ္စတွေအတွက် ကျွန်တော် တောင်းပန်ပါတယ်၊အခုဆို ကျွန်တော်လည်း အခန်းထဲမှာ စာဖတ်ပြီး ပြန်ကောင်းလာပါပြီ"


မင်းသားချန်ချင်ဝမ် သူ့လက်ထဲက ယပ်တောင်ကို ဆူညံစွာ ဝှေ့ယမ်းလိုက်သည်။  


"ဟုတ်တယ် ငါ့တူမလည်း ဒီမှာနေတာဆို၊ အခု နေကောင်းနေပြီလား"


ရုံရှား ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဟုတ်ကဲ့"


မင်းသားချန်ချင်ဝမ်က သက်ပြင်းချလိုက်ကာ


 "ကလေးမက ငယ်ငယ်လေးကတည်းက မငြိမ်မသက်ဖြစ်နေတာ၊သူမ ရှစ်နှစ်အရွယ်တုန်းက သူမထက် အသက်ကြီးတဲ့ နင်းဝမ်မင်းသားနဲ့ ရန်ဖြစ်ခဲ့တယ်၊ဘယ်ကလေးက  မင်းသားနဲ့ ရန်ဖြစ်ဝံ့မှာလဲလေ...သူမပဲ ရန်ဖြစ်ဝံ့တာ"


ရုံရှားက ဘာမှမပြော။ဤသည်ကလည်း သူ့ဇနီးလောင်း၏ ကိုယ်ရေးကိုယ်တာကိစ္စကို တခြားယောက်ျားများနှင့် ဆွေးနွေးတတ်သည့် အလေ့အထ မရှိတာကြောင့်ပင်။


သို့သော်လည်း မင်းသားချန်ချင်ဝမ် သည် ဘာကိုမှ ဂရုမစိုက်သည်မှာ ထင်ရှားသည်။သူသည် တံခါးဆီသို့ တိုက်ရိုက်လျှောက်သွားပြီး ရုံရှားကိုပြော၏။


 "သွားကြရအောင်၊ငါ့တူမကို မတွေ့တာကြာပြီ၊ ဒီနေ့ သူမကိုတွေ့ဖို့ လာခဲ့တာ၊သူမက ဘယ်မှာ နေတာလဲ။ မင်းဘေးက အဆောင်မှာလား"


သူ ပြောနေရင်း ရုံရှားသည် အနီးနားတွင် အခြားမည်သူမျှမရှိသကဲ့သို့ ရှေ့တည့်တည့်သို့ လျှောက်သွားသည်ကို မြင်လိုက်ရ၍ သူ နောက်သို့ အမြန်​လိုက်​သွားသည်​။


 "မင်းရဲ့ ဥယျာဉ်ကလည်း ကောင်းလိုက်တာ"


မင်းသားချန်ချင်ဝမ်သည် ကန်အလယ်ရှိ ကျောက်စိမ်းတံတားပေါ်သို့ တက်လိုက်သည်။ 


 "မင်းအဖေက မင်းအမေအတွက် ဒီတံတားကို ဆောက်ခဲ့တာလို့ ဦးရီးတော် ကြားထားတယ်"


ရုံရှားသည် ရေကန်အတုထဲတွင် အမြီးတွန့်နေသော ရွှေငါးကို ကြည့်နေသည်။  "ဒီရေကန်နဲ့ တံတားက ကျွန်တော် လူမှန်းသိတတ်စကတည်းက ရှိနေတာ"


 "မင်းအဖေနဲ့ မင်းအမေက သိပ်ချစ်ကြတာ၊ ဦးရီးတော်တောင် မနာလိုဘူး"


ရုံရှားက ခပ်ဖျော့ဖျော့ပြုံးပြီး


 "ဦးရီးတော်ရဲ့ မိခင်နဲ့ ဖခင်တို့ အသက်ရှိတုန်းကလည်း သူတို့ လိုက်ဖက်ညီကြတာပါပဲ၊ဦးရီးတော် နောက်ပြောင်နေတာလား"


