အပိုင်း ၉၄
Viewers 29k

Chapter 94


" ဟုတ်တယ်နော် ‌ရှင်လည်းအဲ့လိုတွေးမိတယ်မလား ..."

သူမ ပြောလိုက်သည်ကို ဟန်ယွဲ့စိတ်ဝင်စားသွားပုံရ၍ ရှအန်းသူ့ကို ပြုံး၍ကြည့်လိုက်သည်။ “Mom is back” ပရိုဂရမ်ကို ငြင်းပယ်လိုက်မည်ဟု ရုတ်ချည်းတွေးမိသွားသည်။


ဘာလို့လဲဆိုတော့ အရမ်းပျင်းဖို့ကောင်းတယ်လေ ...


ရှစ်သန်းပေးမယ်ဆိုရင်တောင်မှ ဒီလိုခက်ခဲပြီး ပျင်းစရာကောင်းတဲ့ အစီအစဉ်မှာ ပါရမှာ ပျင်းလွန်းတယ် ...


အဲ့ဒါအပြင် သူမတစ်ယောက်တည်း မဟုတ်ပဲ သူမသားလေးပါ ခံစားရမှာလေ ...


" ရှအန်း မင်းကငါ့အတွက် အကြံဉာဏ်ကောင်းတစ်ခု ပေးလိုက်တာပဲ ... အခု ငါ တခြားရှိုးတစ်ခုအတွက် စီစဉ်တော့မယ် ... ငါ့ရဲ့ရှိုးအတွက် မင်းကို ဧည့်သည်အဖြစ် ဖိတ်မယ်နော် ..."


အတွေးထဲနစ်မြုပ်နေသည့် ဟန်ယွဲ့ကို ရှအန်းကို အရောင်တလက်လက်တောက်ပနေသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏အသံထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။


" ဘာကြီး ..."


ရှအန်း မျက်တောင်ခတ်ပြီး သူ့ကိုကြည့်လိုက်သည်။ 

" ရှင်ဘာကို ဆိုလိုတာလဲ ..."


" ရှအန်း ‘ Mom is back ‘မှာမပါနဲ့ ငါ့ရဲ့  ရသစုံရှိုးအသစ်မှာပဲ ပါလိုက်တော့ ..."


ဟန်ယွဲ့ ရှအန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ ဆန်ကိုတွေ့သဖြင့် ပျော်ရွှင်နေသော ကြွက်တစ်ကောင်နှင့် တူနေသည်။


" ရှင့်ရဲ့နောက်ထပ်ရှိုးလား ...Come on Challengerတောင်မှ မပြီးသေးဘူးလေ ..."


ရှအန်း၏ မျက်နှာတွင် အဓိပ္ပါယ်မဖော်နိုင်သော မကြည့်တစ်ခု ရှိနေသည်။ “Mom is back”ရှိုးကို ငြင်းပယ်ရန် ဆုံးဖြတ်ထားသော်လည်း အခြားရှိုးများသို့သွားရန်လည်း စိတ်ကူးမရှိပေ။


" အင်း ... ငါ့ရဲ့နောက်ထပ်ရှိုး ... ငါထင်ပါတယ် အခုက အရမ်းစောလွန်းနေသေးတယ် ... ဒါပေမဲ့ မင်းကိုကြိုတင်ချိန်းထားတာလေ ..."


ဟန်ယွဲ့ သူ၏အတွေးများကို ရှအန်းကို ရှင်းပြနေသည်။

" မင်းနဲ့ ရှောင်ရှင်း နှစ်ယောက်လုံးပါရမယ့် ရသစုံရှိုး တစ်ခု ရိုက်ချင်တာ ..."


ဤစာကားပြောလိုက်သည်နှင့် ရှအန်း မျက်မှောင်ကြုတ်သွားသည်။


" ကျွန်မနဲ့ ရှောင်ရှင်း နှစ်ယောက်လုံးပါရမယ့် variety show လား ..."


