Chapter 34
Viewers 4k

Chapter 34


လေကြောရှည်သည့်လူများဟာ စိတ်အားထက်သန်သည့် လူတစ်ယောက်အနေနဲ့ အလွန်အနှောင့်အယှက်ဖြစ်သည်။ ရွှီမော့ကဆူရုံတင်ဆူတာမဟုတ်ဘဲ ဒီလောက်ထိလေကြောရှည်မှန်း ရွှီဇီယန်မသိခဲ့ဘူး။


ရွှီဇီရုန်အရှေ့မှာ သူ့ကိုဆူဆဲနေတာဆိုတော့ သေချာပေါက် အစ်ကိုဂုဏ်ပုဒ်ကျဆင်းတာပေါ့! ဒါကြောင့် ရွှီဇီယန် ဒီကိစ္စကို မြန်မြန်အဆုံးသတ်ရမည်!


ဘယ်လိုပဲဖြစ်ဖြစ် ရွှီဇီယန်၏ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေသည့်က အခြားသောရွှီမိသားစု၏အဖွဲ့ဝင်တွေ့အား ကူးစက်သွားစေပြီး မနက်ဖြန် ရွှီဇီယန်၏အပြုအမူတွေကို အားလုံးက စောင့်ကြည့်နေကြလိမ့်မည်။


ရွှီမိသားစုကိုယ်စားပြုသည့် တပည့်တွေက အခြားသောဂိုဏ်းတွေကို ဝင်ရောက်ဖို့ အရည်အချင်းပြည့်သွားကြပြီးဖြစ်သည်။ အဓိကမျိုးနွယ်စု၏သခင်လေးဖြစ်သူက ဘယ်လောက်အထိ ကြိုးစားထားလည်း‌ဆိုတာ သူတို့ကြားသိထားပြီးဖြစ်သည်။


ဒီအသက်အရွယ်နဲ့ ဒီကျင့်စဉ်အဆင့်ကိုရောက်နိုင်တာက သူ့အတွက်အလွန်ဂုဏ်တက်စရာပင် ဖြစ်သည်။ သူ့ရဲ့စွမ်းရည်အသုံးပြုရာမှာလည်း ထိခိုက်မှုတွေမရှိတော့တာကြောင့် သူ့ကိုလွယ်လွယ်နဲ့ ရှင်းထုတ်ပစ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။


လျှိုကွမ်းဂိုဏ်း၏ပြိုင်ပွဲက သုံးရက်လောက် ကြာမြင့်လိမ့်မည်။ ပြိုင်ပွဲပြီးသွားသည့်နောက် ရွှီဇီယန်၏နောက်လိုက်တွေက အခြားသောဂိုဏ်းတွေကို သွားရမှာဖြစ်ပြီး သူတို့အကောင်းဆုံးကြိုးစားရလိမ့်မည်။ ရွှီဇီယန်၏စွမ်းရည်ဖြင့် လျှိုကွမ်းဂိုဏ်းကိုဝင်ရောက်နိုင်ဖို့က သိပ်ပြဿနာမရှိပေမယ့် တြိဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ထားသည့် ရွှီဇီရုန်အတွက်တော့ အနည်းငယ်ခက်ခဲလိမ့်မည်။


သူ့ရဲ့မွေးရာပါစွမ်းရည်ကလည်း တော်တော်လေး အကျုံးဝင်လိမ့်မည်။ ဒါပေမယ့် အဲ့လိုပြောကြေးသာဆိုရင် သဘောပေါက်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသူကလည်း ထင်ယောင်ထင်မှားတွေကို ခွဲခြားရာတွင် တစ်ပန်းသာလိမ့်မည်။ ရွှီဇီရုန်၏လက်ရှိ ကျင့်စဉ်အဆင့်ကလည်း အလွန်အံ့အားသင့်စရာကောင်းပေမယ့် ကောင်းကင်စိတ်ဝိညာဉ်သွေးကြောနဲ့ သန္ဓေပြောင်းဝိညာဉ်သွေးကြော ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်လိုက်ရင်တော့ အဲ့ဒါကဘာမှမဟုတ်ပေ။


အခြားသောရွှီမိသားစုဝင်တွေ ရွှီဇီရုန်အပေါ်ထားသည့် ထင်မြင်ချက်တွေထက် ရွှီဇီယန်ကတော့ သူ့အပေါ်ပိုပြီး ယုံကြည်မှုရှိလေသည်။


