Chapter 3
Viewers 4k

Chapter 3


ပြောရမည်ဆိုလျှင် ရွှီဇီယန်သာရွှီဇီရုန်အားခေါ်လာသည်ကို သဘောမတူပါက အကယ်၍ခေါ်လာသူဟာ ‌ရွှီရှောင်ဖြစ်နေလျှင်တောင် အခြားသူများက ရွှီဇီရုန်ကို ရွှီမိသားစုထဲသို့အဝင်ခံလိမ့်မည် မဟုတ်ပေ။


ထိုအရာက ___ ရွှီဇီရုန်၏ကံကြမ္မာပင် ဖြစ်သည်။


ခန်းမထဲကလူတွေအားလုံးသည် ရွှီဇီယန်ကိုအကဲခတ်နေကြပြီး ရွှီဇီယန်၏အကြည့်တွေကတော့ တည်တည်ငြိမ်ငြိမ်ဖြင့် ခန်းမအလယ်မှာထိုင်နေသည့် အသက်အလယ်အလတ်ပိုင်းလူကြီးကိုသာ စိုက်ကြည့်နေသည် ___ အထူးသဖြင့် ထိုလူဘေးနားက ကလေးကိုပေါ့။


ဒီကလေးကအလွန်ဆုံး အသက်၆နှစ်၊၇နှစ်ပဲ ရှိဦးမည်။ သူ့အသားအရေလေးက ကြည်လင်ဖြူဖွေးနေပြီးတော့ ရေလေးကိုနူးညံ့ပျော့ပျောင်းနေသည်။


သူ့(ရွှီဇီရုန်)မျက်နှာဟာ အနည်းငယ်သိမ်မွေ့နေပြီး စိုးရိမ်မှုတွေနှင့်ပြည့်နေလေသည်။ ပြီးတော့ ချစ်စရာကောင်းသည့်မျက်လုံးလေးတစ်စုံဖြင့် သနားစရာကောင်းအောင် သူ့(ရွှီဇီယန်)ကိုစိုက်နေ၏။ ကလေးက လေးစားအားကျသည့်မျက်လုံးဖြင့် ကြည့်နေတာကို သူမြင်လိုက်သည်ဆိုတာ ရွှီဇီယန်အသေအ‌ချာပြောရဲသည်။


သူ၏နှလုံးသားကို မြှားတစ်စင်းပစ်ချလိုက်သလို ဖြစ်သွားသလိုပဲ!


ရွှီဇီယန်သည်ကလေးကိုကြည့်လိုက်ပြီး သူကငါ့ညီလေးပဲဖြစ်ရမယ်ဆိုတာကို တွေးလိုက်ရင်း သူ့နှလုံးသားချက်ချင်းကို အရည်ပျော်ကျသွားတော့သည်။


အား..အား..အား..အား..အား!!! အရမ်းချစ်စရာကောင်းတာပဲ အား..အား! ချီးပဲ ဒီလောက်ချစ်စရာကောင်းတဲ့ကလေးကို အရင်ရွှီဇီယန်ကဘယ်လိုတောင် နှိပ်စက်ရက်တာလဲ??!!!


အကယ်၍ သူသာမုန်းရမယ်ဆိုလျှင် သူ့အဖေနဲ့အချစ်ဦးဆိုတဲ့မိန်းမကိုပဲ မုန်းမိမှာ ဘာလို့ဘာမှမဆိုင်တဲ့ ကလေးကိုဆွဲထည့်ရတာလဲ အား...!!


ရွှီဇီယန်ဟာ သူ့ရင်ဘတ်ထဲ၌ ဒေါသတကြီးအော်ဟစ်နေတာကြောင့် သူ့မျက်နှာကလည်း အနည်းငယ်တင်းမာ‌လာတော့သည်။


ရွှီဇီယန်၏မျက်နှာအမူအရာက တင်းမာနေတာကြောင့် ကလေး၏ကိုယ်လေးသည် အနောက်ဘက်ကိုကျုံ့သွားပြီး သူ့မျက်နှာလေးဟာလည်းနီရဲလာပြီး သူ့ဦးခေါင်းဟာအောက်သို့ငုံ့သွား၏။


ရွှီဇီယန်ဟာနောက်တစ်ခါထပ်ပြီး သူ့နှလုံးသားဆီကို မြှားဖြင့်အပစ်ခံလိုက်ရပြန်သည်။ ဒီပုဂ္ဂိုလ်၏ညီငယ်လေးဟာ သူ၏ညီငယ်လေးနှင့် အတော်တူပေသည်။ ရှက်နေတာကအစ ချစ်ဖို့ကောင်းတာအဆုံးထိ ဒီအရာတွေအားလုံးက သူ့(ရွှီဇီရုန်)ရဲ့ meng* အချက်ပဲ!

