Chapter 75
Viewers 4k

Chapter 75


နားထဲကိုလေလေးမှုတ်လိုက်တာက ကြီးမားသည့်အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ သူဘယ်တုန်းကမှမတွေးခဲ့ပေ။ သူ့မျက်နှာကအပြုံးဟာပို၍ပေါ်လွင်လာသည်။ ပိုင်ဟွကမိန်းမပျက်ဆိုပေမယ့် သူ့ရဲ့နည်းလမ်းက အတော်လေးအသုံးဝင်တာပဲလို့ သူတွေးလိုက်မိသည်။


"ကိုကို? ကိုကိုဘာလို့ဒေါသထွက်နေတာလဲ?" ရွှီဇီရုန်ဘာမှမသိသည့်ပုံစံမျိုးဖြင့် မေးလိုက်သည်။


ရွှီဇီယန်ဒေါသထွက်ပေမယ့်လည်း အကြောင်းပြချက်ကို ရွှီဇီရုန်အား သူတိုက်ရိုက်မပြောချင်ပေ။ သူ့ညီလေးက အခုမှလူပျိုပေါက်လေးပဲရှိသေးတာကို သူကဘယ်လိုလို့များ ဒီလိုစိတ်ခံစားချက်မျိုးကို ရှင်းပြရမှာလဲ?


ပြီးတော့ သူ့နားရွက်က ဒီလိုအထိမခံဖြစ်တတ်လိမ့်မယ်လို့ သူမသိခဲ့မိဘူး…တစုံတယောက်က သူ့နားထဲကို လေမှုတ်လာတော့ သူချက်ချင်းစိတ်လှုပ်ရှားသွားသည်…အဲ့ဒါကသည်းမခံနိုင်လောက်အောင် ရှက်စရာကောင်းတာပဲ!


"ဘာမှမဟုတ်ဘူး ငါ့နားထဲကိုသာ ထပ်ပြီးလေမမှုတ်နဲ့ ဟုတ်ပြီလား?" ရွှီဇီယန်အကူအညီမဲ့သလို ခံစားလိုက်ရပြီး အကိုတစ်ယောက်အနေနဲ့ ရွှီဇီရုန်ကိုအမိန့်ပေးလိုက်သည်။ 


"ဟုတ်ကဲ့ပါ" ရွှီဇီရုန်လိမ်မာစွာ ခေါင်းညိတ်လိုက်ပြီး သူ၏မှတ်စုစာအုပ်ထဲ၌ အကြောင်းအရာတွေအားလုံးကို သေချာစာရင်းလုပ်ထားပြီးဖြစ်သည်။ 


သူမှတ်ဉာဏ်သာမမှားဘူးဆိုရင် သူပထမဆုံး ညစ်ညမ်းသည့်အိမ်မက်,မက်တာက သူ့အသက်၁၂အရွယ်မှာဖြစ်သည်။ ပြီးတော့ ထိုအရာကအချိန်မရွေးဖြစ်လာနိုင်သည့်အတွက် သူကြိုတင်ပြင်ဆင်ထားခဲ့သည်။ ထိုအရာက ယခုအချိန်မှာ ရွှီဇီယန်ကို သူလုပ်ချင်နေသည့်အရာနဲ့ မတူညီပေမယ့် သူခန္ဓာကိုယ်ကနူးညံ့သည့်အတွက် သူ့အကိုတော်ကိုသာ မထိန်းချုပ်နိုင်ပါက သူဘာမှလုပ်လို့ရမှာမဟုတ်ပေ။


သူ့ခေါင်းကိုညင်သာစွာခါလိုက်ကာ အရမ်းကိုလိမ်မာတဲ့ကလေးလေးတစ်ယောက်လိုမျိုး ရွှီဇီရုန်ကို ရွှီဇီယန်စိုက်ကြည့်နေမိသည်။


သူ့ညီလေးကအရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ သူဆူတောင်မဆူရက်တော့ဘူး…


ရွှီဇီယန်ဟာ သူ့ညီလေး၏ထိန်းချုပ်မှုသည့် အပြုအမူကြောင့် သူ့ကိုယ်သူသာအပြစ်တင်လိုက်ရင်း ရွှီဇီရုန်အပေါ်ထားသည့် သူ၏ချစ်ခြင်းမေတ္တာတွေဟာ ရွှီဇီရုန်ကိုဆူတာထက် ပိုသာလွန်တယ်ဆိုတာ သဘောပေါက်စေချင်သည်။