" ဟုတ်တယ် မင်းပြောသလိုပဲလေ ... ပရိသတ်တွေ တကယ်မြင်ချင်တာက အနုပညာရှင်တွေရဲ့ ကိုယ်ပိုင်ဘဝပဲ ... အဲ့ဒါကြောင့် ငါလည်းဒါမျိုးရှိုးတစ်ခု ရိုက်ချင်တယ် ..."


ဟန်ယွဲ့ ခေါင်းငြိမ့်လိုက်စဉ် သူ၏မျက်လုံးထဲတွင် တောက်လောင်နေသည့် စိတ်ကူးယဉ်မှုများကို မြင်နိုင်သည်။


" မင်းအတွက်လုပ်ထားတဲ့ variety show မို့လို့ ဘာမှမထိခိုက် မခံစားစေရဘူးဆိုတာ စိတ်ချလို့ရတယ် ... ဒါပေမဲ့ ငါမင်းကို ကမ္ဘာအနှံ့ခေါ်သွားပြီး စားချင်တာစားခိုင်းမယ် အကောင်းဆုံးဟိုတယ်တွေမှာပဲ တည်းခိုင်းမယ် ..."


ဟန်ယွဲ့၏စကားများကြောင့် ရှအန်းစိတ်လှုပ်ရှားသွားသည်။


ကမ္ဘာအနှံ့က အစားအစာတွေ စားရမှာလား ...


ရင်ဖိုစရာပဲ ...


ဒါပေမဲ့ ...


" မဖြစ်သေးဘူးလေ ... ရှောင်ရှင်းက မူလတန်းတက်ရတော့မှာ အခုလိုမျိုး သူ့ကို နေရာတကာ ခေါ်သွားနေလို့ မရတော့ဘူး ..."


သူမ စိတ်အားထက်သန်နေခဲ့သော်လည်း သူမချစ်ရသည့် သားလေးက ကျောင်းတက်ရမည့်အရွယ်ရောက်နေသဖြင့် ခေါင်းခါလိုက်သည်။ အကောင်ပေါက်ဘေးကို သာမန်ကလေးများကဲ့သို့ ကျောင်းတက်ပြီး ချစ်စရာကောင်းသည့် သူငယ်ချင်းများ ရစေချင်သည်။


" အင်း ... ဒါကတော့ ပြဿနာပဲ ..."


ဟန်ယွဲ့ ရှရှင်းချန်၏အသက်ကို တွေးလိုက်မိသည်။ ထိုကလေးက အမှန်ပင် မူလတန်းတက်ရမည့်အရွယ် ရောက်နေပြီဖြစ်သည်။ ရှအန်းနှင့် ရိုက်ကူးရေးတွင်ပါဝင်လာပါက ကျောင်းတက်ရန် နှောင့်နှေးနေလိမ့်မည်။


ရှရှင်းချန်က ဉာဏ်ကောင်းသည့်ကလေးဖြစ်၍ မူလတန်းကျောင်းသွားရန် မလိုအပ်နိုင်သေးပေ။


" ဒါဆိုလည်း ထားလိုက်ပါတော့ ..."

ရှအန်း ပြုံးပြပြီး ရှိုးအကြောင်းကို စိတ်ထဲမထားတော့ပေ။


သို့သော် ဟန်ယွဲ့က အလေးအနက်စဉ်းစားနေသည်။ ရှအန်းကြောင့် ပရိုဂရမ်အသစ်ကို  စိတ်ကူးရသွားခြင်းဖြစ်သည်။ ဤပရိုဂရမ်၏ အစီအစဉ်က မကြုံစဖူးဖြစ်နေသည်။ 


ထို့အပြင် ဤရှိုးအတွက် ရှအန်းက အသင့်တော်ဆုံးလူဖြစ်သည်။


ရှရှင်းချန်ရဲ့ ကျောင်းကိစ္စက အဟန့်အတားဖြစ်နေတာ နှမြောစရာပဲ ...


