Chapter 84
Viewers 23k

Chapter 84


သူတို့တွေက လော့တကျောင်၏တပည့်တွေကို လာခိုင်းပြီး တိုက်ခိုက်ဖို့မဟုတ်ပဲ အကူအညီပေးဖို့ဖြစ်ကာ သူတို့ဖက်၌အထောက်အပံ့ကောင်းတွေရှိတယ်ဆိုတာကို တစ်ဖက်မိသားစုအားသိစေပြီး သူ၏သမီးလေးကို အနိုင်ကျင့်မခံရအောင်ပြုလုပ်စေခြင်းဖြစ်သည်။


လော့တကျောင်ဟာ လက်ရှိကျန်မိသားစု၏ခေါင်းဆောင် ကျန်ထျန်းရှင်အပေါ် ကောင်းမွန်သည့်သဘောထားရှိသည်။ သူကဒီအသေးအဖွဲ့ကိစ္စတွေကို ဂရုစိုက်ဖို့ စိတ်မရှိတာကြောင့် ထိုတာဝန်ကို ရွှီဇီရုန်၏ပခုံးပေါ်သို့သာ တင်ပေးလိုက်သည်။


လက်ထပ်ပွဲစဖို့က လဝက်တောင် လိုသေးတာကြောင့် ရွှီဇီရုန်ကလည်း ခရီးထွက်ဖို့ အလျင်မလိုသေးပေ။ ရွှီဇီယန်ကအခုမှ ကျင့်ကြံခြင်းပြီးဆုံးထားတာဆိုတော့ သူအနားယူဖို့လိုအပ်သေးသည်။


ထို့အပြင် ညအိပ်ရာမဝင်ခင်အချိန်၌ ရွှီဇီရုန်ဟာ အရမ်းကိုတွယ်ကပ်လာမှန်း ရွှီဇီယန်ရုတ်တရက် တွေ့ရှိလာရသည်။


အရင်တုန်းက ဇီရုန်ဟာကလေးပဲရှိသေးတာကြောင့် ရွှီဇီယန်၏အင်္ကျီစကို တစ်ချိန်လုံးဆွဲနေတာ ကိစ္စမရှိပေမယ့် လက်ရှိမှာတော့ သူကအရွယ်ရောက်နေပြီဖြစ်ပြီး သူကရွှီဇီယန်၏အင်္ကျီစကို ကိုင်တာရပ်လိုက်ပြီး ရွှီဇီယန်၏လက်ကိုစကိုင်လေသည်။


သူတို့နှစ်ယောက်ဟာ ညီအကိုတွေဖြစ်နေကြပေမယ့် သူတို့လက်တွေဆုပ်ကိုင်ထားတာက တကယ့်ကို ရင်တထိတ်ထိတ်ဖြစ်စေသည်။


ရွှီဇီယန်ကပါးနပ်စွာ ရွှီဇီရုန်ကိုငြင်းဆန်ရန် ကြိုးစားလေသည်။ မမျှော်လင့်ပဲ သူပြောလိုက်သည့်အခါ ရွှီဇီရုန်ဟာ သူ့ကိုအလွန်ဝမ်းနည်းသည့်ပုံစံဖြင့် ကြည့်လာလေသည်။ ထို့ကြောင့် ရွှီဇီယန်ဟာ အပြစ်ရှိသလို ခံစားလိုက်ရပြီး ဆက်ပြီးမပြောနိုင်တော့ပေ။


အစတုန်းကတော့ ဇီရုန်ဟာ သူ့ကိုယ်သူယုံကြည့်မှုနည်းလို့ ကပ်နေမှန်းတွေးခဲ့မိသည်။ ငါးနှစ်လောက်ကျင့်ကြံပြီးသည့်အခါမှာလည်း သူကလက်လွတ်ရမှာကို အလွန်ကြောက်သည့်ပုံစံဖြင့် တွယ်ကပ်သည့်ပုံစံဟာ သူ၏ပုံမှန်အပြုအမူလိုဖြစ်လာတော့သည်။


