အပိုင်း ၁၁၁
Viewers 29k

Chapter 111


အင်တာနက်ပေါ်၌ ရှအန်း၏ အသံဖိုင် အချိန် ကြာကြာမရှိလိုက်ပေ။


သို့သော် ရှကျင်းသမီးတုံ့ပြန်သည့် ဗီဒီယိုမှာမူ အင်တာနက်တွင် ပုံစံအမျိုးမျိုးဖြင့် တင်ထားကြသည်။ သူ့ကို ပြန်လည်မျှဝေခြင်းမှာ ရှအန်းထက် အကြိမ်များစွာ ပိုပေသည်။ ထိပ်တန်းရှာဖွေမှုတွင် ရှအန်းနောက်မှ ရှကျင်းနှင့်သမီးက နေရာယူထားကြသည်။


[နိုင်ငံရဲ့သမီးပျိုလေးဖြစ်သင့်တယ်။ စိတ်နေစိတ်ထားက သာမန်လူတွေနဲ့ တခြားစီပဲ။ အရမ်းချစ်ဖို့ကောင်း၊ အရမ်းလိမ္မာ]


[ကလေးတွေကလိမ်မပြောတတ်ဘူး...ရှအန်း လွန်တာပဲ ဖြစ်ရမယ်]


[ကလေးက ငါးနှစ်ပဲရှိသေးတော့ တော်တော်ငယ်သေးတယ်... ဒီအရွယ်က မလိမ်လောက်ဘူး]


[အမှန်အတိုင်း ပြောရရင် ရှအန်းရဲ့အသံဖိုင်က အတုဖြစ်နိုင်တယ်...သူက ဖုရှန်းနဲ့ တွဲခဲ့ဖူးရင် အတုလုပ်လို့ ရနိုင်တာပဲ]


[ရှကျင်းက တော်တယ်... အဖေမှာ ရှအန်းဆိုတဲ့ မယားငယ်ရှိကြောင်း သိရတဲ့ ကလေးလေးက ကံဆိုးလိုက်တာ]


[ကလေးအတွက်ကျောင်းရှာတာ ကိုယ့်ဘာသာ လုပ်လို့ မရဘူးလား။ သူများယောက်ျားကို ရှာခိုင်းမှ ဖြစ်မှာလား]



ရှအန်းကို ဆဲရေးသည့် ကွန်းမန့်များသည် အင်တာနက်ပေါ်တွင် ပလူပျံနေသည်။ အခြေအနေတွေက ဒီလောက်ထိ ဖြစ်သွားမည်ဟု ဟန်ယွဲ့မထင်ထားခဲ့ပေ။


သို့သော် ဘယ်လိုမိန်းမမျိုးက ရှအန်းကို စိတ်ဆိုးနေသလဲဆိုတာနှင့် သူတို့နှစ်ယောက်ကြား အမုန်းမီးက ဘယ်လောက်ကြီးကြောင်း သူသိနားလည်ထားသည်။


ထိုကိစ္စများကို အစအဆုံး သူ မသိသော်လည်း ရှအန်းကတော့ အလိမ်အညာတွေ ပြောမည်မဟုတ်မှန်း သူသိသည်။


ရှကျင်းတို့သားအမိနှင့် ယှဉ်လိုက်လျှင် ရှအန်းက ပို၍ ယုံကြည်နိုင်သည်။ သို့သော် ကိစ္စက ဆိုးသွားရသည်မှာ ရှကျင်းက ကိုယ်တိုင်မရှင်းဘဲ ငါးနှစ်သမီးကို ဆွဲထည့်လိုက်သောကြောင့် ဖြစ်သည်။


ဤအရာကြောင့် လူများက မသိမသာနှင့် ရှကျင်းဘက်သို့ ပါသွားသည်။ 


“မစ္စတာဟန်၊ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ...နောက်တစ်ပတ်ရိုက်ကွင်းအတွက် ဆက်တင်နဲ့ နေရာတွေ ရွေးပြီးပြီကို အခုတော့...”


ဝန်ထမ်းက ဟန်ယွဲ့ကိုကြည့်ပြီး မဝံ့မရဲမေးလိုက်သည်။


ပြောရလျှင် ယခု ဧည့်သည်ပါဝင်သူက နှစ်ယောက်သာ ရှိတော့သည်။ စပွန်ဆာကလည်း ပိုက်ဆံတွေ ပြန်နှုတ်သွားသလို ရုပ်သံလွှင့်ရုံများကလည်း မကြည်ဖြူတော့ပေ။


သူတို့ရှိုးအတွက်တော့ အကျပ်အတည်းကြီးတစ်ခု ဖြစ်နေသည်။


သူတို့ ရင်ဆိုင်နိုင်ပါ့မလား...


