Chapter 99
" မေမေ ဒါသားတို့အိမ်လား ..."
" ဟဲလို ငါဘယ်နှခါပြောရမလဲ ... ဒါ ငါ့မာမားနော် မင်းမေမေ မဟုတ်ဖူး ..."
" ဒါပေမဲ့ သူက ငါ့အမေလို့ပဲထင်တယ် ..."
" ငတုံးကောင် မင်း မာမားကို ဆွဲခေါ်သွားခွင့်မပြုဘူး ... ပြီးတော့ မေမေလို့ခေါ်မယ်ဆိုရင် မိဘမဲ့ဂေဟာကို သွားပို့ခိုင်းလိုက်မယ် ..."
" ဝိုး ..."
ရှအန်း အိမ်ထဲကို ကြည့်လိုက်သည့်အခါ ကောင်လေးနှစ်ယောက်က ဆူညံနေပြန်သည့်အတွက် အနည်းငယ် ဆွံ့အသွားသည်။
သူမသားက ထိုပြန်ပေးဆွဲခံရသည့်ကလေးကို မနှစ်သက်ကြောင်း သိသာသည်။ သို့သော်လည်း သူမ၏လိမ္မာသောသားလေးက ထိုကလေးကို အိမ်သို့ခေါ်လာချင်ခဲ့သည်။
မူလက ကလေးကို ဆေးရုံတွင်သာထားရတ် အယ်လန် စီစဉ်ခဲ့ပြီး ရဲများကို ကလေးမိဘများကို ရှာဖွေခိုင်းလိုခဲ့သည်။ သို့သော် သူမသားလေးက သူ့ကို အိမ်ခေါ်လာချင်ခဲ့သည်။
သို့သော် အိမ်ပြန်လမ်းတစ်လျှောက်တွင် သူမသားလေးက ထိုကလေးနှင့် အဆင်မပြေခဲ့ပေ။
" အင်းပါ မငိုပါနဲ့ မငိုပါနဲ့ ..."
ကြမ်းပြင်ပေါ်တွင် ထိုင်ငိုနေသည့် ကလေးကိုကြည့်ပြီး ခေါ်လာခဲ့မိသည်ကို နောင်တရလာသည်။
" ဝူး ဝူး ... မေမေ ... ~ "
ထိုကောင်လေးက သူ၏တစ်ဝိုက်တွင် စူးရှသည့်အကြည့်ကို ခံစားလိုက်ရပြီးနောက် ရှရှင်းချန်ပြောခဲ့သည့်စကားများကို တွေးမိကာ သူ၏လေသံကို ပြောင်းလိုက်သည်။
" မမနတ်သမီး သား မိဘမဲ့ဂေဟာကို မသွားချင်ဘူး ..."
" မင်းကောင်းကောင်းနေပြီး မငိုဘူးဆိုရင် မင်းကို ခေါ်မသွားဘူး ..."
ရှအန်းက ထိုကောင်လေးကို မတ်တပ်ရပ်ရန် ထူပေးလိုက်သည်။
ထိုကောင်လေး၏ သွင်ပြင်က အလွန်လှပသည်ဟု ဆိုနိုင်သည်။ ရေချိုးသန့်စင်ပြီးသည့်အခါ မင်းသားငယ်လေးနှင့်ပင် တူလာပြီး မြင့်မြတ်သောအငွေ့အသက်များကို ခံစားရစေသည်။
သူက သာမန်မိသားစုမှ ကလေးတစ်ယောက်နှင့်မတူပေ။
" ဝါး မမနတ်သမီးက သဘောကောင်းတယ် ... သားမငိုတော့ဘူး ..."
မျက်ရည်မကျတော့သည့်ကောင်လေးကိုကြည့်ကာ လိမ်ညာနေကြောင်း သူမသိသွားသည်။
ဒီကလေးက သူ့သားလေးနဲ့တော်တော်တူတာပဲ ...
" မာမား သားကိုလည်းဖက် ..."
ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ဝမ်းနည်းနေပုံပေါ်သည့် သူမသားလေးကိုကြည့်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။
" မင်းကရှောင်ချန်ကို အိမ်ခေါ်လာတယ်ဆိုတော့ သူ့ကိုတာဝန်ယူပေးရမယ်နော် ..."
