Chapter 136
"ရှင် ရယ်ချင်ရင် ရယ်ပါ" ပန်းဟွာက သူ့မျက်နှာကို လှည့်ကြည့်ပြီး "ဘာပဲဖြစ်ဖြစ် ဒါက ကျွန်မ ဖီးနစ် ခေါင်းဆောင်းကို တစ်ခါတည်းပဲ ဝတ်မှာ၊နောက်ဆို ဒီလိုမျိုး ထပ်ပြီး မခံစားရတော့ဘူး"
ရုံရှားက ညင်ညင်သာသာ ပြုံးနေသည်။
"ကိုယ် မင်းကို မရယ်ရက်ပါဘူး၊မင်း သိပ်ကြိုးစားတာပဲဟာကို"
ပန်းဟွာက သူ့ခန္ဓာကိုယ်ပေါ်ရှိ အရက်နံ့သင်းသင်းလေးကို ရှူရှိုက်လိုက်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
သူ့ခန္ဓာကိုယ်ပေါ်က အနံ့ကို သူမ သဘောကျပုံမပေါ်တာကြောင့် ရုံရှားသည် အပြင်အင်္ကျီကို ချွတ်လိုက်ပြီး ပါးစပ်ကို လက်ဖက်ရည်နှင့် ဆေးကြောလိုက်သည်။လက်ဖက်ရည်က နည်းနည်းအေးသော်လည်း သူ မမှုပါချေ။
"အခု ရပြီ"
ရုံရှား သူမဘေးမှာ ပြန်ထိုင်လိုက်သည်။ သူမ လည်ပင်းကို လက်တစ်ဖက်နှင့် နှိပ်နယ်ပြီး ကျန်လက်တစ်ဖက်ဖြင့် သူမ လက်ကို ဆုပ်ကိုင်လိုက်၏။
"အရက် အနံ့ နံသေးလား"
သူ့လေသံသည် အလွန်နူးညံ့သိမ်မွေ့ပြီး စကားပြောလိုက်တိုင်း လက်ဖက်ရည်အမွှေးအကြိုင် သင်းပျံ့နေသည်။ပန်းဟွာက ပြုံးပြီး ခေါင်းခါရင်း "အဆင်ပြေပါတယ်"
အောင်သွယ်တော် နှစ်ယောက်သည် ဘေးခန်းမှ အမြန်ပြေးသွားကြသည်။ သူတို့မပြေး၍လည်းမရ၊ သတို့သမီး၏ ခေါင်းဆောင်ပုဝါကို ချွတ်လိုက်သလို ဖီးနစ် ခေါင်းဆောင်းကိုပါ ချွတ်ထားကာ၊ သတို့သားသည်လည်း အပြင်ဘက် ၀တ်စုံကိုပင် ချွတ်လိုက်သည်ကို တွေ့လိုက်ရသည်။ခဏကြာမှ သူတို့ စိတ်အေးအေးထားကာ ပြန်လျှောက်လာပြီး
"ကောကုန်းနဲ့ကျွင်းကျူး......မင်္ဂလာဆောင် ဝိုင်သောက်ဖို့ အချိန်ရောက်ပါပြီ"
နှစ်ယောက်သား ဝိုင်ကို ကိုယ်တိုင်ထည့်ပြီး လူနှစ်ယောက်ကို ပေးလိုက်သည်။
"ကျွင်းကျူးတို့ ဆံပင်တွေ ဖြူသွားတဲ့အထိ အတူတူနေစေချင်ပါတယ်၊ရွှေတွေကလည်း ကုတင်နဲ့အပြည့် တစ်အိမ်လုံး ကျောက်စိမ်းတွေ ဖုံးသွားတဲ့အထိ ချမ်းသာကြွယ်ဝမှုတွေ ပိုင်ဆိုင်ပါစေ၊သားသမီးမြေးမြစ်များကလည်း အနားမှာဝိုင်းနေတဲ့အထိ မွေးဖွားနိုင်ပါစေ၊ နှစ်ယောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ"
