အပိုင်း ၉၇
Viewers 29k

Chapter 97


ဓာတ်ပုံများ ရိုက်ကူးပြီးသည့်အခါ အယ်လန်က ရှအန်းကို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူရိုက်ထားသည့် ဓာတ်ပုံများကို အလွန်ကျေနပ်အားရနေကြောင်း သိသာသည်။


သို့သော် ရှအန်းက ဓာတ်ပုံပညာနှင့် ပက်သတ်၍ ဘာမှနားမလည်သောကြောင့် သူပြောနေသည်များကို စိတ်မဝင်စားပေ။  ရိုက်ကူးပြီးသည့်အခါ အိပ်ရာဝင်ရတော့မည်ဖြစ်၍ အလွန်ပျော်ရွှင်နေသည်။


သို့သော် အားလုံးအလုပ်ပြီးသွား၍ ပြန်ရန်ပြင်ဆင်နေစဉ် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်။


" ပုပ်သိုးနေတဲ့ကောင်လေး ငါ့ဆီပြန်လာစမ်း ... ငါ့ကိုဒဏ်ရာရအောင်လုပ်ပြီး ထွက်ပြေးရဲတယ်ပေါ့ ... မင်းကိုသတ်ပစ်မယ် ... မြေခွေးလိုကောင် ..."


ရှအန်းနှင့်အယ်လန် ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းပြီး၍ ရွာငယ်လေးသို့ပြန်ရန် ပြင်ဆင်နေချိန်၌ ကြောက်မက်ဖွယ်ရာအော်သံကြီးက တောင်တန်းထဲမှ သစ်တောထဲမှ ထွက်လာသည်။


ဤအသံတွင် ဒေါသများပါဝင်နေပြီး တိတ်ဆိတ်နေသော ညလယ်ခေါင်‌တွင် ထိုအသံက ပဲ့တင်နေသည်။


" အား ..."


၎င်းက မြက်ခင်းပြင်ပေါ် တစ်စုံတစ်ယောက် ပြေးလွှားနေသည့်အသံဖြစ်သည်။ မကြာမီ ထိုနေရာမှ ကောင်လေးတစ်ယောက် ပြေးထွက်လာသည်ကို ရှအန်းတွေ့လိုက်သည်။


ဘုန်း ...


အာ့ ...


ထိုကောင်လေး၏ခေါင်းကို တစ်စုံတစ်ခုဖြင့် ရိုက်နှက်လိုက်သည့်အသံနှင့်အတူ အော်သံကိုပါ ကြားလိုက်ရဟည်။ လျင်မြန်စွာပြေးနေသော ကောင်လေးက တောင်စောင်းမှ  လိမ့်ကျလာသည်။


အယ်လန် ထိုနေရာသို့ ပြေးသွားသည်။


" ရှအန်း ငါ့ကိုလာကူညီပေးဦး ..."


အယ်လန်၏ စကားများကို ကြားရသောအခါ ရှအန်းက သူမသားလေး၏ လက်ကိုဆွဲတကာ ထိုကောင်လေးဆီသို့ လျှောက်လာသည်။


တောင်စောင်းမှ လိမ့်ကျလာသော ကောင်လေး၏ခေါင်းတွင် သွေးများပေနေသည်။ သူ၏ခန္ဓာကိုယ်ကလည်း ညစ်ပတ်နေပြီး အလွန်ဆိုးဝါးနေသည်။


" မမနတ်သမီး ... ကျွန် ... ကျွန်တော့်ကိုကယ်ပါဦး ..."


ရှုရှစ်က လှပသောရှအန်းကို မြင်လိုက်ရသည့်အခါ နတ်သမီးတစ်ပါးကို မြင်လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရသည်။


ထို့ကြောင့် အယ်လန်ရောက်မလာမီကပင် ထိုကောင်လေး၏ မျက်လုံးများက အဖြူရောင်လီနင်စကတ်ဝတ်ထားသည့် ရှအန်းကိုသာကြည့်နေပြီး အကူအညီတောင်းနေသည်။


" မျက်လုံးကန်းနေတဲ့မြေခွေးလေး ... ပြေးစမ်း ... ပြေးရဲရင် ပြေးကြည့်စမ်း ...မင်းကိုမသတ်ရပဲ ငါမပြန်ဘူး ..."


