Chapter 90
Viewers 4k

♎️Chapter 90

Another life -3



ဖုယွမ်ကျိုးသည်ကား အရက်မူးနေ၏။ သူကိုယ်တိုင်ပြောနေသည့်စကားကိုပင် သေချာမသိပေ။ ရှဲ့လင် သူ့အနားတွင်ထိုင်နေသည်ကိုသာသိလေသည်။ ၎င်းက ကြယ်သီးကိုပင်မဖြုတ်နိုင်တော့၍ ရှဲ့လင်ကိုအကူအညီတောင်းနေခြင်းသာဖြစ်သည်။


ရှဲ့လင်မှာ အဝတ်စထောင့်စွန်းကိုအဆွဲခံထားရရင် ထိုင်မြဲအတိုင်းထိုင်နေသည်။ ထွက်သွားခြင်းလည်းမရှိသလို အကူအညီလည်းမပေးပေ။ ဖုယွမ်ကျိုးက ခဏတဖြုတ်ခန့်ထိုင်စောင့်နေပြီး မည်သည့်လှုပ်ရှားသံကိုမှမကြားရသည့်အခါ မျက်လုံးကိုတဝက်ဖွင့်လိုက်သည်၊ ဘေးမှပုံရိပ်လေးကို ဝိုးတဝါးမြင်လိုက်ရပြီးနောက် လှမ်းခေါ်လာ၏။ 


"ရှဲ့လင်..."


အလင်းရောင်မှာ မှုန်ဝါးနေ၏၊၊ သူ့တကိုယ်လုံးကအရက်ရှိန်ကြောင့်ပူလောင်နေသည်၊၊ မျက်နှာမှာနီမြန်းနေကာ နဖူးတွင်လည်း ချွေးစအနည်းငယ်ရှိနေ၏။ သူသည်ကား ရှဲ့လင်နာမည်ကိုလှမ်းခေါ်ရာတွင်ပင် အားမရှိသလိုဖြစ်နေလေသည်။ 


သူ့အတွက် ဝေယျာဝစ္စလုပ်ပေးရန် ခိုင်းစေနေသလိုပင်။


ရှဲ့လင်က အိပ်ရာအစွန်းတွင်ထိုင်နေရင်း သူ့လက်ကိုကိုင်ကာ အိပ်ရာပေါ်တွင်ထိုင်စေပြီး သူ့အားပွေ့ဖက်လိုက်သည်။ ဖုယွမ်ကျိုးမှာ မူးဝေနေရာမှအိပ်ချင်စိတ်သို့ကူးပြောင်းသွားပြီး ရှဲ့လင်ကိုသူ့သဘောအတိုင်း လုပ်ခွင့်ပေးထားလေသည်။


ထိုသူက ကြယ်သီးကိုတစ်လုံးချင်းဖြုတ်လိုက်သည်၊ ကျစ်လျစ်သည့်ရင်ဘတ်နှင့်ခါးတို့က တစ်ဆင့်ချင်းပေါ်လာပြီးနောက် ပုခုံးနှင့်ကျောပြင်တို့က မြင်ကွင်းထဲတွင်ပေါ်လာခဲ့သည်။ ထိုသူ၏အသားအရေကဖြူလွန်းသော်လည်း ယခုမှာမူပန်းရောင်သန်းနေပြီး ညို့ငင်မှုအသွင်တမျိုးကိုဆောင်ထားလေသည်။


ရှဲ့လင်၏လှုပ်ရှားမှုက တဖြည်းဖြည်းနှင့်နှေးကွေးလာခဲ့သည်။ ရှပ်အင်္ကျီကိုချွတ်ပေးပြီးနောက် ဆက်မလှုပ်ရှားတော့ပေ။ ထိုသူစကားပြောရာတွင် အသံကတည်ငြိမ်နေသည့်တိုင် ခပ်အက်အက်ဖြစ်နေသလိုပင်။ 


"ကျန်တာကိုမင်းဟာမင်းချွတ်တော့.."


