Chapter 78
Viewers 4k

Chapter 78


ပုံပြင်၏အဆုံးသတ်ကို ယေဘုယျအားဖြင့်ပြောရရင် ဒီကျင့်ကြံသူဟာ ကောင်းကင်ဘုံအထိ တက်လမ်းနိုင်မှာဖြစ်ပေမယ့် နောက်ဆုံးနံရံဆေးရေးပန်းချီ၌ ကျင့်ကြံသူဟာ သူ၏ခန္ဓာကိုယ်ထဲကမိုးကြိုးသွားကို ထုတ်ကာသေတ္တာထဲသို့ထည့်လိုက်တော့သည်။ 


ကျင့်ကြံသူဟာမသေမျိုးဖြစ်မလာတော့ပဲ ထိုနေရာ၌ထိုင်ကာ သေဆုံးသွားသည့် ဒီပုံပြင်၏အဆုံးသတ်က ရွှီဇီယန်ကိုအတော်လေးအံ့ဩသွားစေသည်။


"ဒီပုံပြင်ကအတော်လေးထူးဆန်းတာပဲ" ရွှီဇီရုန်ကလည်း သူ့ကိုကိုအနောက်ကနေလိုက်လာကာ သူ့ကိုကိုက နောက်ဆုံးနံရံဆေးရေးပန်းချီအား ကြည့်နေတာကိုသူမြင်လိုက်တာကြောင့် သူထင်မြင်ချက်ပေးလိုက်သည်။


ရွှီဇီယန်လိုမျိုးပဲ ဒီကျင့်ကြံသူက အခြားသောမိုးကြိုးသွားစွမ်းအားတွေကို သူ၏မိုးကြိုးသွားပိုကောင်းမွန်စေရန် အသုံးပြုတာကို သူသိရှိသွားသည်။ သူ့ကိုကို၏ချီပင်လယ်ထဲက အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားနဲ့ ဆက်နွှယ်မှုပြုလုပ်နိုင်ရန် ဒီလိုလျှို့ဝှက်နယ်ေမြထဲက အံ့ဩဖွယ်ကောင်လှသည့် မိုးကြိုးသွားရတနာမျိုးပုံပြင်နဲ့ ဆက်စပ်သည့်အကြောင်းအရာကို သူကြားဖူးလိမ့်မယ်ထင်တာကြောင့် သူ၏မှတ်ဉာဏ်ထဲက အချက်အလက်တွေကို ပြန်လည်စစ်စိကြည့်လိုက်သည်။ 


ဒီပုံပြင်၏အဆုံးသတ်ဟာ သူ့ကိုအတော်လေး အံ့ဩသွားစေသည်။ ဒီလိုအဆုံးသတ်သွားလိမ့်မယ်လို့ ဘယ်သူမှထင်ထားကြမည်မဟုတ်ပေ။


"ကိုကို…ဒီသေတ္တာက ဒီနေရာရဲ့အမွေအနှစ်ပစ္စည်းဖြစ်မယ်လို့ထင်လား?"


"ဖြစ်နိုင်ပါတယ်…" နံရံဆေးရေးပန်းချီပေါ်က သေတ္တာကို ထိလိုက်မည့်အချိန်တွင် သူ၏လက်ချောင်းထိပ်တွေဟာ အနည်းငယ်မြင့်တက်သွားစေပြီး တုံ့ဆိုင်းသွားသည်။


"ဘာဖြစ်လို့လဲ?" သူ့ကိုကို၏အမူအရာကို သတိထားမိလိုက်တာကြောင့် ရွှီဇီရုန် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။


"ဘာမှမဟုတ်ပါဘူး ဒီအတိုင်း…အဲ့ဒါက…" ထိုဖောင်းကြွနေသည့် သေတ္တာကိုဖိကြည့်လိုက်ပေမယ့် ဘာတုံ့ပြန်မှုမှမပြလာပေ။


အနည်းငယ်စိတ်ပျက်သွားကာ ရွှီဇီယန် သူ့ကိုယ်သူ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဒီကျင့်ကြံသူ၏မိုးကြိုးသွားက အလွန်ကိုအထင်ကြီးစရာကောင်းလိမ့်မည်။ လျှို့ဝှက်ထားတဲ့သေတ္တာကို လွယ်လွယ်နဲ့ရှာတွေ့လိမ့်မယ်လို့များ သူဘယ်လိုလုပ်မျှော်လင့်ထားမှာလဲ?


