Chapter 117
ရှအန်း ပထမဆုံး ဒီကိုရောက်လာတုန်းက ဉာဏ်ကောင်း၍ lQမြင့်သော သူမ၏ သားကို အားကိုးချင်ခဲ့သည်။
သို့သော် ယခုတွင်..
"မာမား..ပိုက်ဆံပြတ်နေလို့လားဟင်..."
ကောင်ကလေးက သူ့အမေ၏ အသွင်အပြင်ကို ကြည့်လိုက်သည်။ သူမသည် သူ့အတွက်တော့ ပိုက်ဆံ ရယူပေးနိုင်သူ ဖြစ်ပြီး ရုတ်တရက် သူ၏ မျက်လုံးများသည် လခြမ်းတစ်စုံအဖြစ် ပြောင်းလဲသွားသည်။
သူသည် သူ၏ နတ်သမီးမေမေက ခုလို လောဘကြီးမှုကို မမြင်ဖူးခဲ့ပေ။
သူ၏ နတ်သမီးမေမေသည် အလွန်ချစ်စရာကောင်းပြီး ပိုက်ဆံကို ချစ်သော ကြောင်လေးတစ်ကောင်နှင့်တူသည်။
" ပိုက်ဆံမပြတ်ပါဘူး..ပိုက်ဆံနဲ့ စွမ်းရည်မရှိရင် ဘာမှလုပ်လို့မရဘူး..."
ရှအန်းသည် သက်ပြင်းချလိုက်သည်။ အချိန်က သူမကို ခမ်းနားသော အတွေ့အကြုံကို ပေးပြီး ယခုအချိန်နှင့် ကမ္ဘာပျက်သော နေ့များ၏ ကွာခြားချက်သည် အလွန်ကြီးမားသည်။
ကမ္ဘာပျက်သောနေ့များတွင် သင့်မှာ လုံလောက်တဲ့ ခံနိုင်ရည်အားရှိလျှင် တစ်ခုခုကို လုပ်နိုင်မည်ဖြစ်သည်။
ပြီးတော့ ဒီကမ္ဘာကြီး..ပိုက်ဆံက ပထမဦးစားပေးဖြစ်သော ကမ္ဘာဖြစ်သည်။
သို့သော်လည်း သူမ၏ ချစ်လှစွာသော သားနှင့် သူမ၏ ခံစားချက်များက နှလုံးသားထဲတွင် ရှိနေသည်ကို ရှအန်း မသိပေ။
သူ၏ ချစ်ခင်တွယ်တာမှုသည် ထိုခံစားချက်များကို လျော့နည်းစေသည်။
အန်ကယ်ဖု ၊ အဒေါ် ရှ နှင့် အဒေါ် အန်းချီ တို့သာ မလုပ်ခဲ့လျှင် သူ့အမေသည် ခုလို နာကျင်ခံစားရမည် မဟုတ်ပေ။
“သားကြီးလာရင် ချမ်းသာပြီး စွမ်းအားကြီးတဲ့သူ ဖြစ်စေရမယ်..မာမားကို ဘယ်သူမှ မထိစေရဘူး...."
ကောင်ကလေးက ရှအန်း၏ လက်ကို ကိုင်၍ ခံပြင်းသော အမူအရာဖြင့် ပြောလိုက်သည်။ သူ၏ မဲနက်သော မျက်လုံးနှစ်စုံတွင်လည်း ခေါင်းမာမှုဖြင့် ပြည့်နေသည်။
ရှအန်းသည် ခေါင်းငြိမ့်လိုက်ပြီး လက်ကိုမြှောက်၍ ကောင်ကလေး ခေါင်းကို ကိုင်လိုက်သည်။
"ကောင်းပြီ…ရှောင်ရှင်းက အနာဂတ်မှာ ချမ်းသာပြီး စွမ်းအားကြီးတဲ့သူ ဖြစ်လာမယ်ဆိုတာ ယုံတယ်...."
"ဟုတ်ပီ..အမေရိကန်ကို သွားမှာမို့လို့ မနက်စာစားပြီး ခရီးဆောင်အိတ် ပြင်ပြီး အဆင်သင့်လုပ်ကြစို့…ဒီနေ့က မာမားတို့ရဲ့ နောက်ဆုံးနေ့ပဲ..."
“ဟုတ်..."