ဟာသဖြစ်နေလျှင်တောင် တခြားသူ၏ ကွယ်လွန်သူ လူကြီးအကြောင်း ပြောဖို့ မသင့်တော်ချေ။မင်းသားချန်ချင်ဝမ် နှင့် သူ၏ဆက်ဆံရေးသည် ထိုကဲ့သို့ ဟာသလုပ်ရန်အထိ မရင်းနှီးသေး။


 "မင်းက အရမ်း ထူးဆန်းနေတုန်းပဲ"  မင်းသားချန်ချင်ဝမ်သည် ရုံရှား မကျေနပ်သည်ကိုမြင်ပြီး သက်ပြင်းချလိုက်သည်။  


"ကောင်းပြီ၊ ကောင်းပြီ၊ ငါမပြောတော့ပါဘူး"


သို့နှင့် နှစ်ယောက်သား တံတားကိုဖြတ်လျှောက်သွားကြသည်ရုံရှားသည် မင်းသားချန်ချင်ဝမ်ကို အနီးနားရှိ ခြံဝင်းသို့ မခေါ်သွားဘဲ သူ၏ ပင်မခြံဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ပင်မဝင်းတံခါးဝသို့ရောက်သောအခါ တံခါးစောင့်အစောင့်တစ်ဦးအား


 "ပန်းဟွာကျွင်းကျူး နဲ့ ရှစ်ကျစ်ပန်းဟမ်ကို ဖိတ်ခေါ်လိုက်ပါ၊ မင်းသားချန်ချင်ဝမ် အလည်အပတ် လာတယ်လို့ ပြောလိုက်ပါ"


မင်းသားချန်ချင်ဝမ်က အစေခံကို ဆက်ပြောလိုက်သည်။


"ထွေထွေထူးထူးပြောနေစရာမလိုပါဘူး၊ကျွင်းကျူး နေမကောင်းဘူး‌ဆိုတော့ ငါပဲ သွားကြည့်လိုက်ပါ့မယ်"


 "ဦးရီးတော်က အသက်ကြီးတဲ့သူပဲ၊သူမကို သွားတွေ့ဖို့မလိုပါဘူး၊ လူမြင်ကွင်းမှာဆိုက ဦးရီးတော်က ပန်းဟွာကျွင်းကျူးထက် အဆင့်အတန်းမြင့်ပါတယ်၊သူမကို သွားကြည့်ပြီး ကိုယ့်ကိုယ်ကို နှိမ့်ချလို့ မရပါဘူး" 


ရုံရှားက ခပ်ဖျော့ဖျော့ ပြုံးရင်းဆိုလိုက်သည်။


  "သူမ ဒီနေ့ ပိုကောင်းလာပါပြီ၊လမ်းလျှောက်တာ ကောင်းပါလိမ့်မယ်"


 "ဒါဆိုလည်း ပြီးတာပါပဲ၊ငါကလည်း ဒီတိုင်းပြောတာပါ"


ရုံရှားသည် မင်းသားချန်ချင်ဝမ် ကို ပင်မဧည့်ခန်းမဆောင်သို့ ပို့ဆောင်ခဲ့သည်။ မင်းသားချန်ချင်ဝမ်သည် အဓိကထိုင်ခုံပေါ်တွင်ထိုင်ပြီး ရုံရှားက ဒုတိယခုံတွင်ထိုင်သည်။


အစေခံမိန်းကလေးတစ်ယောက် လက်ဖက်ရည်များနှင့် ဝင်လာသည်ကို  မင်းသားချန်ချင်ဝမ်က ရုံရှားကို အဓိပ္ပါယ်ရှိစွာ ကြည့်လိုက်သည်။  "ကောကုန်းချမ်အမ်အိမ်တော်ရဲ့ အစေခံမိန်းကလေးတွေက တကယ်ပဲ..."