"ကျေးဇူးတင်ပါတယ်"
ရုံရှားသည် ဝိုင်ခွက်ကိုယူကာ သူ့လက်ကောက်ဝတ်နှင့် ပန်းဟွာ၏လက်ကောက်ဝတ်နှင့် ချိတ်ကာ ဝိုင်ကို သောက်လိုက်သည်။ ဝိုင်သည် အလွန်မပြင်းပေ၊ သတို့သမီး၏ အရသာနှင့်လိုက်ဖက်ဖို့အတွက် ဖြစ်နိုင်၏။
ပန်းဟွာက ဝိုင်ကို မျိုချလိုက်သည်။ ရုံရှား၏ပါးပြင်များသည် နီရဲနေသည်ကို သူမ မြင်လိုက်ရ၍ နှလုံးခုန်သံတို့ မြန်ဆန်သွားသည်။ ဝိုင်က ခေါင်းထဲအထိ တရိပ်ရိပ်တက်လာကာပတ်ဝန်းကျင်ရှိ ဖယောင်းတိုင်မီးများပါ မှုန်ဝါးနေသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။သူမ အာခေါင်လည်းခြောက်လာကာ သူ့မျက်နှာကို ထိချင်စိတ်ဖြစ်လာရသည်။
သို့သော်လည်း ပတ်ဝန်းကျင်မှာ တခြားလူများရှိနေ၍ သူမ ငြင်းဆန်မိသည်။ထို့နောက် သူမ ခေါင်းကို လှည့်ကာ အောင်သွယ်တော် နှစ်ယောက်ကို ကြည့်လိုက်သည်။ အပြင်လူသာမရှိလျှင် ရုံရှား၏ပါးပြင်များ၊ လည်ညှပ်ရိုး၊သူ့လည်ချောင်းပေါ်က လည်စလုတ်လေးနှင့် ဝမ်းဗိုက်အောက်ပိုင်းကိုပါ ထိမိမှာသေချာသည်။သူ့မျက်နှာလှလှလေးကိုသာ ကိုင်ကြည့်ခွင့်မရလျှင် အတော်လူဖြစ်ရှုံးပေမည်။
"ကျေးဇူးတင်ပါတယ်၊ကောကုန်းတို့ နှစ်ယောက်လုံး ကံကောင်းပြီး လိုရာဆန္ဒတွေ ပြည့်ဝပါစေလို့ မျှော်လင့်ပါတယ်"
ရုံရှားက အောင်သွယ်တော် နှစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး အစေခံမိန်းကလေးများအား ဧည့်ခံစေလိုက်၏။
အခန်းသည် ရုတ်ချည်း တိတ်ဆိတ်သွားသည်။
ပန်းဟွာ၏ အနက်ရောင်ဆံပင်များကို ရှုပ်ထွေးပြီး လှပသော ဆံထုံးဖြင့် ထုံးဖွဲ့ ချည်နှောင်ထားသည်။ဖီးနစ် ခေါင်းဆောင်းကို ဖယ်ရှားပြီးနောက်၊ သူမ၏ ခေါင်းပေါ်တွင် ရွှေဆံထိုး အနည်းငယ်နှင့် ကျောက်စိမ်းဆံထိုး အနည်းငယ်သာ ရှိတော့သည်။ ဖယောင်းတိုင်မီးအောက်တွင် သူမမျက်နှာလေးက အလွန်လှပသောကြောင့် သူ မျက်လုံးမခွာနိုင်အောင်ပင်။
“ဟွာဟွာ…”
ရုံရှား၏ အသံက အနည်းငယ် ခြောက်ကပ်သွားသည်။သူက စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး တစ်ငုံသောက်ဖို့ပြင်လိုက်သည်။ခဏ နေမှ ပန်းဟွာ အရသာကို မကြိုက်နိုင်မှန်းသိသောကြောင့် ဆေးဖက်ဝင် လက်ဖက်ရည်တစ်ခွက်ကိုပါ ရောစပ်လိုက်သည်။ထိုမှပင် သူ့ရင်ထဲမှ အပူများ အနည်းငယ် ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။