"မင်းမချွတ်ပေးတော့ဘူးလား..."


ဖုယွမ်ကျိုးသည်ကား အင်မတန်အိပ်ချင်နေလေရာ ခြေတဖက်ကိုရှဲ့လင်ပေါ်ပစ်တင်ပြီး အမှုမထားသလို ခြေနှစ်ဖက်ကိုခွဲလိုက်လေသည်။

 "ချွတ်ပေးကွာ..."


ရှဲ့လင်ကသူ့ခြေထောက်ကိုအောက်ချပေးပြီး စောင်ဖြင့်အုပ်လိုက်သည်။ 

"အိပ်တော့..မအိပ်ခင်ရေချိုးဖို့လည်းမမေ့နဲ့ဦး...".


ထို့နောက် သူက သုတ်သီးသုတ်ပြာနှင့်ထွက်သွားခဲ့သည်။


အိပ်ရာမှာနွေးထွေးပြီး အိပ်ခန်းမှာလည်းတိတ်ဆိတ်သည်။ ဖုယွမ်ကျိုးသည် မြနိမြန်ဆန်ဆန်ပင်အိပ်ပျော်သွားပြီး တစ်နာရီခွဲကျော်မှာပင်ပြန်နိုးလာခဲ့၏။ 


သူသန်းဝေကာနိုးထလာပြီး အိပ်ရာပေါ်တွင်တဒင်္ဂမျှထိုင်နေခဲ့သည်။ ရှဲ့လင်သူ့ကိုပြောသည့်စကားအတိုင်း နာခံစွာဖြင့်အဝတ်အစားလဲကာ ရေချိုးခန်းထဲဝင်သွားပြီးရေချိုးလိုက်သည်။


ရှဲ့လင်ကို အဝတ်ချွတ်ပေးရန်အကူအညီတောင်းခဲ့ခြင်းက သူ့အနေဖြင့် မှားနေသည့်အရာမရှိသလိုပင်။ သူနှင့်ရှဲ့လင်တို့သည် ကလေးအရွယ်မှအရွယ်ရောက်သည်အထိ အချင်းချင်းမြင်တွေ့လာခဲ့ကြသောကြောင့် ရှက်နေစရာမလိုအပ်ပေ။


ရေချိုးပြီးသည့်အခါ ဖုယွမ်ကျိုးမှာ လက်တစ်ချောင်းပင်မလှုပ်ချင်တော့ပေ။ ရှဲ့လင်အိမ်မှ အိမ်အကူအဒေါ်က အချိန်မီလာပြီး ချက်ပြုတ်ပေးခဲ့သည်။ ဖုယွမ်ကျိုးသည်  စဥ်းစားကြည့်ပြီးနောက် သည်မှာပင် ညစာစားပြီးအိပ်ရန်ဆုံးဖြတ်လိုက်၏။ သူသည်လည်း ရှဲ့လင်အိမ်တွင်ထမင်းမစားဖြစ်ခဲ့သည်မှာ အတန်ကြာခဲ့ပြီ။


ညနေခြောက်နာရီကျော်ပြီ။ အချိန်ကိုတွက်ကြည့်လိုက်ပြီးသည့်နောက် လော့ရန်စုန့် သူ့မက်ဆေ့ချ်ကိုမြင်သွားလောက်ပြီဟုခန့်မှန်းလိုက်၏။ ဖုယွမ်ကျိုးက စာပြန်ရန်ဖုန်းကိုလိုက်ရှာနေသည့်တိုင် ဘယ်နေရာမှရှာမတွေ့ပေ။ အိပ်ခန်းတစ်ခန်းလုံးနှံ့အောင်ရှာပြီးမတွေ့မှ အောက်ထပ်ရှိဧည့်ခန်းကိုဆင်းသွားပြီး ရှဲ့လင်ကိုမေးရတော့သည်။


"ငါ့ဖုန်းကိုတွေ့မိသေးလား..."


