Chapter 116
ရှောင်ဟေး၏ ဂုဏ်ယူနေပုံက ချစ်ဖို့ကောင်းနေသည်။
သူမသည် အဖြူနှင့်အမဲရောင် နဂါးရုပ် နှစ်ရုပ်ကို ပထမဆုံးတွေ့တုန်းက သူတို့က ကြီးကျယ်ခမ်းနားပြီး ကြောက်စရာကောင်းတယ်လို့ ခံစားရသည်။ သို့သော် သူမ ထွက်သွားပြီးနောက်တွင် ထိုနဂါးနှစ်ကောင်မှာ ကလေး၏ နှလုံးရှိနေသည်ဟု ခံစားရသည်။
သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာက တည်ရှိခဲ့သည်။ ကျောက်စိမ်းဆွဲသီးထဲတွင် အပိတ်ခံထားရပြီး နှစ်ပေါင်းများစွာ အိပ်ပျော်နေသည်။
သူမ ဆွဲကြိုးများကို မရခဲ့လျှင် သူတို့သည် အချင်းချင်း တိုက်ခိုက်ကြမည်ဖြစ်သည်။ အမဲရောင်နှင့် အဖြူရောင် နဂါးနှစ်ကောင်သည် ကျောက်စိမ်းဆွဲသီးထဲတွင် ဆက်လက်အပိတ်ခံရမည်ဖြစ်ပြီး နောက်ထပ် နှစ်ပေါင်းများစွာ အိပ်ပျော်နေအုန်းမည်ဖြစ်သည်။
"မင်းပြောတာ သေချာလား မင်းရဲ့ ကျိန်စာက တကယ်အစွမ်းရှိတာလားဆို ငါမြင်ဖို့လိုတယ်”
ရှအန်းက ပြုံးလိုက်ပြီး အမဲရောင် နဂါးသည် သူမဆီသို့ ပျံလာသည်။
“ဟမ်းး..မင်း စောင့်နေပါ..သူမ ကံမကောင်းစေရမယ်..ကံမကောင်းစွာနဲ့ ငါက သိမ်းထားမခံရတော့ဘူး ဒါကြောင့် အခု ငါသေးငယ်တဲ့ အရာတွေကိုဘဲ လုပ်လို့ရတော့တယ်”
ရှောင်ဟေး စိတ်ဓာတ်ကျလာသည်။ သူ၏ ကြက်သွေးရောင် မျက်လုံးနှစ်စုံသည် စိတ်ဓာတ်ကျမှုများနှင့် ပြည့်လာသည်။
"သခင်မ..ကျွန်တော်က အသုံးဝင်သေးတယ်..ကျွန်တော့် နေရာမှာ မြစ်တွေနဲ့ ချောင်းတွေရှိသေးတယ်..အဲ့ကရေတွေက အသက်ပါကယ်လို့ရတာမဟုတ်ဘူး အလှအပတွေလဲ ရှိတယ်..အဲ့ဒါက လူတစ်ယောက်ရဲ့ မျက်နှာက်ို ပြောင်းလဲလို့မရပေမယ့် သူတို့ကို ပိုကြည့်ကောင်းအောင် လုပ်လို့ရပြီး သူတို့ရဲ့ အသားအရေကို ဖြူပြီး နူးညံ့အောင် ပြောင်းလဲလို့ရတယ်”
ရှောင်ပိုင်က ကလေးတစ်ယောက်လို အပြိုင်ပြောနေပြီး သူ၏ အသုံးဝင်ပုံတွေကို ပြုစုနေသည်။
"သခင်မ..သခင်မကပိုက်ဆံ မကြိုက်ဘူးလား..ကျွန်တော့်နေရာက ရေတွေကို အသုံးပြုပြီး ပိုက်ဆံရှာလို့ရပါတယ်..မိန်းကလေးတွေက အမြဲလှချင်နေကြတာလို့ ထင်တယ်…ကျွန်တော့်မြစ်ရေနဲ့ ချောင်းရေကို ရောင်းရင် ပိုက်ဆံတွေ အများကြီးရလောက်တယ်”
အနက်ရောင် နဂါးကို အာရုံစိုက်နေသော ရှအန်းသည် ရှောင်ပိုင်၏ စကားလုံးများကို ကြားပြီး ရုတ်တရက် မျက်လုံးများ လင်းလက်သွားသည်။
"ရှောင်ပိုင်…ဒီနေရာက မြစ်ရေကို ယူလို့ရမလား”