ရွှီဇီရုန်ဆိုတာဘယ်သူလဲ? အရင်ဘဝတုန်းက သူကယုတ်မာတဲ့မိစ္ဆာကျင့်ကြံတစ်ယောက်ပဲ! သို့ပေမယ့် ရွှီဇီရုန်က ဒီဘဝမှာတော့ သွေးပင်လယ်နှလုံးကျင့်စဉ်ကို မကျင့်တာကြောင့် သူအဲ့လောက်ထိဆိုးမှာမဟုတ်လောက်ဘူး။ တြိဝိညာဉ်သွေးကြောနဲ့ ပတ်သတ်ပြီးတော့လား? တြိဝိညာဉ်သွေးကြောရှိလျက်နဲ့ အမတဝိညာဉ်အခြေတည်စအဆင့်ကို ရောက်ကြသည့် ကျင့်ကြံသူအနည်းငယ်လည်း ရှိတာပဲ။ လျှပ်စစ်စိတ်ဝိညာဉ်သွေးကြောကလည်း ကောင်းတယ်၊ ရေစိတ်ဝိညာဉ်သွေးကြောကလည်း ကောင်းတယ်လို့ဆိုကြသည်။ ဟုတ်လောက်မှာပေါ့။ တစ်ခုတည်းသော စိတ်ဝိညာဉ်သွေးကြောတွေက အလွန်ကောင်းကြတာပဲကို။ ဒါပေမယ့် အဲ့ဒီ‌လူတွေကလည်း ကျင့်စဉ်တည်ဆောက်ရာမှာ အခြားလူတွေထက် အနည်းငယ်မျှသာရုံလောက်ပါ။ သူတို့‌ရဲ့အနာဂတ်သာ ဆက်လက်ပြီးတိုးတက်နေဦးမယ်ဆိုရင် သူတို့တွေရဲ့အခွင့်အလမ်းတွေနဲ့ ကံကြမ္မာကို ပုံဖော်လို့ရလိမ့်မည်။


သဘောပေါက်နားလည်နိုင်စွမ်းမြင့်တာက တစ်ခါတစ်ရံ အသုံးမဝင်ဘူးဆိုပေမယ့် တစ်ဖက်လူ၏စွမ်းရည်တွေကို သိမြင်နားလည်နိုင်ပြီး ရလဒ်အနေနဲ့ စွမ်းဆောင်ရည် နှစ်ဆပိုမြင့်သည်ဆိုတာကတော့ အားလုံးကလက်ခံထားကြသည်။ ရွှီဇီယန်၏အသိကြွယ်မှုတွေကတော့ အရင်တုန်းကနှင့်အတူတူပင်ဖြစ်သည်။ အချိန်တိုအတွင်း သူ့ရဲ့ကျင့်စဉ်အဆင့်တွေ တိုးတက်လာတာက သူ့အောင်မြင်မှုလို့ပြောရမည်။ ရွှီဇီရုန်ဆီမှာ အံ့အားသင့်စရာ ဘာစွမ်းရည်မှမရှိဘူးဆိုပေမယ့် သူ၏ကျင့်စဉ်အဆင့်နဲ့ပင် အလွန်အံ့အားသင့်စရာကောင်းနေသည်။ လျှိုကွမ်းဂိုဏ်း၏အကြီးအကဲတွေကလည်း ငတုံးတော့မဟုတ်လောက်‌ဘူးဆိုတာ ရွှီဇီယန်သိတာကြောင့် ဒီလိုရှားပါးပြီးစွမ်းရည်ရှိသည့်လူတွေကို အခြားဂိုဏ်းဆီ သူတို့ပို့လိုက်မှာမဟုတ်ပေ။


ထိုမြေခွေးအိုကြီးတွေရဲ့ မျက်လုံးတွေထဲမှာ ရွှီဇီရုန်ကသူ့ထက်ပိုပြီး တန်ဖိုးရှိလိမ့်မည်လို့ ရွှီဇီယန်တွေးနေမိသည်။ 