 "ကောကုန်း၊ ကျွင်းကျူး နဲ့ ရှစ်ကျစ် ရောက်လာပါပြီ" ထိုစဉ် အစေခံတစ်ယောက်၏ အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာသည်။


အစေခံများက သူတို့ကို ပန်းဟွာကျွင်းကျူး၊ပန်းဟမ်ရှစ်ကျစ်ဟူ၍ မခေါ်ဘဲ ကျွင်းကျူးနှင့်ရှစ်ကျစ်ဟုသာ သုံးနှုန်းလိုက်သည်။သို့သော်လည်း သိပ်မကွာခြားပါပေ။ မင်းသားချန်ချင်ဝမ် လက်ဖက်ရည်သောက်ရင်း ရုံရှားသည် ပန်းဟွာကျွင်းကျူး ကို မကြိုက်နှစ်သသက်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့သော်လည်း ပန်းဟွာက ရုံရှားကို ဆက်လက်တွယ်ကပ်နေသည်ဆိုသော သတင်းတို့အား သတိရသွားသည်။ရုံရှား၏အသက်ကို သူမ ကယ်တင်နိုင်ခဲ့တာကြောင့် ရုံရှား စာနာထောက်ထားသော စိတ်ထားကြောင့် သူမ အိမ်တော်အတွင်း၌ နေခွင့်ရခြင်းဖြစ်မည်။ 


 ဒါပေမယ့် ကောကုန်းချမ်အမ်က ပန်းဟွာ အပေါ်မှာ ခံစားချက်မရှိဘူးဆိုရင် သူ့ရဲ့အိမ်တော်မှာရှိတဲ့ အစေခံတွေဟာ ပန်းဟွာ နဲ့ ဘာကြောင့် ဒီလောက်နီးစပ်နေရတာလဲ။


 "ဦးရီးတော်ချန်ချင်ဝမ်ကို  နှုတ်ခွန်းဆက်သပါတယ်"


 "ငါတို့က မိသားစုပဲ" မင်းသားချန်ချင်ဝမ်က မောင်နှမနှစ်ယောက်ကို မော့ကြည့်လိုက်ကာ ပြုံးပြီး ထိုင်ခိုင်းသည်။ 


"ဒီနေ့ ဦးရီးတော် ရုတ်တရက် လာလည်တာ ဟွာဟွာ အနားယူတာကို မနှောက်ယှက်ဘူးမလား"


ပန်းဟွာက ပြုံးပြီး "ဦးရီးတော်က ကျွန်မကို စိတ်ပူနေတာပဲ၊ကျွန်မ အနှောင့်အယှက် မဖြစ်ပါဘူး"


မင်းသားချန်ချင်ဝမ်က ချက်ချင်းပြုံးပြီး "တူမလေး၊ပြောတာမှန်တယ်။ နန်းတွင်းမှာ ဘာမှကြီးကြီးမားမားကိစ္စမရှိဘူးဆိုတော့ မင်းရဲ့မင်္ဂလာပွဲတက်ဖို့ပဲ ဦးရီးတော် မျှော်လင့်နေတယ်"


ပန်းဟွာ မျက်နှာလွှဲလိုက်သည်။  "ဦးရီးတော်က ဒီနေ့ ကျွန်မကို လှောင်ပြောင်ဖို့ လာတာလား"


 အင်ပါယာတရားရုံးမှာ ကြီးကြီးမားမား ကိစ္စမရှိဘူးဆိုတာ ဟုတ်လို့လား။


 နေရာတိုင်းတွင် ကြီးကြီးမားမားကိစ္စ ဖြစ်နေသည်ကို လူတိုင်းက မမြင်ချင်ယောင်ဆောင်နေကြခြင်းသာဖြစ်သည်။


မင်းသားချန်ချင်ဝမ်သည် ထိုစကားကိုကြားပြီး ချက်ချင်းပင် ရယ်မောလိုက်သည်။သူက ဟာသလုပ်တတ်သည့် စိတ်သဘောထားအနူးညံ့ဆုံး လူကြီးတစ်ယောက်လိုပင်။ အကယ်၍ ပန်းဟွာသာ မနေ့ညက ထူးဆန်းသည့် အိပ်မက်မျိုး မမက်ခဲ့လျှင် သူမ မင်းသားချန်ချင်ဝမ်ကို အမြင်ကြည်မှာ သေချာ၏။