သူ ဝိုင်ကို မျိုချစဉ်၊ သူ၏ လည်စလုတ်လေးကလည်း လှုပ်ခါသွားသည်။ပန်းဟွာ၏ အကြည့်သည် သူ့ လည်ချောင်းပေါ် ကျရောက်သွားကာ သူမ ရုတ်တရက် သူ့လည်ချောင်းကို ထိလိုက်သည်။
သူ့လည်ပင်းက နူးညံ့သော တို့ဟူးတုံးအား ထိရသလိုမျိုး အနည်းငယ် ချောမွေ့သည်၊ နူးညံ့သည်။ပန်းဟွာ၏ အကြည့်သည် သပ်သပ်ရပ်ရပ်ဝတ်ထားသော သူ့အတွင်းခံဝတ်ရုံဆီကို ရောက်သွားပြန်၏။ သူမသည် ဝတ္ထုထဲက ဗီလိန်များလို၊ရုံရှားကို ကုတင်ပေါ် တွန်းချ၊သူ့အဝတ်အစားများကို ဆွဲဖွင့်ပြီး သူ့ရင်ဘတ်၊ကျောပြင်နှင့် ညှပ်ရိုးများကို ထိတွေ့လိုစိတ်ပြင်းပြလာရပြန်သည်။
သို့သော် စိတ်ကူးထဲမှာ ရုံရှားကို ကုတင်ပေါ် တွန်းလှဲလိုက်ပုံ အမျိုးမျိုး ပေါ်လာသော်ငြား၊ သူမ ကောင်းကောင်း မတ်တပ်ရပ်နေဆဲပင်။ သူမ အကြည့်က သူ့ဝတ်ရုံကို ထိုးဖောက်ဝင်ရောက်ပြီး သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းဆီမှာကျရောက်နေ၏။
“ဟွာဟွာ”ရုံရှား ခန္ဓာကိုယ်သည် ပို၍ပင် တုန်လှုပ်သွားကာ သူမလက်ကို လှမ်းကိုင်လိုက်ပြီး
"ဒီမျက်လုံးတွေနဲ့ ကိုယ့်ကို မကြည့်ပါနဲ့"
ပန်းဟွာက အပြစ်ကင်းစွာ ပြုံးလိုက်ပြီး "ကျွန်မက ရှင့်ကို ဘယ်လိုမျက်လုံးမျိုးနဲ့ ကြည့်နေလို့လဲ"
"မင်း ကိုယ့်ကို စားချင်နေသလိုမျိုးလေ"
ရုံရှားသည် သူမထံသို့ ချဉ်းကပ်လာသည်။ သူ၏ ပူပြင်းသောာထွက်သက်က မှော်ဆေးပညာလို သူမ၏ နားနှင့်လည်ပင်းကိုပါ ထုံကျင်စေသည်။
"မင်းက ကိုယ့်ကို ဒီနေရာကနေ စ,စားချင်တာလား၊ဒီကနေလား...." ရုံရှား က သူ့နှုတ်ခမ်းကို ညွှန်ပြလိုက်ရင်း ပြောလိုက်၏။
"ဒီကနေလား" တစ်ဖန် သူ့လည်ပင်းကို ညွှန်ပြသည်။
“ဒါမှမဟုတ်…” ထို့နောက် သူ့အတွင်းအင်္ကျီကို ချွတ်လိုက်ပြီး အနီရောင်အတွင်းခံကိုပါ ချွတ်လိုက်သည်။ ထို့နောက် ရင်ဘတ်ကိုဟ,၍ sexy ကျသော ညှပ်ရိုးများကို ပြလိုက်သည်။
"ဒါမှမဟုတ် ဒီကနေလား..."