ရှဲ့လင်ကသူ့ကိုဖျတ်ကနဲလှမ်ူကြည့်လာပြီး ဖုယွမ်ကျိုး၏ အနည်းငယ်ဟနေသောကော်လံကို အကြည့်ရောက်သွားသည်။ ပြီးမှ ပြန်ဖြေလာ၏။ 


"အိမ်စာပြီးရင်ပြန်ပေးမယ်.."


"သေစမ်း...ဒီနေ့ကသောကြာနေ့ပဲ...အာ...မနက်ဖြန်အတန်းမရှိဘူးလေ...မင်းမညစ်ပတ်နဲ့!"


ဖုယွမ်ကျိုးသည် ရှဲ့လင်က သူ့ဖုန်းကိုဝှက်ထားသည်ဟုထင်လိုက်ပြီး ဤသည်မှာလည်း ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ ပိတ်ရက်မှာပင် ထိုသူကသူ့ကိုစာလုပ်ခိုင်းနေသည်။ အိမ်စာမှာလည်း တစ်ညတည်းရေး၍မပြီးပေ၊၊ ရှဲ့လင်က သူ့အား တမင်သက်သက်ဒုက္ခပေးနေသည်မှာ သိသာလေသည်။


သူသည်ကား တိုဖာပေါ်တွင်ထိုင်နေသည့်ရှဲ့လင်ထံခုန်ဝင်သွားပြီး အနှီသူကိုလှဲသိပ်လိုက်သည်။


 "ငါ့ကိုပေးစမ်းပါ!"


ထုံးစံအတိုင်း ရှဲ့လင်ကဖုယွမ်ကျိုးကို လွယ်လွယ်နှင့်ပြန်မပေးပေ။ ဖုယွမ်ကျိုးက သူ့ ကိုစိတ်မရှည်တော့သည်အထိလုပ်တတ်သည်၊၊ သူရှဲ့လင်ကို မနိုင်မှန်းသိနေ၍ ရှဲ့လင်ကိုစိန်ခေါ်သည့်အလုပ်မျိုးတော့ မလုပ်ခဲ့ဖူးပေ။


နှစ်ယောက်သားလူးလိမ့်နေကြရင်း ဆိုဖာမှတဆင့် ကော်ဇောပေါ်အထိရောက်သွားကြသည်၊၊ ဖုယွမ်ကျိုးသည် ရှဲ့လင် သတိရှိနေသည်ကိုသတိထားမိ ယင်းကရှဲ့လင်အတွက် ထူးဆန်းသည့်စကားမျိုးဖြစ်နေနိုင်သော်လည်း ယုတ္တိရှိသည်။ သူက အခြားတစ်ခုကိုတွေးမိသည့်ဟန်ဖြင့် သူကိုအသားချင်းမထိမိရအောင် ရှောင်တိမ်းနေလေသည်။


အဆိုပါအခွင့်အရေးကရှားပါးလှပြီး ဖုယွမ်ကျိုးကလည်း လက်လွတ်မခံဘဲ ရှဲ့လင်ကို ကြမ်းပြင်ပေါ်တွင် ထပ်ပြီးဖိထားလိုက်သည်။ ရှဲ့လင်သူ့ကိုပြန်မတွန်းထုတ်နိုင်စေရန် ရှဲ့လင်၏ပေါင်ပေါ်တွင်ထိုင်ပြီး လှန့်လိုက်လေ၏။ 


"အခု ငါ့ဖုန်းကိုပြန်ပေးတော့...!"


ထိုသူက တချက်ပင်မလှုပ်ဘဲ ကြမ်းပြင်ပေါ်တွင်ထိုင်နေရင်း သူ့အားတိတ်တဆိတ်ကြည့်နေလေသည်။ ကြည့်ပုံကြည့်နည်းက ပုံမှန်နှင့်ကွဲလွဲနေပြီး တည်ငြိမ်လွန်းလှသောကြောင့် လူတိုင်းကိုကြောက်ရွံ့လာစေလေသည်။