ရှအန်း၏ စကားကိုကြားသည့်အခါ နှစ်ယောက်လုံးကသူမကို အရည်လဲ့နေသော မျက်လုံးဝိုင်းများဖြင့် ကြည့်နေသည်။
" ရှောင်ချန်က သူလေ ..."
ငိုနေသောကောင်လေးကို ရှအန်း လက်ညိုးထိုးပြလိုက်သည်။
" သူ့နာမည်ကို မသိသေးဘူးဆိုတော့ လောလောဆယ် ဒီလိုပဲ ခေါ်မယ်လေ ..."
ရှအန်း သူတို့နှစ်ယောက်ကို လိမ်လိမ်မာမာနေရန် ပြောနေစဉ် တံခါးခေါက်သံ ကြားလိုက်ရသည်။
လူခေါ်ခေါင်းလောင်းရှိသော်လည်း ထိုလူက တံခါးကိုသာ ပြင်းထန်စွာအဆက်မပြတ် ခေါက်နေသည်။
ရှအန်း စိတ်မသက်မသာဖြစ်သွား၍ မျက်မှောင်ကြုတ်ပြီး အပြင်ထွက်လာသည်။
တံခါးဖွင့်လိုက်သည့်အခါ သက်လတ်ပိုင်းအရွယ် မိန်းမဝဝကြီးကို တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။
" ဘယ်သူလဲ ..."
ရှအန်း စကားမဆုံးမီမှာပင် အပြင်ဘက်မှ မိန်းမက စကားဖြတ်ပြောလိုက်သည်။
" ရှအန်း နင်ကအတောင်စုံပြီဆိုတော့ မိသားစုကိုတောင် လစဉ်အသုံးစရိတ်မပေးတော့ဘူးပေါ့လေ ... နင်က ဘာဖြစ်ချင်နေတာလဲ ..."
“…”
ကျူးဟုန် ပြောလိုက်ချိန်တွင် ရှအန်းက ဖုန်းထဲတွင် "မိထွေး" ဟုမှတ်ထားသည့် ဖုန်းတစ်ခုက ပိုက်ဆံတောင်းရန် ဖုန်းခေါ်ဖူးသည့်အချိန်ကအသံကို အမှတ်ရသွားသည်။
" ဘာလို့ ရှင့်ကို ကျွန်မက ပိုက်ဆံပေးရမှာလဲ ..."
" ငါက နင့်အမေမို့လို့လေ ..."
ရှအန်း၏ မတုန်မလှုပ်မျက်နှာကို မြင်သည့်အခါ ကျူးဟုန် ဒေါသဖြစ်သွားသည်။
ရှအန်းက သူမကို အမြဲတမ်းနာခံခဲ့သည့်အတွက် ထိုသို့မလေးမစားပြောသည်ကို မြင်သည့်အခါ သည်းမခံနိုင်တော့ပေ။
သနားစရာတစ်ခုက သူမယခုရင်ဆိုင်နေရသော ရှအန်းက ယခင်ရှအန်း မဟုတ်ပေ။
" ဆောရီးပဲ ... ကျွန်မအမေသေတာကြာလှပြီ ..."
ပြောပြီးသည်နှင့် ရှအန်းက သူ့အမေဟူသည့်ထိုမိန်းမနှင့် စကားဆက်ပြောရန် ပျင်းလွန်းသဖြင့် တံခါးကိုဆောင့်ပိတ်လိုက်သည်။
"ဘန်း" ဟူသည့်အသံကြောင့် ကျူးဟုန် အံ့အားသင့်သွားသည်။
ဘာဖြစ်သည်ကို သိရှိသွားသောအခါ ကျူးဟုန်က တံခါးကို ပြင်းပြင်းထန်ထန် ခေါက်ပြန်သည်။
" ရှအန်း တံခါးလာဖွင့်စမ်း ... နင်ဘာကို ဆိုလိုတာလဲ ... နင့်အဖေသေသွားတုန်းက ဘယ်သူက ထောက်ပံ့ပေးခဲ့လဲဆိုတာ မေ့သွားပြီလား ...ငါ့ကြောင့်သာမဟုတ်ရင် ရှမိသားစုမှာ မင်းသမီးအဖြစ်နဲ့ နှစ်ပေါင်းများစွာ နေခဲ့ရမယ်ထင်လား ... တံခါးလာဖွင့်စမ်း ..."