ရွှီဇီယန်အလွန်အပြစ်ရှိသလိုဖြစ်နေပြီး ဇီရုန်ကို သူပိုပြီးတော့ နူးညံ့စွာဆက်ဆံလေသည်။ အရွယ်ရောက်ပြီးသား လူနှစ်ယောက်က တစ်ကုတင်တည်းအိပ်တာ အလွန်ထူးဆန်းပေမယ့် သူသဘောတူလိုက်ရုံသာ တတ်နိုင်တော့သည်။


အဲ့ဒီညက ရွှီဇီရုန် အရမ်းကိုအိပ်လို့ကောင်းသည်။ ကျင့်ကြံသူတွေက အရမ်းကြီးအိပ်ဖို့ မလိုအပ်ပေမယ့် သူ့ကိုကို,ကိုဖက်ပြီး အိပ်ရတာက သူ့ကိုခဏလေးနဲ့ အိပ်ပျော်စေသည်။


ဒါပေမယ့် ရွှီဇီယန်ကတော့ တစ်ညလုံး အိမ်မက်ဆိုးတွေမက်လို့နေသည်။ အိမ်မက်ထဲမှာ ကြီးမားသည့်စပါးကြီးမြွေဟာ သူ့ကိုရစ်ပတ်ထားပြီး ထိုမြွေဟာ သူ့မျက်နှာကို အကြိမ်အနည်းလောက် လျက်နေသည်။ ပါးစပ်ထဲမှာ သွေးတွေပြည့်လာပြီး ထိုသွေးတွေကို သူမျိုချလိုက်သည့်အချိန်မှ သူရုတ်တရက်လန့်နိုးလာတော့သည်။ ထို့နောက် ရွှီဇီရုန်၏ခြေတွေလက်တွေဟာ သူအားရစ်ပတ်ထားတာကို သူတွေ့လိုက်ရပြီး သူအရမ်းကိုအံ့အားသင့်သွားသည်…


သူ၏‌နဖူးကိုကိုင်လိုက်ကာ ရွှီဇီရုန်ကို အိပ်ပုံအိပ်နည်းနဲ့ပတ်သက်ပြီး သူမပြောပြရသေးမှန်း သဘောပေါက်လိုက်သည်။ ရွှီဇီရုန်က သူ့ကိုကိုအိပ်သည့်ပုံစံအတိုင်း လိုက်‌အိပ်တာကို သူ့ကိုယ်သူလေ့ကျင့်ထားပုံရသည်။


သူအိပ်ရင်ဘယ်လိုအအိပ်ကြမ်းလည်းဆိုတာကို သူ့ကိုယ်သူသိတာကြောင့် ထိုအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း သူဝန်မခံချင်ပေ…


လော့တကျောင်ထွက်မသွားခင် တစ်ရက်အလိုက သူဟာသူတို့အတွက် ချွမ်းယွင်စောကိုချန်သွားပေးသည်။ ချွမ်းယွင်စောဟာ ပျံသန်းနိုင်သည့်လက်နက်ပစ္စည်းဖြစ်ပြီး ထိုအရာကအလွန်မြန်ဆန်လှသည်။ ထိုလက်နက်ဟာ သူတို့တွေ တစ်နေရာကို အရေးတကြီးသွားရာတွင် ဒါမှမဟုတ် ထွက်ပြေးရာတွင် အလွန်ကိုအကျိုးသက်ရောက်မှုရှိလေသည်။


ဒီတစ်ကြိမ်မှာတော့ ရွှီဇီရုန်တို့က လော့တကျောင်ကိုယ်စား လက်ထပ်ပွဲကို တက်ရောက်ကြမှာဖြစ်သည်။ ဒါကြောင့် သူတို့တွေက အညံ့စားပြင်ဆင်ပြီး သွားလို့မရပေ။ ဒီချွမ်းယွင်စောဟာ လော့တကျောင်က သူ၏ရှစ်ရှုန်းဆီကနေ ငှားခဲ့တာဖြစ်ပြီး သူကအရမ်းသဘောကောင်းလို့ ညီအကိုနှစ်ယောက်ကို ပေးလိုက်ခြင်းဖြစ်သည်။


