အပိုင်း ၁၀၆
Viewers 29k

Chapter 106


“Come on Challenger ကရော...”


သူမ ပထမဆုံးရိုက်ကူးခဲ့သည့် ပရိုဂရမ်ကို ရှအန်း တွေးမိသွားသည်။ ရှအန်းသည် ဟန်ယွဲ့ကို ကျေးဇူးတင်မိသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် သူမအပေါ် အလွန်ကောင်းသောကြောင့် ဖြစ်သည်။


သူအလုပ်နဲ့သူ ရှိသော်လည်း သူမတို့သားအမိအပေါ် ကောင်းပေးသည်။ 


ထို့ကြောင့် သူ၏ ပထမဆုံး ရသစုံအစီအစဉ်ကို သူမ မဖျက်စီးလိုပေ။


“ဟားဟား... မင်း ဒါကို စိတ်ပူစရာ မလိုပါဘူး.... ငါတိို့ရှိုးရဲ့ အသက်က မင်းပဲလေ... မင်းမရှိမှတော့ ရှိုးလည်း ပြီးပြီပေါ. ..”


“အဲလိုလား... ဒါပေမယ့် ဟန် ငါ နင်နဲ့ ဆက်ပတ်သက်နေရင် နင်ပါ ရောပါလာလိမ့်မယ်... နင် ငါ့နဲ့ ဝေးဝေးနေသင့်တယ် ထင်တယ်”

 ရှအန်းက ရယ်ရင်း ပြောသည်။ သူမ အသံက ပေါ့ပါးသော်လည်း ဟာသ လုပ်နေပုံမပေါ်ပေ။


“ကဲ စိတ်မပူပါနဲ့...အရှုံးပေါ်မယ့် ကိစ္စမျိုး ငါမလုပ်ပါဘူး..”


ဖုန်းချပြီးနောက် ရှအန်းမျက်နှာပေါ်က အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


သူမက ဖုန်းကို ကိုင်ရင်း ခဏ စဉ်းစားသည်။ နောက်ဆုံးတွင် နံပါတ်တစ်ခုကို ခေါ်လိုက်သည်။ 


“ဟေး ရှအန်း....” 

ဆွဲဆောင်မှုရှိသည့် ယောက်ျားသံတစ်သံ ထွက်လာသည်။ ရှအန်း၏ မျက်လုံးများ မှေးသွားပြီး အေးစက်သွားသည်။


“ဟေး ဖုရှန်း”


“မင်း... ဖုန်းဆက်တယ်…”


“ဖုရှန်း... ငါသိချင်တာက နင်တို့လင်မယားကြားမှာ ငါက တတိယလူဖြစ်နေလား..."

 ရှအန်းက ကွေ့ဝိုက်မနေဘဲ တည့်တိုးပြောသည်။


“...”


အခြားတစ်ဖက်မှ လူက အသံတိတ်သွားသည်။


“ဖုရှန်း နင်က ယောက်ျားပဲ..ငါ့ကို တိုက်ရိုက်ပြောပြ.. နင် ဘာမှ မပြောဘူးလား... ငါတော့ နင့်ကို အထင်သေးတယ်..”


ရှအန်း၏ လှောင်ပြောင်သံကြောင့် ဖုရှန်းမှာ မခံနိုင်ဖြစ်သွားပြီး သူမမေးခွန်းကို နောက်ဆုံးတွင် ဖြေလိုက်သည်။


 “ဟင့်အင်း...”


“ငါမေးတာက နင်နဲ့ငါ အရင်ကြိုက်ပြီးမှ ရှကျန်းနဲ့နင် လက်ထပ်တာလား..”