သူ့ကိုကိုမျက်လုံးတွေထဲက ရင်းနှီးနေသည့် အားကိုးရာမဲ့နေသောအမူအရာကို မြင်လိုက်တာကြောင့် ရွှီဇီရုန်ရှက်ကိုးရှက်ကန်းပြုံးကာ သူစိတ်ထဲကစာအုပ်လေးထဲမှာ ထပ်ပြီးရေးမှတ်လိုက်ပြန်သည်။ သူ့ကိုကိုက ဘာတွေဖြစ်နေတယ်ဆိုတာ ပုံမှန်အားဖြင့်ပြောမှာမဟုတ်ဘူးဆိုတော့ အဲ့ဒါကသိပ်ကောင်းသွားတာပေါ့။ ယခုအချိန်မှစပြီး သူဒီနည်းလမ်းကိုအသုံးပြုလို့ရပြီ!


သူတို့နှစ်ယောက်ဟာ တစ်နေ့လုံးပျံသန်းနေရင်း တစ်ယောက်ကိုတစ်ယောက် စကားပြောကာ စနှောက်နေကြသည်။ နောက်ဆုံးကျတော့ သူတို့တွေအရှေ့မှာ တန်ဖိုးကြီးသည့် ဝါးရုံတောအုပ်ဟာ အဖြူရောင်မြူနှင်းတွေဖုံးလွှမ်းနေတာကြောင့် ရပ်လိုက်ကြသည်။ 


"အဲ့ဒါလား?" ရွှီဇီယန်အသံခပ်တိုးတိုးမေးလိုက်သည်။


ရွှီဇီရုန်ခေါင်းညိတ်လိုက်ကာ သူ့ကိုလျှို့ဝှက်စွာ ခေါ်နေသည့်အသံဟာ ‌ဒီဝါးရုံတောအုပ်ကဆိုတာ သေချာသည်။


သူအနည်းငယ်တွန့်ဆုတ်နေပြီးနောက်

"ကိုကို ကျွန်တော်အရင်ဆုံး အထဲဝင်ပြီး စစ်ဆေးကြည့်လိုက်ရမလား?"


"မင်းဘာတွေလျှောက်ပြောနေတာလဲ?" ရွှီဇီယန်စိတ်မကောင်းဖြစ်နေသည့် အမူအရာဖြင့်

"မင်းရဲ့ကိုကိုကဒီမှာလေ ငါကမင်းကို ဘယ်လိုလုပ်အရဲစွန့်ခိုင်းရမှာလဲ?"


ရွှီဇီရုန်သူ့ပါးစပ်ကိုပိတ်လိုက်တော့သည်။ ဒီလိုအကြောင်းအရာမျိုးအတွက် သူ့ကိုကို၏အမိန့်ကို သူမနာခံလို့မရဘူးဆိုတာ သိသည်။


"ကောင်းပြီ ငါတို့တွေဒီရောက်နေပြီဆိုမှတော့ အထဲကိုအတူတူဝင်ကြတာပေါ့ အဲ့ဒီနေရာက တစုံတခုဟာ မင်းကိုဆွဲဆောင်နေတယ်ဆိုတော့ အဲ့ဒီနေရာမှာ မင်းအတွက် အခွင့်အရေးရနိုင်တာ တစ်ခုခုရှိလို့နေမှာပေါ့ ဘယ်သူကများသိနိုင်မှာလဲ?"


ရွှီဇီရုန်အကူအညီမဲ့သလို ခံစားလိုက်ရပြီး အစိမ်းရောင်ဝါးရုံတောထဲသို့ သူ့အကိုတော်နဲ့အတူ မသွားချင်သွားချင်ဖြင့် သူလျှောက်သွားသည်။ 