ချွမ်းယွင်စောကိုစီးကာ သူတို့တွေကပျော်ရွှင်စွာ တိမ်တွေကြားထဲ ဖြတ်ပျံနေကြသည်။ ထိုအရာ တကယ့်ကို အစွမ်းထက်သည့်လက်နက်ဖြစ်ပြီး အလယ်အလတ်အဆင့်ရှိကာ သူတို့တွေ၏ဓားပျံထက် အနည်းဆုံးဆယ်ဆလောက် မြန်ဆန်လိမ့်မည်။


ကျန်မိသားစုဟာ အစွန်းအဖျားကျသည့် ဝူတျီမြို့၌ တည်ရှိနေပြီး ‌ရွှီမိသားစုတည်ရှိသည့် မော့ရှင်းမြို့ထက် နှစ်ဆပိုကြီးသည်။ ဒါပေမယ့် ဝူတျီမြို့က ကျန်မိသားစု၏အဆင့်ဟာ ရွှီမိသားစုကိုတော့ ယှဉ်လို့မရပေ။ 


ထို့အပြင် ရွှီမိသားစုဟာ လျှိုကွမ်းဂိုဏ်း၏ အဓိကမဟုတ်သော မိသားစုနာမည်တွေထဲမှာ ပါဝင်ထားပြီး ရွှီမိသားစုဟာ နာမည်ဂုဏ်သတင်းအတွက် အလွန်ကြိုးစားကြသည်။ ငွေကြေးနဲ့ထောက်ပံ့ပေးသူတွေကို ခဏထားလိုက်ဦး ရွှီရှောင်ကိုယ်တိုင်ကကို ‌ရွှေအမြုတေကျင့်ကြံသူဖြစ်နေပြီး အဲ့ဒီနေရာမှာ စောင့်ရှောက်သည့် အဆင့်တူသည့် ဧည့်သည်တစ်ယောက်ကလည်းရှိနေသေးသည်။ 


ရွှေအမြုတေကျင့်ကြံသူနှစ်ယောက်ရှိတာက ဂိုဏ်းကြီးတွေအတွက် ဘာမှမဟုတ်ပေမယ့် အစွန်းအဖျားကျသည့်မြို့နဲ့ ယှဉ်လိုက်ရင်တော့ သူတို့တွေကပိုပြီးစွမ်းအားကြီးသည်။ ရွှီမိသားစုက ရွှေအမြုတေကျင့်ကြံသူနှစ်ယောက်ဟာ မော့ရှင်းမြို့တစ်ခုလုံးကို ‌ကာကွယ်ထားတယ်ဆိုတာ အတော်လေးပေါ်လွင်လှသည်။


ကျန်မိသားစုတည်ရှိသည့် ဝူတျီမြို့၌ အင်အားကြီးသည့် မိသားစုလေးစုရှိသည်။ အဲ့ဒီမိသားစုလေးစုဟာ စွမ်းအားလည်းညီမျှပြီး တစ်ဖက်နဲ့တစ်ဖက်လည်း လွှမ်းမိုးလို့မရပေ။ ဝူတျီမြို့ဟာ ထျန်းယွီဂိုဏ်းနဲ့နီးကပ်ပြီး အဲ့ဒီမိသားစုလေးစုထဲက ဖန့်မိသားစုဟာ ထျန်းယွီဂိုဏ်း၏အပြင်ဂိုဏ်းပင်ဖြစ်သည်။ ဒါကြောင့် ဝူတျီမြို့မှာ အမျိုးမျိုးသော အကြောင်းအရာတွေကြောင့် ဖန့်မိသားစုက ပိုကြီးမားသည့်လို့ပြောကြသည်။