ထိုအချိန်တွင် ကောင်လေးနောက်ကို လိုက်နေသည့်လူလည်း ပေါ်လာသည်။


ထိုလူတွင် ဗိုက်ရွှဲရွှဲနှင့် အသားအရေ မညီညာသော မျက်နှာစ်ခုရှိသည်။ သူ့ကိုကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းပြီး အရုပ်ဆိုးနေသည်။ တစ်ချက်တည်းကြည့်ရုံဖြင့် လူကောင်းမဟုတ်ကြောင်း သိနိုင်သည်။


လဲကျနေသည့်ကောင်လေးမှာ ညစ်ပတ်ပေရေနေသော်လည်း မျက်နှာလေးက ဖြူစင်ကောင်းမွန်နေသေးသည်။လူများစွာကို ဓာတ်ပုံရိုက်ခဲ့ရသည့် ဓာတ်ပုံဆရာအယ်လန်က တစ်ချက်ကြည့်ရုံမျှဖြင့် ထိုကောင်လေး၏ မျက်နှာအစိတ်အပိုင်းများက နူးညံ့လှပကြောင်း သိနိုင်ခဲ့သည်။


မျက်နှာပေါ်မှ သွေးများနှင့် ဖုန်များကိုဆေးကြောလိုက်ပါက သေချာပေါက် ချောမောလှပသည့် ကောင်လေးတစ်ယောက် ဖြစ်လာလိမ့်မည်။


ကြောက်စရာကောင်းသည့်လူက ကလေးကိုရိုက်ရန်ပြင်နေဆင် အယ်လ်က ဟန့်တားလိုက်သည်။


" အစ်ကိုကြီး ... ဒါ ခင်ဗျားကလေးလား ..."


အရှေ့မှလူနှင့် ထိုကလေး၏ပုံစံက လုံးဝကွဲပြားနေသောကြောင့် အယ်လန်မေးလိုက်မိသည်။ မျက်စိကန်းနေသူမဟုတ်ပါက ထိုနှစ်ယောက်က သားအဖမဟုတ်သည်ကို သေချာပေါက် သိနိုင်သည်။


" ဒါပေါ့ အဲ့ဒါငါ့သားလေ ... ဘာဖြစ်လို့လဲ ... ငါ့သားမဟုတ်ရင် မင်းရဲ့သားလား ..."

ထိုလူက အယ်လန့်ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။


ထိုလူက ကလေးအဖေမဟုတ်ကြောင်း အယ်လန်သေချာပေါက်သိသည်။ ထိုကလေးက ရွာမှဖြစ်သည်။


သို့သော်လည်း ထိုကလေးခံစားနေရသည်ကို မကြည့်ရက်သောကြောင့် တစ်စုံတစ်ခု လုပ်ချင်နေသည်။


" သူက ခင်ဗျားရဲ့သားဆိုရင်တောင် ဒီလိုမလုပ်သင့်ဘူးလေ ... ဦးနှောက်တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ..."


အယ်လန်၏ စကားမဆုံးမီမှာပင် မြေပြင်ပေါ်တွင် လဲကျနေသော ဖြူဖျော့နေသောကောင်လေးက အော်လိုက်သည်။

" ကျွန်တော်က သူ့သားမဟုတ်ဖူး ... ကျွန်တော့်အိမ်ကလည်း ဒီနေရာမှာမဟုတ်ဖူး ... သူကျွန်တော့်ကို လိမ်ပြီးခေါ်လာတာ ..."


