အပိုင်း၁၃၅
Viewers 8k

Chapter 135



"ဒုတိယအနေနဲ့ မိဘတွေကို ဒူးထောက်ဂါဝရပြုလိုက်ပါ"


ပန်းဟွာသည် လှည့်ကြည့်လိုက်သော်လည်း ထူထဲသော ခေါင်းဆောင်ပုဝါက သူမမြင်ကွင်းကို ပိတ်ဆို့ထား၍ အနီရင့်ရောင်ကိုသာ မြင်နိုင်ပေ၏။


 သူမနှင့် ရုံရှားကြားတွင် အနီရောင် ပိုးထည်သားတစ်ခု ခြားနေခဲ့၏။သဘာမှ မမြင်နိုင်သဖြင့် သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။ ထိုစဉ် ​ လက်​တစ်​ဖက်​က သူမလက်​ကို ဆုပ်​ကိုင်​လိုက်​သည်​။ဤလက်သည် ဆောင်းတွင်း၌ မွှေးထားသော ထင်းမီးလို သူမ နှလုံးသားကို နွေးထွေးသွားစေသည်။ သူမ နှုတ်ခမ်းကို ဖွဖွလေးကိုက်ပြီး ဖြည်းညှင်းစွာ ဒူးထောက်လိုက်သည်။ သူမ ထလိုက်သောအခါ သူ့လက်က သူမ၏ခါးကို ဆုပ်ကိုင်ထားသည်။


 "ခင်ပွန်နဲ့ဇနီး အချင်းချင်း ဦးညွှတ်ကြပါ"


သူမ ခါးပေါ်ရှိ လက်က ဖြည်းညှင်းစွာ ဖြေလျော့သွားသည်။ သူမ လှည့်၍ သူ့ရှေ့သို့ ဖြည်းညှင်းစွာ ဦးညွှတ်လိုက်သည်။ သူမ၏ လှုပ်ရှားမှုများသည် အလွန်နှေးကွေးသည်။ သူ့ပတ်ဝန်းကျင်က အသံလည်း ငြိမ်သွားသည်မှာ ခေါင်း‌ဆောင်းပေါ်ရှိ ပုလဲအချင်းချင်းပွတ်တိုက်သံကို ကြားမိသည်အထိပင်။  


 "သူမကို သတို့သမီးအခန်းကို လိုက်ပို့ပေးပါ"


 စည်းမျဉ်းများအရ၊ ယခုအချိန်တွင် အောင်သွယ်တော်သည် သတို့သမီးအား သတို့သမီးအခန်းသို့ လိုက်ပို့သင့်သည်။ သတို့သားကမူ ဧည့်သည်များကို ဖျော်ဖြေရန်အတွက် အပြင်တွင်နေသင့်သည်။ထို့နောက် ညဘက်တွင် အခန်းထဲသို့ပြန်သွားကာ သတို့သမီးခေါင်းပေါ်မှ ပုဝါစကို ချွတ်ပြီး ဝိုင်သောက်နိုင်သည်။


 သို့သော်လည်း ရုံရှားသည် ဧည့်သည်များကို ဦးညွှတ်ပြီး ချက်ချင်းပင် ပန်းဟွာ၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်သည်။ ထို့နောက် အောင်သွယ်တော်များနှင့်အတူလိုက်၍ သတို့သမီးကို အခန်းထဲသို့ ကူညီလိုက်ပို့ပေးခဲ့သည်။ ပထမတော့ ဧည့်သည်များ အံ့အားသင့်သွားပြီး ရယ်မောလိုက်ကြ၏။


ရုံရှား သည် သုတို့သမီးအတွက် သနားမိသည်ဟု အချို့က ပြောကြပြီး အချို့က သတို့သားသည် စိတ်မရှည်ကြောင်း အရွှန်းဖောက်ကြသည်။သို့သော် သူတို့မည်သို့ပင်ပြောပါပါစေ သတို့သားကို ဘယ်သူကမှ တားလို့မရချေ။


