Chapter 77
Viewers 4k

Chapter 77


ထိုရေတံခွန်အနောက်၌ ကြီးမားသည့်လိုဏ်ဂူရှိနေသည်။ ဝင်ပေါက်နားမှာတော့ ရေတွေစိုနေပြီး ရေညှိတွေတက်နေပေမယ့် အထဲဝင်သွားရင်တော့ ခြောက်တွေ့နေသည့်လိုဏ်ဂူကို တွေ့ရမှာဖြစ်ပြီး လူကဖန်တီးထားသည့်ဆိုသည့် အရိပ်အယောင်တွေ တွေ့နေရသည်။


ကျောက်ရုန်တောက်က ရွှီဇီယန်အား ဒီနေရာမှာ ဘာအန္တရာယ်မှမရှိဘူးဆိုတာ ပြသချင်တာကြောင့် အရင်ဆုံးဦးဆောင်ပြီးသွားလေသည်။ ရွှီဇီယန်နဲ့ရွှီဇီရုန်ကတော့ သူ့အနောက်ကနေ ခပ်ခွာခွာလိုက်လာသည်။ ဝင်ပေါက်ကိုကျော်လာပြီးနောက် သူတို့မျက်လုံးတွေရုတ်တရက် ပြူးကျယ်သွားကာ ဘာမှမရှိသည့် ခန်းမဆောင်ကြီးရှိနေသည်။


ထိုခန်းမဆောင်၏ဝင်ပေါက်ဟာ အလွန်မဲမှောင်နေပြီး နောက်ထပ်ဝင်ပေါက်မှာတော့ ကျင့်ကြံသူနှစ်ယောက်ရှိနေသည်။


ရွှီဇီယန်မျက်လုံးတွေကျဉ်းမြောင်းသွားပြီး သူအမြင်များမှားတာလားလို့ တွေးဆမိလိုက်သည်။ သူ့အရှေ့ကကျင့်ကြံသူကို ဘာလို့များရင်းနှီးနေရတာလဲ?


သူပိုပြီးနီးကပ်သွားမှ ထိုလူ၏ရုပ်ရည်ကို ရှင်းလင်းစွာမြင်လိုက်ရသည်။


ဘုရားရေ! သူကပိုင်ဟွချစ်သူတွေထဲက တစ်ယောက်ပဲ!


သူဘယ်လိုလုပ်…ခဏလေး လင်ရှောင်ထျန်က ထျန်းယွီဂိုဏ်း၏တပည့်ဖြစ်တာကြောင့် အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို သူသေချာပေါက်ဝင်ခွင့်ရမှာဖြစ်သည်။


သူဒီသေးငယ်တဲ့ကျွန်းလေးမှာနေနေစဉ် ထျန်းယွီဂိုဏ်းနဲ့ လျှိုကွမ်းဂိုဏ်းတို့ဟာ အနည်းငယ်ကွာဝေးလှသည်။ လင်ရှောင်ထျန်က ဒီတပည့်တွေထဲမှာပါလိမ့်မယ်ဆိုတာ ရွှီဇီယန်မသိခဲ့ဘူး။


ဒါပေမယ့် ရွှီဇီယန် သူနဲ့တော့မနီးကပ်ချင်ပေ။ အကယ်၍ သူတို့တွေသာ အမွေအနှစ်နေရာတစ်ခုတည်းကို စိတ်ဝင်စားပုံခြင်းမတူညီပါက သူတစ်ခါတည်းလှည့်ထွက်သွားပြီးဖြစ်သည်။


သူ၏အနောက်မှာ အဖြူရောင်အင်္ကျီဝတ်စုံနဲ့ မိန်းကလေးတစ်ယောက်ရှိနေသည်။ သူမဟာအလွန်ဆုံးမှ အသက်၁၅,၁၆လောက်သာ ရှိမည်ဖြစ်ပြီး အနည်းငယ်တော့မာနကြီးပုံပေါ်သည်။


