Chapter 76
Viewers 4k

Chapter 76


အဲ့ဒီလိုကိစ္စမျိုးကြောင့်သာမဟုတ်ပါက ရွှီဇီရုန်ဘယ်တော့မှ ထူးဆန်းတဲ့ယုန်နဲ့ အမှတ်အသားဆက်နွှယ်မည်မဟုတ်ပေ။


အဲ့ဒီအဆင့်မြင့်ဆက်နွှယ်ခြင်းဟာ ဖက်စပ်ဆက်နွှယ်ခြင်းနဲ့ အလွန်တူတယ်လို့ ရွှီဇီယန်ခံစားမိသည်။ ထိုအရာကနှစ်ဦးစလုံးအတွက် အကူအညီဖြစ်စေသည်။ အကယ်၍ တစ်ယောက်ယောက်က ထိုဆက်နွှယ်မှုကို ချိုးဖျက်ချင်ရင်လည်း ဘာကန့်သတ်ချုပ်ချယ်မှုမှမရှိပေ။ ထိုအရာက လူသားကျင့်ကြံသူတွေနဲ့ တောကောင်တွေကြားမှာ ဆက်သွယ်ပေးသည့် ပေါင်းကူးတံတားနဲ့တူသည်။


ထို့အပြင် အသွင်မပြောင်းမီ တောကောင်တွေဟာ လူသားတွေနဲ့ ဆက်သွယ်ဖို့အလွန်ခက်ခဲလှသည်!


ဒါပေမယ့် ရွှီဇီရုန်ကတော့ သူ၏စိတ်ဝိညာဉ်တောကောင်က သူ့အားဆန့်ကျင်ကို စိတ်ပူစရာမလိုပေ။ သူတို့တွေကဆက်နွှယ်ခြင်းကို ပယ်ဖျက်လိုက်ရင်တောင် သူတို့တွေက တစ်ယောက်ကိုတစ်ယောက် ဆယ်နှစ်အတွင်း ဒဏ်ရာရအောင်ပြုလုပ်လို့မရပေ။


ထိုထူးဆန်းသည့်ယုန်လေးနဲ့အတူ ညီအကိုနှစ်ယောက်ဟာ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲမှာ ရောက်တတ်ရာရာ လှည့်လည်သွားလာနေကြသည်။ 


ဒီနယ်မြေကဧရိယာဟာ အရမ်းကိုကျယ်ပြောလိမ့်မယ်လို့ ရွှီဇီယန်မထင်ထားခဲ့မိပေ။ ဒီနယ်မြေတစ်ခုလုံးကို တောင်ဂိတ်အဖြစ်အသုံးပြုသော ထိုဂိုဏ်း၏အတိုင်းအတာသည် အလွန်ကိုကြီးမားလိမ့်မည်။


‌ဒါပေမယ့် ဒီလိုစွမ်းအားကြီးသည့်ဂိုဏ်းက အခြားသောဂိုဏ်းနဲ့တိုက်ခိုက်ရာတွင် ပျက်ဆီးချေမှုန်းခြင်းခံလိုက်ရတာကို သူနောက်တစ်ကြိမ်ပြန်စဉ်းစားမိလိုက်သည်။ ထိုအရာမျိုးကို လူတွေရှောင်ကြည်သင့်သည်။


ဒါပေမယ့် ဒီအရာတွေက ရွှီဇီယန်နဲ့ဘာမှမသက်ဆိုင်ပါ။ မိစ္ဆာကျင့်ကြံသူတွေတိုက်ခိုက်တာကို ဘေးဖယ်ထားလိုက်ဦး၊ ရွှမ်းယွိနယ်မြေဟာ အတော်လေး ငြိမ်းချမ်းသည့်နေရာဖြစ်သည်။


