Chapter 43
Viewers 4k

Chapter 43


ထိုအချိန်က သူ့ကိုကို၏တိုက်ခိုက်မှုမှာ ရွှီဇီရုန်တမင်ထပ်ပြီး တစုံတခုအားပေါင်းထည့်လိုက်သည်။ ထိုဒဏ်ရာကို ဒီလူကလျင်မြန်စွာကုသနိုင်လိုက်တယ်ဆိုတော့ ဒီလူရဲ့စွမ်းအားက သူ့တွေးထားသလောက်တော့ မဆိုးဘူးပဲ။


ချီလျန်ဟုန်ယွင်အငြိုးဖြင့် ကြည့်နေသည့်အကြည့်အား ရွှီဇီရုန်စိုက်ကြည့်နေသည်။ သူဒီလူ၏နာမည်ကိုမသိပေမယ့် ဒီရှစ်ရှုန်းအား သူလက်ဆောင်ပေးမှာကိုတော့ ဘယ်သူမှလာတားလို့မရပေ။ ပြီးတော့ ဒါကသူတို့ပထမဆုံးအကြိမ်တွေ့တာဆိုတော့ ရွှီဇီရုန်အနေနဲ့ ယဉ်ယဉ်ကျေးကျေးလေးဆက်ဆံပေးရမှာပေါ့။


လက်တစ်ပြက်အတွင်း သူ့လက်ကိုထုတ်ကာ အဲ့ဒီသွေးနွယ်ပင်သုံးပင်ဟာ လေကိုရွှီကနဲ ဖြတ်သွားပြီး ချီလျန်ဟုန်ယွင်ကို သွားရိုက်လေသည်။ ချီလျန်ဟုန်ယွင်က လန့်သွားပြီး ချက်ချင်းအနောက်ဘက်သို့ ခုန်လိုက်သည်။ ဒါပေမယ့် ရွှီဇီရုန်က သေးငယ်သည့်အစိမ်းရောင် နွယ်ပင်တွေကို သူ့အနောက်မှာထောင်ချောက်ဆင်ထားမှန်း သူမသိလိုက်ပေ။ အဲ့ဒီသေးငယ်သည့်နွယ်ပင်တွေက သူ့ခြေချင်းဝတ်အား ပတ်သွားတာကြောင့် ထိုအရာတွေက သူ၏လှုပ်ရှားမှုတွေကို အချိန်ခဏလေးအတွင်း ဇဝေဇဝါဖြစ်သွားစေပြီး ရွှီဇီရုန်က အဲ့ဒီသွေးနွယ်ပင်တွေဖြင့် သူ့ကိုယ်အားပတ်ဖို့ အချိန်ရသွားသည်………


အနက်ရောင်သွေးနွယ်ပင်တွေက အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအား ဂျုံမုန့်ကြော်ကိုရစ်ပတ်သလို ရစ်ပတ်ထားပြီး သူ့အား လေပေါ်၌ ဇောက်ထိုးချထားသည်။ ရွှီဇီရုန်၏မျက်နှာပေါ်မှာ အပြုံးချိုချိုရှိနေပြီး သူကမိုးမခပင်အကိုင်းအား အားသိပ်မသုံးဘဲ ချိုးလိုက်ပြီး ချီလျန်ဟုန်ယွင်ဘေးသို့ ဖြေးညင်းစွာလျှောက်သွားသည်။ 


“ဒီက……ရှစ်ရှုန်းက ဒီနေရာမှာလာပုန်းနေတယ်ဆိုတော့ တစုံတရာများ လုပ်စရာရှိလို့လား?” ရွှီဇီရုန်လက်ရှိအပြုံးချိုချိုက လူတွေကို အံ့အားသင့်စေနိုင်လောက်ပေမယ့် သူမျက်လုံးထဲမှာတော့ အေးစက်ပြီး အန္တရာယ်ရှိသည့် အရိပ်အယောင်တွေပေါ်နေသည်။


ချီလျန်ဟုန်ယွင် ရုတ်တရက် သိမ့်သိမ့်တုန်သွားသည်။ သူ့ရင်ထဲမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် သူပြင်းပြင်းထန်ထန် တုန်လှုပ်နေပြီးဖြစ်သည်။ ဒီအသုတ်က စာမေးပွဲဖြေဆိုသူတွေ ဘာဖြစ်နေကြတာလဲ?! ချီးပဲ အဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိ ရှောင်ရှစ်တိကတောင် ဒီလောက်စွမ်းရလား??!! ဒီရှစ်ရှုန်း၊ရှစ်ကျဲတွေက ဒီလိုအခြေအနေရောက်ဖို့ နှစ်ပေါင်းများစွာ ဘယ်လိုကျင့်ကြံခဲ့ရလဲသိရဲ့လား?!


