အပိုင်း ၁၀၇
Viewers 29k

Chapter 107


ကြာလာလေလေ အင်တာနက်ပေါ်တွင် ရှအန်းကို တိုက်ခိုက်သူ များလာလေလေ ဖြစ်သည်။ 


ရှအန်း၏ ‘အမေ’ပေါ်လာခြင်းနှင့် ရေတပ်၏ ထိန်းချုပ်ထားမှုကြောင့် ရှအန်းတွင် ပရိတ်သတ်ဘယ်လောက်ရှိရှိ၊ သူတို့ကို မတွန်းလှန်နိုင် ဖြစ်နေသည်။


ရှအန်းနှင့် စာချုပ်ချုပ်ရန် ဆွေးနွေးလိုသည့် အစီအစဉ်များနှင့် လူကြီးများသည် ရှအန်းနှင့် စာချုပ်မချုပ်ဖြစ်လိုက်သည့်အတွက် ဝမ်းသာနေကြသည်။


သို့မဟုတ်ပါက သူတို့ အရှုံးပေါ်နေလောက်ပြီ။


ဤသို့သောပိုစ့်များ လူကြည့်များနေစဉ် ရှအန်းသည် ဝေ့ပေါ်တွင် ပိုစ့်တင်လိုက်မည်ဟု မည်သူမျှ မထင်ထားခဲ့ပေ။


ထို့ပိုစ့်တွင် စာမပါဘဲ အသံဖိုင်သာ ပါသည်။


ထိုမှာ ပို၍ကောင်းပြီး ထိုအထဲတွင် ရေးထားသည်မှာ-


[ရှအန်းV: ကျွန်မအတွက် ပိုက်ဆံအကုန်ခံပြီး ကျွန်မကို တိုက်ခိုက်ဖို့ ရေတပ်ကို ခိုင်းတဲ့ ရှန်ကျင်းဆိုတဲ့ အမျိုးသမီးအတွက်... ပြီးတော့ အမှန်တရားကို မသိတဲ့ ပရိသတ်ကြီးအတွက်.. [အသံဖိုင်]]


ထိုအသံဖိုင်မှာ သူမနှင့် ဖုရှန်း ဖုန်းပြောထားသည့် မှတ်တမ်းဖြစ်သည်။ သူမ ဖုန်းခေါ်ရသည်မှာလည်း အသံဖမ်းဖို့သက်သက် ဖြစ်သည်။ ထို့အတွက် မဟုတ်ပါက သူမသည် ဖုရှန်းနှင့် အဆက်အသွယ်လုပ်ရန် စိတ်ကူးမည် မဟုတ်ပေ။


ထို့ကြောင့် သူမပြောသမျှ စကားလုံးတိုင်းသည် သူမကို နာမည်ဖျက်လိုသည့် သူများအတွက် အဖြေဖြစ်သည်။


ထိုပိုစ့်ကို တင်လိုက်သည်နှင့် တုံ့ပြန်မှုက ချက်ချင်းကြီးထွားသွားသည်။ မူလက ရှအန်းက ကြားလူဟုတ်မဟုတ် လူတိုင်းက ငြင်းခုန်နေကြသည်။ ရှအန်း နောက်ဆုံးတစ်ခေါက် ရှင်းပြပြီးတော့ သူမက ကြားလူမဟုတ်နိုင်ဟု လူတိုင်းက ထင်ခဲ့ကြသည်။


သို့သော် ယခု ရှအန်း၏ အမေဟု ဆိုသည့် သက်လတ်ပိုင်းအမျိုးသမီးက ရှအန်းက ကြားလူပါဟု ပြောသည်။ ရေတပ်၏ အင်တာနက်စစ်ဆင်ရေးနှင့် ပေါင်းစပ်လိုက်သည့်အခါ ရှအန်းက အပြစ်ကင်းသည်ဟု ထင်ကြသော်လည်း စိတ်ပြောင်းကုန်ကြသည်။


အသံဖိုင်ထွက်လာသည်နှင့် အားလုံးက ရှော့ခ်ဖြစ်သွားသည်။ ထိုယောက်ျားက မည်သူနည်းဟု အားလုံးက ထင်ကြေးပေးနေကြသည်။ ကြားရသည့် သတင်းများက မရေမရာလေ။