တရားမျှတသည့်ကျင့်ကြံသူတွေနဲ့ မိစ္ဆာကျင့်ကြံသူတွေကြားမှာ တချို့သောတိုက်ခိုက်မှုရှိနေကြပြီး အရေးပါသောဂိုဏ်းအများစုကလည်း မရေမတွက်နိုင်သော အငြင်းအခုံကိစ္စတွေရှိနေသည်။ ဒါပေမယ့် မိစ္ဆာ‌ကျင့်ကြံသူတွေဆီကနေ ဖိအားပေးခံနေရတာကြောင့် အဲ့ဒီသဘောထားကွဲလွဲမှုတွေကို ထိန်းချုပ်ထားကြဆဲဖြစ်သည်။


အဲ့ဒီရှုထောင့်ကကြည့်ရရင် ရွှမ်းယွိနယ်မြေအတွင်းက ငြိမ်းချမ်းခြင်းတွေကို မိစ္ဆာကျင့်ကြံသူတွေက ပံ့ပိုးပေးနေကြသည်။


ရွှီညီအကိုနှစ်ယောက်ဟာ ထိုနယ်မြေအတွင်းမှာ ဘာအသံမှလဲမကြားသလို ပျက်စီးနေသည့်စံအိမ်တွေလည်း သူတို့တွေရှာလို့မတွေ့တာကြောင့် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲမှာ သူတို့တွေ၇ရက်လောက် ခြေဦးတည့်ရာလျှောက်သွားနေကြသည်။ ထိုနယ်မြေအတွင်း၌ အမွေအနှစ်တွေကိုရှာဖွေရန် အခွင့်အရေးသည့် အဓိကသော့ချက်ပင်ဖြစ်သည်။ ရွှီဇီယန်ကတော့ ရွှေရောင်တောကောင်ရုပ်သေးရုပ်ကို ရရှိသွားပြီဖြစ်သည့်အတွက် သူကျေနပ်လျက်ရှိသည်။


"ဟမ်?" အနည်းငယ်ဝေး‌လှသည့်နေရာမှ သူတို့အရှေ့မှာ ပုံရိပ်တစ်ခုပျံ‌နေတာကို ရွှီဇီယန်ရုတ်တရက်မြင်လိုက်ရသည်။ ထို့နောက် ထိုအရာထင်ရှားစွာပေါ်လာပြီး သူတို့ဆီသို့ပျံသန်းလာသည်။


"ဒီကကျင့်ကြံသူနှစ်ယောက်ကို တွေ့ရတာဝမ်းသာပါတယ်" ထိုယောင်္ကျားလေးဟာ ရွှီညီအကိုနှစ်ယောက်ကို မြင်လိုက်တာနဲ့ သူကစိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်သည်။ 


ရွှီဇီယန်ကလည်းထိုသူအား ပြန်လည်နှုတ်ဆက်လိုက်ပြီးနောက် "ဒီကကျင့်ကြံသူက…"


"ကျွန်တော့်နာမည်က ကျောက်ရုန်တောက်ပါ ရှောင်ယွမ်ဂိုဏ်းကပါ" ပိန်ကပ်ကပ်နဲ့လူငယ်လေးက သူတို့အားပြုံးပြလိုက်ကာ

"ဒီကကျင့်ကြံသူနှစ်ယောက်စလုံးက လျှိုကွမ်းဂိုဏ်းကမလား?"


ရွှီဇီယန်ကလည်းခေါင်းညိတ်လိုက်ကာ ပြုံးပြလိုက်ရင်း

"ဟုတ်ပါတယ် ကျွန်တော့်နာမည်က ရွှီဇီယန်ပါ သူကကျွန်တော့်ညီလေး ရွှီဇီရုန်ပါ ကျင့်ကြံသူကျောက်က ဘာလို့များကျွန်တော်တို့ကို လိုက်ရှာနေတာလဲဆိုတာ ကျွန်တော်သိလို့ရမလား?"