တောအုပ်ထဲမှာမြူဆိုင်းနေတာကြောင့် ၅မီတာထက်အဝေးကို ဘာမှမမြင်ရပေ။


သူ့ဆရာသခင်ပြောဖူးတာကတော့ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲက အန္တရာယ်များသည့်အရာတွေဟာ အတော်လေးအဆင့်နိမ့်တယ်ဆိုပေမယ့် ရွှီဇီယန် အကြောက်တရားကင်းတဲ့ပုံစံမျိုး မလုပ်ရဲပေ။ သူကအရှေ့သို့ဖြည်းညင်းစွာလျှောက်လာပြီး သူတို့အရှေ့မှာဘာရှိလဲဆိုတာကို အကြိမ်တိုင်းစစ်ဆေးကြည့်သည်။


ရွှီဇီရုန်ဟာအရာဝတ္ထုတွေကို အာရုံခံစားနိုင်သည့်အတွက် တောအုပ်ထဲမှာပျောက်တယ်လို့ မခံစားရပေ။ ထိုအချိန်၌ အဲ့ဒီအရာဝတ္ထုဟာ လမ်းညွှန်သည့်အလင်းရောင်ထက် ရွှီဇီရုန်ဆီသို့ပေါ်လွင်ထင်ရှားစေလာပြီး သူ့ခန္ဓာကိုယ်ထဲက သွေးတွေကလည်း တက်ကြွလာကာ သူ့ကိုမှန်ကန်သည့်ဦးတည်ချက်ကို လမ်းညွှန်ပေးသည်။


သူတို့တွေသိသွားပြီးနောက် ရွှီဇီရုန်၏ခြေလှမ်းတွေဟာ မြန်သထက်မြန်လာသည်။ ရွှီဇီယန်ဟာ ဝါးရုံတောအုပ်ထဲမှာ ဘာထောင်ချောက်မှမရှိဘူးဆိုတာ သေချာအောင်စစ်ဆေးပြီးနောက် သူ၏ခြေလှမ်းကိုလည်းအရှိန်မြင့်လိုက်သည်။


သူတို့နှစ်ယောက်နာရီဝက်လောက် လမ်းလျှောက်လာပြီးနောက် ရွှီဇီရုန်ရုတ်တရက်ရပ်လိုက်သည်။


"ဘာဖြစ်လို့လဲ?" ရွှီဇီယန်နားမလည်နိုင်သွားရသည်။


"ကျွန်တော်တို့ရောက်ပြီ" ရွှီဇီရုန်တိုးတိုးလေးပြောလိုက်သည်။ သူ့ကိုခေါ်နေသည့်အသံဟာ သူတို့အရှေ့ကဆိုတာ သူခံစားမိသည်။


ရွှီညီအကိုနှစ်ယောက်ဟာ သူတို့အရှေ့ကို တစ်ချိန်တည်းကြည့်လိုက်ကြသည်။ သူတို့တွေဘယ်တော့မှတောင် အာရုံမစိုက်ရသေးခင် ထိုအချိန်၌ အဲ့ဒီနေရာမှာ မြူနှင်းတွေနဲ့ဖုံးကွယ်နေသည့် နေရာလွတ်တစ်ခုရှိနေသည်။


ထိုအချိန်၌ လေပြေလေညင်းဟာတိုက်ခိုက်လာပြီး ထိုနေရာအားကာထားသည့် မြူနှင်းတွေကိုလွင့်ပါးသွားအောင် ပြုလုပ်လိုက်ကာ ဖုံးကွယ်ထားသည့်သဘာဝရှုခင်း၏ စစ်မှန်သောအရောင်အသွေးတွေဟာ ထွက်ပေါ်လာတော့သည်…


Alas,alas!


ထိုဝါးရုံတောအုပ်ထဲကနေ ဝါးစားနေသည့်အသံသေးသေးလေဟာ ထွက်ပေါ်လာပြီး ရွှီညီအကိုနှစ်ယောက်ဟာ အနည်းငယ်တွေဝေသွားသည်။


သူ့ရင်ထဲကသွေးပင်လယ်နှလုံးကျင့်စဉ်က ပဲ့တင်ထပ်နေသည့်အသံက တကယ့်တော့ တောကောင်ဖြစ်နေလိမ့်မယ်လို့ ရွှီဇီရုန်ဘယ်တုန်းကမှမထင်ခဲ့မိပေ။ သူအစတုန်းက ထိုအသံဟာ သွေးအမြုတေ‌ ဒါမှမဟုတ် သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံခဲ့သည့်အရင်လူက ရတနာတွေထားခဲ့တာလို့ တွေးထင်ခဲ့မိသည်။


Alas,alas!