သည်တစ်ကြိမ်တွင် ရှအန်းက ထိုလူနာမည်ကိုသာမက ထိုလူ၏ မိန်းမနာမည်ကိုပါ ထုတ်ပြောလိုက်သည်။ ထိုမျှမက ဇနီးသည်သည် လတ်တလောတွင် “Mom is back!”တွင် ပါဝင်မည်ဖြစ်၍ ထိပ်တန်းရှာဖွေမှုတွင် သူမနာမည် ပါဝင်နေသည်။ သို့ဖြစ်ရာ အင်တာနက်၏ တုံ့ပြန်မှုမှာ သေးငယ်စရာအကြောင်း မရှိပေ။


[ကြည့်စမ်း.. ရေတပ်က လျှောက်ပြောနေပြီး အဲ့လူနာမည်ကျ ထည့်မပြောကတည်းက ငါက စိတ်ထင့်နေတာ.. ခုတော့ ရှအန်းက တဲ့ပြောချလိုက်ပြီ... သူကလည်း နာမည်ကြီးပဲ]


[ဖွီ...ဒါကဘာလဲ.. ဖုန်းထဲက ပြောသမျှသာ အမှန်ဆိုရင် ရှအန်းနဲ့ ဖုရှန်းက အရင်ကြိုက်ပြီးမှ ရှကျင်းက သူ့နောက်ကျောကို ဓားနဲ့ထိုးပြီး ဖုရှန်းကို လက်ထပ်လိုက်တာပေါ့...သူတို့လက်ထပ်ပြီးတော့ ရှအန်းက ဖုရှန်းနဲ့ ဘာအဆက်အသွယ်မှ မလုပ်တော့ဘူးပေါ့... အဲလိုလား]


[ငါပြောချင်တာက ရှအန်းကို နာမည်ဖျက်တဲ့သူတွေနဲ့ ရေတပ်ကလူတွေကို ရှကျင်းငှားတယ်ဆိုတာ တကယ်လား... ရှအန်းက သူ့ယောက်ျားကို မြူဆွယ်နေတာမှ မဟုတ်တာ... ရှကျင်းက ဘာလို့ စိတ်ဆိုးနေရတာလဲ]


[ရှကျင်းသာ စိတ်ထားကောင်းတဲသူဆိုရင် သူက ဘာလို့ “Mom is back”မှာ ပါရတာလဲ... ရှအန်းနဲ့ ပြိုင်ချင်လို့လား]


[ရှအန်း ပရိတ်သတ်တစ်ယောက်အနေနဲ့ ပြောချင်တာက ရှကျင်းက ရှအန်းကို တောင်းပန်ရမယ်]


[ရှအန်းကို တောင်းပန်ပါ]


[... +2]


[... +10086]



ရှအန်းက ဝေ့ပေါ်တွင် ထိုအသံဖိုင်ကို တင်ပြီးသည်နှင့် # ရှကျင်း ရှအန်းကိုတောင်းပန်ပါ# သည် နံပါတ်၁ ခေါင်းစဉ် ဖြစ်လာသည်။


ထိုစာကို တင်သူအရေအတွက်သည် မိနစ်အနည်းငယ်အတွင်းမှာပင် မိုးထိထောင်တက်သွားသည်။


ရှအန်း၏ ဝေ့ပေါ်ကို ရေတပ်က ရင်ဆိုင်ချင်ရင်တောင် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။



“ဘာ...”


အင်တာနက်ကို အမြဲတစေ ကြည့်နေတတ်သည့် ရှကျင်းသည် ရှအန်းက ပို့စ်တင်လိုက်သည်နှင့် အများအမြင် ချက်ချင်းပြောင်းသွားသည်ကို မြင်သွားသည်။


အစကတော့ လူတိုင်းက ရှအန်းကို တိုက်ခိုက်နေကြသည်။ အခုတော့ သူတို့မြားဦးက သူမဘက်ကို လှည့်လာသည်။ ရှကျင်း၏ စိတ်နှလုံးလည်း ညှိုးငယ်သွားသည်။


သူမက လက်ထဲက တက်ဘလက်ကို နံရံသို့ ပစ်ပေါက်လိုက်သည်။


‘ဘန်း’


နံရံနှင့် ရိုက်မိသည်နှင့် တက်ဘလက်က အစိတ်စိတ်အမြွှာမြွှာကွဲသွားသည်။ 


“ရှအန်း.. ရှအန်း... နင် သိပ်တော်နေတယ်ပေါ့..

