Chapter 134
မကြာခင် ပန်းဟွာသည် မီးရှူးမီးပန်းများ မှုတ်သံ၊ အပြင်မှ လူများ၏ အော်သံကို ကြားလိုက်ရသည်။သူမ၏ လက်ဖဝါးများ အေးစက်သွားသည်ကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် ပန်းဟမ်၏ ပခုံးကို ဖြည်းညှင်းစွာ ဆုပ်ကိုင်ထားလိုက်သည်။ပန်းဟမ်က သူမကို တိုးတိုးလေးပြော၏။
"အစ်မ မကြောက်ပါနဲ့၊ရုံရှားက အစ်မကို ကောင်းကောင်း မွန်မွန် မဆက်ဆံရင်ကျွန်တော် ပြန်လာခေါ်မယ်၊ဒီနေ့ အစ်မကို ကျွန်တော်ကိုယ်တိုင် သတို့သမီးဝေါယာဉ်ပေါ်တင်ပေးမှာ၊ဒီနေ့ကစပြီး ကျွန်တော်က အစ်မရဲ့ လက်ရုံးပဲ၊အစ်မ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး"
ပန်းဟွာ ရယ်လိုက်သော်လည်း နွေးထွေးသော မျက်ရည်များက သူမ၏ မျက်လုံးအိမ်များမှ စီးကျလာသည်။သူမ ငယ်ငယ်ကတည်းက မောင်ဖြစ်သူကို ထိုစကားမျိုးပြောဖူးသည်။ယခုတော့ သူက သူမကိုပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဟင် နောက်နားက၊ ငိုသံကြားတယ်၊ အဖေလား... အမေလား...
သူမ လှည့်ကြည့်ချင်သော်လည်း အောင်သွယ်တော်က တားလိုက်သည်။
"ကျွင်းကျူး သတို့သမီးက တံခါးက ထွက်သွားတာနဲ့ နောက်ပြန်လှည့်လို့ မရပါဘူး"
ပန်းဟွာသည် ထိုအမျိုးသမ၏လက်ကို ဆွဲဖယ်ကာ ခေါင်းဆောင်းပုဝါထောင့်ကို ရုတ်လိုက်ပြီး နောက်သို့ လှမ်းကြည့်လိုက်သည်။ သူမ၏အဖေသည် ပင်မတံခါးဘေးတွင် ရပ်ကာ အမေဖြစ်သူ၏လက်ကို ကိုင်ကာ ကလေးတစ်ယောက်လို ငိုနေသည်။ အမေဖြစ်သူကလည်း သူမကိုကြည့်နေသည်။ အမေဖြစ်သူ၏မျက်လုံးများသည် နူးညံ့သိမ်မွေ့လွန်းသဖြင့် ရင်ခွင်ထဲသို့ပင် ဝင်ချင်စိတ်ပေါက်ကာ သတို့သမီးဝေါယာဉ်ပေါ် တက်ချင်စိတ်ပင်မရှိတော့ပေ။
"ကျွင်းကျူး" အောင်သွယ်တော်သည် ထိတ်လန့်တကြားဖြင့် ပုဝါစကို ဆွဲချလိုက်ရင်း "ကျွင်းကျူးကိုယ်တိုင် ပုဝါကို ချွတ်လို့မရပါဘူး"
ပန်းဟွာ ဘာမှပြန်မပြောဘဲ ပန်းဟမ်၏ ပခုံးကို ဖြည်းညှင်းစွာ လွှတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"သွားရအောင်"
ပန်းဟမ် ခေတ္တတုံ့ဆိုင်းပြီးနောက် မကြာမီ ပန်းဟွာကို သတို့သမီးဝေါယာဉ်ပေါ်တင်လိုက်သည်။
ရုံရှားသည် ရှေ့သို့ တိုးလာပြီး ပန်းဟွိုက်နှင့် ယင်းရှစ်ကို ဦးညွှတ်လိုက်သည်။ "ယောက္ခမနဲ့ ယောက္ခထီးတို့ စိတ်မပူနဲ့၊ကျွန်တော် ကျွင်းကျူးကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်"