『K:meng ဆိုတာ တရုတ်ဗန်းစကားက ချစ်စရာလေး ဒါမှမဟုတ် ချစ်ချင်စဖွယ်လို့ အဓိပ္ပါယ်ရပါတယ်၊ အခြေခံအားဖြင့်ပြောရမည်ဆိုလျှင် ကျွန်ုပ်တို့MCက ရွှီဇီရုန်ကို သူ့ညီဖြစ်သူနဲ့တူတယ်လို့ပြောပြီး ချစ်စရာလေးဆိုပြီး သူတွေးနေတာပါ ဟားဟား.... meng ဆိုတဲ့ တရုတ်ဝေါဟာရက ဂျပန်အသုံးအနှုန်းကနေ ဆင်းသက်လာတာပါ』


သူအရမ်းသိသာအောင် ပြုမူပြောဆိုလို့မရဘူးဆိုတာ သတိမရဘူးဆိုလျှင် သူချက်ချင်းပြေးသွားပြီး ချစ်စရာကောင်းသည့်ထိုကလေးကို ဖက်နမ်းမိလိမ့်မည်!


"အဖေ....." ရွှီဇီယန်ဟာ အဖေဆိုသည့် စကားလုံးကို သူ့ပါးစပ်ကထွက်ဖို့ မနည်းအရှိန်ယူလိုက်ရသည်။ တောင်ပေါ်၌ သူအချိန်အကြာကြီး လေ့ကျင့်ခဲ့လို့သာပေါ့ မဟုတ်လျှင် ဒီစကားလုံးကို ပြောဖို့ သူ့အတွက်အလွန်ကိုခက်ခဲပေသည်။


ပြီးတော့ ရွှီဇီယန်အမြင်၌ ရွှီရှောင်သည် စိတ်ပိုင်းဆိုင်ရာအလွန်ဆိုးဝါးပြီးတော့ အဖေတစ်ယောက်မဖြစ်ထိုက်ဟု ယူဆသောကြောင့်ပင်ဖြစ်သည်။


"အင်း..." ရွှီရှောင်သည် ခန်းမအလယ်မှာထိုင်နေပြီး ရွှီဇီယန်ကိုမြင်တော့ သူခပ်အေးအေးသာ ခေါင်းငြိမ့်လိုက်‌၏။


သူနှင့်ရွှီဇီယန်အမေ၏ ဆက်ဆံရေးသည် စီးပွားရေးအရ ကိုယ်စီလိုအပ်ချက်တွေရှိလို့သာ ပတ်သက်ခဲ့ကြခြင်း ဖြစ်သည်။ ဒါကြောင့် သူ့သားဖြစ်နေသည့်တိုင်အောင် သူသည်ရွှီဇီယန်အပေါ် သိပ်ပြီးချစ်ခင်မှုမရှိပေ။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီဇီယန်၌အလွန်ရှားပါးသည့်စွမ်းရည်ရှိသောကြောင့် သူသည်ဒီသားကို အရေးပါသည့်လူတစ်ယောက်အဖြစ် ဆက်ဆံလေသည်။


ရွှီဇီယန်၏နှုတ်ခမ်းအနည်းငယ် တွန့်သွားပြီး သူ့စိတ်ထဲ၌ ရွှီရှောင်ကို ဝေဖန်ချက်များချနေလေသည်။ အကယ်၍ ရွှီရှောင်နှင့်သူ့အဖေအရင်းကို နှိုင်းယှဉ်ခဲ့မည်ဆိုလျှင် ရွှီရှောင်ကမြေစာပင်ဖြစ်ပြီးတော့ သူ့အဖေကမိုးကောင်းကင်ဖြစ်ပေလိမ့်မည် မဟုတ်ဘူးလား? ဘယ်သူမဆို အဲ့လိုတွေးမိမှာပဲမဟုတ်ဘူးလား?