ရွှီဇီယန်ကသူ၏ထင်မြင်ချက်အား အခိုင်အမာပြောဆိုလိုက်တာကို ကျောက်ရုန်တောက်ကြားလိုက်ရတော့ သူ့မျက်လုံးတွေလင်းလက်သွားကာ

"ကောင်းပါပြီ ကျွန်တော်နဲ့ထျန်းယွီဂိုဏ်းက ကျင့်ကြံသူနှစ်ယောက်ဟာ ပျက်စီးနေတဲ့နေရာတစ်ခုကို ရှာတွေ့ထားပြီးတော့ ရှေးဟောင်းဂိုဏ်းတစ်ခုအနေနဲ့ ထိုနေရာမှာ အမွေအနှစ်တွေရှိနိုင်တယ်လေ ဒီကကျင့်ကြံသူနှစ်ယောက်ကရော ထိုအရာကို ကျွန်တော်နဲ့အတူ လေ့လာဖော်ထုတ်ဖို့ ဆန္ဒရှိရဲ့လား?"


ရွှီဇီယန်မျက်လုံးတွေရုတ်တရက်စူးရှသွားပြီ—သူကအမွေအနှစ်နေရာအကြောင်းနဲ့ ပတ်သက်ပြီးပြောပြနေတာပေါ့! ဒါပေမယ့် သူသတိရှိထားရမည်။ သူကကျောက်ရုန်တောက်အား ပြုံးပြလိုက်ရင်း

"အိုး? အဲ့ဒီအကြောင်းကြောင့် ကျင့်ကြံသူကျောက် ကျွန်တော်တို့ကိုခေါ်ချင်တာလား? ယေဘုယျအားဖြင့်ပြောရရင် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲက အမွေအနှစ်နေရာတွေက အတော်လေးအန္တရာယ်ကင်းပါတယ် ကျင့်ကြံသူကျောက် ကျွန်တော်တို့ရဲ့အကူအညီကို လိုအပ်လိမ့်မယ်မထင်ဘူး"


ကျောက်ရုန်တောက် ဝန်လေးစွာ ပြုံးလိုက်ရင်း

"ထိုနေရာကအမွေအနှစ်ဟာ အန္တရာယ်မရှိမှန်း ကျွန်တော်သိပါတယ် ဒါပေမယ့် အဲ့ဒီအမွေအနှစ်ရဲ့နေရာက အတော်လေးထူးခြားတယ်…အိုး အဲ့ဒါကအရဲစွန့်ရတယ်လို့ ကျွန်တော်မဆိုလိုဘူးနော် ဒါပေမယ့် ဝင်ပေါက်မှာ ကြီးမားတဲ့ခုခံမှုရှိနေပြီးတော့ ကျွန်‌တော်နဲ့ထျန်းယွီဂိုဏ်းက တပည့်တစ်ယောက်နဲ့ ထိုအရာကိုနှစ်ရက်လောက် လေ့လာကြည့်လိုက်မှ သဘောပေါက်သွားတယ် အကယ်၍ ကျွန်တော်တို့သာအထဲကိုဝင်မယ်ဆိုရင် လူငါးယောက်ရှိနေမှရမယ် ပြီးတော့ ကျွန်တော်တို့ငါးယောက်ဟာ ဒြပ်စင်ငါးမျိုးအခင်းအကျင်းကို ပုံစံဖန်တီးနိုင်ဖို့ ဒြပ်စင်ငါးမျိုးဟာ တစ်ယောက်တစ်မျိုးစီရှိနေရမှာဖြစ်ပါတယ်"


ထို့နောက်မှာ သူကအလွန်စိတ်ပျက်နေသည့်ပုံစံဖြင့်

"ဒီအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက အလွန်ကျယ်ပြန့်တာ ကျင့်ကြံသူရွှီသိရဲ့လား? ကျွန်တော်လူလိုက်ရှာဖို့ ရက်အတော်လေးယူလိုက်ရပြီး အချိန်အကြာကြီးနေမှ ကျွန်တော် ဒီကကျင့်ကြံသူနှစ်ယောက်ကိုတွေ့တာ"