ထိုတောကောင်လေးဟာ လူတွေကြည့်နေတာကို သိပုံမရတာကြောင့် ပျော်ရွှင်အစား,စားလို့နေသည်။


ရွှီဇီယန် ထိုတောကောင်ကို မျက်နှာသေဖြင့်စိုက်ကြည့်လိုက်ရင်း ယုန်ပုံစံ‌နဲ့တူနေတာကြောင့် သူပြောစရာစကားပျောက်ရှသွားသည်။


ထိုအရာကိုသူဘာကြောင့် ယုန်နဲ့တူတယ်လို့ တွေးလိုက်ရတာလဲဆိုတော့—ထိုအကောင်ပုံစံကလည်း ယုန်နဲ့တူနေပြီး သူစားနေသည့်အရာကလည်း မုန်လာဥဖြစ်နေသည်။ ထိုအကောင်ခုန်သည့်ပုံစံကလည်း ယုန်နဲ့တစ်ပုံစံတည်းဖြစ်သည်။


မတူတာဆိုလို့ ထိုအပန်းရောင်ယုန်ခေါင်းမှာ ဦးချိုနှစ်ခုပါရှိသည်…


Alas, alas!


ဦးချိုတွေပါသည့်ယုန်လေးဟာ ပျော်ရွှင်စွာစားသောက်နေရင်း မုန်လာဥအစိတ်အပိုင်းတွေဟာ သူ့ပါးစပ်ထဲသို့ဝင်သွားကာ ပျောက်ကွယ်သွားတော့သည်။


ထိုအကောင်လေးဟာ သူ့အားတစ်စုံတစ်ယောက်က ကြည့်နေမှန်းသိသွားတာကြောင့် သူ၏ခေါင်းလေးကိာ တဖြည်းဖြည်းလှည့်လာကာ သူ၏တောက်ပသည့်မျက်လုံးနီလေးတွေဟာ ရွှီညီအကိုနှစ်ယောက်နဲ့အကြည့်ချင်းဆုံသွားသည်။ ထို့နောက် ထိုအကောင်လေးဟာ အခြားတစ်နေရာကနေ မုန်လာဥနောက်တစ်ခုယူလိုက်ကာ ထိုညီအကိုနှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် ပြန်ဝါးစားနေတော့သည်။


"အဲ့…အဲ့ဒါက မင်းကိုခေါ်တဲ့အသံလား?" ရွှီဇီယန်ချီတုံချတုံဖြင့် မေးလိုက်သည်။ ထိုအကောင်ကိုကြည့်ရတာက သေစေနိုင်လောက်တဲ့ စွမ်းအားတွေလည်းရှိပုံမပေါ်ဘူး…


ရွှီဇီယန်ကလည်း မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်ကာ

"ဖြစ်နိုင်တယ်…"


ထိုယုန်ဟာဒုတိယမုန်လာဥအား စားလို့ပြီးသွားသည်အထိ ညီအကိုနှစ်ယောက်ဟာ စိုက်ကြည့်လို့နေသည်။ ထို့နောက် ယုန်လေးဟာ ဖြည်းညင်းစွာ ခုန်လာသည်။


ထိုအကောင်ဟာ ရွှီဇီရုန်ခြေထောက်နားကို ခုန်လာပြီး သူ့အားအချိန်အကြာကြီး စေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကာ "သူအောင်မြင်သွားပြီ"ဆိုသည့် အမူအရာမျိုးထုတ်ဖော်လိုက်သည်။ ထိုအကောင်လေးက စတင်ပြီး သူ၏လက်တွေဖြင့် လက်ခုတ်တီးလေသည်။


ရွှီဇီရုန်ချက်ချင်း ထူးဆန်းသည့် အမူအရာမျိုးဖြစ်သွားသည်။ ရွှီဇီယန်အကူအညီမဲ့သည့်စွာ မေးလိုက်ရင်း

"ဘာဖြစ်လို့လဲ?"