 "သတို့သမီးကို သူက မခွဲနိုင်ဖြစ်နေတာ၊ အခုလည်း သတို့သမီး တစ်ယောက်တည်းဖြစ်နေမှာစိုးလို့ နေမှာပါ... ရုံရှားက အရမ်း စဉ်းစားတတ်ပါတယ်"


 "သတို့သမီး တစ်ယောက်တည်းသွားရမှာကို သူက စိုးရိမ်နေတာလား"


အမျိုးသမီးများ မနာလိုဖြစ်ကြဟည်။သူတို့ယောက်ျားများအကြောင်း တွေးပြီး ထောက်ထားမပေးသည့်အတွက် အားမလိုအားမရဖြစ်နေကြတော့၏။


 "ခြေလှမ်းကို သတိထားပါ"  


ရုံရှားသည် ပန်းဟွာကို အခန်းထဲသို့သွားရန် ကူညီပေးခဲ့သည်။ ဤနန်းတော်သည် အလွန်ခမ်းနားလှသည်။ အခန်းကို ကျောက်စိမ်း အပိုင်းအစများဖြင့် အလှဆင်ထားသည်။ ထို့အပြင် ကျောက်စိမ်းများကိုလည်း သက်ရှိပျိုနီပန်းများလို ပုံဖော် ထွင်းထုထားသည်။  သို့သော်၊ ရုံရှားသည် ဤကျောက်စိမ်းအပိုင်းကို ဂရုစိုက်ရန် စိတ်မ၀င်စား၊ ပန်းဟွာအပေါ် သာ အာရုံစူးစိုက်မှုအားလုံးရှိနေ၏။


 “ကောကုန်း…” 


အောင်သွယ်တော် နှစ်ယောက်က ရုံရှား ကိုကြည့်ပြီး အနည်းငယ် အဆင်မပြေသလို ခံစားလိုက်ရသည်။သူမတို့သာ သတို့သားကို နှင်ထုတ်လိုက်လျှင် သူတစ်ပါးကိစ္စအား ဝင်စွက်မိသလိုဖြစ်မည်။သို့သော်လည်း စည်းကမ်းမလိုက်နာပါက စည်းကမ်းဖောက်ဖျက်သလိုဖြစ်သွားပေမည်။ 


"နောက်မှ ထွက်သွားလိုက်ပါ့မယ်"  


ရုံရှားက ပန်းဟွာကို ကုတင်ဘေးမှာ ထိုင်ဖို့ ကူညီပေးသည်။ကုတင်ဘေးရှိ မြေပဲ၊သစ်ကြားသီး၊ သကြားလုံးများနှင့် အခြားအရာများက သူမကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ပစ္စည်းများကို ဖယ်ပစ်လိုက်သည်။ 


 "ထိုင်ပါ"


ပန်းဟွာ ထိုင်ပြီးသည်နှင့် ရုံရှားက သူမ ဖိနပ်ကို ချွတ်ပြီး အိပ်ရာပေါ် တင်လိုက်သည်။ထို့နောက် သူမ နောက်ကျော အောက်မှာ ခေါင်းအုံးကို ချထားပြီး သူမကို အနီရောင် စောင်ခြုံပေးလိုက်၏။


 "အရမ်း အေးတယ်၊ ဒီမှာ ခဏထိုင်နေ၊ ကိုယ် ခဏနေရင် ပြန်လာမယ်နော်"


 “ကောကုန်း…” 


အောင်သွယ်တော်အမျိုးသမီးသည် သတို့သမီး၏ ခန္ဓာကိုယ်အောက်ပိုင်းကို စောင်ခြုံပေးလိုက်သော ရုံရှားကို ကြည့်လိုက်သည်။သူမတို့ နှစ်ယောက်စလုံး အံသြသွားကြသည်။  ဒါက ဘယ်လိုကြီးလဲ။ဘာလို့ သတို့သမီးက အရင် ဖိနပ်ချွတ်ပြီး သတို့သားထက်အရင် အိပ်နေရတာလဲ...