ဖုယွမ်ကျိုးသည်ကား အစပိုင်းတွင် ဟိတ်ကြီးဟန်ကြီးဖြစ်နေသော်လည်း ယခုလိုအကြည့်ခံနေရသည့်အခါ တဖြည်းဖြည်းနှင့်နေရခက်လာလေသည်။ ထိုအချိန်မှာပင် ရှဲ့လင်က သူရှိရာကိုလက်လှမ်းလာပြီး သူကမူ ထိုလက်ကိုရိုက်ထုတ်လုနီးပါးဖြစ်သွားခဲ့ရသည်၊၊ သို့သော်လည်း ရှဲ့လင်ကမရိုက်ခဲ့ဘဲ သူ့မျက်နှာကိုသာ တယုတယနှင့်ထိကိုင်လာ၏။


"ယွမ်ကျိုး..."


ထိုသူကသူ့အား တိုးညှင်းသည့်အသံဖြင့်ခေါ်လာခဲ့သည်။


ဘာတွေဖြစ်နေပါလိမ့်။


ဖုယွမ်ကျိုးမျက်လုံးတို့က နက်မှောင်သွားသည်၊၊ သူ့စိတ်ထဲတွင်အနည်းငယ်မျှထူးဆန်း​နေသလိုပင်။


ရှဲ့လင်နှင့်သူက....


"ငါပြန်လာပြီ..."


ရုတ်တရက် တံခါးမကြီးကပွင့်လာလေသည်၊၊ အလုပ်ပြီးသွား၍အိမ်ပြန်ရောက်လာသည့်ယွိဖေးက ပြုံးရွှင်နေသည့်မျက်နှာဖြင့် အိမ်ထဲဝင်လာပြီး ဖုယွမ်ကျိုးနှင့်ရှဲ့လင်ကိုမြင်သွားကာ ရှော့ခ်ရသွားသလို တမဟုတ်ချင်းမျက်လုံးပြူးသွားလေ၏။ 


"နင်တို့နှစ်ယောက်ရန်ဖြစ်နေကြတာလား..."


"မဟုတ်ပါဘူး...ကစားနေကြတာ..."


ဖုယွမ်ကျိုးမှာမျက်နှာပူလာပြီး ရှဲ့လင်ကိုဆွဲထူလိုက်သည်။ 

"မလန့်သွားပါနဲ့..."


"အိုး..." 

ယွိဖေးက မျက်တောင်လေးတဖျတ်ဖျတ်နှင့် လပ်ခံလိုက်ရှာသည်။


သူမအတွေးလွန်နေမည်စိုးရိမ်သောကြောင့် ဖုယွမ်ကျိုးက စကားလမ်းကြောင်းလွှဲလိုက်လေသည်။ 


"ဘာတွေလုပ်နေလို့ ဒီလောက်နောက်ကျမှပြန်ရောက်ရတာလဲ..."


ယွိဖေး: "သူငယ်ချင်းတစ်ယောက်ဆီ ပို့စရာရှိလို့...အစ်ကို..ယွမ်ယွမ်..ပြီးရင်ရုပ်ရှင်ကြည့်ကြမလား..ငါ့သူငယ်ချင်းက ဒီနေ့ရုပ်ရှင်ကားတစ်ကားညွှန်းလိုက်တယ်..သူပြောတာတော့ကောင်းတယ်တဲ့. နင်တို့နဲ့အတူကြည့်ချင်တယ်.."


"အိုကေ..."


ဖုယွမ်ကျိုးကမူ အေးအေးဆေးဆေးသဘောတူလိုက်သည်။ သူကိုယ်တိုင်လည်း ရုပ်ရှင်ကြည့်ရလျှင် သဘောကျ၏။ ပိုအရေးကြီးသည့်အချက်မှာ ရှဲ့လင်ကသူ့အား အိမ်စာလုပ်ခိုင်း၍ရတော့မည်မဟုတ်ပေ၊၊ အကြံပေးလာသူမှာ ရှောင်ဖေးဖြစ်နေသောကြောင့် သူတို့နှစ်ယောက်သည် သူမသဘောအတိုင်းလိုက်လုပ်ပေးခဲ့ကြပြီး ရှဲ့လင်ကလည်းမငြင်းခဲ့ပေ။