“ဘာဖြစ်လို့လဲ? ခင်ဗျားကဘာလို့ ဘာမှမပြောတာလဲ?” ရွှီဇီရုန်၏နှုတ်ခမ်းထောင့်က အပြုံးတစ်ခုကိုဖန်တီးလိုက်ပြီး သူ့အကြည့်တွေက ရက်စက်မည့်အရိပ်အယောင်တွေ ဖျတ်ခနဲပေါ်လာသည်။


ချက်ချင်းပင် ချီလျန်ဟုန်ယွင် စိတ်မသက်မသာခံစားလာရသည်။ ဘာစောက်စကားကို သူကပြောရဦးမှာလဲ? ရွှီဇီရုန်ရဲ့ကျောက်စိမ်းဆွဲပြားကို ခိုးဖို့မဟုတ်ရင် သူကဘာကိစ္စကြောင့် သူ့အနောက်ကို လိုက်ရမှာလဲ?


ရွှီဇီရုန်ဟာ ထိုသူအား ထွက်‌မပြေးခိုင်းချင်ပါ။ ပြီးတော့ ရွှီဇီယန်က ဝေ့ချင်နဲ့ တိုက်ခိုက်နေပြီးဖြစ်သည်။ သူ့ကိုကိုက ခဏလေးအတွင်းနဲ့ ပြန်ရောက်လာမှာမဟုတ်ဘူး။ ဒါကြောင့် သူမကြာသေးမီက စိတ်အနှောက်အယှက်ဖြစ်သွားတာကြောင့် ရွှီဇီရုန် ဒေါသကိုထွက်ပေါက်ရှာဖို့ အချိန်လုံလောက်ပေသည်။ 


သူ၏လက်နှစ်ဖက်ဖြင့် အမူအရာလုပ်လိုက်တာကြောင့် သေးသွယ်သည့်မိုးမခပင်အကိုင်းလေးဟာ သူ၏သစ်သားဒြပ်စင်ကျင့်စဉ်ကြောင့် ရှည်မျောမျောလေးဖြစ်လာသည်။ ရွှီဇီရုန်က မိုးမခပင်အကိုင်း၏အဖျားဖြင့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ၏မျက်နှာဖုံးအား ခွာလိုက်ပြီး သူကတည်ငြိမ်သည့် လေသံလေးဖြင့်ပြောလိုက်သည်။

“ရှစ်ရှုန်း ကျွန်တော်က ကလေးပဲရှိသေးတာ ကျွန်တော့်ရဲ့စွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ကျွန်တော်မသိသေးဘူး ဒါကြောင့် ကျေးဇူးပြုပြီး အပြစ်မယူပါနဲ့နော်”


ရွှီဇီရုန်က စကားပြောလို့ပြီးရုံမျှသာ ရှိသေးသည့်အချိန်တွင် မိုးမခပင်အကိုင်းအား ရက်စက်စွာဖြင့် ချီလျန်ဟုန်ယွင်၏ပေါင်သို့ လွှဲရိုက်လိုက်သည်။ ရွှီဇီရုန်က အကိုင်းဖြင့်လွှဲရိုက်လိုက်သည့်အားကို ထိန်းချုပ်ထားတာကြောင့် အမဲရောင်ပိတ်စဟာ မပြဲသွားပေ။ ဒါပေမယ့် မိုးမခပင်အကိုင်းက ချီလျန်ဟုန်ယွင်အား အပြင်းအထန် နာကျင်စေသွားတာကြောင့် အလွန်ကလေးဆန်သည့်အမူအရာဖြင့် နာကျင်မှုကြောင့် သူကအော်လေတော့သည်။


“အား! သေလောက်အောင်နာတယ်!!!”