ပန်းဟွိုက်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ယင်းရှစ်၏ လက်ကိုကိုင်ထားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ရုံရှား ကြားထဲကနေ စကားမပြောနိုင်ဖြစ်နေရ၏။သူ့ကိုယ်သူ ငယ်ရွယ်နုပျိုသော မိန်းကလေးတစ်ယောက်အား ပြန်ပေးဆွဲလိုက်သည့် လူဆိုးလိုခံစားရသည်။ ပန်းဟွိုက်ကတော့ ခိုကိုးရာမဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေသော သမီးရှင်နှင့်တူနေသည်။တစ်ဖန် သူ့ဇနီး၏မောင်ဖြစ်သူကို လှည့်ကြည့်လိုက်သည်။ ပန်းဟမ် ကလည်း သူ့ကို မျက်လုံးနီရဲ၍ ကြည့်နေ၏။သူ့မျက်လုံးများသည် ဝမ်းနည်းမှုနှင့် တွန့်ဆုတ်မှုများ ပြည့်နှက်နေသည်။
ယင်းရှစ်သည် မျက်လုံးထောင့်မှ မျက်ရည်ကို သုတ်လိုက်ပြီး " သွားပါတော့၊ မင်းရဲ့ နှလုံးသားနဲ့ စိတ်က ဆက်စပ်နေမယ်လို့ အမေ မျှော်လင့်ပါတယ်"
"နှုတ်ဆက်ပါတယ် အမေ…"
ရုံရှားက ယင်းရှစ်ကို ဦးညွှတ်လိုက်ပြီး ဝေါယာဉ်နှင့်ချိတ်ထားသည့် မြင်းပေါ်ကို တက်လိုက်သည်။ ထို့နောက် သူ့နောက်မှ အနီရောင် သတို့သမီးဝေါယာဉ်ကို နူးညံ့ရီဝေသော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။
"သတို့သမီးဝေါယာဉ်စတင်ထွက်ခွာပါပြီ"
ပန်းဟွိုက် နှင့် ပန်းဟမ် တို့သည် တဖြည်းဖြည်း ပျောက်ကွယ်သွားသော သတို့သမီးဝေါယာဉ်ကို ကြည့်လိုက်ကြသည်။ ခံစားချက်များ မထိန်းနိုင်တော့ဘဲ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရင်း ရှိုက်ကြီးတငင် ငိုနေကြသည်။ ဘယ်သူက လာနှစ်သိမ့်ပါစေ၊အငိုရပ်မသွားကြ။ သူတို့ တံခါးရှေ့တွင် ရပ်နေပုံက ရတနာတစ်ခုဆုံးရှုံးသွားသော သနားစရာကောင်းသော လူနှစ်ယောက်နှင့်တူသည်။
ဤအဖြစ်ကြောင့် အချို့က ပန်းမိသားစုသည် ရယ်စရာကောင်းပြီး အဖြစ်သည်းလွန်းသည်ဟု တချို့က ဆိုကြသည်။ သို့သော် ထိုသူများက ကြည့်ရုံသက်သက်ပင်။အပြင်လူများဟုဆိုနိုင်၏။
သူတစ်ပါး၏ ခွဲခွာရ၍ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်းတို့က သူတို့အတွက် စိတ်ဝင်စားဖို့ကောင်းသည့် ဖျော်ဖြေမှုတစ်ခုပင်။ပါဝင်ပတ်သက်သူများဟ ခံစားချက်တွေကို ဘယ်သူက ဂရုစိုက်မှာလဲ။Avangeline:
သတို့သမီးဝေါယာဉ်သည် မြို့တော်အနှံ့ ဖြည်းညှင်းစွာ လှည့်ပတ်နေနေသည်။ဤနေရာသည် ပန်းမိသားစုနှင့် အလွန်ဝေးသဖြင့် မိသားစုဝင်များ၏ အော်ငိုသံများကို ပန်းဟွာ မကြားနိုင်ပေ။