ပန်းဟွာ ကုတင်ပေါ် လှဲချလိုက်ပြီး ရုံရှား ၏ခါးပေါ်မှာ ထိုင်လိုက်သည်။သူမ၏ ဆံပင်မှ ကျောက်စိမ်းဆံညှပ်ကို ဆွဲဖြုတ်လိုက်ရာ ဆံပင်များ ပြည်ကျသွားတော့၏။သူမ၏ နှုတ်ခမ်းနီနီများက မီးလျှံလို တောက်ပနေကာ စားချင်စိတ်ဖြစ်စေလေသည်။
" ဟေး ကောင်ချောလေး၊စလိုက်ကြရအောင်"
ရုံရှား ဤမိန်းမလက်ထဲမှာ သေသွားလျှင်တောင် ကျေနပ်စွာခံယူမည်ဖြစ်ပြီး လုံးဝ မခုခံတော့ပေ။
ထိုစဉ် တုကျိုး၏ စိုးရိမ်သောကအသံသည် တံခါးအပြင်ဘက်မှ ထွက်ပေါ်လာပြီး "ကောကုန်း၊ အရေးကြီးပါတယ်၊ ကိစ္စတစ်ခုခုဖြစ်သွားပါတယ်"
ပန်းဟွာသည် ရုံရှား၏ ရင်ဘတ်တစ်ဝက်ကို ဝမ်းနည်းစွာ ကြည့်လိုက်မိသည်။ သူမက သူ့အတွင်းခံဘောင်းဘီကိုပါ သပ်ရပ်သွားအောင် ကူညီပေးပြီး ကုနင်ပေါ်မှဆင်းလိုက်၏။ထို့နောက် တံခါးကို အနည်းငယ်ဖွင့်ကာ.... "ဘာကိစ္စရှိလို့လဲ"
သတို့သမီးများ၏ မိတ်ကပ်က အတော်ထူသည်။သာမာန်လူသာဆို ဤမိတ်ကပ်မျိုးနှင့် လှဖို့ခဲယဉ်းသော်လည်း ပန်းဟွာ ကတော့ မတူချေ။သူမ၏ မိတ်ကပ်က ပိုထူလာလေလေ၊ သူမက ပိုတောက်ပလာလေလေပင်။တုကျိုးသည် ပန်းဟွာကိုမြင်သောအခါတွင် သူ တခဏမျှ ထိတ်လန့်သွားပြီး "နင်းဝမ်မင်းသားနဲ့ အကြီးဆုံးသခင်လေးရှဲ့တို့ စကားများရန်ဖြစ်တယ်ဆိုတဲ့ သတင်းကို ကျွန်တော် အခု လက်ခံရရှိခဲ့ပါတယ်၊နင်းဝမ်မင်းသားက ဒေါသထွက်ပြီး အကြီးဆုံးသခင်လေးရှဲ့ကို ဓားနဲ့ထိုးခဲ့ပါတယ်၊ရှဲ့မိသားစုက ကျင့်ထင်အိမ်တော်ကို ဆေးကုသဖို့ သမားတော်သွားငှားခဲ့ပေမယ့် သမားတော်တွေက ကျွင်းကျူးရဲ့နောက်ကို လိုက်သွားခဲ့တယ်လို့ သိရပါတယ်…ဒါကြောင့် ဒီနန်းတော်အထိလာပြီး ရှဲ့မိသားစုရဲ့လူယုံတော်က သမားတော် လာငှားနေပါတယ်"
ဒါနဲ့၊ ထူးဆန်းတာက ပန်းဟွာကျွင်းကျူး က ဘာလို့ တံခါးဖွင့်တာလဲ။ သူတို့ရဲ့ ကောကုန်း ဘယ်မှာလဲ။
"နင်းဝမ်မင်းသားဟာလေ၊ နည်းနည်းလောက် ငြိမ်ငြိမ်နေလို့ မရဘူးလား..."