ညီအကိုနှစ်ယောက်ကတော့ ညတာကို တိတ်ဆိတ်စွာ ကုန်ဆုံးလိုက်ကြသည်။ ရွှီဇီရုန်အခုဆိုရင် အသက်၁၁ရှိပြီဖြစ်တာကြောင့် သူတို့နှစ်ယောက် အတူတူအိပ်ဖို့ မသင့်တော်တော့ဘူးလို့ ရွှီဇီယန်ထင်မိသည်။ ‌ဒါပေမယ့် ရွှီဇီရုန်အတွက် တစ်ယောက်ခန်းသူပြင်ဆင်ပေးလိုက်တိုင်း ရွှီဇီရုန်ကသူ့အား သနားစရာပုံစံလေးနဲ့ လာလာစိုက်ကြည့်လေသည်။ အဲ့ဒီပုံစံလေးက အရှက်မရှိသည့် ခွေးပေါက်လေးပုံစံနဲ့တူနေတာကြောင့် ရွှီဇီယန်ပြောစရာရှိတာကိုတောင် ဆုံးအောင်မပြောနိုင်တော့ပေ။


ရွှီဇီရုန်၏အမေကလည်း စောစောသေသွားပြီး သူ့အဖေဖြစ်သူကလည်း သူ့ကိုဂရုမစိုက်တာကြောင့် ရွှီဇီရုန်ကအကာအကွယ်မဲ့သလို ခံစားနေရတာဖြစ်မည်။ အဲ့လိုအချက်တွေကြောင့် ရွှီဇီရုန်အိပ်သည့်အခါတိုင်း ရွှီဇီယန်အားတင်းကျပ်စွာဖက်ကာ အိပ်တာဖြစ်လိမ့်မည်။ 


ရွှီဇီယန်အိပ်သည့်ပုံစံဟာ ရွှီဇီရုန်ကြောင့် အရင်ကထက်ပိုကောင်းမွန်လာသည်။ ထို့နောက်မှာတော့ ညတိုင်း စပါးကြီးမြွေလို တွန့်လိမ်ပြီး အိပ်စရာမလိုတော့ပဲ သူ့ရဲ့ပုံစံအနေအထားအရ အထိုက်အလျောက်အိပ်လို့ ရပေသည်။


‌ရေး………ယခုအခါမှာတော့ ရွှီဇီယန်၏အိပ်သည့် အနေအထားက ၃၆၀°ကနေ ၁၈၀°ပဲ လိမ့်တော့သည်။ ပြီးတော့ ရွှီဇီရုန်၏ဒီလို အံ့ဩစရာကောင်းလှသည့် အထိုက်အလျောက်အိပ်နိုင်မှုကိုလည်း လျစ်လျူရှုထားလို့ မရပေ………


နောက်တစ်နေ့မနက်စောစော၌ ‌ထိုညီအကိုနှစ်ယောက်ရဲ့‌စောင်တွေဟာ ဘေးပတ်ပတ်လည်၌ မုန့်လိမ်ကြော်တွေလို့ လိမ်ပိန်နေပြီး ရွှီမော့၏အော်သံကြားမှ နိုးလာကြတော့သည်။ သူတို့နှစ်ယောက်ဟာ ကုတင်ပေါ်ကနေ ဘာမှမဖြစ်သလိုပုံစံဖြင့် ဆင်းလာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။


ရွှီဇီရုန် ကသိကအောက် ဖြစ်သလို ခံစားလိုက်ရသည်။ သူ့ရဲ့သတိရှိမှုတွေက ပိုပိုပြီး ကြောက်စရာကောင်းလာပြီး အဲ့ဒါကကောင်းမွန်သည့် လက္ခဏာတော့ မဟုတ်ပေ။


နှစ်ယောက်သားမျက်နှာသစ်ပြီးနောက် အသက်အလယ်အလတ်လူကြီးနဲ့အတူ ဖာအန့်မြို့၏အနောက်ဘက်ဂိတ် တောအုပ်အပြင်ဘက်သို့ ထွက်လာကြသည်။ 


လျှိုကွမ်းဂိုဏ်း၏အကာအကွယ်တွေက ဖာအန့်မြို့အတွင်းရှိ ဂိတ်တွေအားလုံးမှာ အကာအကွယ်တွေချထားသည်။ ထိုမြို့၏အပြင်ဘက်၌ တိုက်ခိုက်မှုတွေ ဖြစ်ပွားပါက သူတို့တရားစီရင်ပိုင်ခွင့်မရှိပေ။ ဒါကြောင့် ဖာအန့်မြို့နဲ့တောအုပ်လေးရဲ့ကြားမှာ အကာအကွယ်ထားထားသည့် လမ်းကြောင်းလေးရှိပြီး ထိုစာမေးပွဲဖြေသူတွေဟာ လျှိုကွမ်းဂိုဏ်း၏ပထမဆုံးစာမေးပွဲကို ထိုနေရာ၌ ဖြေဆိုရမှာဖြစ်သည်။