သူပို၍တွေးလေ ပို၍နှမြောလာလေဖြစ်သည်။


သို့သော် ရှရှင်းချန်၏ ကျောင်းတက်ရမည့်ကိစ္စကို မဖြေရှင်းနိုင်ပါက ရှအန်းသည်လည်း ပရိုဂရမ်အသစိတွင် ပါဝင်ရန် မဖြစ်နိုင်သည်ကို ဟန်ယွဲ့သဘောပေါက်သည်။


ဒါဆိုရင် ဒီကိစ္စကို ယာယီ ရပ်ဆိုင်းထားရမယ် ...


   …


" ဘာ ... ရှအန်းက အစီအစဉ်သစ်ရိုက်တော့မှာလား ..."


ထိုစကားများမပြောမီ ဖုန်းထဲမှတစ်ဖက်လူက သူမ စိတ်တိုင်းကျ ပြောဆိုနိုင်သည့် လက်အောက်ငယ်သားမဟုတ်ကြောင်း အမှတ်ရသွား၍ စကားလုံးများကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

" ရှအန်းက သူမသားလေးနဲ့အတူ Mom is Back ရှိုးမှာ ပါမယ်တဲ့လား ..."


ရှကျင်း၏ လှပသော မျက်နှာမှ အစိတ်အပိုင်းများ တွန့်ချိုးသွားသည်။


သူမသည်လည်း ဖျော်ဖြေရေးနယ်ပယ်ထဲမှဖြစ်၍ အကြောင်းအရင်းမျိုးစုံကို ကောင်းစွာ သဘောပေါက်ထားသည်။


“Mom is back”ပရိုဂရမ်ကိုလည်း သူမသိသည်။


အဘယ့်ကြောင့်ဆိုသော် သူမကို  “Mom is Back”ရှိုးမှ ဖိတ်ခေါ်ခဲ့ဖူးသောကြောင့်ဖြစ်သည်။ 


သို့သော် သူမက ဖျော်ဖြေရေးနယ်ပယ်မှလူများထက် အဆင့်မြင့်သူဟု မှတ်ယူထား၍ ထိုရှိုးကို ငြင်းပယ်ခဲ့သည်။


ထိုသို့ဖြစ်သော်လည်း ထိုရှိုး၏ အင်အားကြီးမှုကို သဘောပေါက်ထားသည်။


ထိုသို့ ဖြစ်ရသည့် အကြောင်းအရင်းမှာ နာမည်ကျနေသော  ကြယ်ပွင့်မြောက်များစွာက  ဤအစီအစဉ်ကြောင့် ကယ်တင်ခံခဲ့ရသောကြောင့်ဖြစ်သည်။ ပို၍ကြောက်ဖို့ကောင်းသည်မှာ ဤအစီအစဉ်တွင် နာမည်ကြီးလာသူများမှာ အနုပညာရှင်များ၏ ကလေးငယ်များ ဖြစ်သည်။


သူမရှအန်းကို ထောင်ခြောက်ဆင်ရန် အကြံအစည်ပေါင်းစုံ ကျရှုံးခဲ့သည်။ သူမ နည်းလမ်းပေါင်းစုံသုံးခဲ့သော်လည်း နာမည်မကျသွားသည့်အပြင် ပို၍ကျော်ကြားလာခဲ့သည်။ ထို့ကြောင့် သူမကို အလွန်စိတ်တိုစေသည်။


ဒီတစ်ကြိမ်ရှအန်းက “Mom is Back”မှာ ပါ‌လာမယ်ဆိုတော့ သူမတစ်ယောက်တည်းမဟုတ်ပဲ ဟိုအမျိုးယုတ်လေးကပါ ကြယ်ပွင့်ဖြစ်လာတော့မှာပေါ့ ...


ရှအန်း ဤရှိုးတွင် ပါဝင်နေသရွေ့ သူမကို ဖိနှိပ်နိုင်မည်မဟုတ်ပေ။