ဒီတစ်ကြိမ်မှာတော့ ကျန်မိသားစုက တစုံတယောက်နဲ့ ဖန့်မိသားစုက တစုံတယောက်တို့ဟာ လက်ထပ်ကြလိမ့်မည်။ ကျန်မိသားစု၏ခေါင်းဆောင်ဖြစ်သူရဲ့သမီးနဲ့ ဖန့်မိသားစု၏ဒုတိယအကြီးအကဲရဲ့သားဖြစ်သူနဲ့ လက်ထပ်ရမှာဖြစ်သည်။ ဖန့်မိသားစုဟာ ထျန်းယွီဂိုဏ်းကို အမှီပြုထားပြီး အပေါ်ယံအားဖြင့် ကျန်မိသားစုကိုလည်း ထျန်းယွီဂိုဏ်းကို အမှီပြုခိုင်းချင်ပုံပေါ်သည်။ ဒါပေမယ့် ကျန်ထျန်းရှင်ကတော့ အဲ့လိုမလုပ်ချင်ပွ။


သာမန်အဖေတစ်ယောက်အနေနဲ့ သူ့အဆင့်အတန်းမြင့်မားဖို့ လက်ထပ်ပွဲကို အသုံးချရန်ဆိုသည့် အတွေးမျိုးကို သူဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။ သူ့စိတ်ထဲမှာ သူ့သမီးပျော်ရွှင်ဖို့ကသာ အရေးကြီးဆုံးဖြစ်သည်။


ထိုအကြောင်းပြချက်ကြောင့် သူကကျင်ကြံသူလော့ယွင်ကို တမင်သက်သက်ဆက်သွယ်ကာ တပည့်ပို့ပေးရန် မျှော်လင့်ထားခြင်းဖြစ်သည်။ အဲ့ဒီမှာဘာမှငြင်းခုံစရာမျိုးမရှိပေမယ့် သူကသူတို့တွေ၏အဆင့်အတန်းကိုပြကာ ကျန်မိသားစု၏အနောက်မှာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူရှိတယ်ဆိုတာ တစ်ဖက်မိသားစုကို သိစေချင်လို့သာဖြစ်သည်။ ကျန်မိသားစုဟာ သူတို့၏သမီးကိုရောင်းစားပြီး ဘာဆက်ဆံရေးမှ ထူထောင်စရာမလိုဘူးဆိုတာကို လူတိုင်းအားသိစေချင်လို့ဖြစ်သည်။ 


လော့တကျောင်ဆီကနေ အကြောင်းစုံကြားသိပြီးနောက် ရွှီဇီယန် ဒီကျန်မိသားစုအပေါ် ကောင်းမွန်သည့် ခံစားမျိုးဖြစ်မိသည်။


ရွှီရှောင်နဲ့ယှဉ်လိုက်ရင် ကျန်ထျန်းရှင်က တကယ့်ကို အဖေကောင်းပီသသည်။ သူ့သမီးဖြစ်သူ ကျန်းသခင်မလေးကလည်း ကံကောင်းတဲ့လူနဲ့ သေချာပေါက် လက်ထပ်ရတော့မည်။


တစ်ချိန်ထဲ၌ 'ကံကောင်းတယ်ဆိုသည့်'ကျန်သခင်မလေးဟာ သူမလမ်းအားလာပိတ်သည့် ချောမောတဲ့ယောင်္ကျားလေးကို အံ့ဩစွာကြည့်ကာ

"ဖန့်ထျန်းရွေ့ မင်းဘာလို့ငါ့လမ်းကိုပိတ်ပြီး ဘာလုပ်တာလဲ?"


"ဘာမှမလုပ်ပါဘူး" ဖန့်ထျန်းရွေ့လို့ခေါ်သည့် ချောမောတဲ့ယောင်္ကျားလေး မေးလိုက်သည်က

"ငါသိချင်တာကလေ မင်းဘာလို့ဒီလိုလုပ်ရတာလဲ?"