တကယ်တော့ တောအုပ်ထဲကို သွားရမည့်လမ်းကြောင်းတစ်လျှောက်ဟာ လျှိုကွမ်းဂိုဏ်းကလူတွေ ရှင်းလင်းပြီးသားဖြစ်သည်။ စိတ်ဝိညာဉ်တောကောင်တွေက အလွန်ကျင့်စဉ်မြင့်မားပြီး အခြေခံကျင့်ကြံခြင်းအဆင့်ရှိသူကိုတောင် သတ်ဖြတ်နိုင်သည်။ ဒါပေမယ့် ရှင်လင်းထားသည့်ဆိုသည့်အပိုင်း တောအုပ်လမ်းတစ်လျှောက်နဲ့ စုရုံးကြမည့်နေရာလောက်သာဖြစ်သည်။ ထပ်ပြောရရင် မြို့ထဲက တောအုပ်ထဲသို့ သွားရာလမ်းတစ်လျှောက်ကို ဘယ်သူမှမကြီးကြပ်ထားပေ။


ထိပ်တန်းစာမေးပွဲဖြေဆိုသူ သုံးယောက်က အတွင်းဂိုဏ်းတပည့်အဖြစ် ခန့်အပ်ခြင်းခံရပြီး ဆုတွေအများကြီးရရှိမှာဖြစ်ကာ ပထမဆုံးတပည်ကတော့ သူတို့၏ဆရာသခင်ဖြစ်မည့်သူကို ရွေးချယ်ခွင့်ရမှာဖြစ်ပေသည်။ တစ်နည်းအားဖြင့်ဆိုရရင် အကယ်၍ သူတို့၏ဆရာသခင်ဖြစ်သူအဖြစ် ဂိုဏ်းချုပ်ကိုရွေးချယ်လိုက်ပါက အနာဂတ်မှာ သူတို့တွေကအမွေဆက်ဆံဖို့ အခွင့်အရေးရပေလိမ့်မည်။ အဲ့ဒါကအခွင့်အရေးတစ်ခုအနေနဲ့သာ ရှိသေးသည်။


ထိပ်ဆုံးသုံးယောက်နေရာကို ရဖို့အတွက် အမြဲတမ်း အပြင်းအထန် တိုက်ခိုက်ကြရလေ့ရှိသည်။ ရွှီဇီယန်ကပထမနေရာအတွက် တိုက်ခိုက်ဖို့ရည်ရွယ်ထားတာကြောင့် ဒီအချိန်မှာ သူ့ရဲ့သတိရှိမှုကို နည်းနည်းမျှမပေါ့ထားပေ။


မူလရွှီဇီယန် ဒီစာမေးပွဲကို ဖြေဆိုသည့်အချိန်တုန်းက သူ့ကျင့်စဉ်ဟာ သတ္တ‌မမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့်သာ ရှိသေးသည်။ ထိုအချိန်က လျှပ်စစ်မိုးကြိုးတစ်ခုတည်းကိုသာ သူသင်ယူရသေးသည်။ ထိုရွှီဇီယန်မှာသာ မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောသာ မရှိပါက သူရဲ့စွမ်းရည်က ဘာမှမရှိပေ။ ထိုတပည့်တွေထဲမှာ မူလရွှီဇီယန်က သာမန်တပည့်အဖြစ်သာ ဝင်ရောက်နိုင်ခဲ့သည်။


မူလရွှီဇီယန်၏စွမ်းရည်က သိပ်မကောင်းတာတော့မဟုတ်ပေမယ့် အခြားလူတွေက ရွှီဇီယန်အား စာမေးပွဲက သာမန်ထက်ပိုကြောက်စရာကောင်းတယ်လို့ ပြောကြတာကြောင့် သူ့အဆင့်ကအလယ်အလတ်သာ ရောက်ခဲ့သည်။ ဒါပေမယ့် စာမေးပွဲဖြေဆိုသူအားလုံးက အခြားသူတွေအား လမ်းတစ်ဝက်ကနေ ကြားဖြတ်တိုက်ခိုက်ရာမှာ အလွန်သန်မာကြသည်။