သူနေ့လည်ခင်းကျောင်းသွားပြီးတော့ သူပြန်လာသည့်ညတိုင်း သူ့အဖေကိုဖက်ပြီး နှုတ်ဆက်လေ့ရှိသည်။ ညစာစားချိန်၌လည်း သူ့အဖေကအမြဲ သူကျောင်းမှာတွေ့ကြုံခဲ့တာတွေကို မေးလေ့ရှိသည်။ သူ့အဖေအရင်းလိုမျိုး ရွှီရှောင်ကိုမမျှော်လင့်မိပေမယ့် ဒီလိုမျိုးအေးစက်စက်ဆက်ဆံ‌ရေးကြီးက ဘယ်လိုမျိုး သားအဖဆက်ဆံရေးကြီးလဲဟ....


ရှိုးတိုးရှန့်တန့်ဖြစ်နေသည့်ကလေးကို သူပြန်ကြည့်လိုက်ပြီးတော့ သူ့နှလုံးသားထဲကစိတ်ဆိုးနေမှုတွေလျော့သွားပြီး တဖြေးဖြေးနူးညံ့လာသည်။ 

"သူက ကျွန်တော့်ညီလေးဇီရုန်လား...?"


ရွှီဇီယန်၏စကားလုံးမှာ ခန်းမအတွင်းရှိလူများအားလုံး ရှော့ခ်ရသွားပြီး သူတို့မေးရိုးများပြုတ်ကျသွားမလို ဖြစ်သွား၏။ အရင်တုန်းကတည်းက ရွှီဇီယန်၌ထူးကဲသည့်စွမ်းရည်ရှိသဖြင့် ဘယ်သူကမှသူ့ကိုစိတ်အနှောက်အယှက်မပေးရဲကြပေ။ ရွှီရှောင်ကလည်း သူ့ကိုစည်းကမ်းမတင်းကြပ်သောကြောင့် သူသည်တဖြည်းဖြည်း‌အထက်စီးဆန် မောက်မာလာပေသည်။


ထပ်ပြောရမည်ဆိုလျှင် ရွှီဇီယန်၏အမေသည် ဒီတရားမဝင်ကလေးအကြောင်းသိသွားပြီး မိစ္ဆာကျင့်စဉ်ကျင့်ရင်း ဆုံးသွားသည်။ ထိုအချိန်တုန်းက ရွှီဇီယန်ကသူ့အံကြိတ်ပြီး ဒီကောင်စုတ်လေးကို ပညာပေးရမည်ဟု ပြောခဲ့တာကို အခုသူတို့တွေ့တဲ့အချိန်၌ ဘာကြောင့် သူရဲ့ပုံစံကဆန့်ကျင့်ဘက်ဖြစ်သွားရတာလဲ?


အားလုံး၏စိတ်ထဲ၌ရှုထောင့်မျိုးစုံကနေ အတွေးပေါင်းစုံဖြင့်တွေးကြတော့သည်။ ဥပမာပြောရမည်ဆိုလျှင် ရွှီဇီယန်ကသူ့၌အစီအစဉ်ရှိသောကြောင့် ရွှီဇီရုန်ကိုကောင်းကောင်းဆက်ဆံနေခြင်းဖြစ်ပေလိမ့်မည်။ နောက်ကွယ်မှာကြမှ သူ့ညီလေးကိုနှိပ်စက်လိမ့်မည်။ အကယ်၍လူတွေအရှေ့၌ အဲ့လိုလုပ်လိုက်လျှင် သူ့ဂုဏ်သတင်းကျဆင်းသွားမှာစိုးလို့ ဖြစ်လိမ့်မည်။


မျိုးနွယ်စုကလူအားလုံးသည် သူတို့၏စိတ်ထဲ၌ အတွေးမျိုးစုံဖြင့်ပြည့်နေတော့သည်။ ရွှီဇီယန်၏အပြုအမူက ဘယ်လိုအဓိပ္ပါယ်လည်းဆိုတာကို အားလုံးကသိချင်နေကြသည်။


‌ရွှီရှောင်ကတော့ခန်းမအလယ်မှာ ထိုင်နေပြီး သူ့သားအကြီးကို ခန့်မှန်းလို့မရနိုင်တဲ့ အကြည့်မျိုးဖြင့်ကြည့်နေလေသည်။


ရွှီဇီယန်သည် ရွှီဇီရုန်၏ဖြစ်တည်မှုကို ဘယ်လောက်မုန်းလဲဆိုတာ သူမသိလို့မဟုတ်ပေ။ ဒါ‌ပေမယ့်သူကတမင်ရွှီဇီရုန်ကို ခေါ်လာခဲ့ခြင်းဖြစ်ပေသည်။ အကြောင်းအရင်းကတော့ ရွှီမိသားစုဝင်တစ်ယောက်ကို အပြင်လောကမှာအလေအလွှင့်မဖြစ်စေချင်တာရယ်၊ ပြီးတော့ရွှီဇီယန်ကိုစမ်းသပ်ချင်တာရယ်ကြောင်းပဲဖြစ်သည်။