ပန်းဟွာက ဒေါသတကြီးနှင့် အော်တော့သည်။ "သူသာ အရည်အချင်းရှိရင် ဘာလို့ သူ့ကိုယ်သူ ဓားနဲ့ ထိုးပြီး မသေတာလဲ",
နင်းဝမ်မင်းသားက သူ့ကိုယ်သူ ဓားနှင့်ထိုးလောက်အောင် မမိုက်မဲဟု တုကျိုး ထင်လိုက်သည်။
"ဟွာဟွာ၊ စိတ်မဆိုးပါနဲ့"
ရုံရှားသည် ဝတ်ရုံကိုဝတ်ရင်း ပန်းဟွာ၏ နံဘေးကို လျှောက်သွား၏။ တုကျိုး ဦးညွှတ်နေသည်ကိုမြင်လျှင် "ဒီနေ့ဟာ ဟွာဟွာနဲ့ငါ့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တယ်ဆိုတာ ရှဲ့မိသားစုက မသိကြဘူးလား?၊ဆေးကုသဖို့ ပိုင်ရှိုဥယျာဉ်အထိ လာတောင်းဆိုတယ်ဆိုရအောင် တခြားသမားတော်တွေ မရှိဘူးလား"
တုကျိုးသည် ကောကုန်း ရောက်လာတာကြောင့် အားလုံးကို ပြောပြရတော့သည်။
"ကောကုန်း၊ကျွန်တော်လည်း ဒီလိုပဲထင်ခဲ့တာပါ၊ ကျုံးဖျင်နယ်စားမင်းက ငိုပြီး ဆေးကုသမှုခံယူဖို့ တောင်းဆိုနေလို့ပါ၊ဥယျာဉ်ထဲမှာလည်း ဧည့်သည်တွေ များနေတော့ ကျွန်တော်တို့ ဘာမှ မလုပ်ရင် တခြားလူတွေ ဆဲဆိုခံရမှာကို စိုးရိမ်မိပါတယ်",
ပန်းဟွာက ပြောသည်။
"မဟုတ်ဘူး၊နေပါစေထ သူတို့ကြိုက်တာပြောပါစေ၊ တခြားသူတွေရဲ့ ပျော်ရွှင်စရာနေ့ကို နှောင့်ယှက်ရင် သူတို့လည်း မိုးကြိုးပစ်ခံရလိမ့်မယ်၊ကဲပါ ရှုပ်ပါတယ်၊သမားတော်နှစ်ယောက်ကို တစ်ယောက်ယောက် သွားခေါ်လာပေးပါလား"
ပန်းဟွာ၏ လေသံက အေးစက်သွားသော်လည်း ရှဲ့မိသားစု၏တောင်းဆိုမှုကို ငြင်းဆန်ခြင်းမရှိခဲ့ပေ။ "ဒါပေမယ့် ဒီသမားတော်နှစ်ယောက်ကိုတော့ ပန်းမိသားစုက လေးစားတယ်၊သူတို့ကယ်တင်နိုင်သည်ဖြစ်စေ မကယ်နိုင်သည်ဖြစ်စေ ကျွန်မတို့ သမားတော်နှစ်ယောက်ကို အပြစ်လာတင်တာမျိုး သည်းမခံနိုင်ဘူး၊ကိုယ်ရံတော်တု သူတို့နဲ့အတူ နောက်ထပ်လူနည်းနည်းပါ ထည့်ပေးဖို့ စီစဉ်ပါ၊ ရှဲ့မိသားစုက ငါတို့လူတွေကို ဒုက္ခမပေးမိစေနဲ့",
"ဟုတ်ကဲ့"
တုကျိုး အမိန့်ကိုလက်ခံပြီး ထွက်ခွာသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ကောကုန်းသည် စကားတစ်ခွန်းမှ ဝင်မပြောသေးမှန်း သတိရမိသည်။ သူလှည့်ကြည့်လိုက်သော် ကောကုန်းက ခေါင်းငုံ့ပြီး ကျွင်းကျူးအား စကားပြောနေသည်ကိုသာ မြင်လိုက်ရ၏။ ကောကုန်းက သူ့ကိုတောင် လှည့်မကြည့်ပေ။
သူသည် ပင်မခန်းမထဲမှ ထွက်လာပြီးကျုံးဖျင်နယ်စားမင်းကို တွေ့လိုက်ရသည်။
"နယ်စားမင်း၊ ခဏလောက်စောင့်ပါ၊ ကျွန်တော် သမားတော်နှစ်ယောက်ကို သွားခေါ်လိုက်မယ်"
"ကျေးဇူးတင်ပါတယ်" ကျုံးဖျင်နယ်စားမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် တုကျိုးကို အမှန်တကယ် လေးနက်စွာ ဦးညွှတ်သည်။