ရှဲ့လင်ကဘာမှမပြောတော့ဘဲ ဖုန်းပြန်ပေးလာခဲ့သည်။ ဖုယွမ်ကျိုးမှာ အူမြူးသွားရပြီး ရှောင်ဖေးကို သူ့ကျေးဇူးရှင်ဟုပင်မှတ်ယူလိုက်မိသေးသည်။ သို့ရာတွင် ရုပ်ရှင်စကြည့်သည်နှင့် အဆိုပါစိတ်ကူးလေးက ချက်ချင်းဆိုသလိုပြိုကျပျက်စီးသွားလေတော့သည်။


"ဒါကသရဲကားကြီးလား..."


ဖုယွမ်ကျိုးသည် ထူးဆန်းနေသည့် ရုပ်ရှင်အဖွင့်နှင့်ရုပ်ရှင်နာမည်ကိုမြင်လိုက်ပြီးနောက် သွေးဆုတ်ဖြူလျော်သွားတော့သည်။ ယွိဖေးနှင့်ရှဲ့လင်က သူ၏ဘယ်နှင့်ညာတွင်ထိုင်နေကြပြီး စောင်ပါးလေးတစ်ထည်ခြုံထားသည်ကိုပင် ချမ်းနေသလိုခံစားရသည်။ အဖွင့်သီချင်းလေးနှင့်တင် သူကြောက်လာလေပြီ။


ကောင်းကင်ဘုံနှင့်ကမ္ဘာမြေအကြားတွင် သူကြောက်သည့်အရာမရှိသော်လည်း သရဲတစ္ဆေဆိုလျှင် သူကြောက်ရလေ၏။


"ဟုတ်တယ်..."


ယွိဖေးကသူ့အားပြန်ဖြေလာသည်။ ရိုးရှင်းသည့်စကားလုံးလေးတစ်လုံးကပင် ဖုယွမ်ကျိုးကိုမျက်ရည်ဝိုင်းလာစေသည်။


ရုပ်ရှင်ကိုပိုမိုကြည့်ကောင်းလာစေရန် အခန်းထဲမှမီးများကိုပိတ်ထားကြသည်။ သူထွက်ပြေးချင်နေသော်လည်း တစ်မိနစ်အကြာမှာပင် ရုပ်ရှင်ကစတင်လာခဲ့သည်။ ရှောင်ဖေးကမူစိတ်လှုပ်ရှားနေခဲ့သည်။ သူ့ခမျာ သူမကိုမနှောင့်ယှက်ရဲပေ။ ယခုအချိန်မှထွက်ပြေးလျှင်လည်း သိက္ခာကျသွားလိမ့်မည်။


သည်းခံစမ်း...သည်းခံ...


ဖုယွမ်ကျိုးမှာ သူ့ကိုယ်သူစောင်ဖြင့်ထုပ်ထားရင်း အသံတိတ်နေလိုက်သည်။ အသံတိတ်ပင်တုန်ယင်နေပြီး ရိပ်ကနဲမြင်သည်နှင့် မျက်လုံးမှိတ်ပစ်လိုက်သည်၊၊ ရှဲ့လင်ကိုလည်း အကူအညီမတောင်းရဲပေ။၊ ရှဲ့လင်ကသူသရဲကြောက်တတ်မှန်း မသိသောကြောင့်ပင်။


ရှဲ့လင်က သရဲကားလျှင်စိတ်မဝင်စားတတ်ပေ။ သူတို့နှစ်ယောက် ယခုလိုရုပ်ရှင်ကို အတူကြည့်ချိန်မှာလည်းရှားပါးတတ်သည်။ သူ့ကိုယ်သူလေးစားမှုလေးအနည်းငယ်ထားသည့်အနေဖြင့် သူသည် ရှဲ့လင်ကိုမပြောပြခဲ့ပေ။ ရှဲ့လင်တင်မက သူ့မိဘများလည်း မသိခဲ့ကြချေ။