နံရံဆေးရေးပန်းချီတွေကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီး သူတစ်ဖက်သို့လှည့်လိုက်သည့်အချိန်၌ သူ၏လည်ဂုတ်ပေါ်ကအမွေးတွေ ထောင်သွားသလို ရုတ်တရက်ခံစားလိုက်ရသည်။ 


သေတ္တာမရှိတော့ဘူး!


သူခေါင်းကိုချက်ချင်းလှည့်လိုက်ကာ နံရံဆေးရေးပန်းချီကို စိုက်ကြည့်လိုက်သည်။ ထိုကျင့်ကြံသူလျှို့ဝှက်ဖို့ ပြင်ဆင်ထားသည့် သေတ္တာဟာ ပျောက်သွားသည်။ ထိုလူလက်ထဲမှာဘာမှမရှိတော့ဘူး။


"ဘယ်လိုဖြစ်သွားတာလဲ?" ရွှီဇီယန်ထိတ်လန့်သွားသည်။ သေတ္တာရှိခဲ့သည့် နံရံဆေးရေးပန်းချီကို သူထိကြည့်အချိန်မှာလည်း ချောမွတ်နေသည်။ 


"မဖြစ်နိုင်တာ!" သူကထိုနံရံကို ပိုနီးကပ်စွာ စစ်ဆေးကြည့်လိုက်သည်။ ဘယ်လောက်ပဲသူရှာဖွေစစ်ဆေးပါစေ ထိုဖောင်းကြွနေသည့်နေရာကို နောက်တစ်ကြိမ် ပြန်ရှာမတွေ့တော့ပေ။


အဲ့ဒါကတကယ့်ကို တစ္ဆေခြောက်သွားတာပဲဖြစ်လိမ့်မည်။ သူဒီလိုအရာတွေကို မမြင်ရဘူးလို့ သေချာမပြောနိုင်ပေ။ ပန်းချီကားချပ်ထဲမှာ ဒီလူပုဂ္ဂိုလ်ဟာ သေတ္တာကိုကိုင်ထားခဲ့ပေမယ့် လက်ရှိမှာတော့ ထိုသေတ္တာကလွဲရင် ပန်းချီကားချပ်ဟာ ခြေရာလက်ရာမပျက်ရှိနေသေးသည်။


အကြောင်းတစ်ခုခုကြောင့် ထိုပန်းချီကားနဲ့ပတ်သက်ပြီး တစ်ခုခုထူးဆန်းတယ်လို့ သူခံစားခဲ့ရပေမယ့် သူထိုနာမည်ကိုပြောမထွက်နေဘူး။


"ကိုကို…" ရွှီဇီရုန် သူ့ကိုကို၏အင်္ကျီလက်ကို ဆွဲလိုက်သည်။


"ဘာဖြစ်လို့လဲ?" ရွှီဇီယန်တစ်ဖက်သို့လှည့်ကာ မေးလိုက်သည်။


ရွှီဇီရုန် ပန်းချီကားချပ်ကို ညွှန်ပြလိုက်ပြီး သူ့မျက်နှာဟာမဲ့နေကာ ထူးဆန်းသည့်အမူအရာမျိုး ဖြစ်ပေါ်နေသည်။