ရွှီဇီရုန်ရုန်းကန်လှုပ်ရှားလိုက်ရင်း

"ကိုကို ထိုအကောင်အမှတ်အသားလုပ်ပြီး စိတ်ဝိညာဉ်တောကောင်အဖြစ် ကျွန်တော်နဲ့ဆယ်နွှယ်ချင်လို့တဲ့"


အမှန်တရားကိုပြောရရင် ဒီသွေးမိစ္ဆာသခင်က သူ့တစ်ဘဝလုံး စိတ်ဝိညာဉ်တောကောင်ကို မမွေးမြူဖူးဘူး။ သူ့အမြင်၌ ထိုအရာတွေဟာ အသုံးမဝင်သည့်အရာတွေသာဖြစ်သည်။ ထိုချိုတွေနဲ့ယုန်ဟာ အမှတ်အသားလုပ်ပြီး စိတ်ဝိညာဉ်တောကောင်ကို သူနဲ့ဆက်နွှယ်ချင်နေတာကြောင့် သူရုန်းကန်ဖို့သာတတ်နိုင်သည်။ 


ရွှီဇီယန် ထိုယုန်အားကြည့်လိုက်ရင်း ထိုအကောင်ကအလွန်အားနည်တဲ့ပုံပေါက်နေတာကြောင့် သူအတော်လေးမှင်တက်မိသည်။ ပုံမှန်ကျင့်ကြံသူတွေ စိတ်ဝိညာဉ်တောကောင်တွေကို လိုက်ရှာကြရင် သူတို့တွေက ပိုပြီးစွမ်းအားကြီးတဲ့အမျိုးအစားတွေကိုသာ ရှာကြလေ့ရှိသည်။ ဒါပေမယ့် ဒီချိုတွေနဲ့ယုန်က ထိုအမျိုးအစားတွေနဲ့ နီးစပ်မှုမရှိဘူး။


ယုန်တစ်ကောင်ကို စိတ်ဝိညာဉ်တောကောင်အနေနဲ့ အသုံးပြုတယ်လို့ သူတစ်ခါမှလည်းမကြားဖူးဘူး။ ယေဘုယျအားဖြင့် ဒီလိုချစ်စရာကောင်းတဲ့အရာတွေက အမျိုးသမီးကျင့်ကြံသူတွေအတွက်သာ ဖြစ်ကြသည်။ ထို့အပြင် ယုန်အမျိုးအစားအများစုဟာ နူးညံ့ကြပြီး သူတို့တွေကချစ်စရာကောင်းကြသည်။ သူတို့တွေက အမျိုးသား၊အမျိုးသမီးကျင့်ကြံသူတွေနဲ့ အနှောင်အဖွဲ့လုပ်ချင်တာကြောင့် ဆက်သွယ်ဖို့ကြိုးစားကြသည်။ 


ရွှီဇီရုန်အား ရွှီဇီယန် ဘာအကြံဉာဏ်မှမပေးလိုက်ပေ။ ရွှီဇီရုန်ကိုကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်တာ ပိုကောင်းလိမ့်မည်ဟု သူခံစားမိလိုက်ခြင်းဖြစ်သည်။ 


ပြီးတော့ဒီကိစ္စဟာ တကယ့်လက်တွေ့၌ဖြစ်နေသည်။ ရွှီဇီရုန်ကလည်း ဘာမှသိပ်မစဉ်းစားနေတော့ပဲ သဘောတူလိုက်တော့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာက သူ၏ခန္ဓာကိုယ်ထဲက သွေးပင်လယ်နှလုံးကျင့်စဉ်ထဲက ပဲ့တင်ထပ်အောင်လုပ်နိုင်တာဆိုတော့ သူထိုအရာကိုလက်မလွတ်သင့်ပေ။


ထိုစိတ်ဝိညာဉ်တောကောင်နဲ့ ဆက်နွှယ်ဖို့ အမှတ်အသားပြုလုပ်ပြီးနောက် ထိုချိုတွေနဲ့ယုန်ဟာ "မင်းကအရမ်းချောတာပဲ"ဆိုသည့် အမူအရာမျိုးကို ဖော်ထုတ်လိုက်သည်။ ရွှီဇီရုန်မျက်လုံးတွေကျုံ့သွားပြီး သူဘာလို့များ ဒီယုန်ကိုရိုက်ချင်နေပါလိမ့်…