အဲ့ဒီလိုလျှပ်တစ်ပြက်တိုက်ခိုက်မှုတွေက သူတို့ကိုအသက်မသေစေပေမယ့် ဒဏ်ရာရသွားပါက သူတို့၏စာမေးပွဲအတွက် အကျိုးသက်ရောက်မှုရှိပေသည်။ ဒီဘဝမှာတော့ ရွှီဇီယန်ဟာ အလွန်စွမ်းရည်ရှိသည့် စာမေးပွဲဖြေဆိုသူတွေထဲ ပါဝင်ထားတာကြောင့် ဘယ်လိုလှုပ်ရှားမျိုးကိုမဆို အမှားအယွင်းမရှိအောင် သူပြင်ဆင်ထားရမည်။


အသက်အလယ်အလတ်လူကြီးကတော့ သူ့အကျင့်အတိုင်း တိတ်ဆိတ်စွာနေနေပြီး တောအုပ်အတွင်းသို့ ဝင်ခွင့်ရအောင် သူ့အားကိုယ်ရံတော်အဖြစ်သာ ရှိနေပေးသည်။ တောအုပ်အတွင်းထဲသို့ ရောက်သွားလျှင် ရွှီဇီယန်ကိုယ့်ဟာကိုယ် ရုန်းကန်ရလိမ့်မည်။ တကယ့်တော့ အသက်အလယ်အလတ်လူကြီးက သူ့အားပို့ဆောင်ပေးရသည်မှာ အခြားသောစာမေးပွဲဖြေသူတွေ၏ မိသားစုဝင်တွေ တိုက်ခိုက်မှာစိုးလို့သာဖြစ်သည်။ စာမေးပွဲဖြေဆိုသူအချင်းချင်း လေ့လာတာကတော့ ရွှီဇီယန်သူ့ကိုယ်သူ ယုံကြည်မှုရှိပေသည်။


“ရလောက်ပြီ ဦးလေးလျှို ကျွန်တော့်ကို ဒီအထိပို့ပေးရင်ရပြီ” တောအုပ်အစပ်နားကို ရောက်တော့ ရွှီဇီယန်လမ်းလျှောက်တာကို ရပ်လိုက်ပြီး အသက်အလယ်အလတ်လူကြီးအား ပြန်သွားရန် ပြောလိုက်သည်။


ထိုအသက်အလယ်အလတ်လူကြီးက ခေါင်းညိတ်လိုက်ပြီး နောက်လှည့်ကာ ထွက်သွားတော့သည်။ ဒါပေမယ့် သူထွက်မသွားခင် တောအုပ်ကို လေးနက်သည့်အကြည့်ဖြင့် ကြည့်သွားသည်။


သူတောအုပ်အတွင်းသို့ ဝင်လိုက်သည်နှင့် အခြားလူတွေက သူတို့အားစောင့်ကြည့်နေကြမည်ဆိုတာ ရွှီဇီယန်သိသည်။ ထိုစောင့်ကြည့်နေကြသည့်လူတွေက လျှိုကွမ်းဂိုဏ်းကလား ဒါမှမဟုတ် အခြားစာမေးပွဲဖြေဆိုသူတွေလား ဆိုတာကိုတော့ ရွှီဇီယန်သေချာမသိသေးပေ။ 


ရွှီဇီယန်အချိန်တစ်ခုအထိ စောင့်ကြည့်နေသည်။ သူတို့တွေက စုရုံးမည့်နေရာသို့ တစ်နာရီလောက်ကြာအောင် သွားရလိမ့်မည်။ ထို့နောက်မှာတော့ သူကရွှီဇီရုန်လက်ကိုကိုင်ကာ ပြုံးလိုက်ပြီးနောက် တောအုပ်အတွင်းသို့ ယုံကြည်မှုရှိရှိ ဦးဆောင်ကာ ဝင်သွားတော့သည်။


သူတို့တောအုပ်အတွင်းကို ဝင်လာပြီးနောက် ရွှီဇီယန်အပြင်ပန်းပုံစံက တည်ငြိမ်နေပြီး စုရုံးရမည့်နေရာသို့ သူဦးတည်သွားနေပေမယ့် တကယ့်လက်တွေ့မှာတော့ သူကအလွန်ကိုသတိရှိထားသည်။ သူကအခြားသူတွေ ချုံခိုတိုက်ခိုက်လာမှာအတွက် သတိကောင်းကောင်းရှိထားပြီး အချိန်မရွေး တုံ့ပြန်နိုင်ဖို့အတွက်လည်း သူပြင်ဆင်ထားသည်။