"ဘာဖြစ်လို့လဲ?" သူညွှန်ပြသည့်ပန်းချီကားချပ်ကိုကြည့်လိုက်ကာ ရွှီဇီယန်နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ သူကကျင့်ကြံသူကိုညွှန်ပြခြင်းဖြစ်သည်။


"သူ့…မျက်လုံးတွေ…" ရွှီဇီရုန်၏အသံဟာ တုန်ခါလို့နေသည်။


သူညွှန်ပြသည့်နေရာသို့ ကြည့်လိုက်သည့်အချိန်၌ ဘာမှားယွင်းနေလည်းဆိုတာ ရွှီဇီယန်ရှာတွေ့သွားသည်။ မူလပန်းချီကားချပ်မှာတော့ ကျင့်ကြံသူက သေတ္တာကို ရိုးရိုးသားသားနဲ့ကြည့်နေပြီး ထိုအရာကို လျှို့ဝှက်ထားဖို့ကြိုးစားနေသည်။ ဒါပေမယ့် လက်ရှိမှာတော့ သူ့လက်ထဲမှာဘာမှမရှိတော့ပဲ သူ၏မျက်နှာဟာသူတို့ဖက်ဆီ လှည့်ကြည့်လာပြီး အမဲရောင်မျက်လုံးတွေဟာ သူတို့ရပ်နေသည့်နေရာသို့ရောက်ရှိလာကာ သူဟာနံရံထဲကနေ သူတို့တွေကိုလှမ်းကြည့်သလိုပုံနဲ့တူပေသည်။


ရွှီဇီယန်ဖိမ့်ဖိမ့်တုန်သွားပြီး သူ၏မျက်လုံးတွေကို ကျယ်အောင်ဖွင့်လိုက်ကာ ပန်းချီကားချပ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာတော့ အဲ့ဒီလူဟာ ပန်းချီကားချပ်ထဲကနေ ဖြည်းညင်းစွာပြုံးပြလာတာကို သူမြင်လိုက်ရသည်။


ဘာကြီးလဲဟ! သူတို့တွေ သရဲကားထဲရောက်နေတာလား? 


ရွှီဇီယန်၏လည်ဂုတ်ပေါ်က ဆံပင်မွေးတွေဟာ လက်ရှိအချိန်မှာတော့ ထောင်မတ်လို့နေပြီဖြစ်သည်။ သူကဘယ်တော့မှာ သရဲတွေ၊ဝိညာဉ်တွေကို အယုံအကြည်မရှိပေမယ့် ကွဲကွဲပြားပြားမမြင်ရသည့် လိုဏ်ဂူထဲမှာ ဒီလိုပုံစံကြီးလာဖြစ်နေတာကတော့ အလွန်ကိုကြက်သီးမွေးညင်းထစရာကောင်းလှသည်။


တံတွေးမျိုချလိုက်ပြီး ထိုလူအားစိုက်ကြည့်ကာ သူခက်ခဲစွာပြုံးပြလိုက်သည်။ သူ၏အမူအရာဟာ ရယ်မောသည့်ပုံစံဖြစ်သွားသည်အထိ ထိုလူပုဂ္ဂိုလ်၏ပါးစပ်ထောင့်တွေဟာ ပိုပိုပြီးမြင့်ကာကွေးတက်လာသည်။


"ဟားဟားဟား…" ထိုမှုန်ဝါးသည့်လိုဏ်ဂူထဲက တစ်နေရာရာကနေ တစုံတယောက်ဟာ ရယ်မောလိုက်သည်။


"အဲ့ဒါဘာဖြစ်တာလဲ!" အလွန်ကိုထိတ်လန့်တုန်လှုပ်နေတာကြောင့် ရွှီဇီယန် သူရပ်နေသည့်နေရာကနေ တိုက်ရိုက်ခုန်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိပဲ သူ၏မိုးကြိုးသွားမြွေကို ထုတ်လိုက်သည်။


