♎️Chapter 87
Main story Extra -4
13
ရှဲ့လင်က ကျောင်းကို ရီပို့တင်ရန်ထွက်သွားခဲ့သည်။
ဖုယွမ်ကျိုးက စီနီယာအထက်တန်းဖြစ်နေ၍ လိုက်မပို့ဖြစ်ခဲ့ပေ။ သူ့အတွက် ကျောင်းကိုစောစောတက်သင့်သည့်တိုင် သူဆန္ဒရှိလျှင် အတန်းမတက်ဘဲနေနိုင်သည်။ သို့သော် ခွဲခွာရသည့်ဝေဒနါကသူ့အတွက် ဝမ်းနည်းစေသည်။ သူအရင်မသွားချင်ပေ။ လူတိုင်းက သူ့ခံစားချက်ကိုနားလည်ထားပုံရပြီး မသွားခိုင်းကြပေ။
ကံကောင်းပြီး ရှဲ့လင်တက်ရမည့်ကျောင်းကမြို့နားမှာပင်ဖြစ်နေသည်။ သုံးနာရီကြာကားမောင်းသွားနိုင်ပြီး အဝေးကြီးမဟုတ်သောကြောင့် ရှဲ့လင်က ရက်အနည်းငယ်ခန့် သွားနေဟန်ဆောင်ပြီး ပိတ်ရက်များတွင် တွေ့ကြရန်စီစဥ်ထားကြသည်။ သူတို့တစ်နှစ်လုံးခွဲရမည်မဟုတ်၍ ကိစ္စမရှိပေ။
သူတန်းခွဲ ၁ ကိုပြန်လာချိန်တွင် ရန်ရှူးထန်နှင့်ထပ်တွေ့ရန်ဖြစ်လာခဲ့သည်။ သို့သော် စာသင်နှစ်ဝက်အစတွင် ရန်ရှူးထန်ကအတန်းလာမတက်ခဲ့ပေ။ သူစုံစမ်းလိုက်သည့်အခါ ရန်ရှူးထန်တွင်ဓာတ်မတည့်မှုဖြစ်နေပြီး မျက်နှာပေါ်အထိပါ အဖုအပိန့်များပြန့်သွားသောကြောင့် လက်ရှိတွင် အိမ်တွင်အနားယူနေရကြောင်းသိလိုက်ရသည်။
ဘယ်လိုလုပ်ဓာတ်မတည့်မှုဖြစ်ရတာလဲ။ ကြောင်မွှေးတွေနဲ့ထိသွားလို့များလား။
ရန်ရှူးထန်က ကြောင်မွှေးနှင့်ဓာတ်မတည့်ကြောင်း ဖုယွမ်ကျိုးလည်းသိထားပြီးဖြစ်ကာ ရန်ရှူးထန်တို့မိသားစုကလည်း အမွှေးမရှိသည့်ကြောင်ကိုမွေးထားခဲ့သည်၊၊ အခြားကြောင်များရောက်လာမည်မဟုတ်ပေ။
ထပ်မေးကြည့်လိုက်မှ ရန်ရှူးထန်၏မဆီလျော်သောအကြောင်းပြချက်ကိုရှာတွေ့သွားခဲ့သည်။ ၎င်းကကြောင်အသစ်မမွေးခဲ့သည့်တိုင် နွေရာသီတွင် လေလွင့်အကောင်ပေါက်လေးများကိုကယ်ဆယ်ရာ၌ ၎င်းတို့ကိုဂရုစိုက်ပေးပြီး ပရဟိတဝင်လုပ်ပေးခဲ့သည်။
ရန်ရှူးထန်၏ကာကွယ်ရေးပစ္စည်းများမှာ ကောင်းမွန်သည့်တိုင် ကယ်ဆယ်ရေးစခန်း၌မတော်တဆမှုတစ်ခုရှိခဲ့၍ အကာအကွယ်မဝတ်ဘဲ အလျင်စလိုလုပ်လိုက်မိသည်။ ပြဿနာက ချောချောမွေ့မွေ့ပြီးဆုံးသွားသော်လည်း ရန်ရှူးထန်၏ဓာတ်မတည့်မှုကပိုဆိုးလာခဲ့ကာ ကျောင်းပင်မတက်နိုင်တော့ပေ။ သူ့အရည်အချင်းအရ သူသည် အိမ်တွင်လည်း စာကိုပိုလေ့လာနိုင်မည်ဟု ဖုယွမ်ကျိုးတွေးမိလိုက်လေ၏။
"နောက်ကျရင်သတိထား"
သူရန်ရှူးထန်ကို WeChat မှတဆင့်စာပို့လိုက်သည်။
"ဓာတ်မတည့်တာက သာမန်ကိစ္စမဟုတ်ဘူး..နောက်တခါကျရင် မင်းဆေးကြိုသောက်ထားသင့်တယ်..ကျန်းမာရေးကအရေးကြီးဆုံးပဲလေ"