မင်္ဂလာဆောင်အခမ်းအနားများမှာ မရေးဘဲ သိထားရသည့် ဓလေ့များစွာရှိသည်။ ဥပမာအားဖြင့် သတို့သမီးသည် သတို့သား၏ဖိနပ်ကို မနင်းရပေ။ထို့အပြင် သတို့သားသည် သတို့သမီးအား ကုတင်ပေါ်တွင် ဦးစွာအိပ်ခွင့်မပြုရပေ။ မဟုတ်လျှင် သတို့သမီးက တစ်သက်လုံး သတို့သား၏ ထိပ်ဆုံးမှာ ရှိနေလိမ့်မည်။အမှန်က သတို့သားသည် တစ်သက်တာလုံး သတို့သမီးရှေ့တွင်သာ ဦးဆောင်ရမည်ဖြစ်သည်။


 "ခဏ ကုတင်ပေါ်မှာ လှဲနေတာ ကောင်းပါတယ်၊ ဆောင်းရောက်ပြီ၊ မင်း ဘယ်လိုလုပ် အကြာကြီး ထိုင်နေနိုင်မှာလဲ"  


ရုံရှားသည် အအေးမိခြင်းမှ ကာကွယ်ရန် စောင်ကို တင်းတင်းကြပ်ကြပ် ခြုံပေးခဲ့သည်။ ထို့နောက် အစေခံမိန်းကလေးထံမှ အနွေးအိတ်ကိုယူကာ ပန်းဟွာ၏လက်ထဲသို့ ထည့်လိုက်သည်။  


"တံခါးစောင့်သူတွေက မင်းခေါ်လာတဲ့ အစေခံတွေချည်းပဲ၊မင်း အဆင်မပြေရင် သူတို့ကို ခေါ်ပြီး တစ်ခုခုလုပ်ပေးခိုင်းပါ"


ပန်းဟွာက သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။  


" အများကြီး မသောက်နဲ့နော်...",


"ကောင်းပါပြီ၊မင်း အကြာကြီးမစောင့်စေရပါဘူး"


ပန်းဟွာ၏ အနီရောင်တောက်တောက် နှုတ်ခမ်းများသည် အထက်သို့ ကွေးညွတ်သွားရသည်။ 


ရုံရှားသည် အနီရောင်ဆေးများဖြင့် စွန်းထင်းနေသော သူမ၏လက်ကို ကြည့်လိုက်သည်။ သူ တစ်ချက်ဖျစ်ညှစ်ပြီးနောက် ထွက်သွားလိုက်တော့သည်။


ပန်းဟွာသည် သူ့ခြေသံများ ပျောက်ကွယ်သွားသည်အထိ နားထောင်ခဲ့သည်။ထို့နောက် ပျော့ပျောင်းသော ခေါင်းအုံးကို မှီ၍ မျက်လုံးမှိတ်ကာ အိပ်ပျော်သွားရသည်။ သူမ နံနက်စောစောကတည်းက အိပ်ရာထလာရ၍ အိပ်ချင်နေပေပြီ။ 


အောင်သွယ်တော် နှစ်ယောက်လည်း တိတ်တဆိတ် ထွက်သွားကြသည်။ သူတို့ နှစ်ယောက်က အပြင်မှာ စောင့်နေသည့် အစေခံ ကောင်မလေးများကို ကြည့်ပြီး ခန်းမဘက်ကို လှည့်သွားသည်။