အချိန်မှာတော့ သူကျောက်တုံးလင်းနို့တွေနဲ့ ဆုံတုန်းကထက် ပိုပြီးတော့တောင် ချဲ့ကားလုပ်နေသေးသည်။ သူ၏လက်ဖျံထက်တောင် ထူလှသည့် ခရမ်းရောင်မိုးကြိုးသွား ဆယ်ခုသည် ပြန့်ကျဲကာ ပေါက်ကွဲထွက်သွားပြီး တုန်လှုပ်ဖွယ်ကောင်းလှသည့် အသံမျိုးထွက်ပေါ်သွားတော့သည်။


"ဟားဟားဟား! နောက်ဆုံးတော့ တစုံတယောက်က ငါ့ရဲ့ရတနာကိုရှာတွေ့သွားပြီကွ!" ထိုအသံဟာနောက်ဆုံးမှာတော့ ရယ်မောတာရပ်သွားတော့သည်။

"မင်းဒီအသံကို ကြားနေရတဲ့အချိန်ဆိုရင် ငါသေသွားတာ အတော်လေးကြာလောက်ပြီ ဒါပေမယ့် အဲ့ဒါကပြဿနာမဟုတ်ပါဘူး လူတိုင်းဟာတစ်နေ့တော့သေကြမှာပဲ ပြီးတော့ ငါကလည်းမသေမျိုးဖြစ်ဖို့ ရည်ရွယ်ချက်မရှိတော့ဘူး နှစ်ပေါင်းတစ်သောင်းနီးနီး နေခဲ့ရတယ်ဆိုတာက လိုတာထပ်တောင်ပိုပါသေးတယ်"


ထိုအသံတိုးပေမယ့် လွတ်လပ်စွာထွက်ပေါ်နေပြီး ပုံမှန်မဟုတ်သည့်အသံမျိုးဖြစ်နေသည်။

"မင်းကနံရံပေါ်က ပန်းချီကားချပ်ကို အနီးကပ်ကြည်နေတယ်ဆိုတော့ မင်းကမိုးကြိုးသွားကျင့်ကြံသူဖြစ်မယ် မင်းကလျှို့ဝှက်ကိုသိရှိသွားပြီဆိုတော့ မင်းကအဲ့ဒီသေတ္တာကို စိတ်ဝင်စားမှာပေါ့ ငါ့ရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြီး အမွေအနှစ်ကိုရတဲ့သူက အရမ်းကိုတော်တဲ့လူပဲဖြစ်လိမ့်မယ် ဟီးဟီး မင်းကဒီပဟေဠိတွေကို ဖော်ထုတ်နိုင်လိုက်တယ်ဆိုတော့ ကံကြမ္မာကငါတို့တွေကို ဆုံစည်းစေလိုက်တာပဲ တစုံတယောက်က ငါ့ရဲ့ရတနာတွေ လာရှာတာကို ငါကဘာလို့များ လက်ဗလာနဲ့ပြန်လွတ်ရမှာလဲ?"


"ဒါပေမယ့် ငါမင်းကိုသတိပေးလိုက်မယ် ဒီလောကကြီးမှာ အရာရာတိုင်းဟာ တန်ဖိုးပေးရတယ်နော် ငါမင်းကိုသေတ္တာပေးလိုက်လို့ရတယ် ဒါပေမယ့် မင်းအဲ့ဒါကိုလိုချင်တာသေချာရဲ့လား? အကယ်၍ မင်းလိုချင်တယ်ဆိုရင် နောက်ပန်းချီကားချပ်ကနေ ရေလိုက်ရင် ဒုတိယပုံကသေတ္တာကိုဖိလိုက်ပါ အကယ်၍ မင်းမလိုချင်ရင် လက်လျော့လိုက်လို့ရတယ် ပြီးတော့ ငါ့ရဲ့လက်ဆောင်က အတော်လေးထူးဆန်းတာကြောင့် ဘယ်သူမှအဲ့ဒါကို မကိုင်တွယ်နိုင်ဘူး ဒီတော့မင်းကိုယ်မင်းပြန်စဉ်းစားလိုက်အုန်း အကယ်၍ မင်းရွေးချယ်မှုမလုပ်ဘူးဆိုရင် မင်းလက်လျော့လိုက်ပြီလို့ ငါယူဆလိုက်ပြီးတော့ အရာအားလုံးဟာပုံမှန်ပြန်ဖြစ်သွားလိမ့်မယ် ဒီပန်းချီကားချပ်ကလည်း နောက်တစ်ခါ ထပ်ပြီးပွင့်လာဖို့ မဖြစ်နိုင်တော့ဘူး ဘယ်လိုလုပ်မှာလဲ? ရေရှည်အတွက်စဉ်းစားပါ"