ရွှီဇီယန်သူ့မေးစေ့ကိုပွတ်ကာ သေချာတွေးတောကြည့်လိုက်သည်။ အကယ်၍ သူခန့်မှန်းတာမမှားဘူးဆိုရင် သူမဟာဝတ္ထုထဲက ကျော်ကြားပြီး'‌ကြောက်စရာကောင်းသည့် အဓိကအမျိုးသမီးဇာတ်ဆောင်'ဖြစ်လိမ့်မည်။ နောက်ပိုင်းမှာတော့ သူမဟာပိုင်ဟွကို ထောင်ချောက်ဆင်ခဲ့တာကြောင့် လင်ရှောင်ထျန်ဒေါသထွက်ကာ သူမ၏ချီပင်လယ်ကို ဖျက်စီးလိုက်သည်။ သူမဟာသူမ၏ကျင့်ကြံခြင်းတွေ ဆုံးရှုံးသွားတာကို လက်မခံနိုင်ပဲ ရူးသွားတော့သည်။ သူမ၏အဖိုးဖြစ်သူဟာ လင်ရှောင်ထျန်ကို လက်စားချေဖို့လိုက်ရှာရင်းကနေ အသတ်ခံလိုက်ရသည်။


ကဲပါ…အဲ့ဒါတွေကရင်းနှီးတဲ့ဇာတ်ကြောင်းတွေသာဖြစ်သည်။


"လာခဲ့လေ ကျင့်ကြံသူရွှီ ကျွန်တော်အခြားသူတွေနဲ့ မိတ်ဆက်ပေးမယ် သူကလင်ရှောင်ထျန် ထျန်ယွီဂိုဏ်းကလေ၊ ပြီးတော့ သူမကသူရဲ့ရှစ်မေ့ မော့ရွှဲရန်တဲ့ ကျင့်ကြံသူမော့ပေါ့" ကျောက်ရုန်တောက်ဟာ သူ့ခေါင်းကိုလှည့်လိုက်ပြီးနောက် သူကလင်ရှောင်ထျန်နဲ့ ‌မော့ရွှဲရန်တို့အား ရွှီညီအကိုနှစ်ယောက်နဲ့ ပြန်လည်မိတ်ဆက်ပေးလေသည်။


လက်ရှိမှာတော့ လူငါးယောက်ဟာ အတူတူစုစည်းသွားကြပြီဖြစ်သည်။ သူတို့‌အားလုံးထဲမှာမှ ကျောက်ရုန်တောက်ကလွဲရင် ကျန်တဲ့သူများက အခြေခံကျင့်ကြံခြင်း အစောပိုင်းအဆင့်ထိပြီးထားသူများဖြစ်ကြသည်။ ကျောက်ရုန်တောက်က အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ရောက်ရှိနေပြီးဖြစ်တာကြောင့် သူကတစ်ယောက်တည်းသာဖြစ်သည်။


သုံးဖွဲ့စလုံးဟာ အခြေခံအားဖြင့် စွမ်းအားညီမျှနေတာကြောင့် သူတို့တွေဟာ တစ်ဖက်နဲ့တစ်ဖက် လုံခြုံရေးကို အာမခံနိုင်ကြသည်။ 


ရွှီဇီယန်ကလည်း ယဉ်ကျေးစွာ လင်ရှောင်ထျန်ကို နှုတ်ဆက်လိုက်သည်။ မော့ရွှဲရန်ပုံစံက မာနကြီးတယ်ဆိုပေမယ့် လျှိုကွမ်းဂိုဏ်းလိုဂိုဏ်းကြီးက တပည့်တွေအပေါ်မှာတော့ ကောင်းမွန်စွာပြောဆိုဆက်ဆံသည်။


တစ်‌ဖက်နဲ့တစ်ဖက် အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူတို့‌တွေ၏အာရုံတွေဟာ အမဲရောင်ဝင်ပေါက်ဆီသို့ ပြန်လည်ရောက်သွားသည်။ ထို့အပြင် သူတို့တွေဒီကိုလာရသည့် အကြီးမားဆုံး ရည်ရွယ်ချက်က အမွေအနှစ်ရရှိဖို့ပင်ဖြစ်သည်။ သူတို့အရှေ့က အမွေအနှစ်၏ကြီးမားသည့်နေရာကို မြင်လိုက်တာကြောင့် ယခုသူတို့တွေ၏မိတ်ဆွေဖွဲ့ဖို့စိတ်တွေ ပျောက်ရှသွားသည်။


"အကိုရွှီ အချိန်မကြာသွားအောင် စလိုက်ကြစို့"