ရွှီရှောင်ကလည်းရွှီဇီရုန်အပေါ် သိပ်ပြီးချစ်ခင်မှုမရှိပါ။ အရင်ကသူ့အချစ်ဦးနှင့်ချစ်ခဲ့သည်ဆိုပေမယ့် အချိန်ကြာလာသည်နှင့်အမျှ သူ့အတွက်အရာအားလုံးက လွင့်ပါးပျောက်ကွယ်သွားလေပြီ။


ပြီးတော့ရွှီဇီရုန်က သူပျိုးထောင်ခဲ့သည့်ကလေးမဟုတ်ပေ။ သူ့လက်ထဲ၌ကြီးပျင်းလာခဲ့သည့် ရွှီဇီယန်ကိုတောင်မချစ်တာ ရွှီဇီရုန်ကိုသူကချစ်မယ်တဲ့လား?


သူ့မျက်စိထဲ၌ ရွှီဇီရုန်၏ဘဝသည် ရွှီဇီယန်၏ဓားသွေးကျောက်သာဖြစ်၏။ သူက ရွှီဇီရုန်အပေါ်မှာထားသည့် ရွှီဇီယန်၏အမုန်းတွေကို အသုံးချပြီး ရွှီဇီယန်၏စိတ်ရှည်မှုကိုစမ်းသပ်ချင်ရုံသာဖြစ်သည်။


အဆုံးသတ်မှာရွှီဇီရုန် ဘာတွေပဲဖြစ်ဖြစ် သူစိတ်မဝင်စားချေ။ ဒီကလေးကသာမန်စွမ်းရည်ပဲရှိတော့ အထက်ကောင်းကင်အဆင့်ကိုလည်း တက်ရောက်နိုင်မှာမဟုတ်ဘူး။


လက်ရှိအခြေအနေအရကြည့်မမည်ဆိုလျှင် သူအခုလုပ်လိုက်သည့် ကိစ္စကအရမ်းကိုအကျိုးသက်ရောက်မှုရှိသည်။ အနည်းဆုံးတော့ ရွှီဇီယန်၏လက်ရှိသရုပ်ဆောင်နေသည့် အမူအရာက သူ့ကိုကျေနပ်အားရစေသည်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ အကယ်၍မင်းသာ ကိစ္စတိုင်းကို သိမ်မွေ့နက်နဲစွာမလုပ်ဘူးဆိုလျှင် အနာဂတ်မှာ အခြားသူတစ်ဦး၏ခုတုံးလုပ်တာ ခံရပေလိမ့်မည်။

ရွှီဇီယန်၏ပုံစံက အနည်းငယ် အထက်စီးဆန်၏။ ဘယ်လိုပဲဖြစ်ဖြစ် ယခုရွှီဇီရုန်၏အရှေ့မှာ ပြုမူနေသည့် ရွှီဇီယန်၏အပြုအမူတွေကို ကြည့်မည်ဆိုလျှင် သူ့ရဲ့ရည်ရွယ်ချက်အစစ်အမှန်ကို မျက်နှာဖုံးအောက်မှာ ဖုံးကွယ်ထားသည်ဆိုတာကို ရွှီရှောင်သိလေသည်။


ရွှီဇီရုန်ကိုနူးညံ့သောအမူအရာဖြင့် ဆက်ဆံနေသည့်ရွှီဇီယန်ကို ကြည့်လိုက်ရင်း ရွှီရှောင်စိတ်ထဲတွင် ရွှီဇီယန်ကိုချီးကျူးနေပေသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့မည်းနက်နေတဲ့မျက်လုံးတွေထဲ၌ ရန်လိုစိတ်တွေရှိနေသည်ဆိုတာကို သူသေချာပေါက်ပြောနိုင်သည်။


သူ့အမုန်းတရားတွေကို ဖုံးကွယ်ထားနိုင်တာ မဆိုးပါဘူး။ သည်ပုံစံရွှီဇီယန်ကမှ ‌ရွှီရှောင်သားပီသပေ၏။


ရွှီဇီယန်သည် ရှက်နေသည့် သူ့ညီငယ်လေးကို ကြည့်လိုက်ရင်း စိတ်လှုပ်ရှားနေသည့် သူ့စိတ်တွေကိုမနည်းထိန်းချုပ်နေရသည်။


အား..အား..အား..အား..အား..!! ဘယ်လိုတောင် ချစ်ဖို့ကောင်းရတာလဲ အား..!! သူကသေလောက်အောင် ချစ်ဖို့ကောင်းတာပဲ!!