သူမ၏ သတို့သမီး ဝေါယာဉ်နောက်မှာ ခန်းဝင်ပစ္စည်းသယ်လာသည့် လူတန်းရှည်ကြီး ရှိနေ၏။ထိုလူများသည် အနီရောင်အ၀တ်အစားများကို ၀တ်ဆင်ထားပြီး အားလုံး၏မျက်နှာပေါ်တွင် ရွှင်လန်းသော အပြုံးများ ရှိသည်။
နှင်းများအရည်ပျော်လာသလို နေလည်းအတန်အသင့်မြင့်လာပြီဖြစ်သည်။လမ်းခရီး၏ ဆယ်မိုင်အကွာမှာ အနီရောင်များ စိုးမိုးထားဆဲပင်။
ဤမင်္ဂလာပွဲက မြို့တော်မှာရှိသည့် အမျိုးသမီးတိုင်း မနာလိုဖြစ်လောက်အောင်ပင်။အနီရောင်များ ခင်ကျင်းထားသော ဆယ်မိုင်စာခရီးရှိ ခန်းဝင်ပစ္စည်းများကိုကြည့်၍ အရှိန်အဝါမသေးမှန်း လူတိုင်းသိစေသည်။
ပန်းချီကားများ၊ ရှေးဟောင်းပစ္စည်းများ၊ လက်ဝတ်ရတနာများ၊ ပိုးဖဲအဆင်တန်ဆာများ၊ ရွှေငွေဖြင့်ပြုလုပ်ထားသော လက်ဝတ်လက်စားများ၊ ဆန်နှင့်ဂျုံ၊ မြေပဲများနှင့် ရှေးဟောင်းပစ္စည်းများအားလုံး စုံလင်လှပေသည်။
ရှစ်ကျင်းသည် အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး သူ၏အနက်ရောင်ဆံပင်ကို ရွှေသရဖူဖြင့် ချည်နှောင်ထားလျက် မြင်းကိုဖြည်းဖြည်းချင်းစီးနေသည်။ သူ့မျက်နှာက ပကတိလေးနက်နေ၏။ရွှေရောင်အဆင်းရှိ နေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ် ထွန်းလင်းတောက်ပနေသည်။ သူ့ပုံစံက အနီရောင် လူတန်းများကို စောင့်ဆိုင်းနေသည့် ရုပ်တုကြီးနှင့်ပင် တူနေတော့သည်။
ပိုနီးလာပြီ။
ဗျပ်စောင်း၊ ဗုံတီးသံနှင့် ပုလွေသံ။ အသံတိုင်းသည် ပျော်ရွှင်မှုများ ရောယှက်နေသလိုရှိ၏။
နဂိုက ငြိမ်သက်နေသော ရှစ်ကျင်း၏ မျက်လုံးအိမ်များ တုန်လှုပ်သွားသည်။ သူ ခေါင်းကိုလှည့်ပြီး လမ်း၏ အခြားတစ်ဖက်ကို ကြည့်လိုက်သည်။
အနီရောင်အဝတ်အစားများကိုဝတ်၊ မြင်းဖြူကိုစီးလာက ချောမောသောမျက်နှာရှိသော ရုံရှားသည် သာမာန်လူမဟုတ်ကြောင်း သူ ဝန်ခံရမည်ဖြစ်သည်။သူ့တည်ရှိမှုက သူ့နောက်က မှူးမတ်များအားလုံးကို မှေးမှိန်သွားစေ၏။
ရှစ်ကျင်း၏ မျက်ခွံများ အနည်းငယ် တုန်ရီလာပြီး အကြည့်တို့က ရုံရှားအနောက်မှ အနီရောင် ဝေါယာဉ်ကြီးပေါ် ရောက်သွားတော့၏။ ၎င်းသည် အထူးပြုလုပ်ထားသည့် ဝေါယာဉ်ဖြစ်သည်။ ဝေါယာဉ်၏ ထိပ်ကို အဖိုးတန်ကျောက်များ စီထားသည်။ ထောင့်ရှစ်ထောင့်မှာလည်း ရွှေခေါင်းလောင်းများ ချိတ်ဆွဲထားသည်။ ဝေါယာဉ် လှုပ်ခါတိုင်း၊ သာယာသော အသံများထွက်လာကာ မွှေးရနံ့များလည်း သင်းထုံနေတော့သည်။