"ငါဘာလုပ်နေလို့လဲ?" ကျန်ရင်းသံသယဖြစ်စွာ မေးလိုက်၏။


"မင်းဘာလို့ ဖန့်ထျန်းယွင်နဲ့ လက်ထပ်ရတာလဲ?" ဖန်ထျန်းရွေ့မေးလိုက်သည်။


"ငါကဖန့်ထျန်းယွင်နဲ့လက်ထပ်မှာကို မင်းကဘာဖြစ်နေတာလဲ?" ကျန်ရင်းနားမလည်နိုင်ဖြစ်လာသည်။ ဒီအပြုအမူကဘာလဲ? သူမယောင်္ကျားရဲ့ဝမ်းကွဲအကိုက ဘာလို့ဒီမေးခွန်းကို လာမေးနေရတာလဲ?


ဖန့်ထျန်းရွေ့အံကြိတ်ကာ သူမကိုကြည့်လိုက်ရင်း

"အဲ့ဒါကငါနဲ့ဘာလို့မသက်ဆိုင်နေရမှာလဲ? ငါတို့တွေက သိသိသာသာကြီး…" ထို့နောက် သူကနောက်ထပ်ထွက်လာမည့် စကားလုံးတွေကိုမျိုချလိုက်ကာ သူနဲ့ကျန်ရင်းနဲ့ သီးသန့်တွေ့ဆုံနေကြသည့် အကြောင်းကို သူပြောလိုက်ဖို့ကလွဲရင် အခြားနည်းလမ်းမရှိပေ။ သူကနားမလည်နိုင်တာက—သူနဲ့ကျန်ရင်းနဲ့ဟာ တစ်ယောက်နဲ့တစ်ယောက် အကြိမ်များစွာတွေ့ဆုံခဲ့ကြပြီး ချစ်ခဲ့ကြသည်။ ကျန်ရင်းဟာ သူ့ကိုလက်ထပ်မယ်လို့ ကတိလည်းပေးထားခဲ့သည်။ အစတုန်းကတော့ ကျန်မိသားစုဆီသွားကာ သူသွားတောင်းရမ်းမလို့ပဲ ဒါပေမယ့် သူ့မိဘတွေနဲ့မပြောခင် ကျန်မိသားစုကမင်္ဂလာဖိတ်စာဟာ အရင်ရောက်လာတော့သည်။ ထိုဖိတ်စာမှာ သူ၏ဒုတိယဦးလေးရဲ့သားဖြစ်သူ ဖန့်ထျန်းယွင်နဲ့ ကျန်ရင်းတို့က လက်ထပ်ရမယ်ဆိုတာ ‌ပေါ်ထွက်လာတော့သည်။


ဖန့်မိသားစု၏မျိုးဆက်ကလေးတွေထဲမှာ သူနဲ့ဖန့်ထျန်းယွင်နဲ့က အရည်အချင်းအပြည့်မှီဆုံးဖြစ်သည်။ သူတို့နှစ်ယောက်ဟာ အတော်လေးရင်းနှီးကြပေမယ့် ဖန့်ထျန်းယွင်က ကျန်ရင်းနဲ့လက်ထပ်တော့မယ်ဆိုတာ သူသိလိုက်ပြီးနောက် ဖန့်ထျန်းယွင်နဲ့ သူဘယ်လိုမှ မျက်နှာချင်းမဆိုင်နိုင်တော့ဘူး။