“နောက်တစ်ပိုင်းအတွက် စီစဉ်တာတွေကို ရပ်ထားလိုက်ဦး...” 


ဟန်ယွဲ့က မျက်လုံးမှေးရင်း လုပ်ရမည့်ကိစ္စများကို ဆုံးဖြတ်လိုက်သည်။


ရှအန်းက အသံဖိုင်ကို ရှင်းပြရင်တောင် အသုံးမဝင်တာကို သူသိသည်။ သူမကို အနုပညာလောကကနေ ထုတ်ပယ်ဖို့ ကမ်ပိန်းတစ်ခုကို စတင်လှုပ်ရှားနေကြပြီ။


ဒါက အစပဲ ရှိသေးသည်။


အချိန်ကြာလာလေလေ ရှအန်းနှင့် ရှိုးမန်ဘာများအတွက် ပိုဆိုးလာလေလေ ဖြစ်မည်။


အရင်တစ်ကြိမ်တုန်းက သူက ရှအန်းကို "Come on Challenger" မှ ထုတ်ပယ်ရန် ငြင်းဆန်ခဲ့သောကြောင့် ယခု သူပါ ရှအန်းနှင့် အတူတူ ရင်ဆိုင်နေရပြီ။


အခု သူ ရှအန်းကို ထုတ်ချင်ရင်တောင် မထုတ်နိုင်တော့။


သို့သော်... သူ ရှအန်းကို လုံးဝ မျက်ကွယ်မပြုလိုပေ။


သူများတွေကတော့ သိမည်မဟုတ်။ ရှအန်းက ဟောလီးဝုဒ်ကို ခြေချမည့် ပထမဆုံး အာရှအမျိုးသမီးသရုပ်ဆောင် ဖြစ်လာမည်။ နိုင်ငံတကာက အသိမှတ်ပြုရသည့် ဂရေစ့်၏ ရုပ်ရှင်တွင် သူမသည် ခေါင်းဆောင်နေရာက ပါဝင်ရတော့မည်လေ။


နိုင်ငံတကာရုပ်ရှင်လောကတွင် ဂရေ့စ်သည် လေးစားခံရသူတစ်ဦး ဖြစ်သည်။ ရှအန်းက ကောင်းကင်ကို အတောင်ပံဖြန့်ကျက်ဖို့ မွေးဖွားလာသူပင်။


ရှကျင်း၏ တပ်စုများနှင့် ရင်ဆိုင်နေရသော်လည်း ဤလောကတွင် အရှိန်အဝါကြီးသည့် နာမည်နှင့် ရင်ဆိုင်ရပါက မည်သူမျှ ရှအန်းကို ပိတ်ပင်နိုင်မည် မဟုတ်ပေ။


ထို့အပြင် အရေးအကြီးဆုံးက-


သူတို့တွင် အားကိုးရာရွှေတောင်ကြီး ရှိနေမေပြီ။


ရှအန်းက ရွှေရုပ်လေး ကောက်ရခဲ့သည် မဟုတ်ပါလား~


ဟန်ယွဲ့ ပြန်ပြုံးနိုင်လာသည်။


နာမည်ကြီးသည့် အင်တာနက်ဗန်းစကားတစ်ခုကို သူ သတိရသွားသည်။


ငါ့အချစ်ကို ဒီနေ့ လက်မခံရင် နောက်နေ့ မင်း ကောင်းစားသွားမှာ ငါ မလိုလားဘူး။


ဟီးဟီး...ဒီစကားက ရှအန်းအတွက် အသင့်

လျော်ဆုံးပဲ...

...


“အိုခေ အစ်ကိုဟန်... စိတ်ချပါ၊ ဒီရက်ပိုင်း ကျွန်မ အပြင်မထွက်ပါဘူး...”