ရှအန်းက အံ့ဩစွာဖြင့် မေးလိုက်သည်။ တကယ်တော့ သူမ ထိုနေရာကို ဝင်ဖို့ရာအတွက် အိပ်ပျော်မှရမည်။ ထိုနေရာသို့ သူမ၏ ခန္ဓာကိုယ်မဟုတ်ဘဲ သူမ၏ဝိညာဉ်က ဝင်မှာဖြစ်သည်။
“ဟုတ်..ကျွန်တော်ပေးနိုင်ပါတယ်”
ရှောင်ပိုင်က သူ၏ တောက်ပနေသော အဖြူရောင် နဂါး၏ ခေါင်းကို ငြိမ့်ပြလိုက်သည်။
“ကျွန်တော့်နေရာက ရေကိုရဖို့ ကျွန်တော့်ရဲ့ စိတ်ကို အသုံးပြုနိင်တယ်..ဒီနေရာကနေထွက်ပြီး ပိုင်ရှင်ရဲ့ ကမ္ဘာထဲကို ဝင်ရမယ်…အိမ်ထဲက ရွှေငါးကန်ထဲမှာရှိတဲ့ ရေတွေက ကျွန်တော့်နေရာကနေ စီးနေတဲ့ ရေတွေ..အဲ့ဒါကြောင့် အိမ်ထဲမှာ ရှိနေတဲ့ ရွှေငါးက မသေတော့ဘူး”
ရှအန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်လာသည်။
သူမသည် ပိုက်ဆံရနိုင်သည်ဟု ထင်နေသည်။
"အိုခေ ..တော်တယ်..ရှောင်ပိုင်..မင်းက တကယ်အသုံးဝင်တာဘဲ”
ရှအန်းက အဖြူရောင် နဂါးကို ချီးကျူးလိုက်ပြီး တစ်ဖက်မှာရှိတဲ့ အနက်ရောင် နဂါးသည် တစ်ဖန် စိတ်ဓာတ်ကျ သွားပြန်သည်။
ထိုအချိန်တွင် သူသည် သူ၏ တစ်ဖက်ကလူလောက် အသုံးမဝင်ဘူးဟု ခံစားရသည်။
"ငါအရမ်းစိတ်တိုတယ်”
"သခင်မ..မင်းကို ကူညီလို့ ရပါတယ်”
ရှောင်ပိုင်က ရှအန်း တစ်ဝိုက်ကို ပျံသွားပြီး ရှအန်း၏ ပါးကို သူ၏ ဦးချိုနှင့် ပျော်ရွှင်စွာ ပွတ်တိုက်လိုက်သည်။
သူသည် ချစ်စရာကောင်းနေသည်။
"ဒါနဲ့ မြစ်ရေနဲ့ ချောင်းရေ ကွာခြားချက်ကဘာလဲ”
ရှအန်းသည် ထိုအရာကို သူမ လူတိုင်း၏ ခန္ဓာကိုယ်ကို အလှဆင်ပေးပြီး ကြံ့ခိုင်အောင် ပြုလုပ်ပေးနေကတည်းက တွေးနေသည်။
သို့သော် ဆေးကဲ့သို့သော ပစ္စည်းများ ရောင်းခြင်းသည် လွယ်ကူမည်မဟုတ်ပေ။ အသားအရည်နှင့် ပက်သက်သော ပစ္စည်းများကို အဓိကထုတ်လုပ်သော ကုမ္ပဏီ စတည်ထောင်ရမည်ဖြစ်သည်။
ပိုက်ဆံမရှိ ရင်းနှီးမြုပ်နှံမှု မရှိဘဲ ရှောင်ပိုင်၏ နေရာက ရေနှင့်သာ သူမ ပိုက်ဆံများစွာ ရနိုင်သည်။
“ချောင်းရေကို အလှအပအတွက် သုံးနိုင်ပြီး မြစ်ရေကို ခန္ဓာကိုယ် ကြံ့ခိုင်ဖို့ရာ အတွက်သုံးနိုင်တယ်…မြစ်ရေရဲ့ မျက်လုံးကနေ ကျလာတဲ့ အရည်နည်းနည်းလေးက သေဆုံးမှုကနေ ပြန်လည် အသက်သွင်းလို့ရတယ် ..ဒါပေမယ့် အဲ့ဒါက ရှားတယ်..နှစ်တစ်သောင်းမှာ တစ်စက်ဘဲ ရတယ်”
ရှအန်း၏ နှလုံးသည် ပြင်းထန်စွာ ခုန်နေသည်။
"အိုးမိုင်ဂေါ့..ဒီရဲ့ ရွှေလက်ချောင်းက အရမ်းတော်တာဘဲ”
သူမသည် သူရဲကောင်း၏ ရွှေလက်ချောင်းကို ရယူရန် ဆုံးဖြတ်လိုက်ပြီး အခြားတစ်ခုနှင့် မှားယူမိသွားသည်။