 နင်ကများ ငါ့ကိုတိုက်ခိုက်ချင်တာလား... ရတယ်လေ.. ဘယ်သူပိုအားကြီးလဲ ကြည့်ကြသေးတာပေါ့..."


ရှကျင်းက ဒေါသပြေသွားသည့်အခါ ဘာပဲလုပ်ရလုပ်ရ၊ ရှအန်းကို သတ်မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။



သူမ၏ ပိုစ့်က ဒီလောက် စွမ်းအားရှိမည်ဟု ရှအန်း မထင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမက လုပ်စရာရှိတာ လုပ်ခဲ့တာသာ ဖြစ်သည်။ သူမအမြင်တွင် ၎င်းသည် အကောင်းဆုံးသက်သေဖြစ်ပြီး ရှကျင်းကိုလည်း ထိုးနှက်လိုက်နိုင်သည်။


သူမကို ပိတ်ပိတ်၊ မပိတ်ပိတ်၊ သူမ ဆုံးဖြတ်ထားသည်က သူမကို အနုပညာလောကက ပျောက်ကွယ်စေချင်လေလေ၊ သူမက တွယ်ကပ်နေလေလေ ဖြစ်သည်။


“မာမား…”


ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ် သူမအင်္ကျီစကို ကလေးက လာဆွဲသည်ကို ရှအန်း ခံစားမိသည်။ ရှအန်းက သူ့ကို ခေါင်းငုံ့ကြည့်သည်။ သူမက ပြုံးပြီး သူ့ခေါင်းကို ပွတ်သပ်သည်။


“ရှောင်ရှင်း...  သားလေး ဘာဖြစ်လို့လဲ...”


ရှအန်း ထင်ထားသည်က သူမ၏ မကောင်းသည့် စိတ်အခြေအနေက သူ့သားကိုပါ သက်ရောက်လိမ့်မည် ဟူ၍။ သူမ မထင်ထားသည်က ထိုကလေးသည် သူမကို အကြီးကြီး အံ့အားသင့်သွားစေသည်။ သို့မဟုတ် ကြောက်စရာဟု ခေါ်ရမည်လား။


“ဒါက မာမား အတွက်...”


ကလေးက ကျောက်စိမ်းဆွဲပြားကို ကိုင်ထားသည်။


“ဟင် ဒါက…”


နဂါးနှစ်ကောင်နှင့် ပုတီးလုံးများပါသည့် ကျောက်စိမ်းလည်ဆွဲကို ရှအန်းက ကြည့်သည်။ အစက ဘာကြောင့် သူ့သားက ဒါကို သူမဆီ ယူလာသနည်းဟု တွေးသည်။ 


ပုတီးလုံးတွင် ပေနေသည့် သွေးစကို မြင်သည့်အခါ သူမ သီးသွားသည်။


“ဒါက မာမားတို့ လည်ဆွဲ မဟုတ်ဘူးလား..."


ဒီလည်ဆွဲက ဇာတ်လိုက်မင်းသမီးဆီမှာ ရှိရမယ့်ဟာလေ.... ဘာလို့ သူမသားလေး လက်ထဲ ရောက်နေရတာလဲ... လည်ဆွဲကို ကျောင်းသူတစ်ယောက်က ဝယ်သွားတယ်လို့ ဆိုင်ရှင်က သူမကို ပြောခဲ့တယ်မဟုတ်ဘူးလား...


ရှအန်း၏ အံ့အားတသင့်အမူအရာကို ကြည့်ရာ ကောင်လေးက ဇက်ပုသွားပြီး ခေါင်းညိမ့်သည်။


“ဟို…. မာမားက လည်ဆွဲကို အရမ်းသဘောကျတယ်မလား... အဲဒါကြောင့်… လိုင်းပေါ်ကနေ ဝယ်ခိုင်းလိုက်တာ… ရှောင်ရှင်းက မာမားမွေးနေ့မှ အမှတ်တရပေးဖို့ လုပ်ထားတာ..

 ဒါပေမယ့်… မာမား...က ခုတလော စိတ်အခြေအနေမကောင်းတော့… ရှောင်ရှင်းက ကြိုပေးတာ”