"ဘာကြောင့်လဲ!?" ဖန့်ထျန်းရွေ့ အကြောင်းပြချက်ကို သိချင်သေးသည်။ ကျန်ရင်းနဲ့ဖန့်ထျန်းယွင်က လက်ထပ်တော့မှာကို သူသိတာကြောင့် ထိုဆုံးဖြတ်ချက်ကို သူပြင်လို့မရတော့ပါ။ ဒါကြောင့် ဘာမှပြောင်းလဲသွားမှာမဟုတ်လို့ သူကလည်းအချိန်ကုန်ခံပြီး မကြိုးစားချင်တော့ဘူး။ သူတကယ်ကျန်ရင်းကို မေးလိုက်ချင်တာက သူနဲ့အတူအချိန်တွေ အကြာကြီးကုန်ဆုံးခဲ့ပြီး သူနဲ့လက်ထပ်ပါမယ်လို့ သူမက,ကတိပေးခဲ့တာကို—သူမကဘာလို့များ ဖန့်ထျန်းယွင်နဲ့ လက်ထပ်သွားရတာလဲ?


"ဘာကို 'ဘာကြောင့်လဲ'လဲ? မင်းဘာတွေလာပြောနေတာလဲ?" ကျန်ရင်းတကယ့်ကို နားမလည်နိုင်တော့ဘူး။ သူမဟာ ဖန့်ထျန်းရွေ့နဲ့ ဘယ်တုန်းကမှ မပတ်သက်ခဲ့ဖူးဘူး။ ဒီလိုမေးခွန်းမျိုး မေးလိုက်တာက သူမကိုဝမ်းနည်းသွားသလို ခံစားရစေသည်။


"မင်းမဖြေချင်လည်းရပါတယ်…မင်းဖြေစရာမလိုတော့ပါဘူး…" ဖန့်ထျန်းရွေ့ ဟာသတစ်ခုလို ခံစားနေရသည်။ ကျန်ရင်း၏လှပတဲ့မျက်နှာကို ကြည့်လိုက်ကာ သူစက်ဆုပ်ရွံရှာမှုကိုသာ ရှာတွေ့လိုက်ရသည်။


သူချစ်ရတဲ့ဒီမိန်းမက သူ့ညီဖြစ်သူနဲ့ လက်ထပ်ရတော့မည်။ ထိုအကြောင်းပြချက်က သူမဟာသူ့အပေါ် သံယောဇဉ်ဖြတ်လိုက်နိုင်လို့ နေမှာပေါ့။


ဖန့်ထျန်းရွေ့ အရမ်းကိုနာနာကျင်ကျင် ခံစားနေရသည်။ သူကျန်ရင်းကို နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ပေမယ့် ကျန်ရင်းကတော့ သူ့ညီဖြစ်သူနဲ့ လက်ထပ်တော့မည်။ အခုချိန်ကစပြီး သူ့ချစ်သူနဲ့ သူ့ညီဖြစ်သူတို့အတူတူနေကြတာကို နေ့တိုင်း သူရင်ဆိုင်ရတော့မည်။ အဲ့ဒါက သူ့အတွက် အရမ်းကိုရက်စက်လွန်းသည်။


"ထားလိုက်ပါတော့…မင်းဖြေစရာမလိုတော့ပါဘူး…ပြီးတော့ အဲ့ဒါကအဆင်ပြေသွားပါပြီ" ဖန့်ထျန်းရွေ့ သူ့ကိုယ်သူတီးတိုးပြောကာ တစ်ချက်ကြည့်ပြီးနောက် ထွက်သွားတော့သည်။ ကျန်ရင်းကမှန်ကန်သည့် အပေးအယူဖြင့် ဒီလမ်းကိုရွေးချယ်သွားမှန်း သူသိသည်။ အနာဂတ်မှာ သူတို့တွေက မိသားစုတစ်ခုတည်း၌ နေထိုင်ရမည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ဖော်ထုတ်မိသွားပါက ဝူတျီမြို့၌ ကြီးမားသည့်အတင်းအဖျင်းတွေ ထွက်ပေါ်လာလိမ့်မည်။