စာမေးပွဲဖြေသူတွေကြား ချုံခိုတိုက်ခိုက်မှုက တကယ့်ပြိုင်ပွဲအတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာလိမ့်မည်။ ပြီးနောက် ကျင့်ကြံသူတွေဟာ အသက်ရှည်ရှည်နေဖို့အတွက် စွမ်းရည်၊စွမ်းအားလောက်နဲ့ မလုံလောက်ပေ။ ပါးနပ်လှသည့် စိတ်ကိုလည်း ပိုင်ဆိုင်ထားရမည်။ ဘာမှမပြင်ဆင်ပဲ စိတ်လှုပ်ရှားမှုတွေရှိနေသည့် စာမေးပွဲဖြေဆိုသူတွေကတော့ ကိုယ့်ဘေးကလူတွေကိုပါ ဒုက္ခရောက်စေလိမ့်မည်။ သူတို့တွေက မကျေနပ်ချက်တွေကိုတောင် ပြောဖို့အခွင့်‌အရေးမှာမဟုတ်ဘူး။


“ဇီရုန် ကိုကိုနဲ့နီးနီးကပ်ကပ်နေထား လျှောက်မပြေးနဲ့နော်” ရွှီဇီယန်အသံနိမ့်ကာ ပြောလိုက်သည်။


ရွှီဇီရုန်ကလိမ်မာစွာ ခေါင်းညိတ်ပြလိုက်သည်။ အရင်ဘဝတုန်းက ဒီစာမေးပွဲနဲ့ပတ်သက်ပြီး သူအတွေ့အကြုံမရှိပေမယ့် ရွှီဇီယန်၏အပြုအမူကိုကြည့်ပြီး ဒါကသိပ်မရိုးရှင်းဘူးဆိုတာ သူသေချာပေါက်ပြောနိုင်သည်။


ရွှီဇီရုန်၏သွေးပင်လယ်နှလုံးကျင့်စဉ်က အသုံးပြုသူ၏သွေးနဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကို သိုလှောင်ထားနိုင်လေသည်။ ယခုအချိန်မှာ သူ့ရဲ့ကျင့်စဉ်အဆင့်ကို ဘယ်သူတွေစုံစမ်းနေလဲဆိုတာတော့ သူမသိပေမယ့် ချီစွမ်းအင်စုဆောင်းမှုအဆင့်အား သူပြီးဆုံးသွားပြီဆိုတာကိုတော့ ဘယ်သူမှရှာတွေ့မှာမဟုတ်ဘူး။


ညီအကိုနှစ်ယောက်ဟာ တမင်တကာ ပျော်ရွှင်နေသည့်ပုံစံဖြင့် တောအုပ်ထဲ၌ လမ်းလျှောက်နေကြသည်။ ဒီလမ်းတစ်လျှောက်မှာ ထောက်ချောက်တွေရှိနိုင်တာမို့ သူတို့‌တွေက အလောတကြီးမသွားဘဲ သာမန်လမ်း‌လျှောက်ရုံလောက်သာ သွားနေသည်။ သူတို့နှစ်ယောက်ဟာ သူတို့၏ဦးတည်သွားရမည့်နေရာသို့ အေးအေးဆေးဆေး လမ်းလျှောက်ကာသွားနေရင်း ရွှီဇီယန်က အပင်ပေါ်က သစ်သီးအချို့ကို ခူးကာစားလိုက်သည်။


သူတို့နှစ်ယောက်ပုံစံဟာ စာမေးပွဲဖြေဆိုနေကြသည့် သူတွေနဲ့မတူညီပဲ ထို့အစား ‌သွက်လက်ပေါ့ပါးပြီး ပျော်ရွှင်စွာ လမ်းလျှောက်နေကြသည့် သူတွေနဲ့ပိုတူပေသည်။


သူတို့ရဲ့သိပ်မဝေးသည့် သစ်ပင်သေးသေးလေးမှာ ငှက်ကလေးဟာ လက်တစ်လုံးစာလောက်သာ ရှိတာကြောင့် သိချင်စိတ်ဖြင့်ကြည့်ရှုနေကြသည်။


ငှက်ကလေးပုံစံက သာမန်ပါပဲ။ သစ်ကိုင်းပေါ်မှာနေနေပြီး မကြာခဏဆိုသလို နှုတ်သီးဖြင့်ငှက်တောင်အား ထိုးဆိတ်လေသည်။ ငှက်၏အပြုအမူတွေက တကယ့်လို လက်တွေ့ကျလွန်းသည်။ ဘယ်သူမဆို ထိုအရာကိုတွေ့တိုင်း ဒါကသာမန်ငှက်လို့သာ သူတို့တွေးကြလိမ့်မည်။