ထိုအပန်းရောင်ယုန်လေးဟာ သမ်းဝေလိုက်ရင်း ရွှီဇီရုန်၏ပခုံးပေါ်၌ ကုပ်ကုပ်လေးကာ လဲလျောင်းဖို့ နေရာရှာလိုက်သည်။ ထိုအကောင်လေးက သူ၏မျက်လုံးဖြင့်စောင်းကြည့်ကာ ထိုအကြည့်တွေဟာ အလွန်ကိုငြိမ်းချမ်းနေသည်။


ရွှီဇီရုန်၏မျက်လုံးတွေကျုံ့သွားပြီး ရွှီဇီယန်ကလည်းထိတ်လန့်သွားသည်။


ယုန်တောကောင်တွေ၏အားသာချက်က အမြန်နှုန်းဖြစ်ပေမယ့် ထိုချိုတွေနဲ့ယုန်ကျတော့ အရာအားလုံးဟာ အဆင့်ဆင့်ပြောင်းလဲနိုင်ပြီး သူတို့တွေထိုအကောင်ကိုရှာတွေ့တာ မယုံနိုင်စရာပင်။


ရွှီဇီရုန်သူမျက်လုံးတွေဖြင့် စောင်းကြည့်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်ကကော့တက်သွားသည်။ ဒီယုန်တောကောင်က အစတုန်းကတွေးခဲ့သလိုမျိုး သာမန်တော့မဟုတ်နိုင်ဘူး။


ရွှီဇီယန်ဟာ သူ့ညီပခုံးပေါ်က အပန်းရောင်ယုန်လေးကိုကြည့်လိုက်ရင်း ထိုအကောင်လေး၏မျက်စိစောင်း‌ကြည့်နေရာကို ကြည့်လိုက်ရင်း သူရုတ်တရက်ရယ်ချင်သွားတာ ထိုအချိန်၌ ရွှီဇီရုန်၏မျက်နှာအမူအရာဟာ ဒီယုန်တောကောင်ပုံစံနဲ့တူနေသည်။


သူတို့တွေရုတ်တရက် စိတ်ဝိညာဉ်တောကောင်ယုန်ကို ရသွားတယ်ဆိုတော့ ရွှီညီအကိုတွေ၏ခရီးက အချည်းနှီးတော့မဖြစ်သွားပေ။


ထိုယုန်ဟာအလွန်အစားကြီးပြီး ပျင်းရိတာကြောင့် ရွှီဇီရုန်၏ပခုံးပေါ်၌သာ တစ်နေ့လုံးလဲလျောင်းနေသည်။ ထိုအကောင်ဟာ မုန်လာဥကိုစားသံနဲ့ အိပ်နေစဉ်အသံထွက်လာတာတို့သာရှိသည်။ 


သူတို့တွေ‌ဝါးရုံတောကနေထွက်လာပြီး သုံးရက်အကြာမှာတော့ ထိုယုန်ဟာသာမန်မဟုတ်ဘူးဆိုတာ ညီအကိုနှစ်ယောက်စလုံးသေချာသွားတော့သည်။ 


သူ၏အမြန်နှုန်းကိုမပြောနဲ့ဦး၊ ထိုအကောင်ကအချိန်မရွေး သူ၏မုန်လာဥအားယူလာနိုင်သည့်နဲ့ပင် ရွှီညီအကိုနှစ်ယောက်ဟာ သူတို့တွေ၏အထင်သေးတွေ ပျောက်သွားတော့သည်။


သူတို့တွေ၏ကိုယ်ပိုင်နေရာတွေရှိသည့် တောကောင်တွေဟာ သိပ်ပြီးတော့မများပေမယ့် သူတို့တွေအားလုံးဟာလည်း အလွန်စွမ်းအားကြီးတဲ့တောကောင်တွေမဟုတ်ကြပေ။ ဥပမာအားဖြင့် သူတို့ဖန်တီးထားသည့် ရုပ်သေးရုပ်ရွှေရောင်တောကောင်၏ ကိုယ်ပိုင်နေရာကို ထိုတောကောင်နဲ့အဆင့်ချင်းတူသည့် တောကောင်ကသာဖွင့်နိုင်သည်။ ထိုနေရာဟာ သူတို့တွေ၏ကိုယ်ပိုင်အဖိုးတန်ရတနာတွေ သိုလှောင်ရာအတွက် အလွန်အသုံးဝင်သည်။