ချီလျန်ဟုန်ယွင်၏ အရှက်မရှိသည့် အပြုအမူကြောင့် ရွှီဇီရုန် အမှန်ပင် မှင်တက်သွားသည်။ သူရိုက်လိုက်သည့်အားကို သူခန့်မှန်းထားပြီးသားဖြစ်သည်။ နာကျင်မှုက အနည်းငယ် သည်းမခံနိုင်ဘူးဆိုရင်တောင်မှ ‌ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သနားစရာကောင်းအောင် အော်ငိုမနေသင့်ဘူးလေ………


“အား! လူသတ်သမား! တစ်ယောက်ယောက် ငါ့ကိုကယ်ပါ အား! အသစ်ဝင်လာတဲ့ရှောင်ရှစ်တိက သူ့ရှစ်ရှုန်းကို သတ်ချင်နေတယ်!!” အလွန်အမင်းကို ရှက်စရာကောင်းသည့် အမူအရာဖြင့် ချီလျန်ဟုန်ယွင်က ကျယ်လောင်စွာ အော်ငိုလေသည်။ ဒီကောင်က အရေးကြီးခွင်ကျယ်လုပ်နေပြီး အကူအညီအားခေါ်နေတာကို ရွှီဇီရုန် သူ့အားစိုက်ကြည့်နေသည်။ ဒီလိုပုံစံကြောင့် ရွှီဇီရုန် အကူအညီမဲ့သလို ခံစားလိုက်ရသည်။


“ပါးစပ်ပိတ်ထားစမ်း!” ဘယ်ကရောက်လာမှန်းမသိသည့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ နှစ်ယောက် ပေါ်လာလေသည်။ အတော်အရပ်ရှည်သည့်တစ်ယောက်က ချီလျန်ဟုန်ယွင်၏ဖြစ်ပျက်နေပုံအား မြင်လိုက်ပြီးနောက် သူ၏နဖူးကြောတွေ ထောင်ထလာသည်။ ထို့နောက် ထိုကျင့်ကြံသူက အံကြိတ်ကာ သူ့အားစိုက်ကြည့်လာသည်။


ရွှီဇီရုန်ကတော့ အနည်းငယ်စိတ်အိုက်သွားသည်။ ယခုလက်ရှိမှာ ဒီအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူနှစ်ယောက် ပေါ်လာလိမ့်မယ်လို့ သူမတွေ့ထားမိဘူး!


သူအကြီးမားဆုံးအထင်သေးမိတာကတော့ ဒီရှစ်ရှုန်း၊ရှစ်ကျဲတွေ၏ ချက်ချင်းပျောက်ကွယ်သွားသည့်ပုံရိပ်ကိုပင်။ အခြားရှစ်ရှုန်း၊ရှစ်ကျဲတွေလည်း ဒီလိုပုံစံမျိုးဆိုတာ သူမသိခဲ့ဘူး ပြီးတော့ ဒီနှစ်ယောက်က သူနဲ့အနားမှာရှိနေပုံထောက်ရင် သူတို့၏စွမ်းအားတွေကို သူတွေးကြည့်စရာပင်မလိုတော့ပေ။ အကယ်၍ ဒီအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ နှစ်ယောက်က သူတို့၏ကျင့်စဉ်ကို ချီစွမ်းအင်စုဆောင်းမှုအဆင့်ထိ ဖိနှိပ်ထားရင်တောင် သူတို့တွေက သူ့အား အပေါ်စီးကနေ တိုက်ခိုက်လို့ရပေသည်။


ဒီအခြေအနေမျိုးမှာ သူ့ရဲ့သွေးပင်လယ်နှလုံးကျင့်စဉ်ကိုလည်း ထုတ်ပြလို့မရတာကြောင့် သူတို့အား နိုင်ဖို့အခွင့်အရေးမရှိမှာကို ရွှီဇီရုန်စိုးရိမ်မိသည်။


ရွှီဇီရုန်က ထိုနှစ်ယောက်အား သတိရှိစွာစိုက်ကြည့်နေ၏။ ချီလျန်ဟုန်ယွင် သူတို့အားမြင်တာနဲ့ သူကချက်ချင်းအသံတိတ်သွားတော့သည်။


အဲ့ဒီအရပ်ရှည်ရှည် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက ရွှီဇီရုန်ဘက်သို့ လှည့်ကြည့်လာသည်။ ဒါပေမယ့် သူ၏အကြည့်တွေက နားလည်‌သဘောပေါက်တယ်ဆိုတာကို ပြသနေသည်။


“ဒီကရှစ်တိကို စိတ်အနှောင့်အယှက်ပေးရတော့မယ် သူ့ကိုကျေးဇူးပြုပြီး အောက်ချပေးလိုက်ပါလား” ဒီအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ၏ အသံကအက်ကွဲသံပေါက်နေပေမယ့် သူတို့၏အပြုအမူက အလွန်ကိုတည်ငြိမ်ပေသည်။ သူကချီလျန်ဟုန်ယွင်အား ဖမ်းထားသည့်အတွက် သူတို့တွေက ရွှီဇီရုန်ကို ခက်ခဲအောင်မလုပ်ကြပေ။