"ကောင်းပြီ" ရွှီဇီယန်ချက်ချင်း သဘောတူလိုက်သည်။ အစကတည်းက သူတို့တွေ၏အဓိကရည်ရွယ်ချက်ဟာ အမွေအနှစ်ယူဖို့ဖြစ်တာကြောင့် သူတို့တွေက အချိန်ပိုပြီးမဖြုန်းချင်ပေ။


"ဒီလမ်း" ကျောက်ရုန်တောက် ဝင်ပေါက်၏တစ်ဖက်ကို သူတို့အားလမ်းညွှန်ပြသည်။ သူတို့တွေဟာ ထိုအရာကို အဝေးကနေ ရှာလို့မရပေ။ ထိုဝင်ပေါက်၏တစ်ဖက်က မြေပြင်ပေါ်မှာ အရောင်ငါးမျိုးဖြင့် လေးထောင့်ကျောက်ပြားလေးတွေ ရှိနေသည်။ အဲ့ဒီလေးထောင့်ပြားတွေဟာ ဒြပ်စင်ငါးမျိုးအခင်းအကျင်းကို ပုံစံဖန်တီးထားပြီး လေးထောင့်ပြားတစ်ခုစီတိုင်းမှာ သေးငယ်သည့်ခြေဖဝါးရာကို ထွင်းထုထားသည်။


"အကိုရွှီ ကြိုက်ရာတစ်ခုရွေးလိုက်ပါ ကျွန်တော်ဒီ‌ကျောက်ပြားတွေကိုနင်းကြည့်ပြီးပါပြီ ဘာအန္တရာယ်မရှိပါဘူး ဒါပေမယ့် ကျွန်တော်တို့မှာက လူသုံးယောက်ပဲရှိတာကြောင့် ကျွန်တော်တို့တွေ ဒီကြီးမားသည့်အခင်းအကျင်းကို မဖွင့်နိုင်ဘူး" ကျောက်ရုန်တောက်ဟာ အချက်အလက်တွေကို ရှင်းပြလိုက်သည်။


ရွှီဇီယန်က အနီရောင်လေးထောင့်ပြားကို ရွေးလိုက်ပြီး ရွှီဇီရုန်က အစိမ်းရောင်လေးထောင့်ပြားကို ရွေးလိုက်သည်။ ကျန်တဲ့လူတွေက ကျန်ရှိနေသေးသည့် အရာတွေကိုယူလိုက်သည်။


"စိတ်ဝိညာဉ်စွမ်းအင်တွေကို မင်းတို့ရဲ့လေးထောင့်ကျောက်ပြားထဲထည့်လိုက်!" ကျောက်ရုန်တောက် ကျယ်လောင်စွာအော်ပြောလိုက်သည်။


သူတို့တွေက တူညီစွာလုပ်ဆောင်လိုက်ကြပြီး လေးထောင့်ပြားငါးခုဟာ အလင်းရောင်တောက်ပလာတော့သည်။


အဲ့ဒီအလင်းရောင်တွေဟာ ပိုပိုပြီးလင်းထိန်လာသည်။ 


ကြီးမားသည့်ထိုတံခါးနှစ်ရွက်ဟာ သူတို့ဖက်ကိုဦးခေါင်းလှည့်လာသည်။ ထိုတံခါးနှစ်ရွက်ဟာတဖြည်းဖြည်းပွင့်လာပြီး အမဲရောင်ဝင်ပေါက်ဖက်ကိုကပ်သွားကာ ဝင်ပေါက်အကျယ်ကြီးကိုပွင့်လာတော့သည်။


"ကောင်းပြီ!" ကျောက်ရုန်တောက် စိတ်လှုပ်ရှားစွာ ပြောလိုက်သည် "ဝင်ကြစို့!"


