အပိုင်း ၉၆
Viewers 29k

Chapter 96


“Come on Challenger” ပထမပိုင်းလွှင့်ခဲ့စဉ်အခါကမှ ရှအန်းကဲ့သို့လူ ရှိကြောင်းရှာဖွေတွေ့ခဲ့ကြသည်။  ဖျော်ဖြေရေးနယ်ပယ်မှလူအားလုံး သူမက သေချာပေါက်အောင်မြင်လာမည့် ကံကောင်းသော ကြယ်ပွင့်ဖြစ်ကြောင်း  သိရှိခဲ့ကြသည်။


ထို့ကြောင့် “Come Challenger”၏ ဒုတိယပိုင်းကို ထုတ်လွှင့်သည့်အခါမှ ရှအန်းက နှစ်ပေါင်းများသွာ မပေါ်ထွန်းလာနိုင်ခဲ့သည့် စူပါစတားတစ်ယောက်ဖြစ်နေကြောင်း သတိပြုမိခဲ့ကြသည်။


မြေအောက်ရထားဘူတာရုံ ရထား ဘတ်စ်ကား နေရာအနှံ့တွင် လူများက ဖုန်းများကိုင်ပြီး “Come Challenger” အစီအစဉ်ကို ကြည့်ရှု့နေကြသည်ကို မြင်နိုင်သည်။ အချင်းချင်းတွေ့လျှင်လည်း အပြောအများဆုံး လူနာမည်က ရှအန်းသာဖြစ်သည်။



ပထမဆုံးပွဲဦးထွက်ရှိုးက အလွန်အောင်မြင်လူကြိုက်များခဲ့သည့်အတွက် ဟန်ယွဲ့ ဝမ်းသာမဆုံးဖြစ်နေသည်။ ပထမအပိုင်းနှစ်ခု၏ အဆင့်သတ်မှတ်ချက်များအပေါ် အခြေခံ၍ သူနှင့်သူ့ကုမ္ပဏီ၌ တောက်ပသောအနာဂတ်ရှိလာမည်ကို သူကြိုမြင်နိုင်ခဲ့သည်။


ရိုက်ကူးရေးအတွက်ရှအန်းကိုခေါ်ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းက ကံကောင်းခြင်း၏အစဖြစ်ခဲ့သည်ဟု ဟန်ယွဲ့ထင်လိုက်သည်။


တစ်ချိန်တည်းမှာပင် သူ့ကိုကောင်းချီးပေးခဲ့သာ့် အနုပညာကြယ်ပွင့်ရှအန်းကို မည်သို့ကျေးဇူးတင်ရန် တွေးနေသည်။


ထိုအချိန်၌ ကောင်းချီးပေးခံရသည့် ကြယ်ပွင့်လေးရှအန်းမှာ ဝေးလံခေါင်သီသည့် တောင်တန်းနားမှ ရွာတစ်ရွာတွင် အယ်လန် ဓာတ်ပုံရိုက်ရန်အတွက် မော်ဒယ်လုပ်ပေးနေသည်။


" အရမ်းကောင်းတယ် ရှအန်း ... မင်းရဲ့မျက်လုံးတွေက မျှော်လင့်ချက်နဲ့ပြည့်ပြီး စိတ်ဓာတ်ကျမှုကင်းစင်နေတယ် ... မျက်လုံးထဲမှာ မျှော်လင့်ချက်လေး နည်းနည်းထပ်ထည့်လိုက်ဦး ..."


စိမ်းလန်းစိုပြည်သည့် အပင်ကြီးအောက်တွင် ရှအန်းက အဖြူရောင်လီနင်ဝတ်စုံကို ဝတ်ထားပြီး စုတ်ပြဲနေသည့် ဘာသာစကားစာအုပ်တစ်အုပ်ကို ကိုင်ထားကာ ကလေးတစ်အုပ်စုက သူမကို ဝန်းရံထားသည်။ အနောက်ဘက်တွင် ဆိတ်များ၊ ခြင်းတောင်းများ၊ အဝတ်စများလည်း ရှိနေသည်။


အနက်ရောင်နှင့် အဝါရောင် အသားအရည်ရှိသော ဤကလေးအုပ်စု၏ ပိန်ပိန်ပါးပါးနှင့် အာဟာရချို့တဲ့နေမှုကို တစ်ချက်ကြည့်ခြင်းဖြင့် နာတာရှည် အာဟာရချို့တဲ့နေကြောင်း ပြသနေသကဲ့သို့ပင်။


သို့သော် ထိုကဲ့သို့ ပိန်လှီသော ကလေးများအုပ်စုက ရှအန်းကိုဝိုင်းရံထားပြီး သူမဖတ်ပြသည့်စကားကို နားထောင်လိုက်သောအခါတွင် သူတို့၏နက်မှောင်သောမျက်လုံးများတွင် ဖော်မပြနိုင်သောအလင်းရောင်များဖြင့် ပြည့်နှက်နေပြီး မျက်လုံးထဲတွင် ဗဟုသုတရှာဖွေလိုစိတ်များ ပြည့်နှက်နေပါသည်။


အယ်လန်၏တောင်းဆိုချက်အရ ရှအန်းက ကမ္ဘာပျက်ကပ်နေ့ရက်များမှ ခံစားချက်များကို သယ်ဆောင်ထားသည့်အတွက် အယ်လန်လိုချင်သည့် အမူအရာများအတိုင်း ဖြစ်နေသည်။


" အိုကေ ... ရပြီ ..."


