အပိုင်း ၉၅
Viewers 29k

Chapter 95


မဖြစ်ဘူး ...ရှအန်းကို အဲ့ဒီ ရသစုံရှိုးမှာပါခိုင်းလို့မရဘူး ...


“Mom is back” ကို လက်လျှော့သွားအောင် လုပ်ရမလား ... 


နောက်ဆုံး၌ ရှအန်းက အလွန်နာမည်ကြီးလာပြီဖြစ်၍ သူမခင်ပွန်းဖုရှန်းကိုလည်း စိတ်ချယုံကြည်၍ မရပေ။


တကယ်လို့သာ အဲ့ရှိုးမှာပါမယ်ဆိုတာ ကြိုသိခဲ့ရင် အဲ့ခွေးမရှအန်းကတော့ ...


" မာမီ ဘာဖြစ်လို့လဲ ..."

ချိုသာသောအသံလေးတစ်ခုက ရှကျင်းဟောင်၏နားထဲ စီးဝင်လာသည်။


" ဟိုမကောင်းတဲ့ မိန်းမကြီးကြောင့် မာမီစိတ်တိုနေတာလား ..."


လှမ်းကြည့်လိုက်သည့်အခါ သူမ၏သမီးလေးက နှုတ်ခမ်းပါးလေးများကို ကိုက်ထားပြီး မျက်ရည်ဝိုင်းနေသော မျက်လုံးကြီးများဖြင့် ကြည့်နေသည်ကို ရှကျင်း မြင်လိုက်ရသည်။


ရှကျင်း၏ နှလုံးသားထဲ နူးညံ့သွားပြီး သူမသမီးလေးကို ရင်ခွင်ထဲတွင် ဖက်ထားလိုက်သည်။


" ချီချီပဲ ‌မာမီ့ကိုနာကျင်အောင်လုပ်တာလေ ..."


ယခုနောက်ပိုင်းတွင် ရှအန်း၏ကိစ္စကြောင့် သူမနှင့် ခင်ပွန်းဖြစ်သူ ဖုရှန်းတို့ စစ်အေးတိုက်ပွဲဖြစ်နေသည်မှာ ရက်ပေါင်းများစွာကြာပြီဖြစ်သည်။


သူတို့နှစ်ဦးက နှစ်ပေါင်းများစွာ ချစ်ကြိုက်ခဲ့ကြသည်ဖြစ်စေ လက်ထပ်သည့်အချိန်ကတည်းက တစ်ခါမှ ရန်မဖြစ်ခဲ့ဖူးပေ။


သို့သော် ဤတစ်ကြိမ်တွင် ရှအန်းပြောထားသည့် ကျောင်းကိစ္စကြောင့် သူတို့စကားများခဲ့ကြသည်။


ရှကျင်း၏နှလုံးသားထဲတွင် ရှအန်းကို မုန်းတီးမှုများဖြင့် ပြည့်နေသည်။


ဘဝတွင် သူမ အမုန်းတီးဆုံးလူ နှစ်ယောက်သာရှိခဲ့ပြီး တစ်ယောက်က ရှအန်းဖြစ်သည်။


" မာမီ ဝမ်းမနည်းပါနဲ့ ... ချီချီ မာမီ့ကိုကူညီပြီး ဒယ်ဒီ့ကို သင်ခန်းစာပေးပေးပါ့မယ် ..."


ရှကျင်းက သူမသမီးလေးနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဤကိစ္စများကြောင့် သူမသမီးလေးကို စိတ်မဆင်းရဲလိုပေ။


သမီးလေးက လေးနှစ်ပြည့်ပြီဖြစ်သော်လည်း ကလေးတစ်ယောက်သာဖြစ်သည်။


သို့သော် သူမက မရိုးရှင်းပေ။ ရှကျင်းဟောင်က ဖမ်းဆီးခေါ်ဆောင်ခံရပြီး လူကုန်ကူးခံခဲ့ရသည်။ ထို့ကြောင့် သူမသမီးကို သူမပျိုးထောင်ပုံက ရွယ်တူကလေးများထက်ပို၍ ရင့်ကျက်လာစေသည်။


သူမက ထင်သလောက် အပြစ်ကင်းမရိုးသားပေ။


ရှရှင်းချန်၏ ကျောင်းနေရာ လုယူခံရခြင်း သာမက ရှရှင်းချန် ဖုအိမ်တော်မှ မိဘမဲ့ဂေဟာသို့ ရုတ်ချည်းစွန့်ပစ်ခံရခြင်းများ၏ တိုက်ရိုက်အကြောင်းပြချက်က ဖုအန်းချီဖြစ်နေသည်။


သူမ၏ ဉာဏ်ကောင်းသော သမီးလေးကြည့်ကာ ရှကျင်းဟောင် ရုတ်တရက် အတွေးတစ်ခု ပေါ်လာသည်။ ၎င်းက –


" ချီချီ  သရုပ်ဆောင် ဖြစ်လာချင်လား ..."