သို့သော် ပြောပြီးသည်နှင့် သူစကားများမိသလိုခံစားလိုက်ရသည်၊၊ လူတွေက သူတို့ခန္ဓာကိုယ်တော့ သူတို့ဂရုစိုက်နိုင်ပါတယ်...ကံကောင်း၍ ရန်ရှူးထန်က သူ့ကိုတမျိုးမတွေးဘဲ ချက်ချင်းစာပြန်လာသည်။
"ကျေးဇူးပါပဲ...ငါနောက်ဆိုသတိထားပါ့မယ်"
သူသည်ကား အမြဲ စိတ်ကိုဦးစားပေးသူဖြစ်နေခဲ့သည်။ ဖုယွမ်ကျိုးက ထိုသူအတွက် ကိုယ်တိုင်မှတ်စုရေးပေးရန်စဥ်းစားလိုက်သည်၊၊ ၎င်းက အကူအညီသေးသေးလေးသာဆိုသော်လည်း ပြန်ပေးရန်အားစိုက်ထားလိုက်လေသည်။
အခြားအကြောင်းပြချက်များရှိသေးသော်လည်း ရန်ရှူးထန်က အားလုံးကိုဂရုစိုက်ပေးခဲ့သည်။ ဖုယွမ်ကျိုးသည်စိတ်မကောင်းသလိုခံစားလိုက်ရသောကြောင့် ရန်ရှူးထန်ကိုမေးလိုက်လေသည်။
"မင်းဘာလို့ပရဟိတလုပ်ချင်ရတာလဲ...အဲဒါကအရမ်းခက်တယ်နော်..အကောင်ပေါက်လေးတွေကိုကိုင်ရတာကြိုက်လို့လား"
"အဲဒါကပင်ပန်းပေမဲ့..လုပ်ရတာအဓိပ္ပါယ်ရှိတယ်"
ရန်ရှူးထန်: "ငါကတိရစ္ဆာန်လေးတွေကိုချစ်တတ်တယ်..အဲဒီတော့ သူတို့ကိုကာကွယ်ပေးချင်တာပေါ့..သူတို့ကိုစားစရာလေးတွေနဲ့စောင်လေးတွေပေးမယ်...မွေးမယ့်မိသားစုကိုလိုက်ရှာမယ်..သူတို့အဆင်ပြေနေတာတွေ့ရင် ငါလည်းပျော်ရတယ်...အဲဒါကအရမ်းပျော်စရာကောင်းတယ်လေ..."
ဖုယွမ်ကျိုးက အနည်းငယ်ရှက်စိတ်ဝင်သွားမိသည်။ သူလည်းတိရစ္ဆာန်လေးများကိုသဘောကျစေကာမူ ထိုအထိမလုပ်နိုင်ပေ။ သို့သော် စိတ်ဝင်စားပြီးလုပ်ရန်အသင့်ဖြစ်နေသောကြောင့် ရန်ရှူးထန်ကို နည်းနည်းထပ်မေးကြည့်လိုက်၏။
"ငါ့ကို ဓာတ်ပုံလေးတွေပြပါလား"
ဓာတ်ပုံထဲတွင် ကြောင်နှင့်ခွေးလေးများက သူ့ခြေထောက်အနားတွင်ရှိနေကြသည်။ ရန်ရှူးထန်က mask နှင့်လက်အိတ်များဝတ်ထားသောကြောင့် ၎င်းတို့ထဲတွင် အသိသာဆုံးဖြစ်နေ၏။ ထိုသူသည် နက်မှောင်တောက်ပသည့်မျက်လုံးတစ်စုံကိုသာဖော်ပြထားလေသည်။
"ဒီကြောင်လေးကလှတယ်"
ဖုယွမ်ကျိုးက ကြောင်ဖြူကြီးတစ်အုပ်ကို screen shot ရိုက်ကာ ရန်ရှူးထန်ကိုပို့ပေးလိုက်သည်။
"အိမ်မွေးကြောင်ထင်တယ်..ဈေးကသေးမှာမဟုတ်ဘူး...လာပစ်သွားတာလား"
"သူကမွေးရာပါနေမကောင်းတာ..အသက်ရှင်ဖို့တောင်တော်တော်ရုန်းကန်နေရတယ်..အခုတော့ပျောက်သွားပါပြီ"
"ဆန်းကြယ်လိုက်တာ"
ဖုယွမ်ကျိုးကပြောလိုက်သည်။
"သူကမင်းကိုကပ်တယ်ထင်တယ်နော်...မင်းခြေထောက်နားမှာပွတ်သပ်နေတယ်"
"ဟုတ်တယ်..သူကငါ့ကိုဆိုချစ်တယ်လေ"
"မင်းကောင်းတာတွေကျွေးလို့များလား"
"ငါကသူ့ကိုဂရုစိုက်ပေးတာကိုး"
ရန်ရှူးထန်ကပြန်ဖြေလာသည်။
"အခြားလူတွေကသူ့ကို အသက်မရှင်နိုင်တော့ဘူးလို့ပဲတွေးထားကြတာ"
"ကံကောင်းလို့..သူအသက်ရှင်နေသေးတယ်..မင်းကတကယ်ကိုအံ့ဖွယ်ပဲ!"