ကျုံးဖျင်နယ်စားမင်းသည် အထက်လူကြီးဖြစ်ပြီး တုကျိုးသည် သူ့ထက်နိမ့်ကျသောသူ ဖြစ်သည်။တုကျိုး သည် နယ်စားမင်း ဦးညွတ်နေသည်ကို လက်မခံဝံ့ပေ။
"ကျုံးဖျင်နယ်စားမင်း၊ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး၊ဒါက ကျွန်တော်တို့ သခင်မ လိုချင်တာပါ၊ ကျွန်တော်က အမိန့်အတိုင်း လုပ်နေတာပါ"
တုကျိုးက "ကျွန်တော်တို့ သခင်မ" ဟူသော စကားကို တမင်တကာအသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ထို့ကြောင့် ကျုံးဖျင်နယ်စားမင်း ၏ မျက်နှာမှာ အနည်းငယ်နီမြန်းသွားရသည်။ တုကျိုးပြောသည့် သခင်မက သူ့ချွေးမ ဖြစ်လုနီးပါးပင်။
နှမြောလိုက်တာ…
ပန်းဟွာသည် မျက်နှာပေါ်က မိတ်ကပ်ကို ဆေးကြောပြီးနောက် ရုံရှားကို ပြောလိုက်သည်။
"ကျန်းလောက ငယ်ငယ်ကတည်းက ကျွန်မကို အနိုင်ကျင့်လာတာ၊ အရင်ဘဝက သူနဲ့ ကျွန်မ ဘယ်လောက်မုန်းတီးခဲ့လဲမသိဘူး"
ရုံရှားက အစေခံမိန်းကလေးများကို ထွက်သွားခိုင်းပြီး ပန်းဟွာအား လက်ဆွဲခေါ်လာကာ ကုတင်ပေါ်ထိုင်ခိုင်းသည်။
"သူ မင်းကို အနိုင်ကျင့်ဖူးလား"
"သူက အနိုင်ကျင့်ချင်ပေမယ့် ကျွန်မကို သူ အနိုင်ကျင့်ရဲဖို့ သတ္တိမရှိပါဘူး"
ပန်းဟွာသည် စောင်ထဲသို့ဝင်ခွေကာ တစ်ချက်သမ်းဝေးလိုက်ရင်း
"ငယ်ငယ်က သူ့က်ို ကြည့်မရရုံဆိုပေမယ့် အခုလောက်ထိ စိတ်မဆိုးဖူးဘူး "
ရုံရှားသည် ပန်းဟွာ အိပ်ငိုက်နေသော အသွင်အပြင်ကို ချစ်စနိုးကြည့်နေသည်။
"လူဆိုတာ အမြဲတမ်း ပြောင်းလဲနေတယ်မလား"
“အိုး…ဟုတ်တယ်၊ တစ်ချို့က အရင်ကထက်ပိုကောင်းလာတယ်၊ တစ်ချို့လူတွေက ပိုပိုပြီး စိတ်အနှောက်အယှက်ဖြစ်လာတယ်"
"မင်း အိပ်ငိုက်နေတာလား"
ရုံရှားသည် သူမ လည်ပင်းကို လှည့်ပတ်ကြည့်ကာ နားရွက်ကိုပါ ညင်သာစွာ ပွတ်သပ်လိုက်၏။
ပန်းဟွာက မျက်လုံးဖွင့်ဖို့ အတင်းရုန်းကန်ကြိုးစားရင်း "ဘာလဲ၊ ဘာလုပ်စရာရှိသေးလို့လဲ"
"ဟုတ်တယ်၊ လုပ်စရာတစ်ခုရှိတယ်"
",တစ်ခု"
ပြောရင်းဆိုရင် သူက စောင်အောက်ကို ဝင်လိုက်တာကြောင့် ပန်းဟွာ ရုတ်တရက် အိပ်ငိုက်ပင် ပြေသွားသည်။ သူမ မျက်လုံးကို ကျယ်ကျယ်ဖွင့်ကာ ပိုင်နက် နယ်မြေကို ကျူးကျော်ဝင်ရောက်လာသည့် လူသားကို စူးစမ်းနေသာ ကျားသစ်မလေးတစ်ကောင်လို ရုံရှားကို ကြည့်လိုက်သည်။သို့သော် ဤလူသားက အလွန်ကြည့်ကောင်းသောကြောင့် လားမသိ၊ မာန်ဖီနေသော ကျားသစ်မလေးသည် နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသည်။
"ဘာဖြစ်တာလဲ"
"ဒီနေ့က ကိုယ်တို့မင်္ဂလာဦးညလေ..."