ယခုမူ၊မင်းသားချန်ချင်ဝမ် မည်သို့ပင် သဘောကောင်းနေသည်ဖြစ်စေ သူမ၏ စိတ်ထဲတွင် အိပ်မက်ထဲမှ မြင်ကွင်းများဖြင့် ပြည့်နှက်နေရသည်။ သူ့ခြေဖဝါးအောက်ခြေမှ လူ့သွေးများအား တခြားလူ၏ကိုယ်ပေါ်ကို သုတ်ပစ်သူပင်။ သူ နင်းမိသူမှာ လူတစ်​​ယောက်​ မဟုတ်ဘဲ၊ ကောဇောတစ်ချပ်အား နင်းမိသလိုမျိုး ဂရုမစိုက်ဟန်ပင်။သူမကိုယ်သူမ အလွန်ကြင်နာတတ်သူမဟုတ်မှန်း သိသော်လည်း အလွန်အေးစက်ပြီး နှလုံးသားမဲ့သူတစ်ယောက်ကို သူမ ကြည့်မရပါချေ။ 


 "ကောင်မလေး"  


ပန်းဟွာ၏ စကားအသုံးအနှုန်းက ခါတိုင်းလိုမဟုတ်ကြောင်း မင်းသားချန်ချင်ဝမ် ခံစားသိရှိခဲ့သည်။သူက  စိုးရိမ်သောက အပြည့်ဖြင့် သူမကို ကြည့်နေမိသည်။  "မသက်သာသေးဘူးလား.."


ပန်းဟွာ အားတင်းပြုံးပြီး "နည်းနည်းမူးနေသေးတယ်" 


 "အဲဒါဆိုလည်း မင်းကို ဦးရီးတော် မနှောင့်ယှက်တော့ဘူး၊ဒီနေ့ မင်းဆီးကို အလည်သက်သက်ပဲ လာတာ၊မင်းနေကောင်းနေတာတွေ့တော့ ဦးရီးတော် စိတ်သက်သာရာရသွားမိတယ်"


ပန်းဟွာ ပြုံးလိုက်ရာ သူမ၏ တောက်ပသော မျက်လုံးများသည် လခြမ်းများအဖြစ်သို့ ကျဉ်းမြောင်းသွားသည်။ သူမပုံစံက အလွန်ပျော်နေပုံရသော်လည်း သူမ၏ အတွေးအမှန်ကို မည်သူမျှ မမြင်နိုင်ပေ။


 "ကျွန်တော် ဦးရီးတော်ကိုအပြင်လိုက်ပို့ပါ့မယ်"


ရုံရှားလည်း မတ်တပ်ရပ်ပြီး မင်းသားချန်ချင်ဝမ် နှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။


အိမ်တံခါးမှ ထွက်သွားသောအခါ၊ မင်းသားချန်ချင်ဝမ်မှ ရုတ်တရက် ပြောသည်။


 "ရုံရှား၊ မင်းက တကယ် ကံကောင်းတာပဲ"


 "ဦးရီးတော် ဘာလို့ဒီလိုပြောတာလဲ"


 "မင်းရဲ့ ပင်ကိုယ်စရိုက်နဲ့ ဂန္ဓမာပန်း အဖြူလေးလို ကြော့ရှင်းတဲ့ မိန်းမတစ်ယောက်ကို မင်းတွေ့လိမ့်မယ်လို့ ငါအစက ထင်ခဲ့တာ၊အခု တွေးကြည့်မိတယ်၊ အဲ့ဒီလိုဘဝမျိုးက အရမ်းငြီးငွေ့စရာကောင်းလိမ့်မယ်ဆိုတာပဲ"