အယ်လန် ကင်မရာကို ကြည့်လိုက်သည်။ ၎င်းက အလွန်ပြီးပြည့်စုံသည့် ဓာတ်ပုံတစ်ပုံဖြစ်သည်။ သူ၏မျက်နှာတွင် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေသည်။


သူ အခုရိုက်ထားတဲ့ပုံတွေက တကယ်မိုက်တယ် ...


သူ အနိုင်ရနိုင်မယ်လို့ ထင်နေတယ် ...


အယ်လန် ဓာတ်ပုံရိုက်ပြီးသွားသည်ကိုမြင်၍ ရှအန်း စာအုပ်များကို လိုက်စုနေသည်။


" မာမား သားတို့ပြန်တော့မှာလား ..."


အကောင်ပေါက်လေးက နတ်သမီးမေမေ အလုပ်ပြီးသွားသည်ကို မြင်သည့်အခါ အမြန်ပြေးလာသည်။


" ဘာဖြစ်လို့လဲ ..."


အကောင်ပေါက်လေးက သူမလက်ဖဝါးများကို တင်းတင်းဆုပ်ထားပြီး အိမ်ပြန်ချင်နေသည့်ပုံပင်။


" ဘာမှမဖြစ်ပါဘူး ... သူတို့မာမားကို စိုက်ကြည့်နေတာမကြိုက်လို့ ..."


အကောင်ပေါက်လေးက သူမဘေးနားမှ ပိန်လှီနေသော ကလေးများကို စိုးရိမ်စွာကြည့်လိုက်သည်။


" ရှောင်ရှင်းလေးက သဝန်တိုနေတာလား ..."


ရှအန်း အကောင်ပေါက်လေး၏ခေါင်းကို ခပ်ဖွဖွ ပုတ်လိုက်သည်။ သူမက မည်သူ့ကိုမှ ကိုယ်ချင်းစာစိတ်ရှိခဲ့ဖူးသူ မဟုတ်ပေ။ ထိုသနားစရာကလေးများလည်း ပါဝင်သည်။ ကမ္ဘာပျက်ကပ်နေ့ရက်များတည်းက ထိုကဲ့သို့ အဖြစ်အပျက်များစွာကို သူမတွေ့ကြုံခဲ့ရသည်။ ကလေးများများကို ကိုယ်ချင်းစာတတ်သည့် ခံစားချက်က သူမနှလုံးသားထဲမှ ပျောက်ကွယ်သွားသည်မှာ ကြာလှပြီဖြစ်သည်။


အကောင်ပေါက်လေးက ခေါင်းငုံ့ပြီး ကို့ရို့ကားယားဖြင့်ရေရွတ်လိုက်သည်။

" မဟုတ်ဖူး ..."


အကောင်ပေါက်လေးတွင်လည်း မာနရှိပုံပင်။ ၎င်းကို သူမချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။


" အင်းပါ ... မာမားမစတော့ပါဘူး ... ဒီည ဓာတ်ပုံရိုက်ကူးရေးပြီးရင် မနက်ဖြန်မနက်ပြန်မယ်နော် ..."


" ဟုတ် ... မာမားရိုက်ကွင်းပြီးတဲ့အထိ ငြိမ်ငြိမ်လေးစောင့်နေမယ်နော် ..."


" လိမ္မာလိုက်တာ ..."


သားအမိနှစ်ယောက်ကြားမှ အပြန်အလှန်တုံ့ပြန်မှုများက ဘေးမှ ကလေးများကို မနာလိုဖြစ်စေသည်။


ရှရှင်းချန်ကိုကြည့်နေသော ကလေးတိုင်း၏မျက်နှာတွင် မနာလိုမှုများ မြင်တွေ့နိုင်ပြီး မျက်လုံးထဲတွင်လည်း လိုချင်တောင့်တမှုများဖြင့် ပြည့်နေသည်။


သူတို့ရင်ထဲတွင်လည်း ရှရှင်းချန်နှင့် တူညီသောအတွေးရှိကြသည်။ ၎င်းက ရှအန်းက အမှန်ပင် နတ်သမီးမေမေ ဖြစ်သည်ဟုပင်။