ဖန့်ထျန်းရွေ့ထွက်သွားပြီးနောက် သူမအရမ်းကို နားမလည်နိုင်အောင်ဖြစ်လို့နေသည်။


ရုတ်တရက်ကြီးရပ်ခိုင်းကာ မထင်ထားတဲ့မေးခွန်းမျိုး မေးလိုက်တာ အလွန်စိတ်အနှောင့်အယှက်ဖြစ်မှန်း ကျန်ရင်းခံစားမိပေမယ့် ထိုအရာက သူမကိုစိတ်ပူသွားသည်။ သို့ပေမယ့် ဒီလူကထျန်းယွင်ရဲ့ ဝမ်းကွဲအကိုဖြစ်ပြီး သူထွက်သွားပြီးနောက် သူမအလွန်ကိုနားမလည်ဖြစ်နေရသည်။


ထိုအကြောင်းအရာကို ပြန်တွေးကြည့်ပြီးနောက် သူမ၏သက်တော်စောင့်တွေနဲ့ ထွက်သွားရန် ကျန်ရင်းဆုံးဖြတ်လိုက်သည်။ အဲ့ဒီနောက် သူမကဖန့်မိသားစု၏အိမ်တော်ဆီသွားကာ ဒီကိစ္စနဲ့ပတ်သက်ပြီး သွားတင်ပြလေသည်။


ဖန့်ထျန်းယွင်က ကျန်ရင်း၏သက်တော်စောင့်တွေနဲ့အတူ လိုက်လာကာ ဖန့်ထျန်းရွေ့ကိုလာရှာပြီး အရက်ထပ်ပြီးထည့်ပေးရန် မေးသည့်နေသည့် အမူးသမားဟာ သူ၏ဝမ်းကွဲအကိုဖြစ်နေလိမ့်မယ်လို့ သူဘယ်လိုမှမယုံနိုင်ပေ။ 


"ဝမ်းကွဲအကို မင်းဘာလို့ ဒီလောက်အထိ သောက်နေရတာလဲ?" ဖန့်ထျန်းယွင်ဟာ ဖန့်ထျန်းရွေ့လက်ထဲက အရက်ခွက်ကို လုလိုက်ကာ သူ၏ခေါင်းကိုလှည့်လိုက်ရင်း စားပွဲထိုးကိုမေးလိုက်သည်။

"သူဘယ်လောက်အထိ သောက်ထားတာလဲ?"


စားပွဲထိုးက ဒီသခင်လေးဟာ ဖန့်မိသားစုကမှန်းသိတာကြောင့် သူချက်ချင်း လက်ယမ်းပြလိုက်ကာ

"သိပ်မများပါဘူး…သခင်လေးဖန့်က နှစ်ခွက်ပဲ သောက်ရသေးတာပါ…အမ် တကယ့်တော့ တစ်ခွက်နဲ့တစ်ဝက်ပါ ကျန်တစ်ဝက်ကတော့ သခင်လေးရဲ့လက်ထဲမှာလေ"


ဖန့်ထျန်းယွင် ဘယ်လိုအမူအရာ ပြလို့ပြရမှန်း မသိအောင်ဖြစ်သွားသည်။ သူ၏ဝမ်းကွဲအကိုက အရက်သောက်ညံ့လိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ သူသောက်ရသေးတာမှ နည်းနည်းပဲရှိသေးသည်။


"ဝမ်းကွဲအကို…"


"ငါမသောက်ပါဘူး…" ဖန့်ထျန်းရွေ့ ခွက်ကိုလုဖို့ ကြိုးစားပေမယ့် အရက်မူးနေတာကြောင့် လုပ်လို့မရပေ။