အခန်းထဲတွင် ရုပ်ရှင်မှလာသည့်အသံများသာလွှမ်းခြုံထားသည်။ ရှဲ့လင်နှင့်ယွိဖေးသည် ရုပ်ရှင်အတူကြည့်နေကြရင်း ဇာတ်လမ်းအကြောင်းပြောနေကြလေ၏။ ဖုယွမ်ကျိုးမှာမူ မအော်မိအောင်ထိန်းနေရလေသည်။ ကြောက်စရာအခန်းပေါ်လာပါက မမြင်ရအောင်မျက်လုံးမှိတ်လိုက်ရင်း အခြားသူများမတွေ့သွားခင် ပြန်ဖွင့်တတ်သည်။


သို့သော်လည်း ၎င်းကခဏလောက်သာ။ ဖုယွမ်ကျိုးက သရဲခြောက်သည့်အခန်းကိုပြီးသွားပြီဟုထင်လိုက်သောကြောင့် မျက်လုံးဖွင့်လိုက်ရာ သွေးများဖုံးနေပြီးမျက်နှာမရှိသောခေါင်းတစ်လုံးက တီဗွီနှင့်အပြည့် အနီးကပ်ကြီးပေါ်လာခဲ့လေသည်။


ဂါး....


ဖုယွမ်ကျိုးမှာ နေရာမှာတင် တန်းသေသွားတော့မလိုခံစားလိုက်ရပြီး ရှဲ့လင်ထံပစ်ဝင်ကာ ၎င်းကိုတင်းနေအောင်ဖက်ထားလိုက်လေသည်။ ရှဲ့လင်က တောင့်ခနဲဖြစ်သွားပြီးမှ သူ့ကိုပြန်ဖက်လာခဲ့၏။


"ကြောက်လို့လား..."


"ရှဲ့လင်...ငါဆက်မကြည့်နိုင်တော့ဘူး..ငါဝန်ခံပါတယ်..ငါသရဲကြောက်တယ်..."


သည်တခေါက်တွင် ယွိဖေးကသန့်စင်ခန်းထဲဝင်သွားခဲ့ပြီး ဖုယွမ်ကျိုးကမူ ကြောက်လွန်းအားကြီး၍ မျက်ရည်လည်ရွဲဲဖြစ်နေလေသည်။ ယောကျ်ားတွေလည်းသရဲမကြောက်ရဘူးလို့ ဘယ်သူပြောတာလဲ။


ရှဲ့လင်ကသူ့ဆံပင်ကိုထိုးဖွလိုက်သည်။ 

"ကြောက်ရင်မကြည့်နဲ့တော့..."


"ဒီတစ်ကားကိုအရင်ကြည့်ရအောင်..ပြီးတော့မှာပါ...မဟုတ်ရင် ငါစိတ်ဖြောင့်မှာမဟုတ်ဘူး..." 

ဖုယွမ်ကျိုးမှာအားတင်းပြီးပြောနေရရှာလေသည်။ 

"နောင်ကျရင် ငါထပ်မကြည့်တော့ဘူး..."


"ဘာလို့ငါ့ကိုမပြောပြတာလဲ..." 

ရှဲ့လင်က မေးလာလေသည်။

 "မင်းငါ့ကိုအားလုံးပြောပြလို့ရတယ်လေ..."


"ရှက်လို့...ပြီးတော့ ငါသရဲကားကိုအခုမှ ပထမဆုံးကြည့်ဖူးတာ..ဒီလောက်ကြောက်စရာကောင်းမယ်လို့မထင်ထားခဲ့ဘူး..."


 ဖုယွမ်ကျိုးက ကသိကအောက်ဖြစ်စွာဖြင့်ပြောလိုက်လေ၏။ 

"ရှောင်ဖေးကိုသွားမပြောနဲ့နော်..ငါကြောက်နေတာသိရင် စိတ်မကောင်းဖြစ်သွားလိမ့်မယ်..."


♎️