"ကျွန်တော်သိပြီ…" ရွှီဇီယန်ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် အမွေအနှစ်နေရာကို ဖွင့်နေသည့်နေရာမှာ မတူညီသည့်နည်းလမ်းတွေ အမျိုးမျိုးရှိတာ ပုံမှန်အခြေအနေပဲမို့ သူ၏စကားကို ရွှီဇီယန်သံသယမဖြစ်ပါ။ ကျင့်ကြံသူတိုင်းအတွက် အမွေအနှစ်တွေရှိသည့်နေရာကို ဝင်ရဖို့က ဦးစားပေးပင်ဖြစ်သည်။ ဥပမာအားဖြင့် ကျင့်ကြံသူတစ်ယောက်ဟာ စိတ်ဝိညာဉ်တောကောင်‌ စောင့်နေသည့် အမွေအနှစ်နေရာကို ဝင်ရောက်သွားပါက ထိုတောကောင်ဟာ သူခွင့်ပြုနိုင်သည့် အမျိုးသမီးကျင့်ကြံသူတွေကိုသာ ဝင်ခိုင်းလိမ့်မည်…


"ကျင့်ကြံသူရွှီကရော ကျွန်တော်တို့နဲ့လာရောက် ပူပေါင်းချင်ရဲ့လားဆိုတာ ကျွန်တော်သိချင်မိတယ် အခြေခံအားဖြင့် ထျန်းယွီဂိုဏ်းကတပည့်နဲ့ ကျွန်တော်နဲ့ အဲ့ဒီကြီးမားသည့်နေရာမှာ အမွေအနှစ်ရှိတယ်ဆိုတာကို အတည်ပြုပြီးပါပြီ၊ ပြီးတော့အဲ့ဒီအထဲမှာ အနည်းဆုံးအမွေအနှစ်သုံးခုလောက်ရှိပါတယ် အခင်းအကျင်းကိုပုံစံဖန်တီးပြီးနောက် ကျွန်တော်တို့တွေနေရာခွဲရှာကြပြီးတော့ အမွေအနှစ်တွေကို ဘယ်သူကကံကောင်းစွာရရှိမလဲဆိုတာ ကြည့်ကြတာပေါ့"

ကျောက်ရုန်တောက်ဟာ သဘာဝကျကျ ဖြစ်နိုင်ချေကိုပြောပြီး သူကမဖြစ်နိုင်သည့်အရာမျိုးအတွက် ဘာကတိမှပေးခြင်းမရှိပေ။ သို့ပေမယ့် အမွေအနှစ်ရှိရာနေရာသို့ ဝင်ရောက်လာနိုင်သည့် ဘယ်သူမဆို အကျိုးအမြတ်တွေရရှိပြီးဖြစ်သည်။ 


ရွှီဇီယန်သူ့အားငြင်းလိုက်မှာကို သူမစိုးရိမ်ပါ။ သူတို့တွေက ကြီးမားသည့်နေရာကအမွေအနှစ်ထဲကို ဝင်ရောက်ရမှာဖြစ်ပြီး အမွေအနှစ်တွေကို ရနိုင်သည့်အခြေအနေက ပိုများသည်ဟုဆိုလိုခြင်းဖြစ်သည်။ 


ဘယ်သူကမှ ဒီလိုအခွင့်အရေးကောင်းမျိုးကို လက်လွတ်မည်မဟုတ်ပေ။ ကျင့်ကြံသူတွေအတွက် အခွင့်အရေးတွေဟာ ကျင့်ကြံခြင်းထက် ပိုအရေးကြီးသည်။ 


"ကောင်းပြီ ကျွန်တော်သဘောတူတယ်" ရွှီဇီယန်ဘာမှသိပ်တွေးတောမနေဘဲ သဘောတူလိုက်တော့သည်။ ဒီလိုအခွင့်အရေးမျိုးကြီးနဲ့ သူမလွဲချော်ချင်ဘူး။


ကျောက်ရုန်တောက်ဟာ အပေါင်းလက္ခဏာဆောင်သည့် အဖြေကိုကြားလိုက်တာကြောင့် အလွန်ပျော်ရွှင်သွားသည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေ အချိန်ကုန်ဆုံးဖို့ လဝက်လောက်ကျန်သေးတာကြောင့် ဒီနေရာဟာအလွန်ကျယ်ပြန့်လှပြီး သူတို့တွေကနောက်ထပ်လူတစ်ယောက်နဲ့လည်း ဆုံချင်ဆုံနိုင်သလို၊ သူတို့တွေမှာ အမွေအနှစ်နေရာထဲကို ဝင်ရောက်နိုင်ဖို့ နောက်ထပ်အခွင့်အရေးတွေလည်း ရရှိလာနိုင်သည်။ အကယ်၍ ကျင့်ကြံသူတွေသာ သတ်မှတ်ထားသည့်အချိန်အတွင်း အမွေအနှစ်တွေကိုသာ ရရှိအောင်မယူနိုင်ပါက သူအလွန်ကိုစိတ်ပျက်မိလိမ့်မည်။