သူတို့ ခဏတဖြုတ်ခန့်စကားပြောဖြစ်ခဲ့ကြသည်၊၊ ဖုယွမ်ကျိုးကအတန်းပြန်သွားရမည်ဖြစ်သောကြောင့် ရန်ရှူးထန်နှင့်စကားပြောနေခြင်းကိုရပ်လိုက်သည်။
အိမ်တွင်အနားယူနေရသောရန်ရှူးထန်သည် ဖုန်းကိုကိုင်ထားရင်း နှစ်ယောက်ကြားမှ စကားပြောထားသည့်စာများကိုကြည့်နေလေသည်။ သူကြောင်များနှင့်စကားပြောရခြင်းကို စွဲလန်းနေသည့်အကြောင်းပြချက်အား ဖုယွမ်ကျိုးကိုမပြောပြခဲ့ပေ။
ကြောင်လေးကို ၎င်း၏သခင်က ကယ်ဆယ်ရေးအဖွဲ့၏တံခါးဝသို့ တိုက်ရိုက်လာထားခဲ့ခြင်းဖြစ်သည်။ ၎င်းကို သေတ္တာလေးထဲတွင်ထည့်ထားခဲ့သည်။ ပိုက်ဆံလည်းထည့်ထားပြီး သုံးနေကျပစ္စည်းလေးများလည်းပါသည်။ ကြောင်အမည်ကို ကတ်အသေးလေးတွင်ရေးထားခဲ့သည်။
ယွမ်...
နာမည်ကြောင့် ရန်ရှူးထန်သည် ကြောင်လေးမည်မျှနေမကောင်းဖြစ်နေပါစေ ဂရုစိုက်ပေးချင်ခဲ့သည်။ ကယ်တင်ရန်မလိုအပ်ဘဲ မသေချာမရေရာသည့်တိုင် သူ သည်အတိုင်းလွှတ်မထားနိုင်ခဲ့ပေ။
နာမည်လေးတစ်ခုဖြစ်နေလျှင်ပင်...
14♎️
ရှဲ့လင်နှင့်အတူရှိလာခဲ့သည့်နောက် ဖုယွမ်ကျိုးသည် အတိတ်ဘဝမှဖြစ်ရပ်တို့ကို အိပ်မက်မက်ခြင်းမရှိတော့သော်လည်း ရှဲ့လင်ခရီးထွက်သွားသည့်အခါ ၎င်းအိပ်မက်တို့နှင့်နောက်တကြိမ်ရင်ဆိုင်ရပြန်သည်။ အိပ်မက်မှာ ဆေးရုံတွင်ရှဲ့လင်နှင့်လမ်းခွဲခဲ့ရချိန်ကအကြောင်းပင်။
ဤတခေါက်တွင် သူကအိပ်မက်ထဲ၌ကိုယ်တိုင်ပါဝင်နေရခြင်းမဟုတ်ဘဲ ရှဲ့လင်၏ရှုထောင့်မှကြည့်နေခဲ့ရခြင်းဖြစ်သည်။ သူသည် ရှဲ့လင်အတွေးနှင့်ခံစားချက်တို့ကို ဝင်ခံစားကြည့်နိုင်နေခဲ့၏။
ဆေးရုံအတွင်း ရှဲ့လင်ကဖုယွမ်ကျိုးကို ရှန်းရှီကောနှင့်အဆက်အသွယ်ဖြတ်ရန်တိုက်တွန်းနေခဲ့သည်။ သို့တစေ ဖုယွမ်ကျိုးကနားမထောင်ဘဲ ရှဲ့လင်ကိုမောင်းထုတ်လိုက်လေ၏။ ယခုတော့ ထိုစဥ်က ရှဲ့လင်၏ခံစားချက်ကိုသူနားလည်သွားခဲ့ပြီ။ ၎င်းမှာ အသက်မရှူနိုင်လောက်အောင်စိတ်ဓာတ်ကျသွားခဲ့ရရှာပြီး သူ့ကြောင့် ရှဲ့လင်နာကျင်သွားရပြီဖြစ်ကြောင်း သူကိုယ်တိုင်လည်းသိသွားခဲ့သည်။
"ဒါဆိုလည်း ငါတို့ငါတို့စကားထပ်ပြောစရာမလိုတော့ဘူးပေါ့..."