"ရှောင်ပိုင်က ဘယ်လောက်တောင် အသုံးဝင်လိုက်လဲ”
ထို ဝိညာဉ် အရည်သည် အဆောင်တစ်ခုသာဖြစ်သည်။
သူမနှင့် သူမ၏သားကို ကယ်ရန်အတွက် ဖြစ်သည်။ ရှအန်းသည် ထိုအရာကိုတွေး၍ ရှောင်ပိုင်ကို ဖက်လိုက်သည်။
"ရှောင်ပိုင်..မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်”
ရှောင်ပိုင်ကဲ့သို့သော ရွှေလက်ချောင်းသည် ယခုချိန်တွင် အလွန်အသုံးဝင်ပြီး ကမ္ဘာပျက်လောက်အောင် ဆိုးဝါးသော နေ့များတွင်လည်း ငြိမ်းချမ်းစေသည်။
ရှအန်းသည် သူမ၏ ကံကောင်းခြင်းအတွက် ဝမ်းသာနေသည်။
"ရှောင်ပိုင်က သူ့သခင်မရဲ့ လိုအပ်ချက်တွေနဲ့ ရတာ တကယ်ကောင်းတယ်”
ရှောင်ပိုင်က အပြုံးဖြင့် ပြောလိုက်သည်။
သူသည် နှစ်ပေါင်းဘယ်လောက်ကြာအောင် အိပ်နေသလဲဆိုတာ မသိပေ။ ရှအန်းသာ မလုပ်ပေးခဲ့လျှင် သူသည် နှိုးထမည် မဟုတ်ပေ။
"ဟင်..အန်ချင်စရာဘဲ..မင်းကတကယ် ရွံဖို့ကောင်းတယ်..ရုပ်ဆိုးလိုက်တာ”
ရှအန်းနှင့် ရှောင်ပေ ရင်းနှီးစွာ ဖက်နေပုံက တစ်ဖက်တွင်ရှိသည့် အနက်ရောင် နဂါးကို ဒေါသထွက်စေသည်။ သူ၏ လေသံသည် မကျေနပ်မှုများနှင့် ပြည့်နေသည်။
ထို့နောက် ရှအန်းက သူ့ဘက်လှည့်၍ သူမလက်များကို ဖွင့်ပေးလိုက်သည်။
"ရှောင်ဟေး…မင်းရော ဖက်ချင်လား”
ရှအန်း၏ အသံသည် ကလေးတစ်ယောက်ကို ချော့နေသကဲ့သို့ ဖြစ်နေ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် အနက်ရောင်နဂါးသည် အဝေးကို ပျံသွားသည်။
အနက်ရောင်နဂါး ပျောက်ကွယ်သွားသည်။ "ဟေးက ဘာဖြစ်သွားတာလဲ”
"သခင်မ သူ့ကို စိတ်မရှိပါနဲ့”
…
မနက်တွင် ရှအန်းသည် သူမ၏ မျက်လူံးများကိူဖွင့်၍ တောက်ပနေသော နေရောင်ကို ပြတင်းပေါက်ကနေ တစ်ဆင့်ကြည့်လိုက်သည်။ သူမမျက်နှာသည် အပြုံးများနှင့် ပြည့်နေသည်။
တကယ်တမ်းတွင် သူမသည် ဖျော်ဖြေမှုထုတ်လုပ်ရေးတွင် မူးမေ့ခဲ့သော သူတစ်ယောက်ဖြစ်သည်။
သို့သော် သူမ၏ မျက်နှာသည် ညိုးငယ်မနေဘဲ မျက်လုံးများ နှင့် အပြုံးများသည် တောက်ပနေသည်။
ရှောင်ရှင်းက နတ်သမီးမေမေ၏ တောက်ပနေသော အပြုံးကို မြင်သွားသည်။ သူ့မျက်လုံးကို ပွက်၍ သိချင်စိတ်ဖြင့် မေးလိုက်သည်။
" မာမား....အိမ်ကို ချန်ခဲ့ရမှာကို ပျော်နေတာလား”
ရှအန်းသည် သူ၏ ခေါင်းကို နမ်းလိုက်၍ အပြုံးဖြင့် ပြောလိုက်သည်။
“ဟုတ်တယ် မာမားအရမ်းပျော်တယ်... ဘာလို့လဲဆိုတော့ မာမားတို့ ချမ်းသာတော့မှာလေ..."