ထူးခြားချက်တစ်ခုကတော့ ထိုငှက်၏မျက်လုံးများပင်ဖြစ်သည်။ ထိုမည်းနက်နေသည့်မျက်လုံးတွေဟာ ဖန်လုံးလေးတွေနှင့်တူညီနေပြီး ဘာအသက်ဝင်မှုမှ မရှိပေ။


အနည်းငယ်ကွာဝေးလှသည့် လျှိုကွမ်းဂိုဏ်း၏ခန်းမဘေးက အဆောက်အအုံမှာ လူ၁၀ယောက် ဒါမှမဟုတ် ၁၀ယောက်ထက်ပိုသည့်တပည့်တွေဟာ စာအုပ်ထဲမှာမှတ်တမ်းယူနေကြရင်း အလုပ်ရှုပ်နေကြသည်။ 


လူတိုင်း၏အရှေ့မှာ နောက်ယောင်ခံလိုက်နိုင်သည့် ရေဇလုံရှိထားကြသည်။ ရေဇလုံထဲကရေတွေဟာ အပြည့်ဖြစ်ထားပြီး ရေဇလုံအတွင်းထဲကရေတွေကို ပုံရိပ်ထင်ရေခဲကျင့်စဉ်ဖြင့် အသုံးပြုထားကြသည်။ အပြင်ဘက်ကရေဇလုံထဲမှာကတော့ စိတ်ဝိညာဉ်ကျောက်တုံးကို ထည့်ထားပြီး စိတ်ဝိညာဉ်ကျောက်တုံးဆီက စွမ်းအင်တွေဖြင့် အချိန်ဆွဲထားကြသည်။ 


လှုပ်ရှားမှုပုံရိပ်အမျိုးမျိုး ရေမျက်နှာပြင်၌ ပေါ်ထွက်လာသည်။ အများစုကတော့ စာမေးပွဲမှာပါဝင်ဖို့အတွက် လာနေကြတုန်းဖြစ်ပြီး ရွှီဇီယန်နှင့်ရွှီဇီရုန်တို့ ညီအကိုနှစ်ယောက်လည်း အပါအဝင်ဖြစ်သည်။ တချို့သောတပည့်တွေက ထိုညီအကိုနှစ်ယောက်အား ပိုပြီးတော့စိုးရိမ်နေကြသည်။


သာမန်အတွင်းဂိုဏ်းတပည့်ဖြစ်သည့် လူတစ်ယောက်က ရွှီဇီယန်အား စောင့်ကြည့်ရန် တာဝန်ကျသွားသည်။ စုရုံးရမည့်နေရာသို့ ပျော်ရွှင်စွာလမ်းလျှောက်နေသည့် ရွှီဇီယန်အား ကြည့်လိုက်ပြီး သူလှောင်ပြုံးပြုံးလိုက်သည်။


သူ့ရဲ့ပုံရိပ်မှန်ကနေ ထိုနေရာသို့ကြည့်တာက ဘာမှားယွင်းမှုမှမရှိပေ။ ဒါပေမယ့် သူ့ဘေးနားကလူ၏ပုံရိပ်မှန်ကျတော့ အမည်းရောင်ဝတ်ဆင်ထားသည့် သူအားတွေ့လိုက်ရသည်။ ထိုသူက ညီအကိုနှစ်ယောက်ဆီကနေ မီတာ၂၀၀ပတ်လည် ဖုံးကွယ်လိုက်သည်။


အတွင်းဂိုဏ်းတပည့်က သက်ပြင်းလိုက်ပြီး ခေါင်းခါလိုက်သည်။ ရွှီဇီယန်က ထိုလူ၏ချုံခိုတိုက်ခိုက်မှုကို ရှောင်နိုင်မှာမဟုတ်ဘဲ သေချာပေါက်ဒဏ်ရာရလိမ့်မည်ဟု သူယုံကြည်သွားသည်။ တကယ်တော့ ထိုနေရာ၌ အကြီးအကဲတစ်ယောက်ကလည်း သူ့အားစိတ်ဝင်တစားစောင့်ကြည့်နေသည်။ ဘာလို့လဲဆိုတော့ ရွှီဇီယန်က အန္တရာယ်အများကြီးကို ဂရုတစိုက်ကိုင်တွယ်ရမည့် အုပ်စုထဲ၌ပါဝင်နေလို့ဖြစ်သည်။ ဒါပေမယ့် ရွှီဇီယန်က ဘာသတိအနေအထားမှ မရှိဘူးလို့ အားလုံးကမျှော်လင့်ထားကြသည်။ သူ့ရဲ့ကျင့်စဉ်အဆင့်ကမြင့်တယ်ဆိုပေမယ့် ထိုအခြေအနေမျိုးနဲ့ဆိုရင် သူဒီလောက်အထိရောက်လာနိုင်ခဲ့တာက ‌ဆေးလုံးတွေအသုံးပြုလို့သာဖြစ်ပေလိမ့်မည်။