ရွှီဇီယန်ဟာ ကျောက်ရုန်တောက်၏ကိုယ်အတွင်းပိုင်းထဲကို မမြင်နိုင်တာက ကျောက်ရုန်တောက်ဟာ အခြေခံကျင့်ကြံခြင်း အလယ်အလတ်အဆင့်လောက် ရောက်ရှိထားနိုင်သည်။ သူဟာကျောက်ရုန်တောက်အနောက်ကနေ လိုက်လာခဲ့ပေမယ့် ခြေလှမ်းအကွာအဝေးတွေကို ဂရုတစိုက်လှမ်းလာသည်။


ဖြစ်နိုင်ချေသတိပေးချက်က အလွန်နိမ့်နေပေမယ့် ဒီကျောက်ရုန်တောက်က အကြမ်းပတမ်းလုပ်တတ်သော စရိုက်လက္ခဏာရှိတာကြောင့် သူတို့တွေကိုထောင်ချောက်ထဲ ပို့လိုက်နိုင်လားဆိုသည့် ဖြစ်နိုင်ချေကို သူဖယ်ထုတ်လို့မရပေ။ ဒါကြောင့် သူကရွှီဇီရုန်ကို ခပ်ဝေးဝေးကနေ လိုက်ခိုင်းလိုက်ပြီး အကယ်၍ ကျောက်ရုန်တောက်ရုတ်တရက် သူ့ကိုတိုက်ခိုက်ရင်တောင် ရွှီဇီရုန်ကပြန်လည်ပြီးတိုက်ခိုက်နိုင်သေးသည်။


ရွှီဇီယန်၏စိတ်ကူးဟာ ရွှီဇီရုန်၏ခုခံနိုင်မှုအပေါ်မှာ မူတည်နေပေမယ့် ဒီလိုအားနည်းသည့်ခုခံမှုကို ရွှီဇီယန်လျင်မြန်စွာ ရုတ်သိမ်းလိုက်တော့သည်။ သူကရွှီဇီရုန်အပေါ်အလိုလိုက်တယ်ဆိုပေမယ့် သူ၏လုံခြုံမှုနဲ့ပတ်သက်လာရင် အဲ့ဒါကဘာမှအသုံးဝင်မှာမဟုတ်ဘူး!


ရွှီဇီယန်၏သတိရှိမှုနဲ့ပတ်သက်ပြီး ကျောက်ရုန်တောက်ကဘာမှသိပ်ပြီးတွေးတောမနေပါ။ အကယ်၍ သူကလည်းဒီလိုဖြစ်စဉ်မျိုး အမှတ်မထင်ကြုံတွေ့လာပါက သူလည်းပဲဘယ်သူ့ကိုမှ လွယ်လွယ်ကူကူယုံကြည်မှာမဟုတ်ဘူး။


ဒီအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက အလွန်ကျယ်ပြောလှတာကြောင့် အဲ့ဒီမှာမိစ္ဆာကျင့်ကြံသူကို တခါတရံတွေ့နိုင်ပြီး ဂိုဏ်းတွေ၏ရှစ်ရှုန်း၊ရှစ်ကျဲတွေနဲ့ ပေါင်းထည့်ကာပို့ပေးရသည်။ ဝင်ပေါက်ကိုဖြတ်ကျော်ရာတွင် အကန့်အသတ်ရှိပြီး အားလုံး၏ကျင့်ကြံခြင်းအဆင့်တွေဟာ အခြေခံကျင့်ကြံခြင်းအဆင့်ထက်နိမ့်နေရမှာဖြစ်ပေမယ့် သူ့လိုအခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်က အခြေခံကျင့်ကြံခြင်း အစောပိုင်းအဆင့်သာ ရောက်ရှိသေးသည့် သူတို့နှစ်ယောက်၏ ချောင်းမြောင်းတိုက်ခိုက်တာကို ခံရရင်လည်း အဲ့ဒါကဘာပြဿနာမှမရှိပေ။ 