ဖုန်းချလိုက်ပြီးနောက် ရှအန်းမျက်နှာက အေးစက်နေလေသည်။


ဇာတ်လိုက်မ၏ မိသားစုက ဒီလောက် မုန်းဖို့ကောင်းမည်ဟု သူမ မထင်ခဲ့ပေ။


အရင်က သူမတွေးခဲ့သည်မှာ ဇာတ်လိုက်မ၏ အဖေနှင့် အမေသည် လူလိမ်များဖြစ်သော်လည်း ဇာတ်လိုက်မက ချစ်ဖို့တော့ ကောင်းပါသည်ဟူ၍ပင်။


ထိုလူနှစ်ယောက်က မွေးထားသည့် ကလေးကလည်း အကျင့်ပျက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။


သူမက ကွန်ပြူတာကို ဖွင့်လိုက်သည်။ ဗီဒီယိုထဲက ချစ်ဖို့ကောင်းသော်လည်း ပြင်းထန်သည့်မျက်နှာအမူအရာရှိသည့် ကောင်မလေးကို ရှအန်းကြည့်လိုက်သည်။ ထိုကလေးမသည် သူ့အမေရှကျင်း ကောင်းကြောင်းကိုသာ ပြောသည်။ 


အမေနဲ့သမီးက သိပ်ကို မုန်းဖို့ကောင်းပြီး မရိုးသားတာပဲ...


အစောပိုင်းက ထိုကလေးမသည် သူမသား၏ကျောင်းကို လုယူခဲ့သည်။ အခု သူမကိုပါ ညစ်တီးညစ်ပတ်ကြံနေပေပြီ...


ယခု ဇာတ်လိုက်မ၏ ရွှေလက်ချောင်းကို လုယူလိုက်တာ မှန်သွားသည်ဟု ရှအန်းတွေးလိုက်သည်။ ကံကောင်းစွာနဲ့ သူမသားက ဇာတ်လိုက်မရဲ့ စန်းယုံပုလဲပုတီးလည်ဆွဲကို ယူလာသည်လေ။


မဟုတ်ပါက ဇာတ်လိုက်မသာ ၎င်းကို ရခဲ့လျှင် ရန်သူအင်အား ကြီးမားလာပြီး သူမ ဒုက္ခရောက်မည်ဖြစ်သည်။


ဇာတ်လိုက်မ အရွယ်ရောက်လာမှသာ ဇာတ်လမ်းက သေချာစမည်ဖြစ်ပြီး သူမကတော့ အရေးမပါသည့် ဇာတ်ကောင်ဟုသာ တွေးခဲ့သည်။ သူမ၏ ဗီလိန်သားကို ကောင်းကောင်းမွေးမြူပြီး၊ သူမ၏ဗီလိန်သားကလည်း ဇာတ်လိုက်မနှင့် ချစ်ကျွမ်းမဝင်သရွေ့ သူမသည် အဓိကဇာတ်ကောင်များနှင့် ပတ်သက်စရာအကြောင်းမရှိ။


ဤကမ္ဘာက သူမနှင့် ဘာမှမသက်ဆိုင်ဟု တွေးခဲ့သည်။


ဒါပေမယ့် အခုတော့...


“ဟ” ဗီဒီယိုထဲက ချစ်စရာကောင်မလေးကို ရှအန်းက လှောင်ပြောင်လိုက်သည်။


သူမနှင့် ဗီလိန်သားသည် ဇာတ်လိုက်မ၏ မိသားစုနှင့် အဆင်ပြေမည့် ကံဇာတာမပါကြောင်း သူမ ရှာဖွေသိရှိလာသည်။


“မေမေ ဘာတွေကြည့်နေတာလဲ... အဲဒါ ညီမလေးအန်းချီမဟုတ်လား...”


သူ့အမေက ကွန်ပြူတာရှေ့တွင် မလှုပ်မယှက်ထိုင်နေသဖြင့် ရှရှင်းချန်က လာကြည့်သည်။


သူက ဖုအန်းချီ၏ ဗီဒီယိုကို တွေ့သွားသည်။


“ရှောင်ရှင်း၊ ဒီမိသားစုက လူကောင်းတွေမဟုတ်ဘူး၊ မှတ်ထားနော်..

သူတို့တွေက တို့သားအမိကောင်းစားမှာကို မလိုလားဘူး...” 


ကလေး၏ ခေါင်းလေးကို ပုတ်ရင်း ရှအန်းက ပြုံးကာ ပြောသည်။


“ညီမလေးအန်းချီပြောတာ မမှန်ဘူးလေနော်...မေမေက အန်ကယ်ဖုနဲ့ ဘယ်တုန်းကမှ မပတ်သက်ဘူးမလား... သူနဲ့ ကျောင်းကိစ္စပဲ ပြောခဲ့ဖူးတာကို... မေမေက အန်ကယ်ဖုကို မုန်းတယ်လေ...”