ထိုတောကောင်တွေဟာ အဖိုးတန်ရတနာတွေကို စိတ်မဝင်စားဘူးလို့ထင်ရင် မှားသွားလိမ့်မည် သူတို့တွေဟာ ထိုအရာတွေကို အလွန်ဂရုစိုက်သည်။ သူတို့တွေကပုံစံမပြောင်းပဲနဲ့ သူတို့တွေ၏တောကောင်ခန္ဓာကိုယ်နဲ့ အဆင့်တက်လာအောင်ကျင့်ကြံခြင်း ဒါမှမဟုတ် လက်‌နက်တွေနဲ့ကျင့်ကြံခြင်းကို လုပ်ဆောင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တာကြောင့် အဲ့ဒီသဘာဝအတိုင်းဖွဲ့စည်းထားသည့် ရတနာတွေကိုသာမှီခိုရသည်။


အကယ်၍ ထိုတောကောင်တွေအသက်ရှင်နေစဉ် ထိုအကောင်တွေ၏သိုလှောင်သည့်နေရာကို တစုံတယောက်သာဖွင့်နိုင်သွားပါက သူတို့တွေဟာ ထိုတောကောင်တွေကျင့်စဉ်ထက်မြင့်သည့် အရာတွေရှာတွေ့သွားနိုင်ပြီး တောကောင်တွေ၏သိုလှောင်ရာနေရာကို အလွန်ကောင်းမွန်သည်။ ရွှေရောင်တောကောင်၏သိုလှောင်ရာနေရာဟာ လူသားကျင့်ကြံသူအများစုကို မနာလိုဖြစ်စေနိုင်သည်။ ကံမကောင်းစွာ ရွှေရောင်တောကောင်တွေသေဆုံးသည့်အချိန်၌ ထိုတောကောင်နဲ့ ထိုနေရာ၏ဆက်သွယ်မှုဟာ ပြတ်တောက်သွားသည်။ ထိန်းချုပ်ထားသည့်သခင်မရှိပါက ထိုနေရာဟာ တစ်ခဏအတွင်း တစ်စစီကြေမွပျက်စီးသွားလိမ့်မည်။


ထိုနေရာသာပျက်စီးသွားပါက အထဲကရတနာတွေအားလုံးဟာလည်း ပျောက်ကွယ်သွားလိမ့်မည်။ အဲ့ဒီအချိန်၌ ရွှေရောင်တောကောင်ရှိရာနေရာ ဒါမှမဟုတ် ရုပ်သေးရုပ်ဖြစ်လာသောနေရာသည့် သူအလိုလိုပွင့်လာလိမ့်မည်။


ဒီတော့ချိုနဲ့ယုန်တွေရဲ့နေရာထဲမှာရော ရတနာတွေနေမလား? ဒီအကြောင်းကို ရွှီဇီယန်သိပ်ပြီးတော့ မတွေးတောလိုက်တော့ပေ။ ဒီယုန်လေးနဲ့အချိန်ကြာကြာ သူကုန်ဆုံးလာလေ ထိုတောကောင်လေးက အရမ်းဆန်းကျယ်တယ်ဆိုတာ သူတွေးမိလာလေဖြစ်သည်။ ထိုအကောင်လေးဟာ ရွှီဇီရုန်၏စိတ်ဝိညာဉ်တောကောင်ဖြစ်သွားပေမယ့် ထိုအကောင်က ရွှီဇီရုန်အား သူ၏ရတနာတွေကို အလကားပေးလိမ့်မယ်လို့ ရွှီဇီယန်မထင်ပေ။


သို့ပေမယ့် ထိုအကောင်လေးက ရွှီဇီရုန်ကို သူ၏စိတ်ဝိညာဉ်တောကောင် ဖြစ်ပေးဖို့မေးလိုက်သည်။ ထိုစိတ်ဝိညာဉ်တောကောင်၏ဒီလိုပုံစံဆက်နွှယ်တာက အဆင့်မြင့်ဆုံးဆက်နွှယ်ခြင်းဖြစ်သည်။ ထို့အပြင် စိတ်ဝိညာဉ်တောကောင်တွေနဲ့ သူတို့၏သခင်တွေဟာ အဆင့်ချင်းတူညီနေမှ သူတို့နှစ်ယောက်ကို အခြားအရာတွေ မလွမ်းမိုးနိုင်မှာဖြစ်သည်။ 


#TK