အခမ်းအနားနှင့် လိုက်ဖက်ရန်အတွက် အောင်သွယ်တော် နှစ်ဦးသည် ခရမ်းရောင်ဝတ်စုံများကို ၀တ်ဆင်ခဲ့ရသည်။ ၎င်းတို့အနက် တစ်ခုမှာ 'ဖူ' ဟူသော စာလုံးကို ရေးထိုးထားပြီး ကျန်တစ်ခုမှာ  'ရှို' ဟူသော စာလုံးကို ထိုးသီချယ်လှယ်ထားသည်။ သူမတို့သည် ယခင်က အခြားသောကြင်စဦးဇနီးမောင်နှံများအတွက် အောင်သွယ်တော် ဖြစ်ခဲ့သော်လည်း ယခုလို အိမ်ထောင်ပြုကြသည်ကို တစ်ကြိမ်မှ မတွေ့ဖူးပေ။


 "ကောကုန်းချမ်အမ်ရဲ့ မိသားစုထဲမှာ အကြီးအကဲတစ်ယောက်မှ မရှိပါဘူး၊ ဒီတော့ သူက စည်းကမ်းကို ဘယ်သိပါ့မလဲ၊ဒီစည်းမျဉ်းဟောင်းတွေက ယုံရင်လည်း ရတယ်၊မယုံရင်လည်း ဘာမှမဖြစ်ပါဘူး၊ အဲဒါကို စိတ်ထဲထည့် မနေပါနဲ့"


 ခရမ်းရောင်ဝတ်ထားသည့် အောင်သွယ်တော်ကလည်း ပြောသည်။


"ငါတို့က အောင်သွယ်တော်ပဲလေ၊ လင်နဲ့မယားကြားကကိစ္စတွေက ငါတို့နဲ့ဘာမှမဆိုင်ဘူး" 


 နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။  အမှန်တော့ ဤကိစ္စကို မေ့ပစ်ဖို့ ဆုံးဖြတ်ခဲ့ကြ၏။


ရုံရှား ထွက်လာသည်ကို ဧည့်သည်များမြင်သောအခါ အားလုံးက သူ့ကိုဝိုင်းထားကြသည်။တစ်ချို့ကသူ့ကို လှိုက်လှိုက်လှဲလှဲ အားပေးကြပြီး သူမကို ဂုဏ်ပြုကြသည်။ ရုံရှား မူးသွားသည့်တိုင်အောင် မရပ်မနား စကားပြောပေးနေရတော့၏။လူများနေ၍ သူ ဘာမှမသောက်ရ၊မစားရသော်လည်း ဧည့်သည်များ အားလုံးကတော့ မူးနေကြပြီဖြစ်သည် ။


 ပညာရှင်အချို့က မူးပြီးနောက် ကဗျာအနည်းငယ်ရွတ်ဆိုကြသည်။ကြင်စဦးဇနီးမောင်နှံများကို ဂုဏ်ပြုခြင်းလား သို့မဟုတ် သူတို့၏ကိုယ်ပိုင်ခံစားချက်များကို ပြန်လည်တမ်းတခြင်းလား မသိပေ။မည်သို့ပင်ဆိုစေကာမူ ဧည့်သည်များသည် နန်းတော်တွင် ကျေနပ်စွာစားသောက်ကြသည်။


 "ကောကုန်း ဒီလိုလှပတဲ့မိန်းမပျိုတစ်ယောက်နဲ့ လက်ထပ်ပြီး ယဆက်သားသမီးတွေ အများကြီးမွေးတဲ့အထိ ချစ်နေဖို့ ဆုတောင်းပါတယ်" 


လျှိုပန်းရှန်သည် ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ရုံရှား ဆီသို့ လျှောက်သွားလိုက်သည်။  


"ကျွန်တော် အရင်သောက်ထားမိပါတယ်၊  ကောကုန်း ကျေးဇူးပြုပြီး သောက်ပါဦး"


ရုံရှား ၏ ပါးပြင်များသည် အနည်းငယ်နီနေကာ  ဝိုင်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။  


"ကျေးဇူးတင်ပါတယ်၊သခင်လျှို ထိုင်ပါ"