ထိုသို့ပြောပြီးနောက် ရှကျင်းဟောင် နောင်တရသွားသည်။


အဘယ့်ကြောင့်ဆိုသော် သူမအထင်‌အသေးဆုံးက ဖျော်ဖြေရေးနယ်ပယ်ထဲမှ အနုပညာရှင်များဖြစ်သည်။

သူ့သမီးလေးကရော ဘယ်လိုတွေးပါလိမ့် ...


ဤကြောက်မက်ဖွယ်အကြံဉာဏ်ကို ရှင်းထုတ်ပစ်ရန်နည်းလမ်းရှာနေစဉ်မှာပင် သူမသမီးလေးက သူမ ဘယ်သောအခါမှ မပြောမည့် စကားတစ်ခွန်းကို ပြောလိုက်သည်။

" ကောင်းပါပြီမာမီ ... ချီချီ သရုပ်ဆောင်ဖြစ်ချင်ပါတယ် ..."


ဖုအန်းချီ၏ စကားများကို ကြားသည့်အခါ ရှကျင်း အံ့အားသင့်သွားသည်။သူမသမီးလေးကို အံ့ဩစွာ ကြည့်နေမိသည်။


" ကလေးလေး ... ဘာလို့ ရုတ်တရက်ကြီး သရုပ်ဆောင်ဖြစ်ချင်သွားတာလဲ ..."


" ဘာလို့လဲဆိုတော့ ဖုယွီကလည်း သရုပ်ဆောင်ပဲလေ ... အတန်းထဲက ‌ကလေးတွေတော်တာ်များများ သူ့ကိုသဘောကျတယ် ... အဲ့ဒါကိုမကြိုက်ဖူး ..."


ဤတစ်ကြိမ်တွင် ရှကျင်းဟောင် ပြုံးလိုက်သည်။ ၎င်းက ဖုအန်းချီကို ငယ်ရွယ်စဉ်ကတည်းက ဦးနှောက်ဆေးခဲ့သည့် ရလဒ်ဖြစ်သည်။


ထို့ကြောင့်သူမသမီးငယ်လေးက သရုပ်ဆောင် ဖြစ်ချင်သည်ပင်။


သမီးဖြစ်သူ၏ ညှိုးငယ်သောအကြည့်ကို ကြည့်လိုက်မိသည်။ ဖျော်ဖြေရေးနယ်ပယ်၌ သရုပ်ဆောင်ကြယ်ပွင့်လေးတစ်ယောက်ဖြစ်လာရန် ‌ငယ်ရွယ်သေးသည်ဟု တွေးလိုက်မိသည်။ သူမ ဖျော်ဖြေရေးနယ်ပယ်တွင် ပါဝင်လိုသောကြောင့် ရှကျင်းက ၎င်းကို နောက်ဆုံးတွင် စဉ်းစားခဲ့သည်။ ထို့နောက် ...


" မာမီက သမီးလေးကို ဖုယွီထက်ပိုပြီး အောင်မြင်တဲ့ကြယ်ပွင့်လေးဖြစ်မယ့်ရှိုးကို ခေါ်သွားမယ် ... အဲ့ဒီ အမျိုးယုတ်လလေးကတော့ ..."


" အာဟား ... မာမီက အကောင်းဆုံးပဲ ... မာမီက ဒယ်ဒီထက် အဆတစ်ရာလောက် ပိုကောင်းတယ် ..."


သူမသမီးငယ်လေး၏ လှပနုနယ်သော မျက်နှာကို ကြည့်ပြီး ရှကျင်းဟောင် မဲ့ပြုံးပြုံးလိုက်သည်။


သူမသမီးငယ်လေးက လှပြီး ချစ်စရာကောင်းတယ် ... ရှအန်းရဲ့ အမျိုးယုတ်လေးကတော့ ...


ရှကျင်းဟောင် ဖုန်းယူ၍ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။


" Mom is back ပရ်ိုဂရမ်အဖွဲ့ရဲ့ ခေါင်းဆောင်ကို ဆက်သွယ်ပြီး ဒီပရိုဂရမ်ကို ငါရိုက်ကူးမယ်ပြောလိုက် .. ဒါပေမဲ့ သူတို့ ရှအန်းကို ဧည့်သည်အဖြစ်ထားရမယ့် အိုင်ဒီယာကို လက်‌လျှော့ရမယ်ဆိုတာပါ ပြောလိုက် ..."