『K- ကျောက်ရုန်တောက်ဟာ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိ ရောက်ထားသူဖြစ်တာကြောင့် အခြားတစ်ယောက်နဲ့အတူ ဝင်ပေါက်ထဲဝင်ရင် ကန့်သတ်ချက်ထက်ကျော်သွားမှာမို့ တစ်ယောက်တည်းဝင်ရတာပါ၊ ရွှီညီအကိုတွေက အစောပိုင်းအဆင့်ပဲရှိသေးတာကြောင့် နှစ်ယောက်ပေါင်းအဆင့်က ကန့်သတ်ချက်ကိုတောင် မကျော်သေးပါဘူး』


သူအနည်းငယ်‌တော့လိမ်ပြောလိုက်၏။ တကယ်တော့ ရွှီဇီယန်နဲ့မတွေ့ခင် သူအခြားလူတစ်ယောက်နဲ့ဆုံခဲ့သေးသည်။ ဒါပေမယ့် အဲ့ဒီလူကိုသူတစ်ခါမှ မမြင်ဖူးသလို အဲ့ဒီလူ၏အာရုံခံစားမှုဟာ သူ့ကိုစိတ်မသက်မသာဖြစ်စေကြောင့် သူကလက်လျော့လိုက်သည်။ ထိုလူကိုတောင် သူမနှုတ်ဆက်တော့ပဲ ဖြတ်လာခဲ့၏။


သူကရွှီဇီယန်ထက်လည်း အသက်ကြီးသလို အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အကယ်၍ တစ်ဖက်လူကသာ မိစ္ဆာကျင့်ကြံသူဖြစ်နေပါက သူပြန်လည်စဉ်းစားလိမ့်မည်။ 


သူမျှော်လင့်ထားသလိုပဲ တစ်ဖက်လူက ဘာစကားစမြည်မှ ပြန်မပြောပဲဖြတ်သွားသည်။ သူတို့တွေက တစ်ယောက်နဲ့တစ်ယောက်တောင် မနှုတ်ဆက်လိုက်ပေ။ ထိုအမူအရာက ကျောက်ရုန်တောက်၏ထင်မြင်ချက်ကို သူသေချာသွားစေပြီး အဲ့ဒီလူဟာ မိစ္ဆာကျင့်ကြံသူသေချာပေါက် ဖြစ်လိမ့်မယ်လို့ သူယုံကြည်သည်။


ဒီအစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေက မလုံခြုံဘူးလို့ သူအစကတွေးခဲ့ပေမယ့် မိစ္ဆာကျင့်ကြံသူတွေရှိနေတာကိုတော့ သူယုံကြည်သွားသည်။ မိစ္ဆာကျင့်ကြံသူတွေဟာ အမြဲတမ်း မကောင်းဆိုးဝါးနဲ့တူနေပြီး သူတို့တွေဟာ ရတနာတွေကိုရချင်လို့ သတ်ဖြတ်ကြသည်၊ ဒါမှမဟုတ် တခါတရံ ပျော်ရွှင်ချင်လို့ သတ်ဖြတ်ကြသည်။


ဒီဝင်ပေါက်ထဲကိုမဝင်ရောက်ခင်က သူဟာအမြဲတမ်း သူ့ရှစ်ရှုန်းတွေ၏အနောက်မှာနေခဲ့တာကိုပဲ ကျောက်ရုန်တောက်အတော်လေး ကျေးဇူးတင်မိသည်။ ဒါကြောင့် လျှိုကွမ်းဂိုဏ်းကတပည့်တွေ ဝင်ပေါက်ထဲဝင်သွားတော့ သူရှင်းလင်းစွာမြင်လိုက်ရခြင်းဖြစ်သည်။ 