"အိုး အရှုံးနဲ့အမြတ်ဆိုတဲ့အရာနဲ့ ပတ်သက်ပြီးတော့ မင်းကငါ့ရဲ့သေတ္တာကို အမြတ်အဖြစ်ရမှာပေါ့ တန်ဖိုးအနေနဲ့ကတော့ ငါကဝေခွဲလို့မရနိုင်တဲ့ကတ်နဲ့ ကစားပြီးတော့ မင်းသေတ္တာကိုရှာတွေ့တဲ့အချိန်ကြမှ ပြောပြမယ် ပြီးတော့…ငါ့အသံကပန်းချီကားချပ်ထဲကနေ ထွက်နေလား မထွက်နေလားဆိုတာ မင်းသိချင်နေတာလား? ဟားဟားဟား…ငါဒီအကြံအစည်ကိုလုပ်ဆောက်ဖို့ အချိန်အကြာကြီးတွေးပြီးတော့မှ အကိုတစ်ယောက်ကိုမေးပြီးတော့ ငါ့ကိုဒီပန်းချီကားချပ်တွေ ပြုလုပ်ပေးဖို့ကူညီခိုင်းခဲ့တာ ဟားဟားဟား…မင်းအခုငါ့ကိုဆဲနေလိမ့်မယ် ကဲပါ အဲ့ဒါတွေကဘာပြဿနာမရှိပါဘူး မင်းအိမ်ကိုသာအဲ့ဒီသေတ္တာယူနိုင်သွားရင်ပေါ့ ပြီးတော့ မင်းဘာပဲပြောပြော ငါကဘာမှကြားရမှာမဟုတ်ဘူးလေ ဟားဟားဟား…"


နောက်ဆုံးပျော်ရွှင် ရယ်မောနေသည့်အသံကို ကြားလိုက်တာကြောင့် ရွှီဇီယန်နဲ့ရွှီဇီရုန်ဟာ စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ ဒီအကြီးအကဲက စနောက်ရတာ အရမ်းကိုကြိုက်တာပဲ။ ဒီကျင့်ကြံသူ၏ရွှန်းနောက်တတ်သည့်မြင်ကွင်းကြောင့် အဲ့ဒီသေတ္တာထဲမှာ အံ့ဩစရာတစ်ခုခုရှိနေမှာကို ရွှီဇီယန်စိုးရိမ်သွားသည်။


"ကိုကို အဲ့ဒီသေတ္တာကိုလိုချင်လား?"


"အင်း" ရွှီဇီယန်ခေါင်းညိတ်လိုက်သည်။ ဒီကျင့်ကြံသူ၏စကားတွေက မှန်ကန်လိမ့်မည်။ ဘယ်သူမှ ဒီသေတ္တာထဲမှာရှိနေသည့်အရာကို မကိုင်တွယ်နိုင်ကြဘူး ဒါပေမယ့် လက်ရှိမှာတော့ သူကကောင်းမွန်သည့်အခြေအနေမျိုးမှာ ရှိနေတာကြောင့် အကယ်၍ သူသာသေတ္တာကိုမယူလိုက်ပါက သူတစ်သက်လုံးနောင်တရနေလိမ့်မည်။