ရွှီဇီရုန်ကလည်း အမြဲတမ်း ဉာဏ်ကောင်းသည့်လူတစ်ယောက်ဖြစ်သည်။ သူ့၏လက်ချောင်းတွေကို လှုပ်လိုက်တာကြောင့် ‌အဲ့ဒီသွေးနွယ်ပင်တွေက ထိုနေရာမှာ တစ်ခါမျှမရှိသလို ပျောက်ကွယ်သွားသည်။ သူကချီလျန်ဟုန်ယွင်အား အဆင်ပြေစွာ အောက်သို့ချပေးလိုက်သည်။ ပြီးတော့ ရွှီဇီရုန်ကလည်း ထိုလူအား ဘာမှလုပ်စရာမရှိတော့တာကြောင့် သူ့အားလွှတ်ပေးလိုက်တော့သည်။ ချီလျန်ဟုန်ယွင်သာ သူ့ထောင်ချောက်ထဲကျပြီး တစ်ပိုင်းသေသွားရင် သူပိုပြီးပျော်ရွှင်ရမှာ။


ချီလျန်ဟုန်ယွင်ကတော့ ကံကောင်းသွားပေမယ့် သူကအနည်းငယ်ရှက်စရာ‌ကောင်းတာကြောင့် အလျင်အမြန်ပင် တုံ့ပြန်နေဆဲဖြစ်သည်။ သူကမြေပြင်ပေါ်ရောက်သွားပြီး သူ၏ဂုဏ်သိက္ခာကို တစ်ဖန်ပြန်လှည် ကယ်တင်သွားနိုင်သည်။


အရပ်မြင့်မြင့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက နားလည်သဘောပေါက်သည့် အကြည့်မျိုးဖြင့်ကြည့်ကာ ရွှီဇီရုန်အား ပြုံးပြလိုက်သည်။ ထို့နောက် သူက ချီလျန်ဟုန်ယွင်ဘက်လှည့်ကာ သူ့လက်အားထုတ်လိုက်သည်။


“ဘာလဲ?” ချီလျန်ဟုန်ယွင်က နားမလည်စွာမေးလိုက်သည်။ 


အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက သူ၏မျက်ခုံးကို ပင့်တင်လိုက်ပြီး

“မင်းက ငါကိုယ်တိုင် မင်းဆီမှာရှာပေးတာကို လိုချင်လို့လား?”


ထိုစကားကိုကြားတော့ ချီလျန်ဟုန်ယွင်၏အမူအရာဟာ ရုတ်တရက် အတော်လေးထူးခြားသည့် ပုံစံဖြစ်သွားသည်။ သူကအိတ်ထဲကနေ အစိမ်းရောင်ကျောက်စိမ်းဆွဲပြားအား ထုတ်ရမှာကို အင်တင်တင်‌ဖြစ်နေပြီးနောက် ထိုအရာအား ထုတ်ကာ အရပ်မြင့်မြင့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူ၏လက်ထဲသို့ ထည့်ပေးလိုက်တော့သည်။


အရပ်မြင့်မြင့်နဲ့လူက အစိမ်းရောင်ကျောက်စိမ်းဆွဲပြားအား ရွှီဇီရုန်လက်ထဲသို့ ထည့်ပေးလိုက်ကာ သူက လေးနက်သည့် အသံဖြင့်မေးလိုက်သည်။

“မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ?”


“ရွှီဇီရုန်” ရွှီဇီရုန်က ထိုလူအား အေးစက်သည့် အမူအရာဖြင့် စိုက်ကြည့်နေသည်။ သူ့ကိုကိုကလွဲရင် ဘယ်သူ့ကိုမှ သူမပြုံးပြဘူး။


အိုး မဟုတ်သေးဘူး အဲ့ဒါက အတိအကျတော့မမှန်ဘူး။ သူကတစုံတယောက်အား တိုက်ခိုက်တော့မယ်ဆိုရင် ထိုလူအား အလွန်ကို ချစ်စရာကောင်းသည့်အပြုံးမျိုး ပြုံးပြလေ့ရှိသည်။


အရပ်မြင့်မြင့်နဲ့လူက ဘာမှထပ်မပြောတော့ပေ။ ထိုအစား သူကတစ်ဖက်သို့လှည့်ကာ ချီလျန်ဟုန်ယွင်၏ ကော်လံစကိုကိုင်ကာ သူ့အားဆွဲခေါ်သွားတော့သည်။ သူထွက်မသွားခင် ရွှီဇီရုန်အား တစ်ခွန်းတော့ပြောသွားသည်။

“ရွှီဇီရုန်၊ မင်းက ဒီစာမေးပွဲရဲ့ ထိပ်သုံးယောက် ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်တယ်”


ထိုအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူသုံးယောက် တောအုပ်ထဲဝင်ပြီး ပျောက်ကွယ်သွားတာကို ကြည့်နေရင်း ရွှီဇီရုန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အရင်ဘဝက လျှိုကွမ်းဂိုဏ်းနဲ့ ဘာအဆက်အသွယ်မှမရှိခဲ့ပေ။ အဲ့ဒါကြောင့် စာမေးပွဲမှာ ထိပ်ဆုံးသုံးယောက်ကြားက လုပ်ဆောင်ချက်အဖြစ်အပျက်တွေကိုလည်း သူမသိပေ။ ဒါပေမယ့် အဲ့ဒီအရပ်မြင့်မြင့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက တွေးတောခြင်းမရှိဘဲ ဒီစကားကိုပြောသွားမှာမဟုတ်ဘူးလို့ သူယုံကြည်သည်။ ဒါဆိုရင်……သူလည်း ထိပ်ဆုံးနေရာအတွက် ကြိုးစားတိုက်ခိုက်ရမလား?


ဒါပေမယ့် ပထမနေရာ ရဖို့အတွက်တော့ သူမရည်ရွယ်ထားပေ။ ထို့အပြင် ရွှီဇီရုန်၏ရင်ထဲမှာ ပထမနေရာအတွက်က သူ့ကိုကိုဖြစ်ဖို့ပဲ သူရည်မှန်းထားတာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မူလက ခပ်လျှိုလျှိုသာ နေဖို့လုပ်ထားပေမယ့်လည်း ဒီအခြေအနေမှာ သူမတော်တဆ စွမ်းအားအများကြီးပြလိုက်မိတာကြောင့် လူပုံအလယ်မှာ ထင်ပေါ်သွားအောင် ဖန်တီးနိုင်သည့် အခြေအနေတစ်ရပ်ဖြစ်သွားနိုင်သည်။


ရွှီဇီရုန်က ဘယ်လိုပုံစံမျိုးဖြင့် ဒီစာမေးပွဲရဲ့ထိပ်ဆုံး သုံးယောက်နေရာကိုယူရမလဲလို့ တွေး‌တာနေစဉ် ရွှီဇီယန်ကတော့ ဝေ့ချင်နဲ့ ထိပ်တိုက်ရင်ဆိုင်နေရပြီးဖြစ်သည်။


ရွှီဇီယန်ရောက်ရှိလာတာကြောင့် ဝေ့ချင်ဘေးပတ်ဝန်းကျင်က အရောင်အဝါတွေဟာ တဖြည်းဖြည်းတိုးလာသည်။


ရွှီဇီယန်ကလည်း သူ့စွမ်းအားကို ဖုံးကွယ်မထားပေ။ ဝေ့ချင်လိုလူမျိုးကို တစုံတယောက်ကသာ တိုက်ခိုက်မည်ဆိုပါက သူခဏလောက်ဂရုမစိုက်မိတာနဲ့ ပြင်းထန်စွာရှုံးနိမ့်သွားလိမ့်မည်ကို သူသဘောပေါက်သည်။ အကယ်၍ ဒီအချိန်မှာသာ သူ့စွမ်းအားကို သူဖုံးကွယ်ထားပါက မိုက်မဲရာကျနေလိမ့်မည်။


“ရွှီဇီယန်?” ရွှီဇီယန်သူ့ဆီလာနေတာကို ဝေ့ချင်မြင်လိုက်တာကြောင့် သူဖြေးညင်းစွာ မတ်တပ်ရပ်လိုက်သည်။


ဒီစာမေးပွဲအတွင်း ဝေ့ချင်အမြင်မှာ သူ့ပြိုင်ဘက်တွေက ရှဟုန်လျန်နဲ့ဟူယွိထျန်သာဖြစ်သည်။ ဒီရွှီဇီယန်၏အပြုအမူတွေကလည်း သိပ်တော့မဆိုးပေမယ့် ဝေ့ချင်သူ့အား သိပ်ပြီးမမျှော်လင့်ထားပေ။


ဒါပေမယ့် ရွှီဇီယန်၏အရောင်အဝါကို သူမြင်လိုက်ရတော့ သူ၏ရန်သူကို လျော့တွက်လိုက်မိပြီဆိုတာ ဝေ့ချင်သဘောပေါက်လိုက်သည်။ ဒီရွှီဇီယန်က နာမည်ကြီးမိသားစုကနေ ဆင်းသက်လာတာ မဟုတ်ပေမယ့် သူ့ကိုသေချာပေါက် တိုက်ခိုက်ဖို့ အရည်အချင်းတော့ ပြည့်မှီနေလိမ့်မည်။