မင်းသားချန်ချင်ဝမ်က သူ့လက်ထဲရှိ ယပ်တောင်နှင့် ကစားနေရင်း  ပြုံးကာပြောသည်။


 "မင်းက ငါ့ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံး တူမကို ရနိုင်မယ် မထင်ခဲ့ဘူး"


ရုံရှား၏ လေသံက ရုတ်တရက် ပြောင်းလဲသွားသည်။


"ဒါပေမယ့် ဦးရီးတော် ကျွင်းကျူးကတကယ် ချစ်စရာကောင်းတဲ့ မိန်းကလေးပါ"


မင်းသားချန်ချင်ဝမ်သည် ညင်သာစွာ ရယ်မောကာ ဆက်၍ လျှောက်သွားပြန်သည်။ဒုတိယတံခါးသို့ရောက်သောအခါတွင် လက်ဆောင်သေတ္တာများစွာနှင့် အစေခံမိန်းကလေးများနှင့် အစခံအများအပြား လမ်းလျှောက်လာသည်ကို သူတွေ့လိုက်ရသည်။လက်ဆောင်သေတ္တာအချို့တွင် နင်းဝမ်မင်းသား ၏ အဆောင်အယောင်တံဆိပ်များ ကပ်ထားသည်။ထိုခဏဝယ် သူ ပြုံးလိုက်ကာ ရုံရှား ဘက်ကိုလှည့်ပြီး 


"ကောကုန်း၊မင်းငါ့ကို လိုက်ပို့စရာ မလိုပါဘူး"


 "ဦးရီးတော်ကလည်း မဟုတ်တာပါ၊ ကျေးဇူးပြုပြီး ကျွန်တော် လိုက်ပို့ပါရစေ"


ရုံရှား သူ့ကို ဂိတ်ပေါက်အထိ ပို့လိုက်သည်။ မင်းသားချန်ချင်ဝမ်သည် မြင်းလှည်းပေါ်မတက်မီ ရုံရှား သူ့ပါးစပ်ကိုပိတ်ကာ တစ်ချက်နှစ်ချက် ချောင်းဟန့်လိုက်၏။


ချောင်းဆိုးသံကို ကြားသော် မင်းသားချန်ချင်ဝမ် ကြားပြီး ရုံရှားအား ပြောလေသည်။


"ကောကုန်း၊ မင်းကိုယ်မင်း ဂရုစိုက်ရမယ်နော်"


 "ဦးရီးတော်ရဲ့စိုးရိမ်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"


မင်းသားချန်ချင်ဝမ်သည် မြင်းလှည်းပေါ်သို့ လျှောက်သွားသည်။မကြာမီ ဇိမ်ခံမြင်းလှည်းသည် ကောကုန်းချမ်အမ်အိမ်တော် မှ ဖြည်းညှင်းစွာ မောင်းထွက်သွားသည်။ ရုံရှားသည် တံခါးဝတွင် ရပ်ကာ မြင်းလှည်းထွက်သွားသည်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ပြီး မမြင်နိုင်တော့မှ လှည့်ပြန်သွား၏။


 သို့သော် သူပြန်လာသောအခါတွင် ခကျောက်စိမ်းတံတားခုံးပေါ်တွင် ပန်းဟွာ ရပ်နေသည်ကို သူတွေ့လိုက်ရသည်။ သူမနောက်က တကောက်ကောက်လိုက်နေသော ပန်းဟမ်ကိုတော့ မတွေ့ရပေ။သူ ပန်းဟွာ၏ နံဘေးသို့ လျှောက်သွားလိုက်ကာ "ဟွာဟွာ၊ ဒီမှာလေထန်နေတာ၊ ဘာလို့ဒီမှာနေနေတာလဲ"


 "ခြံထဲမှာ နေရတာ ပျင်းလွန်းလို့ နေပူထဲ ထွက်လာခဲ့တာ" ပန်းဟွာ၏ ဆံပင်များကို လျော့ရဲစွာ ချည်နှောင်ထား၍ သူမပုံစံက အလွန်ပေါ့ပါးနေပုံရသည်။  