ရွှီဇီယန်နဲ့အခြားလူတွေကလည်း လေးထောင့်ကျောက်ပြားပေါ်ကနေ ခုန်ချလိုက်ကာ အမဲရောင်ဝင်ပေါက်ဆီသို့ ပြေးသွားကြသည်။


သူတို့တွေ၏စိတ်ဝိညာဉ်စွမ်းအင်တွေ မရှိတော့တာကြောင့် လေးထောင့်ကျောက်ပြားတွေဟာ အလင်းရောင်မှိန်လာပြီး ကြီးမားသည့်တံခါးနှစ်ရွက်ဟာ အမဲရောင်ဝင်ပေါက်ကို ပိတ်ဖို့လှုပ်ရှားလာတော့သည်။


ငါးယောက်သားဟာ အမဲရောင်ဝင်ပေါက်ထဲသို့ ဝင်ရောက်ရန် အတူတူပြေးလွှားနေကြသည်။ မျက်တောင်တစ်ခတ်အတွင်း တံခါးဟာ ဘာအပေါက်လေးမှမဟအောင် ဂျိမ်းခနဲမြည်ပြီးပိတ်သွားတော့သည်။


"ဟားဟား ငါတို့တွေအတော်လေး ကံကောင်းကြတာပဲ" ကျောက်ရုန်တောက်က ပျော်ရွှင်နေသည့်အမူအရာဖြင့် ပြောလိုက်ကာ အခြားသောသူတွေကလည်း ပြုံးနေကြသည်။


ဒီလောက်ကြီးမားသည့် အမွေအနှစ်နေရာမှာ ရတနာတွေများစွာရှိနေပေမယ့် ထူးခြားသည့်ဝင်ပေါက်တံခါးဟာ အရမ်းကြီးလည်းစည်းကမ်းမတင်းကျပ်ထားပေ။ ထိုအရာကိုဖွင့်ဖို့ ကျင့်ကြံသူငါးယောက်သာလိုအပ်သည်။ အကယ်၍ သူတို့တွေထဲမှာသာ စိတ်ဝိညာဉ်သွေးကြောတစ်မျိုးလိုနေပါက ဒီလိုရှားပါးသည့်အခွင့်အရေးကို လက်လွတ်ပြီး ကြည့်နေရုံသာတတ်နိုင်လိမ့်မည်။


"အားလုံးပဲ ငါတို့တွေဒီနေရာကိုရောက်လာကြပြီဆိုတော့ အခုကစပြီး ငါတို့တွေအကောင်းဆုံး ကြိုးစားကြတာပေါ့" ကျောက်ရုန်တောက်ကိုယ်ကိုကိုင်းညွတ်ကာ ပြောလိုက်သည်။


လင်ရှောင်ထျန်နဲ့ရွှီဇီယန်ကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။ အမွေအနှစ်တွေကို လိုက်ရှာရာတွင် ကံကောင်းဖို့က အဓိကပင်ဖြစ်သည်။ အကယ်၍ တစ်‌ယောက်ယောက်ကသာ ကျင့်ကြံသူတစ်ယောက်၏အမွေအနှစ် လိုအပ်ချက်တွေကို မတွေ့ရှိပါက ထိုတစ်ယောက်ဟာရရှိဖို့ ဘယ်လိုမှမသေချာတော့ပါ။ ပြီးတော့ အဲ့ဒီတစုံတရာနဲ့ လူတွေ၏လိုအင်ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာကြောင့် ဘာယှဉ်ပြိုင်ခြင်းမှရှိမည်မဟုတ်ပေ။ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်နဲ့ တိုက်ခိုက်တာကိုဘေးဖယ်လိုက်ရင်တောင် ဒီလိုအမွေအနှစ်၏နေရာမှာ ဘယ်သူမှတစ်ယောက်နဲ့တစ်ယောက် သတ်ဖို့ကြိုးစားလိမ့်မှာမဟုတ်ဘူး။


ကျောက်ရုန်တောက်ဟာ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိရောက်‌ရှိထားသူဖြစ်သည်။ သူစကားပြောလို့ပြီးသွားသည့်နောက် ဝင်ပေါက်အရှေ့တည့်တည့်သို့ လျှောက်သွားသည်။ ထိုဝင်ပေါက်ဟာအလွန်ကျယ်လှပြီး ဘေးနှစ်ဖက်က မီးရောင်တွေကလည်း အားလျော့ခြင်းမရှိပေ။