“ငါအစတုန်းက ယုံကြည်ထားတာက………ဒီနေရာကို ပထမဆုံးရောက်ရှိမယ့်လူက ရှဟုန်လျန် ဒါမှမဟုတ် ဟူယွိထျန်ပေါ့၊ မင်းဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားမိဘူး” ဝေ့ချင်၏အသံက အလွန်တည်ငြိမ်သည်။ ထို့အပြင် ဒီတိုက်ပွဲက တကယ်ဖြစ်လာရင်တောင် ရွှီဇီယန်က သူ့ကိုတိုက်ခိုက်ဖို့ အရည်အချင်းပဲပြည့်မှီတာ ရွှီဇီယန်စွမ်းရည်က သူ့ကိုတိုက်နိုင်လိမ့်မယ်လို့ မဆိုလိုဘူး။ ရွှီဇီယန်နဲ့တိုက်ပွဲမှာ သူသေချာပေါက် နိုင်လိမ့်မယ်လို့ ဝေ့ချင်ယုံကြည်သည်။ 


“တကယ်တော့ ငါလည်းအတော်လေး အံ့ဩမိပါတယ်” ရွှီဇီယန် သူ့လက်တွေကို ဖြန့်ထုတ်လိုက်သည်။ အမှန်ဆိုရင်က သူ၏ပြဿနာတွေကို ငြိမ်းချမ်းသည့်နည်းနဲ့ပဲ ကိုင်တွယ်ဖြေရှင်းချင်တာဖြစ်သည်။ ဝေ့ချင်ကအရမ်းမာနကြီးနေတာဆိုတော့ စိတ်ပျက်စရာပဲ။ သူ့ရဲ့ကိုယ်ကလည်း စစ်မှန်သည့်နဂါးသွေးကို ပိုင်ဆိုင်ထားတာဆိုတော့ သူ၏ကျင့်ကြံခြင်းစွမ်းအားကို အချိန်တိုတိုနဲ့ ပြန်လည်ဖြည့်နိုင်သည်။ ပြီးတော့ ဝေ့ချင်က အခြားလူတွေကို အထင်သေးသည့်အကြည့်ဖြင့် ကြည့်ရတာ ကျင့်သားရနေလောက်ပြီဖြစ်သည်။


“အခြားဘာအပိုစကားမှ ပြောစရာမရှိတော့ဘူး မင်းဘက်ကအရင်စလှုပ်ရှားလိုက်” ဝေ့ချင်က အမူအရာမပျက် ပြောလိုက်သည်။


ရွှီဇီယန်စိတ်ထဲမှာ အကူအညီမဲ့သလို ခံစားနေရသည်။ တတီတီမြည်အောင်လုပ်သည့်ပုံစံက လျှပ်တစ်ပြက်ချောင်းတာနဲ့ တူတယ်လို့ သူပြောပြီးပြီမဟုတ်ဘူးလား? ဒီဝေ့ချင်က ဒီလိုအမူအရာနဲ့ပြောရတာ အကျင့်ပါနေပြီး ပြိုင်ဘက်နှစ်ယောက်လုံးက စွမ်းအားခြင်းတူနေတာကြောင့် သူ့ကိုအရင်ဆုံး လှုပ်ရှားခိုင်တာဖြစ်လိမ့်မည်။ အဲ့ဒါလည်းဟုတ်ပါတယ်လေ……


ဒီလိုဆိုတော့ သူကလည်း ယဉ်ကျေးမနေတော့ဘူး! ╮(^▽^)╭


ရွှီဇီယန်ကအမြန်ပြေးသွားပြီး သူ၏လေး‌ကြိုးကို ဆွဲလိုက်သည်။ သူ၏လေးကြိုးကို စတင်ဆွဲတာနဲ့ ခရမ်းရောင်လျှပ်စစ်မြှားကို ပုံဖော်ထားပြီးဖြစ်သည်။ 


ကျင့်ကြံသူတွေဟာ စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးချပြီး တိုက်ခိုက်ရမည့်ပုံစံမျိုးစုံကို သင်ကြားရလေ့ရှိသည်။ ရွှီဇီယန်လိုမျိုး သူ၏စွမ်းအားတွေကို လေးဆီပို့လိုက်ပြီး တိုက်ခိုက်သည့်လူတွေရှိကြပေမယ့် အဲ့လိုလူမျိုးတွေ သိပ်ပြီးတော့မများချေ။