ရှဲ့လင်ကလှည့်ထွက်သွားလေသည်။ ဖုယွမ်ကျိုးသည်ကား သူလက်ဖျံမှ တဆစ်ဆစ်နာကျင်မှုကိုပင်ခံစားနေရသယောင်။ ရှဲ့လင်က အသားထဲသို့လက်သည်းခွံများစိုင်ဝင်နေသည်အထိ လက်သီးဆုပ်ထားခဲ့သည်။ သေချာပြန်တွေးကြည့်ပါက ရှဲ့လင်ပြောလိုက်သောစကားမှာ သူ့စိတ်ကိုဗလာအတိငြိမ်သက်သွားစေခဲ့သည်။
တကယ်တမ်းတွင် ရှဲ့လင်က ထွက်မသွားခဲ့ဘဲ အမှောင်တနေရာတွင်ရပ်ရင်း ဖုယွမ်ကျိုးကိုကြည့်နေခဲ့သည်။
ဖုယွမ်ကျိုး သူ့ကိုမြင်လေမလားဟု စောင့်မျှော်နေခဲ့သည်။
ရှဲ့လင်သည် အမျိုးမျိုးသောဖြစ်ရပ်များကြောင့် ရှန်းရှီကော၏ရည်ရွယ်ချက်ကို သံသယရှိနေခဲ့သည်။ သို့သော်လည်း ပြစရာသက်သေကမရှိပေ။ ရှန်းရှီကောကအလွန်အန္တရာယ်ရှိသည့်လူတစ်ယောက်ဟု သူယူဆထားခဲ့သည်။ ရှန်းရှီကောကြောင့် သူနှင့်ဖုယွမ်ကျိုးတို့ မကြာခဏစကားများခဲ့ရပြီး ဖုယွမ်ကျိုးကိုလွှတ်ပေးရန် ရှန်းရှီကောကိုပြောခဲ့သေးသည်။ ယင်းကိုပင် ဖုယွမ်ကျိုးကနားမထောင်ပေ။
ထို့ကြောင့် သူအလောင်းအစားလုပ်ကြည့်လိုက်သည်။ ဖုယွမ်ကျိုးကို သူနှင့်ရှန်းရှီကော နှစ်ယောက်ထဲမှတစ်ယောက်ကို ဖိအားပေးရွေးချယ်ခိုင်းခဲ့သည်။
သူလည်း ယခုလောက်အထိမလုပ်ချင်သည့်တိုင် ဖုယွမ်ကျိုးသာရှန်းရှီကောနှင့်အဆက်အသွယ်မဖြတ်လျှင် နောက်ပြန်လှည့်မရမည့် အကျိုးဆက်တို့ကို သူကြိုတင်ခန့်မှန်းထားနိုင်ခဲ့သည်။
သို့သော်လည်း သူရှုံးသွားခဲ့သည်။ ဖုယွမ်ကျိုးကသူ့ကိုလိုက်မရှာခဲ့ပေ။ ရှန်းရှီကောက ထိုသူကိုခေါ်ထုတ်သွားခဲ့သည်။ အနှီသူက ရှန်းရှီကောကိုရွေးချယ်သွားခဲ့သည်။
ရှဲ့လင်ကမူ ဘယ်လိုလုပ် ဖုယွမ်ကျိုးကိုစွန့်ပစ်နိုင်ပါမည်နည်း။ သူနေ့တိုင်း ဖုယွမ်ကျိုးကိုခေါ်နေသော်လည်း ရှန်းရှီကောကအရင်လှုပ်ရှားခဲ့သည်၊၊ ဖုယွမ်ကျိုးက တခါမှသူခေါ်သည့်အသံကိုမကြားခဲ့ပေ။ သူဖုယွမ်ကျိုးကို အကြိမ်ရေများစွာခေါ်ခဲ့လည်း ရှန်းရှီကောက သူ့ထက်ကြိုသိနေခဲ့သည်၊၊ ၎င်းက အမြဲသတင်းကြိုရပြီး ဖုယွမ်ကျိုးကိုခေါ်ထုတ်သွားတတ်သောကြောင့် သူတို့မတွေ့နိုင်ခဲ့ပေ။
ရှဲ့လင်က အခြားသူများ၏အကူအညီဖြင့် ဖုယွမ်ကျိုးကိုဖုန်းခေါ်ရန် သို့မဟုတ် ချိန်းရန်စီစဥ်ခဲ့သေးသည်။ သို့တိုင် ရှန်းရှီကောက ကဖျက်ကယက်ဝင်လုပ်သလို ရှဲ့လင်ကလည်း ဖုယွမ်ကျိုးမိသားစု၏ကုမ္ပဏီဖြင့် အလုပ်များနေခဲ့ရသည်။ ဖုယွမ်ကျိုးပျောက်သွားသည်အထိ တွေ့ရန်အချိန်မရတော့ဘဲ လဝက်ကျော်အထိကြာသွားခဲ့သည်။