ကောင်လေးက ဒေါသတကြီးနှင့် လက်သီးဆုပ်ကို ဝှေ့ယမ်းသည်။


“လိမ္မာတယ် ရှောင်ရှင်း စိတ်မဆိုးရဘူး မေမေက ဒီကိစ္စတွေကို မကြာခင် ဖြေရှင်းမယ်...”


 ရှအန်းက ကောင်လေး၏ ခေါင်းကို အပ်ြကိုင်လိုက်သည်။


အနာဂတ်တွင် သူမ၏သားသည် ဇာတ်လိုက်မ ဖုအန်းချီကို ချစ်ကြိုက်လာမည်မဟုတ်ကြောင်း သေချာသွားသဖြင့် သူမ စိတ်သက်သာသွားသည်။


“မေမေ ရှောင်ရှင်းက မြန်မြန်အရွယ်ရောက်ပြီး မေမေ့ကို အနိုင်ကျင့်တဲ့ လူဆိုးတွေကို သင်ခန်းစာပေးချင်ပြီ...”


ကောင်လေး၏ ချစ်ဖွယ်မျက်နှာမှာ ဒေါသထွက်နေရာ ရယ်ဖို့ကောင်းနေသည်။ သူက ကလေးလေးပင်ဖြစ်သော်လည်း လူကြီးဆန်သည်။


“ကိစ္စမရှိပါဘူး မေမေက သားထင်သလောက် မပျော့ညံ့ပါဘူး မေမေကိုယ်တိုင် လူဆိုးတွေကို တိုက်ထုတ်နိုင်ပါတယ်... ဒါပေမယ့် အချိန်တော့ ယူရတာပေါ့...”


ရှအန်း နှုတ်ခမ်းစွန်းလေးများ မြင့်တက်သွားသည်။ သူ့မမျက်လုံးအကြည့်တွေက အေးစက်လာသည်။


ဒီတစ်ခါတော့ သူမ လုပ်နိုင်တာက စောင့်ဖို့ပဲ...


ထို့အပြင် ရှကျင်းမိသားစုက မြင့်မြင့်တက်ပြီး ပျော်ရွှင်နေလေ၊ သူတို့ အကျနာအောင် သူမ လုပ်နိုင်လေလေဖြစ်သည်။


ဟန်ယွဲ့ပြောသည့် မိဘ-ကလေး ဆက်ဆံရေးအကြောင်း အစီအစဉ်ကို သူမ တွေးမိသွားသည်။ 


မည်သို့ဖြစ်ဖြစ် သူမသားက ဒီနိုင်ငံတွင် အဆင်ပြေပြေ ကျောင်းတက်လို့ မရတော့သောကြောင့်..ရှကျင်းတို့သားအမိနှင့် ယှဉ်ပြိုင်ဖို့ ရှအန်းဆုံးဖြတ်လိုက်သည်။


သူမသားကိုပါ အစီအစဉ်တွင် ပါဝင်ခိုင်းဖို့ သူမ စဉ်းစားလိုက်သည်။


 ဒီတစ်ခါတော့ ဘယ်သူက ပိုနာမည်ကြီးမလဲ ကြည့်ရတာပေါ့။ သူမရဲ့သားလား၊ ဇာတ်လိုက်မ ဖုအန်းချီလား။


အလဲ့... ဘာပဲပြောပြော သူမသားက ပိုချစ်ဖို့ကောင်းတယ်...


ညဘက်တွင် သူမက နဂါးနှစ်ကောင်ဖြစ်သည့် ရှောင်ပိုင်နှင့် ရှောင်ဟေးတို့နှင့် စကားပြောဖြစ်သည်။ သူမကလေးကို ပိုခန့်ပိုချောအောင်လုပ်နိုင်မည့် နည်းလမ်းများရှိသလားဟု သူမ မေးခဲ့သည်။ 


ဟုတ်တာပေါ့။ ကန့်သတ်ချက်ကတော့ ဘေးထွက်ဆိုးကျိုး မရှိရဟူ၍။


“အစ်ကိုဟန်၊ ကျွန်မအတွက် လုပ်ပေးတဲ့ အစီအစဉ်လေ၊ ကျွန်မ စမ်းလုပ်ကြည့်ချင်တယ် ဒါပေမယ့် အစ်ကို့မှာ နောက်အစီအစဉ်တစ်ခုလုပ်ဖို့ အားရော ရှိသေးရဲ့လား...”