ကျင့်ကြံသူအများစုက သူတို့နဲ့ကိုက်ညီမယ့် တိုက်ခိုက်မှုတွေကို အကွာအဝေးပိုင်းခြားလေ့ရှိသည်။ ဒါပေမယ့် သူတို့တွေ၏အကွာအဝေးက ရွှီဇီယန်၏အကွာအဝေးကို ယဉ်လို့မရပေ။


ဝေ့ချင်အတွက်လည်း အတူတူပင်ဖြစ်သည်။ ဒါကြောင့် သူပထမဆုံးလုပ်သင့်တာက ရွှီဇီယန်နဲ့သူ၏ကြား အကွာအဝေးကို ချုံ့ဖို့ပင်ဖြစ်သည်။


ရွှီဇီယန် ဒီအကြောင်းနားလည်ပြီးသားမို့ သူအသားစီရနေတာကို လက်လျော့မည်မဟုတ်ပေ။ သူအနည်းငယ်ပြေးလိုက်ပြီးနောက် သူကဆက်တိုက်ဆိုသလို သူ၏လေးကြိုးကိုဆွဲကာ ခရမ်းရောင်မြှား အတော်များများကို ဝေ့ချင်ဆီပစ်လွှတ်လိုက်သည်။


အခြားကျင့်ကြံသူတွေထက် အားနည်းသည့်ကျင့်ကြံသူတွေသာဆိုရင် သူတို့၏ခန္ဓာကိုယ်တွေ အပြတ်ရှင်းခံနေရလောက်ပြီဖြစ်သည်။ ဒါပေမယ့် သူကလည်းသက်တမ်းနုသေးပြီး ဝေ့ချင်ကလည်း မာနထောင်လွှားသည့် ကလေးတစ်ယောက်သာဖြစ်သည်။ မွေးရာပါစွမ်းရည် မီးကောင်းကင်စိတ်ဝိညာဉ်သွေးကြောနဲ့ သူ၏စစ်မှန်သည့် နဂါးသွေးကြောင့် ဝေ့ချင်အား ထိုအရာက အခြားကျင့်ကြံသူတွေလို ခက်ခဲအောင်မလုပ်နိုင်ပေ။


အကယ်၍ သူ၏ပြိုင်ဘက်သာ သာမန်လူသာဖြစ်နေပါက သူခန္ဓာကိုယ်ဟာ သူ၏ရန်သူနဲ့ယဉ်လျှင် အားမနည်းပေ။ ဒါပေမယ့် သူကရွှီဇီယန်တိုက်ခိုက်မှုကို ခုခံနေစဉ် ထိုသူက ဘာအခြေခံတိုက်ခိုက်မှုမှမလုပ်လာတာကြောင့် ဝေ့ချင်က ထိုတိုက်ခိုက်မှုတွေကို ဂရုတစိုက်ကိုင်တွယ်ဖို့သာ လုပ်နိုင်သည်။


အနီရင့်ရောင်အကာအရံကပေါ်လာပြီး ဝေ့ချင်၏ကိုယ်အား ခြုံလိုက်သည်။ ဒီအကာအရံက အလွန်ကို ခိုင်ခံသည်။ သာမန်စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုလောက်နဲ့ ထိုအကာအရံက ဘာမှဖြစ်မသွားပေ။ ဒါပေမယ့် ဝေ့ချင်အတွက် ကံဆိုးသွားပြီး ရွှီဇီယန်က မြှားတွေကို သိပ်သည်းကျစ်လျစ်သည့် လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြုလုပ်ထားတာဖြစ်သည်။ အဲ့ဒီအထူးပြုလုပ်ထားသည့် မြှားတွေ၏ထူးခြားချက်ကတော့ ထိုအရာကသူတို့ပစ်မှတ်ကို သွားထိသည်နှင့် ကြီးမားသည့်ပေါက်ကွဲမှုကိုဖြစ်စေသည်။ ထို့အပြင် လျှပ်စစ်မြှား၏ထိပ်က အလွန်ကိုထက်လှတာကြောင့် သူ့အားခုခံလာမည့် စိတ်ဝိညာဉ်ပစ္စည်းတွေကို ပြန်လည်တိုက်ခိုက်နိုင်သည်။