"မင်းသားချန်ချင်ဝမ် ပြန်သွားပြီလား"


 "အင်း၊ သူပြန်သွားပြီ" ရုံရှားက သူမကို လက်ကမ်းလိုက်ရင်း "ခြံထဲက နေပူထဲသွားရအောင်၊ ဒီမှာလေထန်နေတယ်၊မင်း ရောဂါပိုဆိုးလာရင် ဆေးထပ်သောက်ရလိမ့်မယ်၊ ဆေးသောက်ရတာက နှိပ်စက်သလိုမျိုး ခံစားရတယ် မဟုတ်ဘူးလား"


ပန်းဟွာသည် လက်ကို ရုံရှား၏ လက်ဖဝါးထဲသို့ ထည့်လိုက်သည်။  "ကောင်းပါပြီ"


ခါးလွန်းသည့်ဆေးများကို သူမ တကယ်မသောက်ချင်တော့။


 "ညီလေးပန်း ဘယ်မှာလဲ"


 “ခြံထဲကိုပြန်သွားပြီး လေ့ကျင့်ခန်းလုပ်ဖို့ ပြောလိုက်တာ၊ သူ့ခန္ဓာကိုယ်က အရမ်းအားနည်းနေသေးတယ်၊ လေ့ကျင့်ဖို့လိုတယ်"


ရုံရှား ခေတ္တရပ်ပြီးနောက် ခေါင်းညိတ်လိုက်သည်။  "မင်းပြောတာ မှန်တယ်၊ ယောက်ျားလေးတွေဆိုတာ ပိုသန်မာမှကောင်းတယ်"


 မည်သို့ပင်ဆိုစေကာမူ ဟွာဟွာပြောသမျှ မှန်ကန်သည်။


ကောကုန်းချမ်အမ် လုပ်ကြံခံရမှုကိစ္စသည် နောက်ဆုံးတွင် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာန၏ မနာလိုဝန်တိုသော အရာရှိများ၏ လက်စားချေမှုဟု ဆုံးဖြတ်ခဲ့သည်။ တခြားသူနှင့် ဘာမှမဆိုင်သောကိစ္စတစ်ခုဆိုသည်ကို လူတချို့ကလည်း ယုံကြ၏။ နောက်ဆုံးတော့၊ ဧကရာဇ်က အမှုကို စုံစမ်းဖို့ လူများ စေလွှတ်ပြီး ကောကုန်းချမ်အမ်ကို ဆုချခဲ့သည်။အကယ်၍ ကောကုန်းချမ်အမ်သည် မကြာသေးမီက တရားရုံးသို့ ရောက်လာပါက၊သူ့ကို ခရိုင်ဝန်အဖြစ် ရာထူးတိုးမြှင့်ပေးမည်ဟု ကောလာဟလများပင် ရှိခဲ့သည်။ဤသဘောထားမျိုးသည် ဧကရာဇ်က ကောကုန်းချမ်အမ်ကို တန်ဖိုးထားကြောင်း ညွှန်ပြနေခြင်းပင်။


မှူးမတ်များသည် ဤကဲ့သို့သော ကောလဟာလများကို လှောင်ပြောင်ကြသည်။ 


ဒါက ကလေးတွေကို ချော့ဖို့သုံးတဲ့ သကြားလုံး မဟုတ်ဘဲ ဘွဲ့တံဆိပ်လေ၊သူ မပျော်ဘူးဆိုတာကို မြင်တာနဲ့ ဧကရာဇ်က ရာထူးတိုးပေးမယ်ဆိုတာ တောိရုံမဖြစ်နိုင်တာကြီးကို...