ကျောက်ရုန်တောက်ဟာ မဝေးလှသည့်နေရာမှ လမ်းဆုံကိုတွေ့လိုက်ရသည်။ သူခဏလောက်တွေးတောပြီးနောက် ထိုလမ်းဆုံဆီသို့လျှောက်သွားလေသည်။ ထို့နောက်ဟာ ဝင်ပေါက်ဟာလျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပြန့်ပြူးနေသည့်နံရံသာကျန်ရှိတော့သည်။ ထို့နောက်မှာတော့ ဆန့်ကျင်ဘက်နံရံကနေ အခြားသောလမ်းဆုံတစ်ခု‌ပွင့်လို့လာသည်။


လင်ရှောင်ထျန်နဲ့ရွှီဇီယန်ဟာ သိပ်ပြီးမရင်းနှီးတာကြောင့် စကားသိပ်မပြောကြပေ။ ဒါကြောင့် လင်ရှောင်ထျန်က ရွှီဇီယန်အား လက်ဝှေ့ယမ်းပြလိုက်ကာ သူ၏ရှစ်‌မေ့နဲ့အတူ ထွက်သွားတော့သည်။ သူတို့တွေထွက်သွားပြီးနောက် ရွှီဇီယန်ခဏလောက်နေနေပြီး ထို့နောက်မှာ သူဟာရွှီဇီရုန်နဲ့အတူ ထွက်သွားတော့သည်။


ဒီနေရာရဲ့အမွေအနှစ်တွေက လုံးဝအန္တရာယ်မရှိပေ။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်သည့်သူတိုင်းဟာ ထိုအချက်ကိုသိထားကြသည်။ 


ထိုအချက်ကြောင့် ရွှီဇီယန်ကလည်း ဘာကြောက်ရွံ့ခြင်းမှမရှိပေ။ ရွှီဇီရုန်နဲ့အတူ လမ်းလျှောက်လာပြီးနောက် ဝင်ပေါက်တစ်လျှောက်က နံရံဆေးရေးပန်းချီတွေကို သူကြည့်လိုက်သည်။


ကျောက်ရုန်တောက် ဒါမှမဟုတ် လင်ရှောင်ထျန်တို့ဟာ သူတို့၏ပန်းတိုင်က စွမ်းအားကြီးသည့်အမွေအနှစ်တွေဖြစ်တာကြောင့် သူတို့တွေက နံရံဆေးရေးပန်းချီတွေကို စိတ်မဝင်စားပါ။ ရွှီဇီယန်တစ်ယောက်တည်းကသာ ထိုအရာတွေစိတ်ဝင်စားပေမယ့် သူကအနုပညာအရည်အသွေး ရှိလို့တော့မဟုတ်ဘူး။ ထိုအစား မိုးကြိုးသွားစိတ်ဝိညာဉ်သွေးကြောရှိသည့် ကျင့်ကြံသူတစ်ယောက်အကြောင်းကို ရေးဆွဲထားသည့်ပုံပြင်၌ သူ၏အာရုံကရှိနေလို့ဖြစ်သည်။


ဝင်ပေါက်အနားက ပထမဆုံးနံရံဆေးရေးပန်းချီကနေ အစပြုထားပြီး ဒီကျင့်ကြံသူ၏ခမ်းနားလှသည့် ဘဝကိုပုံဖော်ထားသည်။ ရွှီဇီယန်၏သုံးသပ်ချက်အရဆိုရင်တော့ ဒီပုံပြင်ထဲကလူပုဂ္ဂိုလ်ဟာ လူတန်းစားအလွှာမှာ အနိမ့်ဆုံးအဆင့်သာရှိပြီး နောက်တော့ချမ်းသာသွားကာ မိန်းမလှလေးနဲ့ လက်ထပ်လိုက်သည်။ 


အဲ့ဒီကြားထဲမှာ အမျိုးမျိုးသော ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခံစားခဲ့ရပေမယ့် အခက်အခဲတိုင်းဟာ နောက်ဆုံးမှာတော့ အဲ့ဒီကျင့်ကြံသူအတွက် ကြီးမားသည့်အခွင့်အရေးတွေကို ယူဆောင်လာပေးခဲ့သည်။ ရှင်းရှင်းပြောရရင် တစ်စုံတစ်ယောက်ကသာ ဒီနံရံဆေးရေးပန်းချီတွေကို ကျင့်ကြံခြင်းဝတ္ထုစာအုပ်ထုတ်လိုက်ပါက အရမ်းကိုအောင်မြင်သွားလိမ့်မည်။