လျှိုပန်းရှန်သည် ရုံရှားကို ဝိုင်ခွက်အပြည့် ထည့်ပေးလိုက်ပြီး သူ့ထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။


 "သခင်လျှို" သူ့ဘေးက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က လျှိုပန်းရှန်ကို မနာလိုစိတ်ဖြင့် ကြည့်နေသည်။  "မင်းက ကောကုန်းရုံနဲ့ သိပ်ခင်ပါလား"


ဤပွဲကြီးကို တက်ရောက်ခွင့်ရတာနှင့်ပင် သူတို့ကိုယ်သူတို့ ဂုဏ်ယူနေကြသူများပင်။သို့သော် သတို့သားကို သူတို့နဲ့အတူ အရက်သောက်ဖို့ ဘယ်လိုလုပ် ဖိတ်ရဲပါ့မလဲ။


လျှိုပန်းရှန်က ကျိုးနွံစွာ ပြုံးလိုက်သည်။


 "ကောကုန်းကျင့်ထင် လုပ်ကြံသတ်ဖြတ်ခံရတဲ့ကိစ္စကြောင့် ကျွန်တော်က ကောကုန်းရုံရှား နှင့် ဆက်ဆံဖူးတာပါ"


" ကောကုန်းရုံရှားက မင်းကို မျက်နှာပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"


"အိုး…” 


စားပွဲတစ်ဝိုင်းတည်းရှိလူများက ရုတ်တရက် သဘောပေါက်သွားကြသည်။ 


ဤကိစ္စကို သူတို့ မည်သို့မေ့နိုင်သနည်း၊ ဤအမှုသည် နယ်စားမင်းရှစ် ကိုနင်းချေကာ အင်ပါယာတရားရုံးရှိ သူ၏အဆင့်အတန်းကို ကျဆင်းသွားစေခဲ့သည်။သူသည် ယခင်ကဲ့သို့ ဩဇာရှိသူ မဟုတ်တော့ပေ။  ဒီကိစ္စကို မေ့နေကြပြီလား...


ငယ်ရွယ်သော ရုပ်ရည်ရှိ တာဝန်ရှိသူတစ်ဦးက ဝမ်းနည်းစွာ ပြောသည်။


"ရှစ်မိသားစုက မိန်းကလေးဟာ မနာလိုမှုကြောင့် ကြီးလေးတဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ခဲ့တာ၊ သူမက လှပပေမယ့် သူ့နှလုံးသားက မတည်ငြိမ်ပါဘူး"


လျှိုပန်းရှန် မျက်ခုံးပင့်ကာ အရာရှိငယ်ကို လှည့်ကြည့်လိုက်သည်။ 


 "ဒီနေ့ဟာ ပန်းဟွာကျွင်းကျူး နဲ့ ကောကုန်းရုံ တို့ရဲ့ နေ့ထူးနေ့မြတ်ပါပဲ၊မကောင်းတာ‌တွေ မပြောပါနဲ့",


 "ဟုတ်ကဲ့, ဟုတ်ကဲ့" 


 အားလုံးက သဘောတူကြပြီး အကြောင်းအရာကို အမြန်ပြောင်းလိုက်ကြသည်။


ရှစ်မိသားစု မှ မိန်းကလေးသည် ရုံရှား စိတ်ဝင်စားနေမှန်း မည်သူမှ မသိခဲ့ချေ။ ကံမကောင်းစွာဖြင့်၊ ရုံရှားသည် လုပ်ကြံသတ်ဖြတ်ခြင်းအမှု၏ အဓိကတရားသူကြီးတစ်ဦးဖြစ်သည်။အဆုံးတွင် သူက ရှစ်မိသားစုမှ မိန်းကလေးအား ရှီကျိုးသို့ ပို့ရန် စီရင်ချက်ချခဲ့သည်။ ရှီကျိုးသည် မြို့တော်မှ ကီလိုမီတာ တစ်ထောင် သို့မဟုတ် နှစ်ထောင်ခန့် ကွာဝေးသည်။ သူမလို နူးညံ့သိမ်မွေ့သော မိန်းကလေးသည် ထိုသို့သောနေရာတွင် မည်သို့နေထိုင်နိုင်မည်နည်း။