“ဟုတ်တယ်လေ…”


ဒီစကားကို ပြောသည့်အခါ တဖက်လူမှာ ရှအန်းအတွက် ခံစားချက်များ ရှိသေးကာ ကိစ္စများကို ပြန်အမှတ်ရသွားသည်။


ထို့ကြောင့် ထိုအဖြေက သူ့နှလုံးသားကို တုန်လှုပ်စေသည်။


“နင် လက်ထပ်ပြီးတော့ ငါ နင့်ကို တွယ်ကပ်နေသေးလား... နင့်ကို ဆက်သွယ်သေးလား....”


“အဲ… ရှအန်း ကိုယ်…”


“ပါးစပ်ပိတ်ထား နင် မဟုတ်တာပြောတာ မကြားချင်ဘူး.... ဖုရှန်း ငါ နင်နဲ့တွဲမိတာ နောင်တရတယ်.... မဟုတ်ရင် နင့်ရဲ့ အရူးမိန်းမနဲ့ ဇယားရှုပ်နေရမှာ မဟုတ်ဘူး...” 

ရှအန်းက အေးစက်စက်ပြောသည်။ သူမအသံက ရွံမုန်းသံအပြည့်နှင့်ပင်။


“ငါ့ဘက်က နင်တို့ လင်မယားနဲ့ ဘယ်တုန်းကမှ   ဆက်စပ်မှု မရှိချင်ခဲ့ဘူး... အေး... ဒါပေမယ့် နင်တို့လင်မယားကတော့ ငါ့ကို လက်မလွှတ်နိုင်ပုံပဲနော်.. ဒီတစ်ခါက နင့်မိန်းမလက်ချက်... အရင်တစ်ခါကလည်း သူ့လက်ချက်ပဲ... နင့်ရဲ့ စိတ်ရှုပ်စရာမိန်းမကို ငါဘာလုပ်လိုက်ရမလဲ... သူက ငါ့ကို သေကြောင်းကြံအောင် ဖိအားပေးနေတယ်... ငါ့သားကို မိဘမဲ့ဂေဟာ ထပ်ရောက်အောင်လို့ တမင်ကြံစည်နေတာလား...”


တဖက်လူမှာ ထုံသွားသည်။


ခဏကြာတော့ တဖက်လူက ပြောသည်။ 

“ရှရှ… မင်း အနုပညာလောကကနေ ထွက်လိုက်ပါလား…”


“ ငါပြောမယ်... အိပ်မက်မက်မနေနဲ့...နင်က ငါ့ကို အနုပညာလောကကနေ ထွက်စေချင်တာနဲ့ ငါက ထွက်မယ်တဲ့လား... ဟင့်အင်း မထွက်ဘူး...” 

ရှအန်းက ရွဲ့ပြောလိုက်သည်။ သူမအသံမှာ ခက်ထန်နေသည်။


“နင့်မိန်းမ ဖုန်းနံပါတ် ငါ့ဆီမှာ မရှိဘူး.. ကျေးဇူးပြုပြီး သူ့ကို ပြောလိုက်ပါ... သူက စစ်ပွဲနွှဲချင်တယ်ဆိုရင် ငါကလည်း တိုက်ဖို့အသင့်ပဲလို့... ငါဆိုတဲ့ ရှအန်းက အဆုံးထိ လိုက်မယ်... အနိုင်ရမှာ သူလား ငါလားလို့ စောင့်ကြည့်လိုက်စမ်းပါ...”


ပြောပြီးသည်နှင့် ရှအန်းက ဖုန်းကို တန်းချလိုက်သည်။


တဖက်လူက ပြောစရာရှိသေးလည်း ဂရုမစိုက်။


‘တီ-တီ-တီ-’


ဖုရှန်း၏ နှုတ်ခမ်းပါးများ တင်းတင်းစေ့သွားသည်။ သူက သူ့မျက်နှာကို သပ်သည်။ သူက ပင်ပန်းနွမ်းနယ်နေပုံ ပေါက်သည်။


“ရှအန်း…” 

သူက ရှအန်းနာမည်ကို ညင်သာစွာ ရေရွတ်သည်။ သူ့မျက်လုံးအကြည့်များက အဓိပ္ပာယ်ဖော်ရ ခက်နေသည်။