အင်ပါယာ နန်းတွင်းတစ်ခုလုံးတွင် ခရိုင်ဝန်ရာထူးရှိသူ သုံးဦးသာ ရှိသည်။


တစ်ယောက်က မယ်တော်ဧကရီ ၏မောင်၊ တစ်ယောက်က ဧကရီ၏ ဦးရီးတော်ဖြစ်ပြီး နောက်ဆုံးတစ်ယောက်မှာ လက်ရှိမဖြစ်သေးသော်လည်း လျာထားခြင်းခံ‌‌နေရသူ တော်ဝင်မင်းသမီး၏ မြေးပန်းဟမ်ဖြစ်သည်။


 သုံးဦးစလုံးတွင် တူညီသောအချက်တစ်ခုရှိသည်၊ ဆိုလိုသည်မှာ၊ သူတို့သည် ထိပ်ဆုံးသို့ရောက်ရန် အမျိုးသမီးများကိုသာ အားကိုးကြသည်။ တစ်ယောက်က အစ်မဖြစ်သူကို အားကိုးသည်၊တစ်ယောက်က တူမဖြစ်သူ၊ ကျန်တစ်ယောက်က အဖွားဖြစ်သူကို မှီခို၍ ရာထူးရနေခြင်းပင်။


 အရာရှိတစ်ဦး အနေဖြင့် မြင့်မြတ်သောဘွဲ့ရာထူးတစ်ခုခုကို ရယူနိုင်ပါက ဘိုးဘေးများကို ဂုဏ်တင့်တယ်စေမည်ဖြစ်သည်။ မျိုးရိုးစဉ်ဆက်သမိုင်းတွင် မှတ်တမ်းတင်ထားလျှင်ပင် နာမည်ကောင်းကျန်ရစ်မည်ဖြစ်သည်။  နောင်နှစ်ပေါင်း ရာဂဏန်းလောက်ကြာမှ မင်းဆက်ပြောင်းသွားလျှင်တောင် သူတို့၏သားစဉ်မြေးဆက်များက သူ့ကို  ဂုဏ်ယူနေကြမှာပင်။


 ဧကရာဇ်သည် ကောကုန်းချမ်အမ်ကို စိတ်လိုလက်ရ ရာထူးမအပ်ချင်သော်လည်း နှစ်သိမ့်ပေးသည်ဟု နားလည်သူများလည်း ရှိသည်။  အဘယ်ကြောင့်ဆိုသော် လုပ်ကြံသူအစစ်သည် အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာန၏ တရားဝင်မဟုတ်သော်လည်း အခြားသူတစ်ဦးကြောင့် ဖြစ်သည်။ အလုပ်အကိုင်ရေးရာ ဝန်ကြီးဌာနမှ အရာရှိငယ်တစ်ဦးသည် ထိုကဲ့သို့သော ပရော်ဖက်ရှင်နယ် လူသတ်သမားကို ငှားရမ်းကာ ကောကုန်းချမ်အမ်၏ အစေခံများကိုပါ လာဘ်ထိုးရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။


 ဧကရာဇ်က ဘယ်သူ့ကိူ ကာကွယ်ပေးချင်သလဲဆိုသည်ကို သူတို့ သိပ်စဉ်းစားနေဖို့ မလိုပေ။အားလုံးက ဘယ်သူမှန်း စိတ်ထဲမှာ သိနေကြသည်။


နင်းဝမ်မင်းသား


နင်းဝမ်မင်းသား၏ လုပ်ရပ်ကြောင့် အရာရှိအိုတစ်ချို့ စိတ်ပျက်ကြရသည်။ ဧကရာဇ်က သူ့ကို ကာကွယ်ချင်တာမှန်သော်လည်း၊သူကတော့ ဘုရင်ခံ ဆက်မလုပ်သင့်တော့။ယခုလည်း ကောကုန်းချမ်အမ်ကို အငြိုးအတေးထားကာ လုပ်ကြံသတ်ဖြတ်ဖို့ လုပ်ကြံသူများကို စေလွှတ်လိုက်သည်။နောင်တစ်ချိန်တွင်လည်း သူ ဖြစ်စေချင်သလို မလုပ်ပေးပါက၊သူတို့ကိုလည်း မြားဦးလှည့်လာနိုင်ပေသည်။



xxxxxx