အရှုံး၊အမြတ်ဆိုသည့်အရာကို သူကသိပ်ပြီးမစိုးရိမ်ပေ။ အဲ့ဒါကအခွင့်အရေးနဲ့သတ်ဆိုင်သည်။ တောအုပ်ထဲမှာရှိသည့်ငှက်နှစ်ကောင်ဟာ သူ့လက်ထဲမှာရှိနေသည့် ငှက်တစ်ကောင်လောက် တန်ဖိုးမရှိပေ။ သူအမြတ်ကိုရဖို့ တွက်ချက်နိုင်မှာတော့ ကျန်ရှိနေသည့်အခြေအနေတွေကိုလည်း သူတွက်ချက်ရမှာပေါ့။


လက်လှမ်းလိုက်ပြီးတော့ သူ့ဘေးနားပန်းချီကားချပ်ထဲက သေတ္တာကိုဖိလိုက်သည်။ 


နောက်ဆုံးပန်းချီကားချပ်ထဲက ကျင့်ကြံသူဟာ သူ့လက်ကိုဖြည်းညင်းစွာ မြှောက်လိုက်ကာ လက်မထောင်ပြလိုက်သည်။ ထို့နောက် သူကအောက်ဘက်ကိုညွှန်ပြလိုက်သည်။ သူညွှန်ပြလိုက်သည့် ဦးတည်ရာဘက်၌ နံရံထောင့်နားက အစိမ်းရောင်သစ်သားတုံးဟာ အပြင်သို့ထွက်ပေါ်လာသည်။


ရွှီဇီယန် အစိမ်းရောင်သစ်သားတုံးကို ဆွဲထုတ်လိုက်သည့်အခါ အထဲ၌မဲမှောင်နေသည်။ သူကအထဲကိုစမ်းလိုက်ပြီး သူ့လက်ဖဝါးအရွယ်လောက်ရှိသည့် သေတ္တာကိုယူလိုက်သည်။


ထိုသေတ္တာသေးသေးလေးကိုကြည့်ကာ သူပြုံးလိုက်သည်။ သူအရင်ဘဝတုန်းက ဒီအတွေ့အကြုံမျိုးတွေကို တစ်ခါမှမတွေ့ကြုံဖူးပေ။ သူ့အတွက်ချထားပေးသည့်လမ်းကို သူမသွားခဲ့တာတောင် ကြည့်ရတာတော့ သူ့ဆီမှာကံကောင်းခြင်းတွေ ရှိနေသေးသည်။


"အမွေအနှစ်ကိုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်" ရွှီဇီရုန်ပြုံးရယ်စွာ ပြောလိုက်သည်။ 


"ဟားဟား အတူတူအောင်ပွဲခံကြတာပေါ့" သေတ္တာကိုသူ့လက်တွေထဲ၌ ကိုင်ထားတာ ရွှီဇီယန်ရယ်မောလိုက်သည်။ နံရံဆေးရေးပန်းချီတွေကို ကြည့်ရုံလောက်နဲ့ ဒီအမွေအနှစ်ကို သူရသွားမယ်လို့ ဘယ်သူထင်ထားမှာလဲ?


"ကိုကို အဲ့ဒါကိုမဖွင့်ဘူးမလား?"


"ဘာလို့မဖွင့်ရမှာလဲ? ဒီနားမှာ ဘယ်သူမှမရှိတာကို" ရယ်မောကာ သူသေတ္တာကိုဖွင့်လိုက်သည်။


သေတ္တာကိုဖွင့်လိုက်သည့်အချိန်၌ ပုံရိပ်တစ်ခုဟာ သေတ္တာထဲကနေ ခုန်ထွက်လာသည်။ ရွှီဇီယန်ဟာ သေးငယ်သည့် မိုးကြိုးသွားကိုသာ လျှပ်တပြတ်ပြုလုပ်လိုက်နိုင်ပြီး ထိုပုံရိပ်ဆီပစ်လိုက်သည်။


ဘုန်း!