ဖုယွမ်ကျိုးပျောက်သွားသောကြောင့် ရဲများကစုံစမ်းကြည့်ရာတွင် ရှန်းရှီကောနှင့်အတူနိုင်ငံခြားထွက်သွားသည်ဟု အဖြေရခဲ့သည်။ သံရုံးကိုအကြောင်းကြားပြီးရှာဖွေရန်မှာလည်း ခက်ခဲနေခဲ့ပြီး ရှန်းရှီကောကလည်း အတိအကျဖြေရှင်းထားခဲ့သည်။ ထို့ကြောင့် သူတို့နိုင်ငံခြားထွက်သွားသည်နှင့် သဲလွန်စများအားလုံးလည်းပျောက်သွားလေတော့၏။
ရှဲ့လင်ကလက်မလျှော့ခဲ့ပေ။ နိုင်ငံခြားမှမိသားစုအဆက်အသွယ်ဖြင့် နည်းမျိုးစုံသုံးကာရှာဖွေခဲ့သည်။ တရားမဝင်နည်းလမ်းများပင်ပါခဲ့သေးသည်။ သို့သော်လည်း ဖုယွမ်ကျိုးနှင့်ရှန်းရှီကောက အငွေ့ပျံပြီးပျောက်သွားသလိုဖြစ်နေကာ အချိန်အတန်ကြာသည်အထိ သတင်းမကြားရဘဲရှိနေခဲ့သည်။
ရှန်းရှီကောကိုဖိအားပေးနိုင်စေရန် ရှဲ့လင်မှာနိုင်ငံခြားအထိသွားပြီး ရှန်းရှီကောမိသားစုနှင့် စီးပွားရေးအရပြိုင်ဆိုင်ခဲ့သည်။ နောက်ဆုံး ရှန်းရှီကောအမေထံမှ သတင်းတစ်ခုရလာခဲ့သည်။
သူမကရူးနေသူဖြစ်ပြီး သူမစကားများကလည်း အရူးချီးပန်းသလို တောင်စဥ်ရေမရရှုပ်ထွေးနေသည်၊၊ ရှဲ့လင်မှလွဲပြီး ဘယ်သူမှမယုံကြပေ။ ယင်းကရေကုန်ရေခမ်းကြိုးစားပြီးမှရလာခဲ့သည့် တစ်ခုတည်းသောသဲလွန်စလေးပင်။ ဖြစ်နိုင်ချေနည်းလျှင်ပင် သူလက်မလျှော့ချင်ပေ။ သူဖုယွမ်ကျိုးကိုပြန်ခေါ်ချင်သည်။
သူ ဖုယွမ်ကျိုးကို အနောက်တွင်တစ်ယောက်တည်းမထားရစ်ခဲ့နိုင်ပေ။
အတိတ်ဘဝကလည်း ဤအတိုင်း၊ လက်ရှိလည်း ဤအတိုင်း၊ နောင်အနာဂတ်တွင်လည်း ဤအတိုင်းဖြစ်နေဦးမည်သာ။
ဘာပဲဖြစ်ဖြစ်။
ဖုယွမ်ကျိုးသည် အရည်လဲ့နေသည့်မျက်ဝန်းတစ်စုံဖြင့် အိပ်မက်မှနိုးထလာခဲ့လေပြီ။
ဤသည်မှာ အိပ်မက်တစ်ခုပင်။ အသိစိတ်လွင့်မျောနေချိန်တွင် ကြုံလိုက်ရသည့် ပျော်စရာအခိုက်အတန့်လေးတစ်ခုသာ။ အစစ်အမှန်မဟုတ်သည့် သေချာသည့်အရာတစ်ခုတော့ရှိနေခဲ့သည်။
ရှဲ့လင်ကသူ့ကိုဘယ်တော့မှမစွန့်ပစ်ထားခဲ့ပေ။ သူတို့အမြဲတမ်း အတူရှိနေခဲ့ကြသည်။
15♎️
ကောလိပ်ဝင်ခွင့်စာမေးပွဲက ရောက်လာခဲ့ပြီ။ မနှစ်ကမူ ဖုယွမ်ကျိုးက ကျောင်းအပြင်တွင်ရပ်ပြီးရှဲ့လင်ကိုစိတ်လှုပ်ရှားစွာဖြင့် စောင့်ခဲ့ရသည်။ ဤနှစ်၌ သူ့အလှည့်ဖြစ်သွားခဲ့ပြီ။ ၎င်းနှင့်မတူညီဘဲ သူသည်ကား သာမန်ထက်ပိုတည်ငြိမ်နေခဲ့သည်။ အမှတ်ထွက်လာသည့်အခါ သူထင်ထားခဲ့သည်ထက်ပင်ပိုမြင့်မားနေခဲ့သည်။ အမှတ်နှစ်ဆယ်နီးပါးရရှိခဲ့၏။