သူကရွှီဇီယွိ ငယ်ငယ်တုန်းကလိုပဲ ချစ်ဖို့ကောင်းတာ! ခဏလေး...မဟုတ်သေးဘူး! သူကပိုချစ်ဖို့ကောင်းတာ! သူ့ကိုတစ်ချက်ကြည့်လိုက်တာနဲ့ သူချစ်ဖို့ကောင်းတယ်ဆိုတာ မင်းသေချာသိလိမ့်မယ်။ ပြီးတော့ သူကစကားလည်းနားထောင်တယ်၊ သူကသေချာပေါက် ဂေးဖြစ်ဖို့မွေးလာတာမဟုတ်ဘူး!


ထိုအချိန်၌ ရွှီဇီယန်သည် ဝတ္ထု၏ဇာတ်လမ်းကိုပြန်စဉ်းစားလိုက်ရင်း သူအသားအရောင်သည် ချက်ချင်းပြောင်းသွား၏။


မကောင်းတော့ဘူး...ဝတ္ထုထဲကပြောထားချက်အရ ရွှီဇီရုန်ကနောက်ဆုံးမှာ ဗီလိန်ဘော့စ်ဖြစ်သွားပြီး ပိုင်ဟွကို အဓမ္မခေါ်ဆောင်သွားခဲ့သည်။ မိစ္ဆာစံအိမ်မှာပိတ်လှောင်ထားပြီးတော့ ပိုင်ဟွကိုစော်ကား‌ခဲ့လေသည်။ ဝတ္ထုအဆုံးသတ်ကိုပြောရမည်ဆိုလျှင် ဝတ္ထုရဲ့ အဓိကဇာတ်လိုက်#၁ရယ်၊ အဓိကဇာတ်လိုက်#၂ရယ်၊ အဓိကဇာတ်လိုက်၃ဖြစ်တဲ့ သူရယ် မိစ္ဆာစံအိမ်ထဲကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဝင်သွားကြသည်။ နောက်တော့သူတို့အားလုံးပေါင်းပြီး ရွှီဇီရုန်ကိုသတ်ကာ ပိုင်ဟွကိုကယ်ခဲ့လေသည်_____အဲ့ဒါကတော့ ဝတ္ထုရဲ့ကောင်းမွန်တဲ့HE(Happy Ending)ပျော်ရွှင်စရာဇာတ်သိမ်းလေး ဖြစ်သွား၏။


သို့ပေမယ့် ရွှီဇီရုန်ကပိုင်ဟွကိုလုပ်မည်လို့ ဝတ္ထုမှာမသတ်မှတ်ထားဘူး။ ပြီးတော့ပိုင်ဟွနှင့်ပတ်သက်တာက ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူးဆိုတာ ရွှီဇီယန်ပြောနိုင်သည်။ အကယ်၍ရွှီဇီရုန်ကဂေးမဟုတ်လျှင်တောင် အပေါင်းအသင်းမှားပြီးဂေးသွားနိုင်သည်!


ထိုအချိန်၌ ရွှီဇီယန်တွေးလိုက်သည်က သူသည်ရွှီဇီရုန်ကို ကောင်းကောင်းမွန်မွန်ပြုစုပျိုးထောင်ပြီး ဖြစ်လာသမျှအန္တရာယ်တွေကို ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ရန် သူ့အင်္ကျီလက်တွေကိုခေါက်တင်လိုက်သည်။


မူလမှတ်ဉာဏ်အရဆိုလျှင် ရွှီဇီရုန်ကရွှီမိသားစု၌ အလွန်အရေးမပါတဲ့လူတစ်ယောက်သာဖြစ်သည်။ သာမန်အားဖြင့် သူတို့တွေကရွှီဇီရုန်ကို ဂရုမစိုက်ကြချေ။ သူ့အဖေဆိုပြောမနေနဲ့တော့၊ ဒီသားဖြစ်သူကို ပထမဇနီးရဲ့အမျိုးတွေကလည်း ဂရုမစိုက်ကြချေ။ တစ်ကောင်ကြွက်ဖြစ်နေသည့်ရွှီဇီရုန်ကို ရွှီဇီယန်အဖိုးနှင့်ဦးလေးဖြစ်သူတို့ကလည်း မချစ်ကြချေ။