ရှေးခေတ်က မသေမျိုး ယောက်ျားများသည် ကမ္ဘာမြေပေါ်သို့လာ၍ သေမျိုးဇနီးမယားများအား လက်ထပ်သည့်အခါ ဤကဲ့သို့ ဝေါယာဉ်များကို သုံးတတ်ကြသည်ဟု ဆိုရိုးစကားရှိ၏။
ထိုအချိန်မှစ၍ မသေမျိုး မိန်းကလေးများသည် ရတနာရှစ်မျိုးစီထားသည့် ဝေါယာဉ်တွင် ထိုင်ကြသည်ဟု လူအများက ပြောကြသည်။ သို့သော် မည်သူမျှ မသေမျိုးများကို မမြင်ဖူးပေ။ ဘယ်သူကမှ ဇနီးတစ်ယောက်ကို လက်ထပ်ဖို့အတွက် ရတနာရှစ်မျိူးပါသော ဆလွန်းထိုင်ခုံများကို အသုံးမပြုပေ။ ကမ္ဘာပေါ်မှာ လူဘယ်နှစ်ယောက်လောက်က ဒီလိုတခမ်းတနယးကြီး လက်ထပ်ဖို့ ဆန္ဒရှိကြမလဲ။
သို့သော် ရုံရှား ကတော့ ထိုမျှအထိ ပြုလုပ်ခဲ့သည်။ သူ အတတ်နိုင်ဆုံး ကြီးကျယ်ခမိးနားအောင် ပန်းဟွာါတွက် ပေးထားသည်။နတ်ဘုရားမကို ရူးသွပ်စွာချစ်မိနေသော ဆယ်ကျော်သက်ကောင်လေးတစ်ယောက်လို၊သူမအတွက် အရာအားလုံး အကောင်းချည်းဖြစ်အောင်စီစဉ်ထားခဲ့သည်။
ရှစ်ကျင်း ကရော ပန်းဟွာကျွင်းကျူး ကို လက်ထပ်နိုင်ရင် သူမအတွက် ဒီလို ဆလွန်းထိုင်ခုံလေး လုပ်ပေးဖို့ ဆန္ဒရှိမှာလား။သူလား၊ သူက မတတ်နိုင်ဘူးလေ.....
ရှစ်မိသားစုက သူ့ကို ဤမျှအထိ အလိုလိုက်မည်မဟုတ်။ သူ အိမ်ထောင်ကျတဲ့အခါ ချွေးမဖြစ်သူကို ဤမျှအထိ အလိုလိုက်မည်မဟုတ်။ ဘန်ဟန်ကို ရုံရှားလို ဂရုစိုက်နိုင်မည်မဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် ရှီမိသားစုတစ်ခုလုံးက သူ့ပခုံးပေါ်တွင် ရှိနေသောကြောင့်ဖြစ်သည်။ သူ အသက်ရှင်နေသရွေ့ ရှစ်မိသားစုကို မစွန့်လွှတ်နိုင်ပေ။ဤသည်က သူ့ဘဝပင်။သူ မြင်းကို ပုတ်ပြီး လှည့်ထွက်ဖို့ ပြင်ဆင်လိုက်ငည်။
ထိုအချိန်တွင် ကုလားထိုင်၏ ကုလားကာသည် လေတိုက်၍ လွင့်နေတာကြောင့် ပြတင်းပေါက်နောက်မှ အမျိုးသမီးကို သူမြင်လိုက်ရ၏။
သူမက ပါးပြင်ကို လက်တစ်ဖက်ဖြင့်ထောက်ကာ ငြီးငွေ့သလိုထိုင်နေသည်။ သူမ ခေါင်းကို ဖုံးထားသည့် အနီရောင် ခေါင်းဆောင်းပုဝါက သူ့နှလုံးသားကို ညင်သာစွာ ဖျစ်ညှစ်ထားသလိုမျိုးဖြစ်စေ၏။ အလွန်နာကျင်လှသည်။သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ချိန်မှာပင် လည်ချောင်းထဲမှာ ချိုမြိန်သောအရသာတစ်ခုကို ခံစားလိုက်ရသည်။ အမှန်တကယ်ပင် နီညိုရောင်သွေးများ ထွေးထုတ်လိုက်သည်။
"သခင်လေး"