သူသည်ကား အောင်အောင်မြင်မြင်ဖြင့် ရှဲ့လင်တက်သည့်ကျောင်းကိုဝင်ခွင့်ရခဲ့ပြီး ရှဲ့လင်နှင့်ဘာသာရပ်လည်းတူခဲ့သည်။ သူသည်ကား ရှဲ့လင်၏ဂျုနီယာတစ်ယောက်ဖြစ်လာခဲ့ပြီ။ ရှဲ့လင်က ကျောင်းသားသစ်ကြိုဆိုပွဲကိုလာသည့်အခါ ဖုယွမ်ကျိုးကပြုံးလျက် "စီနီယာရှဲ့" ဟုခေါ်ခဲ့သည်။ ထိုအချိန်က ရှဲ့လင်သည်မတုံ့ပြန်ခဲ့သော်လည်း ပွဲပြီးသွားသည်နှင့် သူ့အား အခန်းလွတ်တစ်ခုထဲသို့ဆွဲခေါ်သွားခဲ့ပြီး မွတ်သိပ်ပြင်းပြစွာဖြင့်နမ်းလာခဲ့သည်။
သူတို့ကောလိပ်တက်နေချိန် ရှဲ့လင်ကအပြင်တွင် တိုက်ခန်းငှားခဲ့သည်။ သို့တစေ မိဘများကမူ ဖုယွမ်ကျိုးနှင့်အတူနေခွင့်မပေးခဲ့ပေ။ ဖုယွမ်ကျိုးက ရှဲ့လင်နေသည့်တိုက်ခန်း၏ ဘေးအခန်းကိုငှားပြီး တတိယအကြိမ်မြောက် အိမ်နီးချင်းများဖြစ်လာခဲ့ကြပြန်သည်။
16 ♎️
ယွမ်ယဲ့နှင့်ရန်ရှူးထန်တို့လည်း စာမေးပွဲအောင်သွားခဲ့ကြ၏။ နှစ်ယောက်လုံး အဆင့်ကောင်းကောင်းဖြင့်အောင်မြင်ခဲ့ကြသည်။ ယွမ်ယဲ့က e-sport မေဂျာဖြင့် အခြားကျောင်းကိုပြောင်းသွားရပြီး ဆက်သွယ်ရေးလည်းပိုပြီးအဆင်ပြေသွားခဲ့သည်။ ထို့ကြောင့် သူသည် အသင်းကိုထရိန်နင်သွားဆင်းနိုင်ပြီး ရန်ရှူးထန်ကမူ အဘိုးဖြစ်သူကြောင့်ပြောင်းသွားခဲ့ရသည်။ သူ၏အဘိုးက ကျောင်းတွင်ပရော်ဖက်ဆာဖြစ်ခဲ့၏။ နောင်အနာဂတ်တွင် ထိုသူသည် အဘိုး၏ခြေရာအနောက်ကိုလိုက်ပြီး ကျောင်းကိစ္စတို့ကိုစီမံပေးနိုင်လိမ့်မည်။
ယွိဖေးတစ်ယောက်တည်းသာ သူ၏အချိန်ဇယားများကြောင့် ထျန်းချန်တွင် စာဆက်သင်ရန်ကျန်နေခဲ့ရသည်။ သူက ရှဲ့လင်နှင့်ဖုယွမ်ကျိုးကိုတွေ့ရန် ကောလိပ်ကိုမကြာခဏလာလည်တတ်လေ၏။
ယွိဖေးနှင့်ညစာစားရရန်မှာ မလွယ်ကူပေ။ သည်နှစ်များအတွင်း၌ ထိုသူသည် အလျင်အမြန်နာမည်ကြီးလာခဲ့ပြီး သူသွားသည့်နေရာတိုင်းတွင် လူများကလည်းမှတ်မိလာကြ၍ လူစုလူဝေးကြီးဖြစ်လာစေတတ်သည်။ မစားမှီ သူ့မှာပုန်းနေရရှာပြီး တစ်ခါကဆိုလျှင် ဖုယွမ်ကျိုးနှင့်စကားပြောနေသည့်ပုံပင် သတင်းဖြစ်သွားခဲ့သေးသည်။ ကံကောင်း၍ မကြာခင်မှာပင်ဖြေရှင်းလိုက်နိုင်ခဲ့၏။