ဖန့်ထျန်းယွင်မှင်တက်စွာ မျက်မှောင်ကြုတ်လိုက်ရင်း ဖန့်ထျန်းရွေ့ဟာ တကယ်တော့ သာမန်ဝိုင်ပဲသောက်ထားတာဖြစ်သည်။ ထိုအရာက သာမန်လူတွေမျက်စိထဲမှာတော့ အလွန်ကိုကောင်းပေမယ့် ကျင့်ကြံသူတွေအတွက်ကတော့ ထိုဝိုင်တွေဟာ စိတ်ဝိညာဉ်အသီးကနေ ပြုလုပ်ထားတာ မဟုတ်တာကြောင့် သူတို့တွေမူးမည်မဟုတ်ပါ။ သူတို့တွေက အရက်သောက်တယ်ဆိုသည့် ခံစားမျိုးရနိုင်ဖို့ သူတို့၏စိတ်ဝိညာဉ်ကို တွန်းအားပေးမှသာရလိမ့်မည်။


ဖန့်ထျန်းရွေ့၏အမူအရာကို ခန့်မှန်းရရင် သူကတမင်တကာ အရက်မူးအောင်သောက်နေမှန်း သိသာလှသည်။ သူ၏ဝမ်းကွဲအကိုက ဘာဖြစ်ခဲ့တာလဲဆိုတာ ဖန့်ထျန်းယွင်လည်း မတွေးတတ်တော့ပေ။ ဘယ်အရာကများ သူ့ကိုဝမ်းနည်းအောင် လုပ်လိုက်တာလဲ?


ဖန့်ထျန်းရွေ့ သူမအားမေးခဲ့သည့်မေးခွန်းကို ကျန်ရင်း ဖန့်ထျန်းယွင်အား မပြောပြလိုက်ပါ။ ညီအကိုနှစ်ယောက်ကြားမှာ သဘောထားကွဲလွဲသွားမှာကို သူမ,မဖြစ်စေချင်ဘူး။


ဖန့်ထျန်းရွေ့ သူမအားမေးသည့် မေးခွန်းကို နောက်တစ်ကြိမ် သူမပြန်လည်စိစစ်ကြည့်လိုက်သည်။ သူမလုပ်ခဲ့တဲ့ကိစ္စတွေကို သွယ်ဝိုက်ညွှန်းဆိုတယ်ဆိုပေမယ့် သူမကဘာကိစ္စကိုမှ မလုပ်ထားတာ။


သူမနဲ့ဖန့်ထျန်းရွေ့ဟာ တစ်ယောက်နဲ့တစ်ယောက် သိထားပေမယ့် သီးသန့်တွေ့ဆုံမှုမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။ မိန်းမတစ်ယောက်အတွက် ဒီလိုကိစ္စမျိုးက အလွန်လေးနက်ပြီးကြီးကျယ်လှသည်။ သူမကျင့်ကြံသူတစ်ယောက်ဖြစ်နေရင်တောင် သူမ၏နာမည်ဂုဏ်သတင်းကို လျစ်လျူရှုကာ အခြားသောယောင်္ကျားတွေနဲ့ သီးသန့်တွေ့ဆုံမည်မဟုတ်ပေ။


‌ဒါကြောင့် အဲ့ဒီစကားတွေက ရှေ့နောက်မညီဖြစ်နေသည်။ သူမနဲ့ဖန့်ထျန်းရွေ့ကြားမှာ ဘာမှမရှိဘူးဆိုတာ သူမအာမခံနိုင်ပေမယ့် ဖန်ထျန်းရွေ့ကတော့ အဲ့ဒီလိုမတွေးထားပါ။ ကံကောင်းစွာ သူကကောင်းမွန်တဲ့ယောင်္ကျားဖြစ်နေတာကြောင့် သူဘယ်လောက်ပဲ ပြောချင်ပါစေ ဒီကိစ္စကို လူမြင်ကွင်းမှာ သူမဆွေးနွေးဘူး။ သူကသူမကို မေးခွန်မေးတဲ့အချိန်မှာလည်း သူဟာတိတ်ဆိတ်တဲ့နေရာ တစ်ခုကိုရှာကာ အသံလုံတဲ့အကာအရံကို ချထားတာက ကျန်ရင်း၏နာမည်ဂုဏ်သတင်းကို သူဂရုစိုက်မှန်း သိသာလှသည်။


#TK