သူမသည် ရွှေနှင့်ငွေ တောင်ပေါ်တွင် ထိုင်နေသည်ဟု စိတ်ကူးယဉ်၍ ပြုံးနေသည်။
“ချမ်းသာတော့မှာ..”
ကောင်ကလေးက ခေါင်းလေးစောင်းပြီး ရှအန်းကို နားမလည်စွာ ကြည့်နေသည်။
“ဟုတ်တယ်..မာမားတို့ မကြာခင် ပိုက်ဆံတွေအများကြီးရတော့မှာ..."
သူမသည် ကုမ္ပဏီထောင်ရန် အကောင်အထည် မဖော်ရသေးသော်လည်း ရှောင်ပိုင်ကို ယုံကြည်သည်။
ရှအန်းနဲ့ သူမသားရဲ့ ခန္ဓာကိုယ်က ပြောင်းလဲသွားတာလား..
ငါးကန်ထဲက ရွှေငါးက မသေဆုံးခဲ့ပါ။ ထိုအရာအားလုံးသည် အသက်ရှင်ခြင်း သက်သေ မဟူတ်လား…
သူမသည် ထိုရေမှ စကင်ကဲ ပစ္စည်းများ ထုတ်လုပ်နိုင်လျှင် ကမ္ဘာပေါ်ရှိ အမျိုးသမီးများ နှင့် အမျိုးသားများ၏ အလှအပကို သိမ်းပိုက်နိုင်မည်ဟု ယုံကြည်နေသည်။
စကားပုံတစ်ခုကဲ့သို့ပင်။ အမျိုးသမီးများသည် ပိုက်ဆံရှာရာတွင် အတော်ဆုံးသူများ ဖြစ်ကြသည်။
ကုမ္ပဏီမှ ရရှိသော ပိုက်ဆံသည် သူမ စတားတစ်ယောက်လုပ်ရာမှ ရရှိသော ပိုက်ဆံထက် ပို၍များမည်မှာသေချာနေသည်။
သို့သော် ကုမ္ပဏီထောင်ရန် ကိစ္စကို အလျင်စလို လုပ်၍ မရပေ။
သူမ စဉ်းစားရအုန်းမည် ဖြစ်သည်။ ပထမဆုံး သူမသည် အမေရိကန်သို့ သွား၍ အတွေ့အကြုံနှင့် အခွင့်အလမ်းများ ရှာရမည်ဖြစ်သည်။
သူမ ရှာနိုင်လျှင် ကုမ္ပဏီ စတည်ထောင်နိုင်မည်ဖြစ်သည်။
ထို့နောက် ကုမ္ပဏီသည် အောင်မြင်လာပြီး သူမ၏သားသည် ဒုတိယမျိုးဆက်အနေဖြင့် ချမ်းသာမည်ဖြစ်သည်။
“အရမ်းကောင်းတာပဲ..”
ထိုအချိန်တွင် ရှအန်းသည် သူမ၏ ပထမရည်ရွယ်ချက်ကို မေ့သွားသည်။