ကလေးငယ်အုပ်စု၏ မနာလိုသောအကြည့်များကို ခံစားမိသဖြင့် အကောင်ပေါက်လေးကို ဂုဏ်ယူနေသည်။ အကယ်၍ သူ့ထံတွင် အမြှီးရှိပါက အမြှီးကို လှုပ်တုပ်လှုပ်တုပ် ဝှေ့ယမ်းနေသည်ကို တွေ့ရနိုင်သည်။


လယ်တောမှ အစားအစာကောင်းများ စားပြီးချိန်၌ ညက လျင်မြန်စွာ ကျရောက်လာသည်။


အယ်လန် ဤနေရာကို မလာမီတည်းက အသေးစိတ်ပြင်ဆင်ထားပြီးဖြစ်သည်။ ယခုရက်ပိုင်းတွင် နေပူမည်ကိုလည်း သိရှိထားသည်။ ထို့ကြောင့် ညဘက်တွင် လကလုံးဝန်းပြည့်ဝိုင်းနေပြီး လရောင်ကဖြူဖွေးပြီး အုံ့ဆိုင်းနေသည်။


ကောင်းကင်တွင် တိမ်များမရှိသည့်အပြင် ကျေးလက်ဒေသ၏ ပတ်ဝန်းကျင်က အလွန်သာယာလှသည်။ ထို့ကြောင့် လရောင်ကို ကြည့်လိုက်ချိန်တွင် ငွေရောက်အလင်းအလွှာတစ်ခုက်ု မြင်နိုင်ပြီး အိမ်မက်ဆန်ကာ လှပနေသည်။


အယ်လန် ကင်မရာကို ဆင်ပြီးသောအခါ ရှအန်းကအဖြူရောင်လီနင်စကတ်ကို ဝတ်ဆင်ထားပြီး သူမမျက်နှာပေါ်တွင်လည်း မိတ်ကပ်မလိမ်းခြယ်ထားသည်ကို တွေ့လိုက်ရသည်။


သူမ၏ လက်ရှိပုံပန်းသွင်ပြင်က နေ့အချိန်ကနှင့် ဆင်တူနေသည်။တစ်ခုတည်းသောကွာခြားချက်မှာ ရှအန်း၏ ဆံပင်ရှည်များ ရေစိုနေခြင်းပင်။


အယ်လန်၏ တောင်းဆိုချက်အရ ရှအန်းဓာတ်ပံာမရိုက်မီ ရေချိုးလာရသည်။


ရေစိုနေသောဆံပင်များက သူမရင်ဘတ်ပေါ် ဝဲကျနေသည်။ သူမကိုကြည့်ရသည်မှာ လန်းဆန်းလှပပြီး မသိမသာဖြင့် ဆွဲဆောင်မှု ရှိနေသည်။


အထူးသဖြင့် ယနေ့ညတွင် လရောင်က အလွန်တောက်ပနေသောကြောင့် ရှအန်းအပေါ်တွင် သန့်စင်သည့်အလှကို ထည့်သွင်းထားသကဲ့သို့ပင်။


" ရှအန်း ဒီတစ်ခါရိုက်ရမှာ အရမ်းရိုးရှင်းတယ် ... အဲ့ဒီအပင်ကြီးအောက်မှာ ရပ်နေပြီး လကိုကြည့်ပြီး ဆုတောင်းနေရုံပဲ ..."


ရှအန်း ခေါင်းငြိမ်ပြလိုက်သည်။ သူမ ဓာတ်ပုံမြန်မြန်ရိုက်ပြီး အိပ်ရာဝင်ချင်နေသောကြောင့် အယ်လန်၏ တောင်းဆိုချက်အတိုင်း ဤဓာတ်ပုံများကို ၁၀၀% စိတ်အားထက်သန်မှုဖြင့် ရိုက်ကူခဲ့သည်။


ရှအန်း ပူးပေါင်းဆောင်ရွက်နေသောကြောင့် သူမ၏ပုံရိပ်က အယ်လန် လိုချင်သည့်ခံစားချက်နှင့် အမှန်တကယ် ကိုက်ညီနေသည်။ ထို့အပြင် ညဘက်၌ မော်ဒယ်က ရှအန်းတစ်ဦးတည်းသာ ရှိသောကြောင့် အချိန်ယူရသည်လည်း နည်းသည်။ မကြာမီ ဓာတ်ပုံများ ရိုက်ပြီးသွားသည်။


" အိုကေ ရှအန်း ...အလုပ်ကြိုးစားခဲ့ပါတယ် ... ငါ့မှာ ပုံတွေအများကြီး ရသွားပြီပဲ ... ငါတို့ဓာတ်ပုံတွေက ဒီတစ်ကြိမ် သေချာပေါက် အနိုင်ရမှာပါ ..."