ကိစ္စတွေက ဒီလောက် ရှုပ်ထွေးသွားမယ်လို့ သူ မထင်ခဲ့ပေ။ 


ထိုအချိန်က သူက ရှအန်းကို အထင်လွဲခဲ့သည်။ ဒေါသနှင့် မာနကြားတွင် သူသည် ရှမိသားစု၏ ချမ်းသာမှုကို ရွေးချယ်ခဲ့သည်။


သူအစက ရှကျင်းကို လှပပြီး ကြင်နာသည့် မိန်းကလေးဟု ထင်ခဲ့သည်။


သူမက ရှအန်း၏ တိတ်တိတ်ပုန်းကလေးကို လက်ခံခဲ့ပြီး သားအရင်းသဖွယ် စောင့်ရှောက်သဖြင့် သူ့ကို တကယ်ချစ်သည်ဟု သူထင်ခဲ့သည်။ 


ထို့ကြောင့် ရှအန်းအပေါ် ခံစားချက်ရှိသေးသော်လည်း သူက သူမကို ငွေကြေးအနည်းငယ်သာ ထောက်ပံ့ပြီး အနုပညာနယ်ပယ်တွင် ဂုဏ်သိက္ခာရှိရှိ လုပ်နိုင်ရန် ခွင့်ပြုခဲ့သည်။


ရှကျင်းနှင့် လက်ထပ်ပြီးနောက် သူမနှင့်သူ အဆက်အသွယ်မရှိတော့။ သူ့သမီး ဖုအန်းချီမွေးပြီးနောက် သူမအတွက် သူ့အချစ်ကို မေ့ပျောက်လုနီးပါးဖြစ်သည်။


သို့သော် အရာအားလုံးသည် သူ၏ လှပပြီး ကြင်နာသည့် ဇနီးလက်ချက် ဖြစ်မည်ဟု သူ လုံးဝ မထင်ခဲ့။


နောက်ဆုံး ကျောင်းကိစ္စ ပေါ်သွားကတည်းက သူမမှာ ဖုံးဖိ၍ မရတော့။ သူတို့နှစ်ယောက်လုံးရဲ့ အဆက်အသွယ်၊ အရင်းအမြစ်များကိုသုံးကာ သူ့သမီးကို ယူပြီး ရှအန်း အလုပ်ကိုပါ ခိုးယူခဲ့သည်။ အခု ရှအန်းကိုပါ ပိတ်ပင်ချင်နေသည်…


သို့သော်…


သူ့အိမ်က ဘုရားနှစ်ဆူကို ဖုရှန်းစဉ်းစားမိပြီး ကူကယ်ရာမဲ့ ဖြစ်သွားသည်။


သူ့လိုပင် သူ့အိမ်က လူကြီးနှစ်ယောက်သည် သူ့သမီးကို အလွန်ချစ်ခင်သည်။


သူ့သမီးလိုချင်သမျှကို လူကြီးများသာမက သူပါ မငြင်းဆန်နိုင်ပေ။


အချိန်ကြာကြီး စဉ်းစားပြီးနောက် ဖုရှန်းက ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချခဲ့သည်။


“ဟေး....Come on Challenger က ရင်းနှီးငွေတွေကို ပြန်ရုတ်သိမ်းပေး... ပြီးရင် ရှအန်းကို သန်း၂၀တန် ချက်လက်မှတ်ပို့လိုက်... လိုတာရှိရင် ငါ့ကို လာရှာပါလို့လည်း ပြောပေး...ဒါက… အလျော်ပေးတာ...”


သို့သော် သည်တစ်ကြိမ်တွင် ရှအန်း၏ ဒေါသသည် သူ့ကို လက်လွှတ်ပေးသည့် ရှအန်းနှင့် မတူမှန်း ဖုရှန်းမသိခဲ့ပါချေ။