အဲ့လိုတွေသာလုပ်ခဲ့မည်ဆိုရင် ရွှီဇီယန်ကအခြေခံအဆင့်မျှသာ ရှိလောက်သည်။ တိုက်ပွဲအစစ်ကိုအတွေ့အကြုံမရှိဘဲ စုရုံးရမည့်နေရာသို့ သူရောက်သွားနိုင်ရင်တောင် တကယ့်တိုက်ပွဲအစစ်ကို သူခံနိုင်မှာမဟုတ်ပေ။


“ဘာလို့အချိန်ဖြုန်းနေတာမသိဘူး အကြီးအကဲက ငါ့ကျသဘောမကျဘဲ သူ့ကိုကျဘာလို့ စိတ်ဝင်စားနေရတာလဲ?” တပည့်တစ်ယောက်က နှုတ်ခမ်းစူပုတ်ပုတ်နဲ့ ညည်းတွားလိုက်ရင်း မပျော်ရွှင်သလိုဖြစ်သွားသည်။ ဒါပေမယ့် ရေထဲမှာနောက်ထပ်ပေါ်လာသည့် ပုံရိပ်ကသူ့ကိုအံ့ဩသွားစေပြီး သူ့မေးရိုးတောင် ပြုတ်ကျမလိုဖြစ်သွားသည်။


ရွှီဇီယန်က အလွန်လွတ်လပ်ပေါ့ပါးနေသည့် ပုံစံကနေ ရုတ်တရက်ခုန်ထည့်လိုက်သည်။ သူကသူ့အိတ်ထဲကနေ လေးကိုထုတ်ယူလိုက်၏။


ရွှီဇီယန်မှာဘာမြှားမှမထုတ်လိုက်ပေ။ ထို့အစား သူကလက်နှစ်ချောင်းနဲ့ လေးကြိုးကိုဆွဲလိုက်သည်။ သူ့လက်နှစ်ချောင်းဟာ လေးကြိုးကိုကိုင်ကာ အနောက်ကိုဆွဲနေသည့် အချိန်အတွင်းမှာပင် ခရမ်းရောင်လျှပ်စစ်မိုးကြိုးမြှားကို ပုံဖော်လိုက်သည်။


ရွှီဇီယန်တုံ့ဆိုင်းခြင်းမရှိပေ။ သူ့လက်ချောင်းတွေကို လျှော့‌လိုက်ပြီး မြှားဟာ လျှပ်တစ်ပြက်အတွင်း ပျံထွက်သွားတော့သည်။ သူ့အားစောင့်ကြည့်နေသည့် တပည့်ဘက်သို့ တစ်ဖက်မှန်ကနေ ရွှီဇီယန်ကတုံ့ပြန်သည့်အမူအရာဖြင့် လှည့်ကြည့်လိုက်သည်။ ဒါပေမယ့် သူ၏ခရမ်းရောင်အလင်းကိုသာ မြင်လိုက်ရပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။ အမည်းရောင်ဝတ်စုံနဲ့ ထိုလူက ဘာမှတောင်လုပ်ချိန်မရလိုက်ပဲ သူ့လက်မောင်းသို့ ထိမှန်သွားသည်။ 


ထိုလူဟာအလွန်အံ့ဩသွားသည်။ တစ်ဖက်လူကသူ့အား ဒီလောက်ဝေးသည့်အကွာအဝေးကနေ သူ့ကိုရှာတွေ့လိမ့်မည်လို့ ဘယ်တုန်းကမှမတွေးကြည့်မိခဲ့ဘူး။ ထပ်ပြောရရင် ရွှီဇီယန်ပစ်လိုက်သည့်မြှားက တိကျပြီး သူ့ခန္ဓာကိုယ်အားဒဏ်ရာရသွားစေသည်။


#TK