ရုံရှား စကားမဆုံးခင်မှာ ပန်းဟွာ ရုတ်တရက် ထထိုင်လိုက်ပြီး "ရှင့်ကျောဒဏ်ရာက သက်သာသွားပြီလား"
"ကြည့်ချင်လား"
"ဟုတ်တယ်၊ကြည့်ချင်သေး"
ပန်းဟွာ ခေါင်းညိတ်လိုက်ပြီး ရုံရှား၏ ရင်ဘတ်ကို လှမ်းစမ်းလိုက်၏။ထိုအခါ ရုံရှားက သူမလက်ကို ကိုင်လိုက်ပြီး သူ့ရင်ဘတ်မှာ ကပ်ထားလိုက်ရင်း ဩရှရှ အသံဖြင့်ပြောလေသည်။
"အလျင်မလိုရဘူး၊ ဖြည်းဖြည်းချင်းထိပြီး ဖြည်းဖြည်းချင်း မြည်းစမ်းကြည့်ဖို့ အချိန်တစ်ညလုံးရှိနေပါသေးတယ်"
ပန်းဟွာ၏ လက်ချောင်းထိပ်များ တုန်ခါသွားကာ သူမ၏ လက်ဖဝါးသည် မီးတောက်များကဲ့သို့ ပြင်းထန်စွာ ပူလောင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
"အပြင်မှာ နှင်းတွေကျနေတယ် အရမ်းအေးတယ်နော်"
သူ၏ နွေးထွေးသော နှုတ်ခမ်းများက သူမ၏ နားရွက်ဖျားကို နမ်းလိုက်သည်နှင့် သူမ၏ နားရွက်ဖျားသည် ချက်ချင်းပင် ပွင့်လန်းနေသော အနီရောင် ပန်းပွင့်အဖြစ်သို့ ပြောင်းလဲသွတော့သည်။
နှင်းပွင့်များသည် လေထဲတွင် တဖျပ်ဖျပ်ခတ်ပြီး နန်းတော် လေဟာပြင်ရှိ ရေပူစမ်းရေတွင်းထဲသို့ ကျသွားသည်။အုံ့ဆိုင်းနေသော မြူခိုးများက နှင်းပွင့်များနှင့် ရောနှောသွား၏။ အဆုံးတွင် ရေတွင်းထဲကျသွားသော နှင်းပွင့်များသည် ရေအဖြစ်သို့ ပြောင်းလဲသွားသော်လည်း ပူပြင်းသော ရေပူစမ်းရေတွင်း၏ အပူချိန်သည် ကျဆင်းမသွားပေ။
"ဟွာဟွာ မင်းအဆင်ပြေရဲ့လား"
"အဆင်ပြေပါတယ်၊ရှင် နောက်တစ်ခါ ထပ်လိုချင်သေးလား"
နှင်းပွင့်များသည် ပူပြင်းသော စမ်းရေတွင်းတွင် အရည်ပျော်သွားသည်။ မြူခိုးများသည် တဖွားဖွားဆူဝေနေကာ ပတ်ဝန်းကျင်းကို မသဲကွဲအောင် ဖြစ်နေတော့၏။
နဂါးပုံများနှင့် ဖီးနစ်ငှက်ပုံများဖြင့် ထွင်းထုထားသော အနီရောင် မင်္ဂလာဖယောင်းတိုင်ကြီးသည် တစ်ညလုံး လောင်ကျွမ်းသွားခဲ့သည်။ ကောင်းကင်ကြီး တောက်ပလာသောအခါ အနီရောင် ဖယောင်းတိုင်နှစ်တိုင် လောင်ကျွမ်းသွားပြီး အရည်ပျော်နေသော ဖယောင်းရည်များကသာ ည၏ဖြတ်သန်းမှုကို သက်သေပြခဲ့သည်။