အကယ်၍ ဒါတွေကသာမန်နံရံဆေးရေးပန်းချီတွေသာဆိုရင် ရွှီဇီယန်စိတ်ဝင်စားမှာမဟုတ်ပေ။ ဒါပေမယ့် ကျင့်ကြံသူအဝတ်အစားနဲ့ဝမ်းဗိုက်မှာရော လျှပ်စစ်အမှတ်အသားတွေရှိနေတာကို သူစစချင်းသတိထားမိလိုက်သည်။ 


စစချင်းမှာတော့ ထိုအရာတွေက ဒီအတိုင်းအဝတ်အစားမှာ ပုံဖော်ထားတာလို့ သူတွေးမိလိုက်ပေမယ့် ထိုသူဝတ်ဆင်ထားသည့် အဝတ်အစားပေါ်က အမှတ်အသားပုံစံဟာ ထိုသူ၏ဝမ်းဗိုက်နားမှာလည်းရှိနေတာကို သူသတိထားမိလိုက်တာကြောင့် တစ်ခုခုမှားနေမှန်း သူခံစားမိလိုက်သည်။


နည်းစနစ်အရဆိုရင် ထိုအမှတ်အသားက သိသာမြင်သာသည့်နေရာမှာရှိသင့်သည်။ အကယ်၍ ထိုအမှတ်အသားက ခါးပေါ်မှာပေါ်လာရင်တောင် ထိုအရာကအမှတ်အသားလို့သာ ရွှီဇီယန်ပုံမှန်အတိုင်းတွေးလိုက်လိမ့်မည်။ ဒါပေမယ့် ထိုအမှတ်အသားက အမြဲတမ်း ဝမ်းဗိုက်ပေါ်၌သာရှိနေပြီး ဘယ်သူမှသူ၏အဝတ်အစားတွေပေါ်က ဒီလိုနေရာမျိုးမှာ အမှတ်အသားရေးဆွဲလိမ့်မည်မဟုတ်ပေ။ 


ရွှီဇီယန်နားမလည်နိုင်သည့် နံရံဆေးရေးပန်းချီးဟာ ပုံပြင်အဆုံးသတ်နားရောက်လာတော့ ရှင်းလင်းသွားတော့သည်။ ထိုနံရံဆေးရေးပန်းချီပေါ်မှာ ကျင့်ကြံသူဟာ ကြီးမားလှသည့် ကိုးမြှီးမိစ္ဆာမြေခွေးနဲ့ တိုက်ခိုက်ကြသည်။ ကျင့်ကြံသူဟာ မြေခွေး၏စွမ်းအားကို ခုခံနိုင်စွမ်းမရှိပေ။ သူ၏အနောက်ဖက်မှာ ကြီးမားသည့်မြို့ကြီးရှိပြီး ထိုမြို့၌လူများစွာနေထိုင်ကြသည်။ အကယ်၍ ကျင့်ကြံသူဟာ မြေခွေးကိုတိုက်ခိုက်ပြီး သူလွတ်မြောက်နိုင်ပေမယ့် မြို့အတွင်းလူတွေသေချာပေါက် သေကြရလိမ့်မည်။


ဒီနံရံဆေးပန်းချီရဲ့ဇာတ်လိုက်တစ်ယောက်အနေနဲ့ ကျင့်ကြံသူဟာ မလွတ်မြောက်နိုင်ခဲ့ပေ။ ဒါကြောင့် နောက်ထပ်နံရံဆေးရေးပန်းချီမှာ သူဟာသူ၏ဝမ်းဗိုက်ကနေ လျှပ်စစ်အမှတ်အသားကိုဆွဲထုတ်လိုက်ပြီး မိစ္ဆာမြေခွေးဆီသို့ ထိုအမှတ်အသားကို ပစ်လွတ်လိုက်သည်။ လျှပ်စစ်အမှတ်အသားနဲ့ထိသွားပြီးနောက် မိစ္ဆာမြေခွေးဟာ ကြောက်လန့်သွားပြီး ပြာအဖြစ်သို့ပြောင်းသွားသည်။