အပြင်မှ ဆူညံသည့်အပြစ်တင်သံများကြောင့် ရှအန်းက လုံခြုံရေးကိုဖုန်းခေါ်ကာ ထိုမိန်းမကို ဆွဲထုတ်ခိုင်းလိုက်သည်။
မူလပိုင်ရှင်တွင် ထိုသို့ ပြဿနာကြီးတစ်ခု ရှိမည်ဟု မထင်ထားခဲ့ပေ။
သို့သော် ထိုမိန်းမက သူမအမေ မဟုတ်သရွေ့ ဤကိစ္စကို ပြဿနာကြီးတစ်ခုဟု မတွေးထားပေ။
ထို့ကြောင့် ရှအန်း ဂရုမစိုက်မိပေ။
" မာမား သားဗိုက်ဆာပြီ ..."
ဆူညံသံများ ပျောက်သွားသည့်အခါ အကောင်ပေါက်လေးက ရှအန်း၏ အင်္ကျီစကို ဖြည်းညှင်းစွာဆွဲပြီး ချစ်စဖွယ် ရေရွတ်လိုက်သည်။
" အင်းပါ မာမားချက်ပေးမယ်နော် ..."
ရှအန်းက အကောင်ပေါက်လေး၏ ဆံပင်ကိုပွတ်ပေးပြီး မီးဖိုချောင်ထဲဝင်သွားကာ ကလေးနှစ်ယောက်နှင့် သူမအတွက် စတင်ချက်ပြုတ်တော့သည်။
ရှအန်း မီးဖိုချောင်ထဲဝင်သွားသည်နှင့် လိမ္မာနေသည့် ရှောင်ရှင်းချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
" ဟေး မင်းရဲ့အိမ်ကို တကယ်မမှတ်မိတာလား ဟန်ဆောင်နေတာလား ..."
ရှရှင်းချန်က သူ့လောက်နီးပါးအရပ်ရှည့်သည့်ကောင်းလေးကို စူးစူးရဲရဲကြည့်ကာ မေးလိုက်သည်။
" အယ် ရှောင်ရှင်းကောကော ဘာတွေပြောနေတာလဲ ..."
ရှောင်ချန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး သူ၏ နူးညံ့သောမျက်နှာတွင် ရိုးသားသည့် အကြည့်တစ်ခု ပေါ်လာသည်။
" မင်း ဟန်ဆောင်နေတာမလား ..."
ရှောင်ချန်၏ ရိုးသားပြီး ချစ်စဖွယ်ကောင်းသောသွင်ပြင်နှင့် သူ့ကိုကောကောဟု ခေါ်လိုက်သည်ကိုကြည့်ပြီး ထိုကောင်လေးကို ရိုက်ချင်သောကြောင့် ရှောင်ရှင်းချန် လက်များပင် ယားလာသည်။
ထိုကောင်စုတ်လေးကို ခေါ်လာမိသည့်အတွက် သူနောင်တရနေသည်။
" ဟန်ဆောင်တယ်ဆိုတာဘာလဲ ရှောင်ရှင်းကောကော ..."
" ငါ့ကို ရှောင်ရှင်းကောကောလို့ မခေါ်နဲ့ ရွံစရာကောင်းတယ် ..."
ရှောင်ရှင်း ဤကောင်လေးကို သည်းမခံနိုင်တော့ပေ။ မျက်မှောင်ကြုတ်ထားပြီး သူ၏လည်ပင်းမှ စန်းရုံအော်ပရာပုတီးစေ့ကို ထိလိုက်သည်။
အကယ်၍ သူ၏အိမ်မက်ထဲတွင် ထိုကောင်လေးကို မမြင်ခဲ့ပါက ဤကောင်စုတ်လေးကို အိမ်ခေါ်လာခိုင်းခဲ့မည်မဟုတ်ပေ။
အကယ်၍ ရှရှင်းချန်က ယခုနောင်တမရလျှင်လည်း ညအိပ်ရာဝင်ခါနီးတွင် နောင်တရတော့မည်ဖြစ်သည်။