『K: အဖိုးနှင့်ဦးလေးဆိုသည်မှာ ရွှီဇီယန်အမေအမျိုးဘက်ကသူတွေပါ။ အခြေခံအားဖြင့်ပြောရမည်ဆိုလျှင် ရွှီဇီယန်ပြောလိုက်သည်က ရွှီရှောင်ကသူ့သားနှစ်ယောက်စလုံးကို ဂရုမစိုက်ပေမယ့် သူ့မှာအနည်းဆုံးတော့ အမေဘက်ကအမျိုးတွေရှိပါသေးသည် ဒါပေမယ့်ရွှီဇီရုန်၌ ဘယ်သူမှမရှိပါဘူး။』


ဘယ်သူမှရွှီဇီရုန်ကို ဂရုမစိုက်ချင်နေ ငါပဲဂရုစိုက်မယ်!


ရွှီဇီယန်သည်ရုတ်တရက်ကြီး သူ့ညီအရင်းဖြစ်သူ ရွှီဇီယွိကသတိရသွားပြီး ပူဆွေးသောကတွေနှင့် မခံမရပ်နိုင်အောင်ဒေါသထွက်လာသည်။ ရွှီဇီယွိက သူကလေးတုန်းကတော်တော်လေး ချစ်ဖို့ကောင်းသည်။ ဒါပေမယ့် သူအရွယ်ရောက်လာခဲ့တော့ အရမ်းကိုကလိမ်ကကျစ်များလာ‌ခဲ့၏။ နောက်‌ဆုံးတော့ သူကသူ့ရဲ့အစ်ကိုကြီးဖြစ်သူကိုတောင် လိမ်ခဲ့သည်။ သူကအရမ်းကိုဆိုးတဲ့ မကောင်းတဲ့ကောင်စုတ်လေးပဲ!


ရွှီရှောင်၏အနောက်မှာ ပုန်းနေသည့်ကလေးကို ကြည့်လိုက်ရင်း ရွှီဇီယန်စိတ်တွေတဖန် ပျော်ရွှင်သွားပြန်သည်။


နောက်ထပ်ညီတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့အခွင့်အရေးဆိုတာ တော်ရုံနဲ့မရနိုင်ပေ။ ဒါကြောင့် ရွှီဇီရုန်ကိုပွင့်လင်းပြီးတော့ ရိုးသားဖြောင့်မတ်သည့်လူတစ်ဦးဖြစ်အောင် သူပျိုးထောင်ရမည်! အာ...နောက်ထပ်တစ်ချက်ထပ်ပေါင်းပြောရမည်ဆိုလျှင်...သူကအဖြောင့်စစ်စစ်ဖြစ်ရမည်!


ရွှီဇီယန်၏စိတ်ဝိညာဉ်သည် အော်ဟစ်နေပြီး ရွှီဇီရုန်အား သူပျိုးထောင်မည့်အစီအစဉ်ကို သူ့စိတ်ထဲ၌မြင်ယောင်ကြည့်နေ၏။ ထိုအချိန်မှာ ရွှီဇီယန်လုံးဝမသိတာကတော့ ရွှီရှောင်နောက်မှာပုန်းနေသည့် အမြင်အားဖြင့် ရှက်နေသည့်ကလေးငယ်၏အနက်ရောင်မျက်လုံးထဲ၌ အကြင်နာကင်းမဲ့ပြီး ရက်စက်သည့်အရိပ်အယောင်တွေ ဖျတ်ခနဲပေါ်လာသည်ကိုပင်........


ရွှီဇီယန်သည်ရွှီဇီရုန်ကို ရွံရှာမုန်းတီးသည့်အပြုအမူ တစ်စက်မှမပြပဲ ဆန့်ကျင်ဘက်အနေနှင့် အလွန်ကြင်နာပြနေသောကြောင့် ရွှီရှောင်အနေနှင့် ရွှီဇီရုန်ကို ရွှီမိသားစုဝင်ထဲသို့ခေါ်ဝင်ဖို့ ကိစ္စကို သိပ်ပြီးအတိုက်အခံမဖြစ်ချေ။