နောက်ထပ်နံရံဆေးရေးပန်းချီ၌ လျှပ်စစ်အမှတ်အသားဟာ ရှိနေသေးပေမယ့် ရှေ့ကနံရံဆေးရေးပန်းချီတွေကထက်တော့ သိသိသာသာသေးငယ်သွားသည်။ ‌မိစ္ဆာမြေခွေးကိုအနိုင်ယူပြီးနောက် လျှပ်စစ်အမှတ်အသားပေါ်၌ ကြီးမားသည့်ဆိုးကျိုးသက်ရောက်မှု ရှိသွားတာဖြစ်လိမ့်မည်။ 


နောက်ထပ်‌နံရံဆေးရေးပန်းချီတွေမှာကတော့ ကျင့်ကြံသူဟာ တူညီသည့်လျှပ်စစ်အမှတ်အသားတွေကို နေရာမျိုးစုံ၌လိုက်လံရှာဖွေလို့နေသည်။ ထို့နောက် သူဟာထိုအမှတ်အသားတွေကို သူ၏ကိုယ်ပိုင်စွမ်းအင်အဖြစ် တဖြည်းဖြည်းပြောင်းလဲလိုက်သည်။


ဒီနံရံဆေးရေးပန်းချီးတွေကိုခြုံကြည့်လိုက်တာက ရွှီဇီယန် သူ၏ချီပင်လယ်ထဲက အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကို သွားသတိရစေသည်။ သူအခြေခံကျင့်ကြံခြင်းကိုရောက်ရှိသည့်အချိန်၌ အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားဟာ သူ့ခန္ဓာကိုယ်ထဲမှာ ကြီးထွားတာရပ်တန့်သွားသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ ထိုမိုးကြိုးသွားက ပေးသည့်စွမ်းအားနဲ့က လုံလောက်မှုရှိနေပေမယ့် သူ၏ကျင့်ကြံခြင်းအဆင့် မြင့်လာသည့်အချိန်၌ ထိုအရာကလုံလောက်တော့မည်မဟုတ်ပေ။


ထို့အပြင် အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကြောင့် သူအခြားသောမန္တန်တွေကို လေ့ကျင့်လို့မရတာလည်း သူ၏စွမ်းဆောင်ရည်ကိုထိခိုက်မှုရှိစေသည်။


သူ၏ခန္ဓာကိုယ်ထဲက အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားဟာ အခြားသောမိုးကြိုးသွားတွေကို ဝါးမျိုလိုက်ပြီး သူ၏ကိုယ်ပိုင်စွမ်းအားဖြစ်လာအောင်လုပ်နိုင်လိမ့်မည်လို့ ဒီနံရံဆေးရေးပန်းချီတွေကိုကြည့်ကာ ရွှီဇီယန်ဝိုးတိုးဝါးတားခံစားမိနေသည်။


တဖြည်းဖြည်းနဲ့ သူဟာပုံပြင်အဆုံးသတ်ကို ရောက်ရှိလာတော့သည်။


ပုံပြင်၏အဆုံးသတ်ကို ယေဘုယျအားဖြင့်ပြောရရင် ဒီကျင့်ကြံသူဟာ ကောင်းကင်ဘုံအထိ တက်လမ်းနိုင်မှာဖြစ်ပေမယ့် နောက်ဆုံးနံရံဆေးရေးပန်းချီ၌ ကျင့်ကြံသူဟာ သူ၏ခန္ဓာကိုယ်ထဲကမိုးကြိုးသွားကို ထုတ်ကာသေတ္တာထဲသို့ထည့်လိုက်တော့သည်။ 


ကျင့်ကြံသူဟာမသေမျိုးဖြစ်မလာတော့ပဲ ထိုနေရာ၌ထိုင်ကာ သေဆုံးသွားသည့် ဒီပုံပြင်၏အဆုံးသတ်က ရွှီဇီယန်ကိုအတော်လေးအံ့ဩသွားစေသည်။


"ဒီပုံပြင်ကအတော်လေးထူးဆန်းတာပဲ" ရွှီဇီရုန်ကလည်း သူ့ကိုကိုအနောက်ကနေလိုက်လာကာ သူ့ကိုကိုက နောက်ဆုံးနံရံဆေးရေးပန်းချီအား ကြည့်နေတာကိုသူမြင်လိုက်တာကြောင့် သူထင်မြင်ချက်ပေးလိုက်သည်။


#TK