အကယ်၍ ရုံရှားသည် ရှစ်မိသားစုမှ မိန်းကလေးအပေါ် ခံစားချက်ရှိခဲ့ပါက၊ ရှစ်မိသားစု မှမိန်းကလေးအား ပြစ်ဒဏ်ချမှတ်သည့်တိုင် ရှီကျိုးအထိ ပို့ဆောင်မည်မဟုတ်ပေ။


ရုံရှားသည် အရည်အချင်းရှိပြီး လှပသော ပန်းဟွာကျွင်းကျူး ရှိနေ၍၊ ရှစ်မိသားစုမှ မိန်းကလေးကို ဂရုမစိုက်ပေ။ ဧည့်သည်များသည်လည်း ယောက်ျားများဖြစ်၍ ကိုယ်ချင်းစာကြသည်။ယခင်က သူတို့သည်လည်း မိန်းကလေးရှစ်ကို သဘောကျသော်ငြား၊ပန်းဟွာကျွင်းကျူး ရှိသည့်အချိန်တိုင်း သူတို့မျက်လုံးက ပန်းဟွာကျွင်းကျူး ဆီကိုသာ အမြဲတမ်း လှည့်ပတ်နေခဲ့သည်။


ထိုကိစ္စကို တခြားသူများသိအောင် မပြောရဲကြ။သူတို့သည် အပြင်ပန်းက လေးနက်သောမျက်နှာထားဖြင့်သာ ဟန်လုပ်၍နေနေရတော့သည်။ 


ရုံရှားက သူ့ဝိုင်ခွက်ကို မြှောက်လိုက်ပြီး


 "အားလုံးပဲ စားကြသောက်ကြနော်၊ကျွန်တော် ဒီဝိုင်ခွက်ကို အရင်သောက်မယ်" 


ရုံရှားသည် သူ့ခွက်ထဲရှိ ဝိုင်ကို တစ်ကျိုက်တည်း သောက်လိုက်သည်။ပြီးလျှင် ဧည့်သည်များကို ထပ်ခါတလဲလဲ တောင်းပန်ပြီးမှ အတွင်းခန်းထဲကို အမြန်ဝင်သွားသည်။ အချို့ဧည့်သည်များသည် သူ့အား သတို့သမီးအခန်းသို့သွားရန် အော်ဟစ်နေကြသော်လည်း သခင်လေးအချို့က တားကာ သွားခွင့်မပြုပေ။


 အစေခံများသည် လမ်းကိုမြင်ရစေရန် မီးပုံးများကိုင်ဆောင်ကြသည်။ရုံရှားသည် အဖြူရောင်စကျင်ကျောက်တံတားပေါ်တွင် အလျင်အမြန်လျှောက်လာသည်။ သူ့နောက်က အစေခံများသည် သူ့ကိုမှီဖို့ တောက်လျှောက် ပြေးရတော့သည်။


 "နှင်းကျနေတာလား" 


သူ ရုတ်​တရက်​ရပ်​ပြီး ​မှောင်​​နေသည့် ကောင်းကင်​ကြီးကို ​မော့ကြည့်​လိုက်​သည်​။ နှင်းပွင့်များလည်း တဖြုတ်ဖြုတ်ကြွေကျလာသည်။  အချို့က တံတားပေါ် ပြုတ်ကျကြပြီး အချို့မှာ တံတားအောက်ရှိ ရေကန်ထဲသို့ ပြုတ်ကျကာ အသံမြည်သွားကြသည်။


ပန်းဟွာသည် အခန်းထဲမှာ သူ့ကို စောင့်နေတာကြောင့် ခြေလှမ်းကို အမြန် လှမ်းလိုက်တော့၏။


ခန်းမတံခါးဝတွင်၊ ရုံရှားသည် သူ့အား ဦးညွှတ်နေသော အစေခံမိန်းကလေးများကို လျစ်လျူရှုလိုက်သည်။ တံခါးကို အမြန်တွန်းဖွင့်လိုက်ရာ ပန်းဟွာ ကုတင်ပေါ်မှာ လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။ 


 "ဟွာဟွာ၊ မင်း အိပ်ပျော်နေပြီလား...."