ရှစ်မိသားစု၏ အစောင့်များသည် မြေပြင်ပေါ်ရှိ သွေးများကို ထိတ်လန့်စွာ ကြည့်နေကြသည်။
ရှစ်ကျင်းသည် ပါးစပ်ထောင့်မှ သွေးများကို လက်နောက်ဘက်ဖြင့် သုတ်လိုက်ရင်း ပေါ့ပေါ့ပါးပါး ပြော၏။
" သတင်းမပြန့်စေနဲ့"
"ဟုတ်ကဲ့"
အစောင့်က ထိတ်လန့်သွားသော်လည်း သူထပ်မပြောရဲတော့။သူသည် အသက်အကြီးဆုံး ဆရာကြီးနှင့် နှစ်ပေါင်းများစွာ နေခဲ့သူဖြစါသည်။ အကြီးဆုံး ငယ်ဆရာကြီးသည် ပန်းဟွာကျွင်းကျူး အတွက် ခံစားချက်များ ရှိနေကြောင်း သူ ယောင်ဝါးဝါး ရိပ်မိသည်။ သို့ရာတွင် အသက်ကြီးသော ငယ်ဆရာကြီးသည် ယင်းကို တစ်ခါမျှ မပြောခဲ့ပေ။ ရှစ်မိသားစုသည် ပန်းမိသားစုနှင့် လက်ထပ်ရန် မဟာမိတ်ဖွဲ့ဖို့လည်း ရည်ရွယ်ချက်မရှိပေ။ထို့ကြောင့် ဤကိစ္စကို သူ စိတ်မ၀င်စားပေ။သို့သော်လည်း ပန်းဟွာကျွင်းကျူး ၏ အိမ်ထောင်ရေးသည် အသက်ကြီးသော သခင်ငယ်ကို ဝမ်းနည်းစေမည်ဟု သူ မမျှော်လင့်ထားပေ။
ရှစ်ကျင်းသည် သူ၏ပါးစပ်ထောင့်မှ နောက်ဆုံးသွေးများကို လက်မနှင့် သုတ်လိုက်သည်။
"ငါ့နောက်မလိုက်နဲ့ ငါ့ဘာသာငါ လမ်းလျှောက်မယ်"
"သခင်လေး..."
"သခင်လေး…”
"ငါ့စကားက အရေးမပါဘူးလား"
"ဒီလက်အောက်ငယ်သားက မဝံ့ရဲပါဘူး"
ရှစ်ကျင်း သည် မြင်းကို မြို့ပြင်သို့ ဦးတည်ချက်မရှိ စီးလာခဲ့သည်။ သူ သတိပြန်ဝင်လာတော့ တောင်ထိပ်ကို ရောက်နေပြီဆိုတာ သိလိုက်ရ၏။ ဤနေရာမှ ပိုင်ရှိုဥယျာဉ်၏ ပင်မတံခါးကို မြင်နိုင်သည်။
ဆောင်းတွင်း နေရောင်က နွေးထွေးမှု သိပ်မရှိဘဲ အေးစက်သောလေသည် သူ့မျက်နှာကို တိုက်ခတ်လာသည်။ လေအေးက အပ်များလို သူ့မျက်နှာကို စူးရှစေ၏။
သူ မြင်းပေါ်က ခုန်ဆင်းပြီး သတို့သမီး ဝေါယာဉ်ကို ခေတ္တ ဧကရာဇ် နေထိုင်ရာ တံခါးဝကို လှမ်းကြည့်မိသည်။ ယာယီဧကရာဇ်နေထိုင်ရာ တံခါးဝသို့ ခန်းဝင်ပစ္စည်းများ အဆုံးမရှိ စီတန်းထားခြင်းကို ကြည့်မိသည်။
သူ အသက်ပြင်းပြင်းရှူပြီး ယာယီဧကရာဇ်နေထိုင်ရာကို နောက်ဆုံးတစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မြင်းကို စီးကာ တောင်ပေါ်မှ ဆင်းလာခဲ့သည်။
သူ တောင်ကုန်းအောက်ခြေမှာ အသိမိတ်ဆွေတစ်ယောက်နှင့် တွေ့၏။
"ဒုတိယသခင်လေးရှဲ့"
"သခင်လေးရှစ်"
ရှဲ့ချီလင်း သည် ရှစ်ကျင်းနှင့် ဤနေရာတွင် တွေ့ဆုံမည်ဟု မမျှော်လင့်ခဲ့ပေ။ သူ ခဏလောက် လန့်သွားပြီး ရှစ်ကျင်းကို ဦးညွှတ်လိုက်သည်။
ရှစ်ကျင်း အေးစက်စက် ခေါင်းညိတ်ကာ မြင်းပေါ်တက်ပြီး ထွက်ခွာဖို့ပြင်သည်။