ထိုရွှီညီအကိုနှစ်ယောက်ကို အဲ့ဒီအချိန်က သူမှတ်မိလိုက်သေးသည်။ ထို့အပြင် ရွှီဇီရုန်ကအလွန်ငယ်နေသေးပြီး သူကအခြေခံကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိထားတာက အလွန်ကိုအံ့ဩစရာပင်ဖြစ်သည်။


ကျောက်ရုန်တောက်ဟာ စိတ်ပါလက်ပါဖြင့် တစ်လမ်းလုံး ရွှီဇီယန်နဲ့ စကားစမြည်ပြောဆိုနေသည်။ ဂိုဏ်းတစ်ခု၏လက်ရွေးစင်တစ်ယောက်နဲ့ ဘယ်သူမဆိုတွေ့ဆုံဖို့ အခွင့်အရေးရချင်ကြသည်။ 


ရှောင်ယွမ်ဂိုဏ်း၏အကြီးဆုံးတပည့် ခေါင်းဆောင်တစ်ယောက်အနေနဲ့ အနာဂတ်မှာ ဂိုဏ်းကျော်ကြားလာအောင် သူသေချာပေါက်လုပ်ဆောင်ပေးရမည်။ အကယ်၍ သူသာ အခြားသောကျင့်ကြံသူတွေနဲ့ ကောင်းမွန်သည့်ဆက်ဆံရေး ခိုင်မာစွာတည်ရှိနေပါက ထိုအရာဟာ အတော်လေးကို ကောင်းမွန်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်လိမ့်မည်။


ရွှီဇီယန်ကလည်း ကျောက်ရုန်တောက်၏ကြင်နာမှုတွေကို မငြင်းပယ်ပေ။ သူငယ်ချင်းတွေပိုရှိလာတာက အကျိုးအမြတ်ပိုရစေတယ်ဆိုတာကို သိထားပြီး သူတစ်ယောက်တည်းဖြင့် အရာအားလုံးကို အောင်မြင်အောင်စွမ်းဆောင်နိုင်မည် မဟုတ်ပေ။


ရွှီဇီယန်နဲ့ကျောက်ရုန်တောက်ဟာ စကားတွေအများကြီးပြောနေကြပြီး သူတို့တွေက တစ်ယောက်ကိုတစ်ယောက် "အကို"လို့သာခေါ်ဆိုကြသည်။


ရွှီဇီယန်နဲ့ကျောက်ရုန်တောက်ဟာ ပျော်ရွှင်စွာစကားစမြည်ပြောဆိုနေကြစဉ် ရွှီဇီရုန်ဟာ ကျောက်ရုန်တောက်၏နောက်ကျောကို ဒေါသထွက်စွာ စေ့စေ့စပ်စပ်ကြည့်ရှုလို့နေသည်။ သူ့ကိုကိုကအမိန့်‌ပေးထားလို့သာ သူ့ကိုကိုနဲ့ခပ်ဝေးဝေးကနေ လမ်းလျှောက်နေခြင်းဖြစ်သည်။ ဒါကြောင့် သူတို့တွေစကားစမြည်ပြောဆို‌နေကြတာကို သူဝင်ပြောလို့မရတာကြောင့် မကျေမချမ်းဖြစ်စွာ သူတို့နှစ်ယောက်ကို စိုက်ကြည့်ရုံသာတတ်နိုင်သည်။


"အတော်လေးထူးဆန်တယ်တော့ ဒီနယ်မြေက ရာသီပတ်လုံးနွေဦးရာသီပဲဖြစ်နေတာကို ကျွန်တော်ဘာလို့ရုတ်တရက် အေးလာသလိုခံစားလာရလဲမသိဘူး? အကိုရွှီရော တွေးမိလား?" ကျောက်ရုန်တောက်ဟာ ရုတ်တရက်တုန်ယင်လာပြီး ပတ်ဝန်းကျင်အခြေအနေကို နားမလည်စွာကြည့်လို့နေသည်။