  …


ထိုအချိန်တွင် ရှကျင်း မသိလိုက်သည်က သူမက ရှအန်းလက်လျှော့ရန်ဆုံးဖြတ်ထားသော အစီအစဉ်ကို ဖမ်းယူလိုက်မိသည်ကိုပင်။ ရှအန်းသည်လည်း သူမနေရာ လုယူခံလိုက်ရကြောင်း မသိရှိသေးပေ။ သူမတွင် ထိုအစီအစဉ်ကို ငြင်းပယ်ရန်အချိန်လည်း ရှိမနေပေ။ သို့ရာတွင် အစီအစဉ်ကို လုယူခံလိုက်ရသော်လည်း သူမဂရုမစိုက်ပေ။


ထို့ကြောင့် “Come on Challenger ” အပိုင်းလေးကို  ရိုက်ကူးပြီးသောအချိန်တွင် ပရိုဂရမ်မှ သိမ်းဆည်းထားသည့်ဖုန်းကို ပြန်ရပြီးနောက် ဖုန်းဖွင့်ကြည့်လိုက်သည်။  “Mom is back” အစီအစဉ်မှ သူမကိုဖုန်းခေါ်ထားသည်။


" တောင်းပန်ပါတယ် မစ္စရှ အကြောင်းပြချက်တစ်ချို့ကြောင့် ကျွန်မတို့ရှင့်ကို ပရ်ိုဂရမ်ရဲ့ ဧည့်သည်အဖြစ် ဖိတ်ကြားလို့ မရတော့ပါဘူး ..."


ထိုသတင်းကို ကြားသည့်အခါ ရှအန်း မသိမသာ တုန်လှုပ်သွားသည်။ တစ်ဖက်မှ စိတ်ကူးပြောင်းသွားသည့်အတွက် သူမအနည်းငယ် အံ့အားသင့်နေသည်။ သူမ ဂရုမစိုက်သည့်အပြင် ဘာမှမမေးပဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ 

" အိုး ... ကျွန်မသိပြီ ... ကျွန်မနဲ့လည်း ဒီရှိုးက ကိုက်ညီမယ့်ပုံ မရပါဘူး ..."


ပြောပြီးနောက် ရှအန်းဖုန်းချလိုက်သည်။


" ဘာဖြစ်တာလဲ ..."


ခရီးဆောင်အိတ်ကိုသယ်ပြီး ရှရှင်းချန်နှင့် လမ်းလျှောက်လာသည့် ဟန်ယွဲ့က ရှအန်း၏ ငြင်းဆိုမှုကို ကြားလိုက်ရသည်။


" အိုး Mom is backပရိုဂရမ်ကလူတွေ ဖုန်းခေါ်ပြီး ကျွန်မကို ဧည့်သည်အဖြစ် မဖိတ်တော့ဘူးဆိုတာ လှမ်းပြောတာ ..."


ရှအန်း ထိုရှိုးသို့ မသွားတော့၍ ဟန်ယွဲ့ပျော်ရွှင်နေသော်လည်း သူအနည်းငယ် စိတ်ရှုပ်သွားသည်။

ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားပါလိမ့် ...


ရှအန်း၏ တန်ဖိုးက ယခုချိန်၌ အလွန်မြင့်နေသည်မှာ သိသာသည်။ သူမက ရုပ်ရှင်ကားကြီးများ၌ မပါသေးသော်လည်း နာမည်ကြီးသရုပ်ဆောင် ဖြစ်နေဆဲပင်ဖြစ်သည်။


မကြာမီ ရှအန်းအဖြေကို သိသွားသည်။


[ ဖုလုပ်ငန်းစု ဥက္ကဌရဲ့ဇနီးဖြစ်တဲ့ အနုပညာရှင်ရှကျင်းက Mom is Back အစီအစဉ်ရိုက်ကူးမှုတွင် ပါဝင်လာခြင်း ]


ဟန်ယွဲ့ပေးသည့် တက်ဘလက်ကို ရှအန်းကြည့်လိုက်ပြီး မျက်နှာပြင်ပေါ်မှ စာများကို တွေ့သွားသည်။ သူမ လှောင်ပြောင်သရော်ဟန်ဖြင့် နှုတ်ခမ်းကို မဲ့လိုက်သည်။


ဒီမိန်းမက ဒီတိုင်း ထိုင်မနေနိုင်ဘူးပဲ ...