"သခင်လေးရှစ်က ဘာလို့ဒီမှာ ရောက်နေတာလဲ"
ရှဲ့ချီလင်း သည် သူ့အောက်မှ အမြင့် ခုနစ်ပေ၊ ရှစ်ပေခန့် ကွာဝေးသော ပစ္စည်းများကို ကြည့်လိုက်သည်။
"ဒုတိယသခင်လေးရှဲ့ ဒီကို ဘာလို့ ရောက်နေတာလဲ"
ရှဲ့ချီလင်း သည် စည်းစိမ်ခံပစ္စည်းများကို ကြည့်ပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ " ရှုခင်းတွေ ခံစားဖို့ ဒီကိုရောက်နေတာပါ"
ရှစ်ကျင်း ဟက်ကနဲ ရယ်မောလိုက်ကာ မြင်းကို ကြာပွတ်နှင့်ရိုက်လိုက်လျှင် မြင်းက ဒုန်းစိုက်းပြေးသွားတော့၏။
ရှဲ့ချီလင်း သည် သူ ထွက်သွားသည်ကို ဂရုမစိုက်ချေ။ သူ့ရှေ့ကမြင်ကွင်းက သူနှင့်ဘာမှမဆိုင်သလို ငြိမ်ငြိမ်လေးကြည့်နေလိုက်သည်။
ယန်မိသားစု။
ယန်ကျန်းသည် ပြတင်းပေါက်အနားတွင်ထိုက်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ လမ်းဘက်မှ ရွှင်မြူးသော ဂီတသံသည် ခြံဝင်းထဲသို့ ဝင်လာသောအခါ “ကောင်းကင်သည် ပြင်းပြင်းထန်ထန် လှုပ်ရှားလျက်၊ အမျိုးကောင်းသားသည် မပြတ်မလပ် အားထုတ်၏၊ ကမ္ဘာမြေသည် ဖြည်းညှင်းစွာ ရွေ့လျား၏၊ အမျိုးကောင်းသားသည် ကြီးမြတ်သော သီလဖြင့် ဥစ္စာကို ဆောင်၏”ဟု ရွတ်ဖတ်နေ၏။ ရွှင်မြူးသော ဂီတသံကြောင့် ပြတ်တောက်သွားသောအခါ သူ့လက်ထဲရှိ စာအုပ်ကို ချလိုက်ပြီး "နှစ်သစ်ရောက်ခါနီးပြီ၊ ဘယ်မိသားစုက လက်ထပ်ဖို့ ပြင်ဆင်နေလဲ" လို့ သူ့ဘေးနားက အစေခံကို ပြောပါတယ်။
ကျွန်တော်က ခေါင်းခါယမ်းပြီး "ဆရာကြီး၊ ကျွန်တော်မသိဘူး"
ယန်ကျန်းက ပြုံးပြီး "မင်းမသိဘူးဆိုတော့ မေ့လိုက်ပါ"
အစေခံသည် ခေါင်းငုံ့၍ စကားမပြောဝံ့။
"မင်းထွက်သွားလို့ရတယ်။ ငါစာဖတ်နေတဲ့အချိန် တခြားသူတွေ ရှိနေတာ မကြိုက်ဘူး"
"ဟုတ်ကဲ့"
ယန်ကျန်း ခါးသီးစွာ ပြုံးလိုက်သည်။ အစေခံ မသိသော်လည်း စိတ်နှလုံးထဲ၌ ရှင်းရှင်းလင်းလင်း သိ၏။
ဒွါဒသမလ ၂၈ ရက်နေ့သည် ကောကုန်းချမ်အမ် နှင့် ပန်းဟွာကျွင်းကျူး တို့၏ မင်္ဂလာရက်ဖြစ်သည်။သူ ဘာမှမသိဟန်ဆောင်ဖို့ ဤခြံထဲမှာ ပုန်းနေခဲ့ခြင်းသာ။ အဆုံးထိ သူ ဘာမှမသိကြောင်း တကယ်ဟန်ဆောင်နိုင်ပါ့မလား။
"ကျွင်းကျူး"
မစ္စစ်ဖူလ်ဘရိုက်သည် အနီရောင်ပိုးစွန်းတစ်ဖက်ကို ပန်းဟွာအား ပေးအပ်ခဲ့သည်ပန်းဟွာသည် သတို့သမီးဝေါယာဉ်မှ ထွက်လာပြီး မလှုပ်မယှက်ဘဲ ရှေ့တွင် ရပ်လိုက်သည်။