ရူရီ ပြတင်းပေါက်ကို တွန်းဖွင့်လိုက်လျှင် အပြင်မှာ နှင်းထူထပ်နေသော ကမ္ဘာကြီးကို မြင်လိုက်ရသည်။သူမ ချက်ချင်းပင် အနွေးထည်များ ဝတ်လိုက်ရ၏။
“ရူရီ”
ကြာပန်းပုံ ဝတ်စုံ ဝတ်ထားသည့် အစေခံမိန်းကလေးတစ်ယောက်က ပြတင်းပေါက်နားကို လျှောက်လာပြီး ရူရီကို ဦးညွှတ်လိုက်သည်။
“ကောကုန်းနဲ့ ကျွင်းကျူး နိုးလာတော့မယ်၊ ငါတို့ အသင့်ပြင်ထားသင့်တယ်”
ရူရီသည် အချိန်ကိုကြည့်လိုက်ပြီး အစေခံမိန်းကလေးကို ပြုံးပြကာ "အသိပေးလို့ ကျေးဇူးတင်ပါတယ်"
"ယဉ်ကျေးပြီး ပြောဖို့ မလိုပါဘူး"
အစေခံအုပ်စုသည် အခန်းတံခါးဆီသို့ လာသော် အခန်းထဲတွင် လှုပ်ရှားမှုမရှိသည်ကို တွေ့သဖြင့် အားလုံးက ရူရီကို လှည့်ကြည့်လိုက်ကြသည်။ ရူရီသည် ပန်းဟွာကျွင်းကျူး၏ အစေခံဖြစ်သောကြောင့် သူမသည် ပန်းဟွာကျွင်းကျူး၏ အလေ့အထများကိုသိထားမည်ဖြစ်သည်။
ရူရီသည် ထိုလူများ၏ အကြည့်များကို လျစ်လျူရှုကာ တံခါးအပြင်ဘက်တွင် ငြိမ်သက်စွာ ရပ်နေပြီး သခင်ဖြစ်သူ၏ အမိန့်ကို စောင့်နေသည်။
ရုံရှား နိုးလာသောအခါ ကောင်းကင်သည် တောက်ပနေပြီဖြစ်သည်။ခါတိုင်းဆို သူသည် နောက်ကျမှ နိုးခဲပြီး နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်ပျော်ခဲ၏။သူ့ဘေးနားက အမျိုးသမီးကို လှည့်ကြည့်လိုက်ရင်း သူ့ပါးစပ်ထောင့်မှာ အပြုံးတစ်ခု ပေါ်လာရသည်။သူမနှင့်သာဆို အမြဲတမ်း အပြင်မထွက်ဘဲ အချိန်ကုန်သည်အထိ အိပ်ချင်နေခဲ့သည်။
"နိုးလပြီလား...."
ပန်းဟွာ မျက်လုံးကိုဖွင့်ကြည့်လိုက်ရာ ရုံရှား၏ ချောမောသောမျက်နှာကိုမြင်လိုက်ရပြီး သူမ မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခုပေါ်လာသည်။
မွ.....
သူ့နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်နှင့် သူမ၏ နှင်းဆီရောင် မျက်နှာလေးက အနည်းငယ် ကျေနပ်သွားတော့သည်။
xxxxxx