အဘယ်ကြောင့်ဆိုသော် ရွှီဇီရုန်သည် ရွှီမိသားစု၏အမွေဆက်ခံသူဖြစ်မလာနိုင်ဟု ရွှီရှောင်ကကြေညာခဲ့ခြင်းကြောင့် ဖြစ်သည်။ ဒါကြောင့် ဒီလိုကလေးတစ်ယောက်ကို ခေါ်သွင်းလာသည်ကို ဘယ်သူမှလည်းသိပ်ပြီး အရေးတယူမဖြစ်ကြချေ။


ဒါကသာမန်ကလေးတစ်ယောက်ပါပဲ။ သူတို့ဘယ်လောက်ကုန်ကျမှာမလို့လဲ? ရွှီမိသားစုကဒီလောက်ကြီးမားတာ ကလေးတစ်ယောက်အတွက် ဘာလို့အကုန်အကျမခံနိုင်ရမှာလဲ?


ရွှီမိသားစုဝင်အသစ်ကို လက်ခံပြီးတော့ မိသားစုဝင်အားလုံးသည် တဖြေးဖြေးပြန်သွားကြတော့သည်။


ရွှီရှောင်သည်ရွှီဇီယန်ကို သူ့ဘေးသို့လာရန် လက်ယပ်ခေါ်လိုက်ပြီး ကျေနပ်အားရသံဖြင့် 

"ဇီယန် ဒီနေ့မင်းရဲ့အပြုအမူကအရမ်းကိုကောင်းတယ်။"


"အဖေရဲ့ချီးကျူးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။" ရွှီဇီယန်ကလည်း ပေါ့ပါးသွက်လက်စွာပြန်ဖြေလိုက်၏။ သူဒီလိုမျိုးအေးစက်စက် ပြောချင်လွန်းလို့တော့မဟုတ်ပေ။ သူ့ရဲ့မှတ်ဉာဏ်ထဲကကိုပင် မူလရွှီဇီယန်နှင့်သူ့အဖေတို့က အပြန်အလှန်ဒီလိုမျိုးသာ ပြောဆိုနေကြသောကြောင့်ဖြစ်သည်။


"အင်း၊ ဒါကမင်းရဲ့ညီ ရွှီဇီရုန်လေ အခုကစပြီး သူကမင်းနဲ့အတူနေလိမ့်မယ်။" ရွှီရှောင်ကသူ့အနောက်မှာပုန်းနေသည့် ရွှီဇီရုန်ကိုအရှေ့ကိုထုတ်လိုက်ပြီး သူ့ရဲ့လေသံတွေက အမိန့်ပေးနေသည့်အသံဖြစ်လေသည်။


ရွှီဇီယန်ကတည်ကြည်ခန့်ညားသည့်ပုံစံပြင်လိုက်ပြီး ရွှီဇီရုန်ကိုကြည့်ကာ သူညင်သာစွာ တဖက်လူ၏ခေါင်းကို ပွတ်လိုက်ပြီး "တွေ့ရတာဝမ်းသာပါတယ် ဇီရုန်... ငါ့နာမည်က ရွှီဇီယန်ပါ... ဒီနေ့ကစပြီး ငါကမင်းရဲ့ကိုကိုဖြစ်သွားပြီ။"


ရွှီဇီရုန်သည် အောက်သို့ငိုက်စိုက်ကျနေသော သူ့၏မျက်လုံးထဲကသံသယဖြစ်မှုတွေကို ဖုံးကွယ်လိုက်၏။ ထိုအချိန်၌ ရွှီဇီရုန်သည် ခေါင်းကိုနောက်တစ်ကြိမ်မော့လာပြီး လေးစားအားကျသော ခံစားချက်တွေနှင့်ပြည့်လျှံနေသည့် ကြည်လင်သောမျက်လုံးများဖြင့် သူ့ကိုကြည့်လိုက်သည်။ ရွှီဇီရုန်သည် ညင်သာစွာ အသံတိုးတိုးလေးဖြင့် "ကိုကို"


"လိမ်မာလိုက်တဲ့ ကလေး" ရွှီဇီယန်၏နှလုံးသားဟာ တုန်သွား၏။ သူသည်ရွှီဇီရုန်၏ ပခုံးလေးကို ခပ်ဖွဖွပုတ်လိုက်ပြီး ရွှီရှောင်ဘက်သို့ သူ၏ခေါင်းကိုလှည့်လိုက်ကာ "အဖေ ဇီရုန်ကို ဘယ်မှာနေခိုင်းမှာလဲ?"