ယွိဖေးက သတင်းအမှားများဆိုလျှင် ဂရုမစိုက်ပေ။ သို့သော်လည်း ဖုယွမ်ကျိုးကမူ ငိုချင်စိတ်ဖြစ်လာရသည်။ ထိုပေါက်ကရသတင်းများကြောင့် ရှဲ့လင်ကသူ့ကိုစိတ်ဆိုးတတ်လာပြီး မှတ်သားလောက်သည်အထိ နှိပ်စက်လာတတ်သည်၊၊ အချိန်အကြာကြီးလက်တွဲလာခဲ့ကြသည့်အခါ အတူအိပ်စက်ပြီးအပျော်ရှာခြင်းမှာလည်း လုံးဝရှောင်မရတော့သည့်ကိစ္စဖြစ်လာခဲ့သည်။ အစကမူ ဖုယွမ်ကျိုးသည် heatကာလကြောင့် ရှဲ့လင်ကိုအကူအညီတောင်းခဲ့ခြင်းဖြစ်သည့်တိုင် နောက်ပိုင်းတွင် သူကလည်းစိတ်မထိန်းထားနိုင်တော့ပေ။ ရှဲ့လင်က သူ့ကိုဘယ်လိုကစားရမှန်းသိနေပြီး နေရာမျိုးစုံမှစမ်းသပ်ခဲ့သည်။ ထိုအချိန်က သူနှင့်ရှဲ့လင်တို့နှစ်ယောက်လုံး ဖြူစင်ခဲ့ကြသေး၏။
17 ♎️
အားလုံးအဆင်ပြေနေခဲ့သည်။ ယွိဖေးသည်လည်း အနုပညာလောကထဲတွင်အောင်မြင်နေခဲ့သည်။ ထိပ်တန်းစာရင်းဝင် ရုပ်ရှင်စတားတစ်ယောက်ပင်ဖြစ်လာနိုင်သော်လည်း သရုပ်ဆောင်သင်တန်းတက်ပြီးမှ ရုပ်ရှင်နှင့်တီဗွီရုပ်သံဆုတို့ကို အကြိမ်ကြိမ်ပိုင်ဆိုင်နိုင်ခဲ့လေသည်။
ယွမ်ယဲ့ကိုမူ e-sport လောကမှ အိပ်မက်ဆိုးမွန်းစတားဟုတင်စားရပေမည်။ ထိုသူသည် ပြိုင်ပွဲထောင်ချီကိုအောင်နိုင်ခဲ့ပြီး ချန်ပီယံဆုတို့ကိုအရယူကာ အခြားအသင်းများကိုအပြတ်အသတ်အနိုင်ရခဲ့၏။ ပရိုဖက်ရှင်နယ်လိဂ်အဖွဲ့အစည်းများပင် ထိုသူကြောင့် ဂိမ်းစည်းမျဥ်းတို့ကို အသစ်ပြင်ရသည်အထိဖြစ်လာခဲ့သည်။
ရန်ရှူးထန်သည် အဆင့်ခုန်တက်သွားခဲ့ပြီး သုသေသီအဖြစ် တာဝန်ထမ်းဆောင်ရန် တိုက်ရိုက်အကြံပေးခံရလေသည်။ နောက်ပိုင်း၌ သူသည် နေ့စဥ် သုသေသနအခန်းထဲတွင်အသင်းနှင့် အလုပ်လုပ်ခဲ့ရပြီး ဂိမ်းကစားသလိုပင် SCI စာရွက်တို့ကိုထုတ်ဝေခဲ့ရသည်။ ထို့နောက် အနှီသူသည် မကြာသေးခင်က ပရောဂျက်ကြီးတစ်ခုကိုအောင်မြင်နိုင်ခဲ့ကြောင်း အကြောင်းကြားလာခဲ့သည်။ ကနဦးမှာတင် အဆိုပါပရောဂျက်ကြောင့် ယွမ်ငွေဘီလီယမ်နှင့်ချီကာကုန်ကျခဲ့သည့်တိုင် အောင်မြင်မှုကြီးရရှိခဲ့သည်၊၊ ထိုသူသည် လေလွင့်တိရစ္ဆာန်ငယ်လေးများကိုကယ်တင်နိုင်ခဲ့ပြီး တောရိုင်းတိရစ္ဆာန်လေးများကိုကာကွယ်နိုင်ရန် ရန်ပုံငွေကောက်ခံနိုင်ခဲ့ခြင်းက အပျော်ရွှင်ရဆုံးကိစ္စပင်ဖြစ်ကြောင်း မျှော်ငေးရင်းပြောလာခဲ့သေးလေ၏။
ရှန်းရှီကောသည် ကမ္ဘာအနှံ့ခရီးသွားနေရင်း ဖုယွမ်ကျိုးကို ပို့စကတ်လေးများအား ပုံမှန်ပို့ပေးနေခဲ့သည်။ နှစ်နှစ်အကြာတွင် ရှဲ့လင်နှင့်ဖုယွမ်ကျိုးတို့ မင်္ဂလာပွဲကြောင့်ပြန်ရောက်လာပြီး မင်္ဂလာဆောင်ကိုလည်းလာတက်ခဲ့သည်။
"လက်ထပ်ပွဲကိုဂုဏ်ပြုပါတယ်..."