ထိုပုံရိပ်ဟာကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။


ထိုအရာကဘာလည်းဆိုတာ ညီအကိုနှစ်ယောက်သား သွားကြည့်လိုက်သည့်အချိန်၌ နှစ်ယောက်စလုံးချက်ချင်း စိတ်တိုသွားတော့သည်။ ကြမ်းပြင်ပေါ်၌ လဲနေသည့်အရာဟာ ချစ်စရာကောင်းအောင် ထွင်းထုထားသည့် သစ်သားကြွက်ဖြစ်နေသည်။ ပြီးတော့ သေတ္တာထဲ၌ ခုန်ထွက်နိုင်သည့် ထောင်ချောင်ကိုလည်း ပြုလုပ်ထားသေးသည်။ တစ်စုံတစ်ယောက်သာ သေတ္တာကိုဖွင့်လိုက်သည့်အချိန် ထိုကြွက်ခုန်ထွက်လာပါက သေတ္တာကိုဖွင့်သည့်ဘယ်သူမဆို ကြောက်လန့်သွားသည်။


ရွှီဇီယန် မိုးကြိုးသွားပစ်လွတ်လိုက်တာကြောင့် ကြွက်ဟာအမဲရောင်ဖြစ်အောင် လောင်ကျွမ်းသွားပြီး အမှိုက်နဲ့ဘာမှမခြားတော့ပေ။


"ဟားဟား မင်းသဘောကျရဲ့လား? စိတ်လျော့ပါ ဒါကနောက်ဆုံး ထိတ်လန့်အောင်စလိုက်တာပါ" ယောင်္ကျားတစ်ယောက်၏အသံဟာ ထိုသေတ္တာထဲကနေ ထွက်ပေါ်လာသည်။


ဒီဟာသဉာဏ်ရွှင်တဲ့ကျင့်ကြံသူကို ရွှီဇီယန် ဘာပြောရမလဲဆိုတာ မသိတော့ပေ…


ဘာပဲဖြစ်ဖြစ် သူတို့တွေကတော့ သူ၏အမွေအနှစ်ကို ရအောင်ယူရလိမ့်မည်။ လက်နက်ချဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။


သူ့ကိုယ်သူနှစ်သိမ့်လိုက်ရင်း ဒုတိယမြောက် သေတ္တာ၏အဖုံးကို ဖွင့်လိုက်သည်။ အတွင်းထဲမှာရှိနေသည့်အရာကို သူမြင်လိုက်ရသည့်အချိန်၌ သူ၏စိတ်လှုပ်ရှားမှုတွေကို ဘယ်လိုမှမထိန်းချုပ်ထားနိုင်ပေ။ သူမှန်သွားပြီ။ သေတ္တာထဲမှာရှိနေတာက အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားဖြစ်သည်။ သေတ္တာ၏အောက်ခြေထဲမှာ ထိုအရာကို အနီရောင်ကြိုးလေးဖြင့် ချည်ထားသည်။ ကျင့်ကြံသူက မိုးကြိုးသွားပါသည့် ကြိုးကိုတောင် ရှာထားနိုင်တာ ဘယ်လောက်တောင်ထူးဆန်းလိုက်လဲ။


ခဏလောက်စစ်ဆေးပြီးနောက် ထိုအရာကိုသူဖယ်လိုက်သည်။


ခရမ်းရောင်လျှပ်စစ်တစ်ခုဟာ အလွန်ကိုတန်ဖိုးရှိလှသည်။ သူတို့တွေ၏ကိုယ်ပိုင် အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကြည့်လိုက်တာနဲ့ ဂိုဏ်းဘယ်လောက်ကြီးမားတယ်ဆိုတာ ရှင်းလင်းစွာသိရှိနိုင်သည်။


#TK