ရွှီရှောင်ကအလွန်အံ့အားသင့်သွား၏။ သူထင်နေခဲ့တာက ဒီသားဟာအမြဲတမ်း တည့်တိုးဆန်သည့်အပြုအမူရှိသည်ကိုပင်။ ဒီကောင်လေးသည် သည်လိုမျိုးလျှို့ဝှက်တတ်သည့် မျက်နှာဖုံးရှိနေပြီး သူတောင်ခန့်မှန်းလို့မရနိုင်အောင်ဖြစ်သွားလိမ့်မည်ဟု သူတစ်ခါမတွေးခဲ့မိပေ။


သူကခဏလောက်စဉ်းစားလိုက်ပြီး "ငါကတော့ အစကတည်းက ရွှီဇီရုန်ရဲ့အခန်းကို ကျူးရှင်းအဆောင်မှာပဲစီစဉ်...."


"အဖေ" ရွှီဇီယန်ကရွှီရှောင်စကားကိုဖြတ်လိုက်ပြီး "ကျူးရှင်းအဆောင်က အစွန်အဖျားကျလွန်းတယ်။ သူ့ကိုကျွန်တော်နဲ့အတူ လျှို့ချိုင်အဆောင်မှာပဲ နေခိုင်းလို့မရဘူးလား..."


ရွှီရှောင်ကခေါင်းညိတ်လိုက်ပြီး "ဒါလည်းအဆင်ပြေပါတယ်။"


ရွှီဇီယန်သည်သူ့ခေါင်းလှည့်လိုက်ရင်း ရွှီဇီရုန်ကိုကြည့်ကာပြုံးပြလိုက်ပြီး "ဇီရုန် မင်း ကိုကိုနဲ့အတူတူ နေမယ်မဟုတ်ဘူးလား?"


ရွှီဇီရုန်အနည်းငယ် တွေဝေသွား၏။ သူ၏မျက်နှာအမူအရာကို ရိုးသားသည့်ပုံစံဖမ်းလိုက်ပြီး "အဆင်ပြေပါတယ်။"


"လိမ်မာလိုက်တဲ့ကလေး" ရွှီဇီယန်သူ့ရင်ထဲ အလွန်ပျော်ရွှင်သွား၏။ သူ့စိတ်ကိုထိန်းမထားနိုင်တော့ပဲ သူ့လက်ဖြင့်ကောင်လေး၏ခေါင်းကိုဆွဲကာ နဖူးကိုနမ်းလိုက်ပြီးမှ လွတ်ပေးလိုက်သည်။


ရွှီဇီရုန်သည်ရုတ်တရက်ထိတ်လန့်သွား၏။ သူ့ပုံစံကတည်တည်ငြိမ်ငြိမ်ဖြစ်နေပေမယ့် သူ့နှလုံးသားထဲက တုန်လှုပ်နေမှုကိုတော့ သူမတားဆီးနိုင်ပေ။ သူကသူ့နဖူးသူ လက်ဖြင့်ထိလိုက်ရင်း သူ့အရှေ့ကဆယ်ကျော်သက်အရွယ် ကောင်လေးကိုကြည့်နေပြီး သူ့နှလုံးသားထဲ၌ ထိုလူကို စဉ်းစားမရဖြစ်နေပြီး သံသယတွေနှင့်ပြည့်နေသည်။


ဧကန်မုချပြောရမည်ဆိုလျှင် အရင်ဘဝကသူသည် မိန်းမပျက်ပိုင်ဟွ၏ ချစ်သူသုံးယောက်သတ်တာခံလိုက်ရပြီး သူဝိညာဉ်ပြိုကွဲသွား၏။ ရုတ်တရက်သူမျက်လုံးဖွင့်လိုက်သည့်အချိန်၌ သူကိုယ်တိုင်သတ်ခဲ့သည့် သူ့အဖေဖြစ်သူက သူ့အရှေ့မှာ‌ရပ်နေပြီး သူ့ကိုအေးစက်စက်အသံဖြင့် အထုပ်သိမ်းကာလိုက်ခဲ့ဖို့ပြောနေသည်။ 


Original Author's Note - ဟားဟားဟား..... ဝိညာဉ်ကူးပြောင်းလာတဲ့သူနဲ့ ပြန်လည်မွေးဖွားလာတဲ့သူတို့ တွေ့ကြပြီပေါ့၊ အစကတည်းကကွေးနေတဲ့Semeကို...။ဘယ်လိုအစီအစဉ်တွေနဲ့များ သူ့ကိုပြန်ဖြောင့်အောင်လုပ်မှာလဲ~~~(≧▽≦)


#TK