ပန်းဟွာသည် တစ်ယောက်ယောက် ခေါ်သံကြားလိုက်ရ၍ ထထိုင်ချင်သော်လည်း လည်ပင်းက နာနေတာကြောင့် အသက်ရှူခက်ပြီး မွန်းကြပ်လာတော့သည်။ "မြန်မြန်လာကြသမ်း၊ တစ်ယောက်ယောက် လာကြစမ်း"


 "ဘာဖြစ်လို့လဲ?" 


ရုံရှား၏ မျက်နှာအမူအရာ ပြောင်းသွားပြီး သူမကို ကူညီဖို့ လှမ်းလာခဲ့သည် ။


ပန်းဟွာက သူ့လက်ကို ဆုပ်ကိုင်လိုက်ရင်း အသံ တဆတ်ဆတ်တုန်လျက် "ကျွန်မကို မထိနဲ့၊ လည်ပင်းနာတယ်"


လေးလံသည့် ခေါင်းဆောင်းကိုဝတ်လျက် ကျောဆန့်အိပ်နေရခြင်းက လူကိုညှင်းဆဲနေသည့်အလားပင်။ဤဖီးနခေါင်းဆောင်းသည် အလွန်လှပသည်။  ကျောက်မျက်ရတနာ၊ ရွှေချည် ငွေချည်၊ ပုလဲတို့ဖြင့် အလှဆင်ထားသည်။  ဤပုလဲများထဲမှ တစ်ခုသည် သာမန်မိသားစုကို နှစ်အတော်ကြာ ကျွေးမွေးရန် လုံလောက်ပေလိမ့်မည်။ ထို့ကြောင့် မည်မျှတန်ဖိုးရှိသည်ကို တွေ့မြင်နိုင်သည်။


ပန်းမိသားစုသည် အကောင်းဆုံးမဟုတ်ဘဲ၊ ဈေးအကြီးဆုံးကိုသာ တောင်းဆိုသည်မို့ သူတို့ ပန်းဟွာအတွက် အကောင်းဆုံး ဆက်စပ်ပစ္စည်းများကို ပြင်ဆင်ထားကြသည်။ ရွှေချည်၊ ကျောက်စိမ်း၊ ပတ္တမြားစသည်တို့ကိုပင် ထည့်ချင်သော်လည်း ဧကရာဇ်တစ်ပါးသာ ဝတ်ဆင်နိုင်သဖြင့် တချို့နေရာများမှာ ပုလဲဖြင့် အစားထိုးလဲလှယ်ကြသည်။


ရုံရှားသည် သူမ၏ ခေါင်းပေါ်ရှိ ခေါင်းဆောင်းကို ဖယ်ကာ သူမ ထိုင်နိုင်အောင် ကူညီပေးသည်။ သူသည် ခေါင်းဆောငါအား ထိန်းထားသော ဆံညှပ်များကို ဂရုတစိုက် ချွတ်လိုက်သည်။ သူ့လက်ထဲတွင် ဖီးနစ်ခေါင်းဆောင်းကို ကိုင်လိုက်သောအခါမှ၊ မည်မျှလေးလံသည်ကို သူနားလည်လိုက်သည်။


 "ကိုယ် မင်းကို ပွတ်ပေးမယ်", သူက သူမ၏ ပခုံးနှင့် လည်ပင်းကို နှိပ်နယ်ရန်ပြင်လိုက်သည်။  "ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား"




xxxxxxx