『K: နောက်ကလင်ဖြစ်သူက ဂျိုစောင်းခုတ်နေလို့ပါ အကိုကျောက်ရယ်』


"အိုး? အကိုကျောက်ကအေးနေတာလား? ကျွန်တော်တော့မအေးဘူးရော အကိုကျောက် တုပ်ကွေးမိနေပြီထင်တယ်?" ရွှီဇီယန်ထိုမေးခွန်းကိုမေးလိုက်ကာ ရယ်မောလိုက်ပြီး သူကအကျင့်ပါနေလို့ ထိုမေးခွန်းကိုမေးလိုက်ရင်း ကျင့်ကြံသူတွေဟာ ဘယ်တော့မှမဖျားဘူးဆိုတာ သူမေ့သွားသည်။ 


ကျောက်ရုန်တောက်ကလည်းရယ်မောလိုက်သည်။ သူကထိုမေးခွန်းကို ဟာသအနေဖြင့်ယူဆလိုက်ပြီး သူတုန်ယင်နေရသည့် အကြောင်းကိုတောင် လျင်မြန်စွာမေ့သွားသည်။


သူတို့သုံးယောက်ဟာ နေ့တစ်ဝက်လောက်ပျံသန်းလာပြီးနောက် အဝေးလောက်ကနေ ခပ်မြင့်မြင့်တောင်ကိုမြင်လိုက်ရသည်။ တောင်ထွတ်တွေဟာ ကြီးမားပြီးခမ်းနားသည့်ပုံစံပေါက်ကာ အဖြူရောင်မြင်းဟာ တောင်ထိပ်ကနေ ရေကန်ဆီပြေးဆင်းလာတာကြောင့် ရေတွေစင်သွားတော့သည်။


"ကျွန်တော်တို့ရောက်ပြီ ကျွန်တော်တို့သွားရမယ့်နေရာက ဒီရေတံခွန်ရဲ့အနောက်ဘက်မှာပဲ" ကျောက်ရုန်တောက်ဟာ အဖြူရောင်ရေတွေစီးဆင်းနေသည့် ရေတံခွန်ဆီသို့ ညွှန်ပြလိုက်သည်။


ရွှီဇီယန်ခေါင်းညိတ်လိုက်သည်။ သူရေတံခွန်နားကိုနီးကပ်လာလေ ခပ်ရေးရေးအသံတွေကို သူနောက်တစ်ကြိမ်ပြန်ခံစားလာရသည်။ ဒီနေရာရဲ့အမွေအနှစ်ကြောင့် ထူးခြားတဲ့ခံစားမျိုးဖြစ်နေတာ ဖြစ်လိမ့်မည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲမှာရှိသည့် သူတို့တွေ၏ခန္ဓာကိုယ်တွေဟာ အမွေအနှစ်နေရာနဲ့နီးလာလေ ဒီလိုခံစားချက်မျိုး လူတိုင်းဖြစ်လာတတ်ကြသည်။ 


ဒီနေရာမှာအမွေအနှစ်ရှိတယ်ဆိုတာ လုပ်ကြံပြောဆိုတာမဟုတ်သည့် ကျောက်ရုန်တောက်၏ဖြစ်နိုင်ခြေ ဆုံးဖြတ်ချက်ကို သူတို့တွေတဖြည်းဖြည်းယုံကြည်လာကြသည်။ ‌ရွှီဇီရုန်ဟာ အနီးအနားကအပင်တွေနဲ့ ဆက်သွယ်ပြောကြည့်လိုက်တော့ ထိုအသံတွေပြောကြတာက ကျောက်ရုန်တောက်အပါအဝင် ဒီနေရာမှာ လူသုံးယောက်ရှိနေသည်။ 


ကျောက်ရုန်တောက်ကို ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ အတည်ပြုပြီးနောက် ရွှီဇီယန်ပိုပြီး စိတ်အားထက်သန်လာတော့သည်။ လက်ရှိမှာတော့ ကျောက်ရုန်တောက်ဟာ ခင်မင်စရာကောင်းပြီး မှန်ကန်သည့် ကျင့်ကြံသူဖြစ်တာကြောင့် သူစိမ်းတွေလိုပြောဆိုဆက်ဆံစရာမလိုတော့ပေ။


#TK