ထိုစကား‌ကြောင့် ယောကျာ်းနှစ်ယောက်၏ မျက်နှာ ပြောင်းလဲသွားသည်။


အယ်လန်ထိတ်လန့်သွားပြီး ကလေးအဖေဟု ပြောလိုက်သူ၏မျက်နှာက မည်းမှောင်လာသည်။


" အိုကေ ခင်ဗျားက လူကုန်ကူးတဲ့သူလား ..."


အယ်လန့်အတွက် အမုန်းဆုံးပြစ်မှုမှာ လူကုန်ကူးခြင်းနှင့် ပြန်ပေးဆွဲခြင်းဖြစ်သည်။


မူလတည်းက ဤလူနှစ်ယောက်က သွေးသားမတော်စပ်ဟု ထင်ခဲ့သော်လည်း ဒဏ်ရာရနေသည့် ကောင်လေး၏ စကားများကို ကြားပြီးသည့်နောက် သူ၏အတွေးကို အတည်ပြုပြီးသား ဖြစ်သွားခဲ့သည်။


" ဘာ လူကုန်ကူးတဲ့သူလဲ ဒီကလေးကို ဒေါ်လာနှစ်ထောင်ပေးပြီးဝယ်ထားတာ အခုငါ့သားပေါ့ ..."


ထိုလူက အယ်လန့်ကို စူးရှစွာကြည့်နေသည်။


ထိုအချိန်တွင် အယ်လန်က စိတ်ကောင်းရှိသူဖြစ်ကြောင်း ဒဏ်ရာရနေသောကောင်လေးက သိသွားပြီး သူ့ကိုကယ်ဆယ်စေလိုသည်။


အယ်လန့်ကို မျက်ရည်များဝဲ၍ကြည့်ကာ အကူအညီတောင်းနေသည်။

" ဦးဦး ကျေးဇူးပြုပြီး သားကိုကယ်ပါ ... သားရဲ့အိမ်က ဒီမှာမဟုတ်ဖူး ... သူတို့က လူဆိုးတွေ ... သားဒီတစ်ခါ ထပ်အဖမ်းခံရရင် ခြေထောက်ကို ရိုက်ချိုးတော့မှာ ..."


အယ်လန့်ရင်ထဲ ခံစားသွားရပြီး ကောင်လေးကို ကယ်ဆယ်ရန် ရည်ရွယ်ချက်က ပို၍သန်မာလာသည်။


" အစ်ကိုကြီး ကျွန်တေယ်တို့နိုင်ငံမှာ ကလေးတွေကိုရောင်းဝယ်တာ ဥပဒေနဲ့ မလွတ်ကင်းဘူးနော် ... ဒါဆို ဒီကလေးက ခင်ဗျားသား မဟုတ်ဘူးပေါ့ ..."


" မင်းက ငါ့သားကို ဖမ်းခေါ်ချင်တာလား ...အခုငါ စိတ်မရှည်တော့ဘူး ..."


ရွာသားက အယ်လန်၏စကားများကို လျစ်လျူရှုလိုက်သည်။ သူစကားထပ်မပြောတော့ပဲ အယ်လန့်ကို လက်သီးနှင့်ထိုးရန် ပြင်လိုက်သည်။


အယ်လန်က ဖက်ရှင်နယ်ပယ်ထဲမှလူဖြစ်သည်။ Gymတွင် အားကစားလုပ်သူဖြစ်သော်လည်း ခန္ဓာကိုယ် အချိုးအစားအတွက်သာဖြစ်သည့်အတွက်  တိုက်ခိုက်နိုင်စွမ်း မရှိပေ။


ထို့ကြောင့် ထိုလူက လက်သီးဖြင့် ထိုးရန်ပြင်သည့်အခါ အယ်လန် ကြောက်လန့်သွားသည်။


လက်သီးက အယ်လန့်ကို သဲအိတ်ကဲ့သို့ ထိုးကြိတ်တော့မည့်အချိန်တွင် ဖြူဖွေးနူးညံသည့်လက်က အယ်လန့်မျက်စိရှေ့တွင် ပေါ်လာပြီးနောက် –