ချမ်းသာသည့်ကုမ္ပဏီဥက္ကဌ၏ ဇနီးဖြစ်သူရှကျင်း " Mom is Back" Season 3တွင် ပါဝင်လာခြင်းက အင်တာနက်ပေါ်တွင် ကြီးမားသည့် လှုံ့ဆော်မှုတစ်ခု ဖြစ်သွားသည်။


ထိုလှုံ့ဆော်မှုက ရှကျင်းကြောင့်မဟုတ်ပဲ သူ၏ခင်ပွန်းဖုရှန်းကြောင့်ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် သူက ငယ်ရွယ်ခန့်ညားသောကြောင့် ဖုရှန်း၏ နာမည်ကျော်ကြားမှုက အချို့အမျိုးသားအနုပညာရှင်များထက် မနိမ့်ပေ။


သူသည်လည်း ပရိသတ်များသော လူတစ်ယောက်ဖြစ်သည်။ 


ယခု သူ့မိန်းမက သမီးလေးကို “Mom is Back” အစီအစဉ်ကို ခေါ်သွားသဖြင့် ကြီးမားသည့်ရိုက်ခတ်မှုကြီးဖြစ်သွားကာ လူများစွာက အင်တာနက်ပေါ်တွင် မကြာခဏထိုအကြောင်းကို ရှာဖွေကြသဖြင့် ရေပန်းအစားဆုံးသတင်းခေါင်းစဉ်တစ်ခု ဖြစ်လာသည်။


ထိုအကြောင်းအရာကိုသာ အများဆုံးရှာဖွေနေကြသည့် အကြောင်းအရင်းတစ်ခုလည်း ရှိသေးသည်။ ရှကျင်းက ဆိုက်ဘာလူလိမ်အုပ်စုကို ငှားရမ်းထားပြီး ရှအန်း၏ သတင်းကို ဖုံးလွှမ်းအောင် ပြုလုပ်ထားခြင်းဖြစ်သည်။


သို့ရာတွင် ၎င်းကအသုံးမဝင်ဖြစ်သွားမည်ဟု ရှကျင်း မတွေးထားခဲ့မိပေ။


အဘယ့်ကြောင့်ဆိုသော် ..


“Come on Challenger” ဒုတိယပိုင်းအတွက် အဆင့်သတ်မှတ်ချက်များ ထွက်လာပြီဖြစ်သည်။


[ Come on Challenger က စံချိန်ချိုးလိုက်ပြန်ပြီ ...  ဒုတိယပိုင်း ထုတ်လွှင့်မှုက Trp ၄.၂%%ကို ကျော်သွားပြီး ဒီတစ်ပတ်ရဲ့ ထိပ်ဆုံးရှိုးတစ်ခု ဖြစ်လာပြီ ]


( Trp - Target Rating Point - သတ်မှတ်ထားသော အဆင့်သတ်မှတ်ချက်)


ဒုတိယပိုင်းသာရှ်ိသေးသော်လည်း “Come on Challenger”၏ အဆင့်သတ်မှတ်ချက်က ၄% ကျော်လာပြီဖြစ်သည်။ နာမည်ကြီးအစီအစဉ်ဖြစ်သည့် Mom is Backကို ထုတ်လွှင့်ခဲ့သော်လည်း ၎င်းက ၄%ကို မကျော်ခဲ့ပေ။ 


“Come on Challenger”က အလွန်ပင် နာမည်ကျော်ကြားလာခဲ့သည်။


ရှအန်းက ဤရှိုး၏ အဆင့်သတ်မှတ်ချက်ကို နှစ်ဆတိုးစေခဲ့သူ ဖြစ်သည်။


ထို့ကြောင့် သူမအကြောင်းက အင်တာနက်ပေါ်တွင် အဆွေးနွေးခံရဆုံး ခေါင်းစဉ်တစ်ခု ဖြစ်လာခဲ့သည်။


အင်တာနက်အသုံးပြုသူများက " Come on Challenger" အကြောင်းပြောတိုင်း ရှအန်းနာမည်ကို ထည့်သွင်းပြောဆိုကြသည်။


ထိုအကြောင်းအရာကြောင့် မူလက ရှအန်းနှင့် စာခချုပ်ဖျက်သိမ်းပြီး လျော်ကြေးတောင်းခဲ့ကြသည့် အစီအစဉ်များနှင့် ကြော်ငြာများ နောင်တရကုန်ကြသည်။


နောင်တအရဆုံးမှာ ရှအန်းကို လတ်တလောဆုံးရှုံးလိုက်ရသည့် “Mom is back” ပရိုဂရမ်ဖြစ်သည်။


ယခုအချိန်တွင် သူတို့အလွန် နောင်တ‌ရနေသည်။


ရှကျင်းရဲ့ တောင်းဆိုချက်ကို လိုက်လျောပြီး ရှအန်းကို စွန့်ပစ်ခဲ့ကြတာပဲ ...


သို့သော်လည်း နောင်တရရန် အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။