သူတို့နှစ်ယောက်ဟာ စိတ်ဝိညာဉ်စွမ်းအင်တွေကိုသာ အသုံးပြုခဲ့ကြပေမယ့် ရွှီဇီယန်၏မြှားလေးချောင်းက ဝေ့ချင်၏အကာအရံကို ထိလိုက်ပြီးနောက် အက်ကြောင်းသေးသေးလေးပေါ်လာပြီး အကာအရံကပျောက်ကွယ်သွားတော့သည်။ ဝေ့ချင်ပုံစံဟာ အနည်းငယ်သုန်မှုန်သွားသည်။ သူကဆက်တိုက်ဆိုသလို စိတ်ဝိညာဉ်စွမ်းအင်တွေနဲ့ ပြန်လည်တိုက်ခိုက်လိုက်ပြီး ဝေ့ချင်ကလည်း တစ်ချိန်တည်း ခုခံမှုလုပ်လိုက်တာကြောင့် သူ၏တိုက်ခိုက်မှုက အနည်းငယ်လျော့နည်းသွားသည်။


ရွှီဇီယန်ကတော့ သူကိုယ်တိုင်ရွေးချယ်လိုက်သည့် တိုက်ပွဲပုံစံကို အကျိုးရှိသွားတာကြောင့် အလွန်ပျော်သွားသည်။


အမှန်အတိုင်းပြောရရင် ဝေ့ချင်က လိုလိုလားလားနဲ့ သူ့ကိုအရင်ဆုံး တိုက်ခိုင်းလိမ့်မယ်လို့ သူတစ်ခါမှမတွေးမိခဲ့ဘူး။ အဲ့ဒါက မိုက်မဲရာကျမှာပေါ့ ——— ဘယ်ကိစ္စမျိုးပဲဖြစ်ဖြစ် ရွှီဇီယန် အဲ့လိုမျိုး ဘယ်တော့မှမလုပ်ဘူး။ →_→


ဝေ့ချင်၏အမူအရာက အလွန်ဆိုးနေသည်။ သူ့လက်ချောင်းတွေကို ဖြန့်လိုက်ပြီး အနည်းငယ် ဆန့်လိုက်သည်။ ထိုခဏအတွင်း အခြားအတတ်ပညာတစ်မျိုးကို သူအသုံးပြုရလိမ့်မည်။ ဒါပေမယ့် အဆုံးမှာတော့ ဝေ့ချင်က ပြင်းပြနေသည့်ဆန္ဒကို ချုပ်တည်းလိုက်သည်။ ပြီးတော့ ဒီနေရာက လျှိုကွမ်းဂိုဏ်း၏စာမေးပွဲ ပထမအသုတ်ပဲရှိသေးသည်။ သူ၏လက်ရှိစွမ်းအားအရဆိုလျှင် အခုချိန် စစ်မှန်သည့်နဂါးသွေးကို အသုံးပြုလိုက်ပါက အနည်းဆုံး နောက်တစ်လလောက် ထိုအရာကို သူအသုံးပြုနိုင်မည်မဟုတ်ပေ။ 


ဝေ့ချင်က အလွန်အံ့အားသင့်စရာကောင်းပြီး သူ၏စစ်မှန်သည့်နဂါးသွေးကို အလိုအပ်ဆုံးအချိန်မှ သုံးရလိမ့်မည်။ ဒီလိုအသုံးမဝင်သည့် ရွှီဇီယန်အတွက်နဲ့ သုံးဖို့မတန်ဘူး။


ပြီးတော့ အခုချိန် သူရွှီဇီယန်ကို နိုင်လိုက်ရင်တောင် သူကျောက်စိမ်းဆွဲပြားတစ်ချို့ကို ယူဖို့ကျန်သေးသည်။ ဘာပဲဖြစ်ဖြစ် အကယ်၍သာ ရှဟုန်လျန် ဒါမှမဟုတ် ဟူယွိထျန်နဲ့သာ ဆုံမိပါက သူအတွက်အတော်လေး ဆိုးသွားလိမ့်မည်။


သူ့စိတ်ထဲက အပြင်းအထန် မရပ်မနားတွေးတောနေတာတွေကြောင့် ဝေ့ချင်က ရွှီဇီယန်အား တိုက်ခိုက်ရန် ရပ်လိုက်သည်။ ပြန်လည်တုံ့ပြန်ရန်အတွက် ရွှီဇီယန်က သူ့အား သတိရှိစွာကြည့်နေသည်။ ပြီးတော့ တစ်စုံတစ်ယောက် သူတို့၏ပြိုင်ဘက်ကို မတိုက်ခိုက်တော့တာနဲ့ တိုက်ပွဲကပြီးသွားပြီဆိုသည့် စည်းမျဉ်းမရှိပေ။ ဒါကြောင့် ရွှီဇီယန်ကလည်း စိတ်ကိုလျော့ထားလို့ မဖြစ်ပေ။


#TK