"ဟွာ" ရုံရှား သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး "ငါနဲ့လိုက်ခဲ့ပါ"
ပန်းဟွာလည်း သူ၏ လက်ကို ကိုင်ထားလိုက်သည်။
သူမဘာမှမမြင်နိုင်ခဲ့ပါ။ တစ်ယောက်ယောက်က သူမကို လမ်းလျှောက်ဖို့ ကူညီပေးရင် အနည်းဆုံးတော့ သူမ ပြုတ်ကျစရာ မလိုပါဘူး။
ရုံရှား၏ မိဘများမှာ ကွယ်လွန်သွားသောကြောင့် မိဘများကို ဂါရဝပြုရမည့်အချိန်ရောက်သောအခါတွင် ၎င်းတို့၏ အောက်မေ့ဖွယ်ကျောက်ပြားများကိုသာ ဂါရဝပြုသင့်သည်။ သို့သော် တက်ရောက်လာသူ ဧည့်သည်များက အထိမ်းအမှတ် ကျောက်ပြားနှစ်ခုကြားတွင် ကိုယ်ပိုင်တံဆိပ်တစ်ခု ထားရှိသည်ကို တွေ့ရှိခဲ့သည်။
သာမာန်လူတွေက အသိအမှတ်မပြုပေမယ့် ရာထူးကြီးတဲ့လူတွေက အသိအမှတ်ပြုတယ်။ ဧကရာဇ်မင်း၏ ကိုယ်ပိုင်တံဆိပ်ဖြစ်သည်။
သားတစ်ယောက် အိမ်ထောင်ပြုပြီးတဲ့အခါ မိဘတွေကို ဂါရဝပြုဖို့ အရေးကြီးပါတယ်။ ဧကရာဇ်မင်းသည် သူ၏ကိုယ်ရေးကိုယ်တာတံဆိပ်ကို အထိမ်းအမှတ်ကျောက်ပြားများအလယ်တွင် ထားခြင်းဖြင့် ဘာကိုဆိုလိုသနည်း။
ရုံရှား သည် ဧကရာဇ်၏တရားမ၀င်သောကလေးဟု အဓိပ္ပာယ်မရှိဟု မူလကထင်ခဲ့သော ယန်ဟွေ့ သည် တံဆိပ်တုံးကိုတွေ့ပြီးနောက် နောက်ဆုံးအမှန်တရားဖြစ်ကောင်းဖြစ်နိုင်သည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
ရုံရှား က… တကယ်ပဲ တော်ဝင်သွေးလား။
မဟာလနန်းတော်၊ ဧကရာဇ် ယွင်ချင် က "ဝမ်ကုန်းကုန်း၊ အခု မိဘတွေကို ဂါရဝပြုဖို့ အချိန်တန်ပြီလား"
ဝမ်ကုန်းကုန်း က ပြုံးပြီး "အရှင်မင်းကြီး၊ မင်္ဂလာအချိန်ရောက်နေပါပြီ"
ဧကရာဇ် ယွင်ချင် ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။
ရုံရှား နှင့် ပန်းဟွာကျွင်းကျူး တို့သည် သူ၏ အမှတ်တံဆိပ်ကို အလေးပြုနေသမျှ ကာလပတ်လုံး သူ့ကံဆိုးမှုများသည် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားကာ သူ့ရောဂါလည်း ပျောက်ကွယ်သွားပေလိမ့်မည်။
သူ ဤကိစ္စကို မိန်းမစိုးများနှင့် နန်းတော်အစောင့်ကို မေးထားပြီးသားပင်။သာမာန်ပြည်သူများကြားတွင် အသုံးအများဆုံးနည်းလမ်းဖြစ်ကာ ကံဆိုးခြင်းမှ ကင်းဝေးရန်လည်းဖြစ်သည်။
သူ့ရောဂါပျောက်ကင်းတော့မည်ဟုတွေးကာ ဧကရာဇ် ယွင်ချင် ပြုံးပြီး အိပ်ပျော်သွားသည်။
ပိုင်ရှိုဥယျာဉ် တွင် ပန်းဟွာ နှင့် ရုံရှား အတူတူ ဒူးထောက်ထိုင်ကြသည်။
"ပထမဦးစွာ ကောင်းကင်နှင့်မြေကြီးကို ဒူးထောက်၍ အလေးပြုပါ"
xxxxx