လက်ထပ်ညစာစားပွဲအကြိုနေ့တွင် ရှန်းရှီကောကသူတို့နှစ်ယောက်ကိုတွေ့ပြီး ဆုတောင်းစကားပြောခဲ့သည်။ နှစ်အတော်ကြာမတွေ့လိုက်ရသည့်အခါ သူ၏အပြုအမူအနေအထိုင်တို့ကပြောင်းလဲသွားခဲ့၏၊၊ ပိုရင့်ကျက်လာသည်။ ပိုနူးညံ့လာပြီး ပိုကြည့်ကောင်းလာခဲ့သည်။ သူ၏မျက်လုံးပြာတို့က လူများကိုဝေ့ကြည့်နေပြီး စားသောက်ဆိုင်ထဲမှ လူတဝက်လောက်ကိုဆွဲဆောင်ထားခဲ့သည်။ သူနောက်တကြိမ်ပြုံးလာသည့်အခါ လူတိုင်းမိန်းမောသွားကြလေ၏။
"ဘယ်လိုခံစားရလဲ..."
သူက သူတို့နှစ်ယောက်ကိုမေးလာခြင်းပင်။
"အိပ်မက်မက်နေသလိုပဲ..."
ဖုယွမ်ကျိုးကလည်းပြန်ဖြေလိုက်သည်။ အချိန်များကကြာခဲ့ပြီဆိုသော်လည်း ရက်နီးကပ်လာသည့်အခါ သူအိပ်မက်မက်နေသလိုခံစားနေရလေသည်။
ဖုယွမ်ကျိုး: "ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်..."
"မင်းရောပဲ..."
ညစာစားပြီးသည့်အခါ ရှန်းရှီကောကိုနှုတ်ဆက်ခဲ့ကြပြီး ရှဲ့လင်ကဖုယွမ်ကျိုးကို စားသောက်ဆိုင်အပြင်ဘက်သို့ဆွဲခေါ်လာခဲ့သည်။ ဆောင်းဦးရာသီအချိန်ဖြစ်နေ၍ ရာသီဥတုကသာယာပြီး သူတို့လည်းဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့ကြ၏။
"ငါတကယ်မင်းနဲ့လက်ထပ်ချင်ခဲ့တာပါ..."
ဖုယွမ်ကျိုးက အရင်ပြောလိုက်သည်။
"ကိုယ်တို့ကလက်ထပ်ပြီးသားပါကွာ.."
ရှဲ့လင်ကပြန်ပြောလာခဲ့၏။ တရားဝင်မင်္ဂလာမဆောင်ရသေးလင့်ကစား သူတို့သည် လွန်ခဲ့သည့်နှစ်ရက်တည်းက လက်ထပ်မှတ်ပုံတင်ခဲ့ကြသည်။
"ဟုတ်သားပဲ.."
ဖုယွမ်ကျိုးက စကားပြန်လာသည်။ ဘေးမှရှဲ့လင်ကိုကြည့်ပြီး ရုတ်တရက် စိတ်ပေါ့ပါးသွားသလိုခံစားရသည်။ လက်တွေ့တွင် သူတို့လက်ထပ်ခဲ့ကြလျှင်ပင် အပြောင်းအလဲကြီးဖြစ်မည်မဟုတ်ပေ။ သူ့ကိုအဖော်ပြုပေးနေသူက အမြဲရှဲ့လင်ဖြစ်နေဦးမည်ပင်။ အနာဂတ်တွင်လည်း ထိုအတိုင်းပင်ဖြစ်ပြီး ဘယ်သောအခါမှပြောင်းလဲသွားမည်မဟုတ်ပေ။
"မနက်ဖြန် မနက်အတွက် ဘာစားကြမှာလဲ..."
သူသည် နောက်ထပ်မေးခွန်းတစ်ခုကို အမြန်ပြောင်းမေးလိုက်၏။ လက်ထပ်မှတ်ပုံတင်ပြီးသည့်တိုင် သူတို့သည် အသက်ကြီးသည့်စုံတွဲများလိုပင်ဖြစ်နေပြီး ခေါင်းရှုပ်မခံကြပေ။
"မင်းသဘောပဲလေ..."
ဖုယွမ်ကျိုးမှာ အတော်လေးပျော်နေပြီး ရှဲ့လက်လက်ကိုအရင်ကိုင်လိုက်သည်။ နှစ်ယောက်သားသည် ဝေးသထက်ဝေးစွာလျှောက်သွားကြကာ သူတို့အနောက်တွင်မူ တိတ်ဆိတ်သည့်ညလေးက တိုးဝင်လာလေ၏။
သူတို့သည်ကား ဘဝတလျှောက်လုံးကို အတူဖြတ်ကျော်သွားကြပေတော့မည်။
♎️