ရှအန်းနှင့် သူမ၏သားတို့ မနက်စာစားပြီးနောက် ကောင်ကလေးက သူ၏ အိတ်ကို ဖြည့်နေသည်။
သူမ၏ ခရီးဆောင်အိတ်ကို ကြိုပြင်ဆင်ထားသော ရှအန်းသည် လပ်တော့ကိုဖွင့်ကြည့်လိုက်သည်။
ရှအန်းသည် screen ပေါ်က သူမအကြောင်းတွေနှင့် ပြည့်နေသည်ကို ကြည့်၍ ပြုံးလိုက်ပြီး နောက်ထပ် ဝေ့ပေါ် ကို ဖွင့်လိုက်သည်။
သူမသည် ရှကျင်း၏ မိသားစုကို အနိုင်ယူရန် ဝေ့ပေါ် ပေါ်တွင် စာရေး၍ အမှန်တရား အားလုံးကို ချပြချင်သည်။
သို့သော်လည်း အဆုံးတွင် ပြန်လည်ရုပ်သိမ်း၍
လိုရှင်းကိုသာ ရေးလိုက်သည်။
[ရှအန်း V: သန့်ရှင်းတဲ့ သူတွေက ကိုယ်တိုင် သန့်ရှင်းကြလို့ ပဲ...]
ရှအန်းသည် ခုလို စာကြောင်းတို တစ်ကြောင်းသာ ရေးလိုက်သည်။
သူမသည် ရှက်ကြောက်၍ အရှုံးပေးလိုက်ခြင်း မဟုတ်ဘဲ ပို၍ စိတ်ဝင်စားဖို့ ကောင်းအောင် ကစားရန် ဖြစ်သည်။
သူမ၏ အစီအစဉ်များကို ဖြေးဖြေးချင်း လုပ်ဆောင်၍ နောက်ဆုံးတွင် ရှကျင်း၏ မိသားစုကို သူမမျက်စိရှေ့တွင် ပျောက်ကွယ်သွားရန် လုပ်ဆောင်မည် ဖြစ်သည်။ သူမသည် သူတို့အားလုံး အထူးသဖြင့် ရှကျင်းကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။
"ရှကျင်း ..နင့်ရဲ့ နောက်ဆုံး ကျန်ရှိနေတဲ့ ပျော်စရာနေ့ရက်တွေမှာ ပျော်ရွှင်ပါစေနော်...”
ပိုစ့်တင်ပြီးနောက်တွင် ရှအန်းသည် အင်တာနက်ပေါ်ရှိ အမြင်များနှင့် တုန့်ပြန်ချက်များကို ဂရုမစိုက်ဘဲ လပ်တော့ပိတ်လိုက်သည်။
သူမသည် ကံကြမ္မာအသစ် တွေ့ကြုံရန်နှင့်အမေရိကန်ကို ခရီးထွက်ရန် အဆင့်သင့်ဖြစ်နေသည်။
သူမ အမေရိကန်တွင် ရိုက်ကူးမည့် ရသစုံရှိုး အကြောင်းတွေးတိုင်း ပျော်ရွှင်နေသည်။
သူမ ရှကျင်း၏ အရေးမပါသော ကိစ္စကို ဂရုမစိုက်ပေ။
သူမ အမေရိကန်တွင် နေရသည်မှာလည်း ရှကျင်းကြောင့် ဖြစ်သည်။ ရှကျင်းကြောင့်သာ မဟုတ်လျှင် သူမသည် အကောင်းစား ဟိုတယ်တွင်နေပြီး အစားအသောက်ကောင်းများကိုစားရရန် အခွင့်အရေးရှိမည်မဟုတ်ပေ။ သူမ၏ သားကိုလဲ အကောင်းဆုံးကျောင်းတွင် ထားနိုင်မည်မဟုတ်ပေ။
သူတို့က သူမကို ခေါင်းဆောင်မင်းသားကို မြှင့်တင်ပေးစေချင်ကြသည်။
ဒါဆ်ိုလဲ မြှင့်တင်ပေးရမာပေါ့..အရူးတစ်ယောက်ကဘဲ ဒီလောက်ကောင်းတဲ့ အလုပ်ကို ငြင်းလိမ့်မယ်..
ရှအန်းသည် အလွန်ပျော်ရွှင်နေပြီး အမေရိကန်သွားဖို့ အဆင်သင့်ဖြစ်နေချိန်တွင် ဝေ့ပေါ် ပေါ်က သူမတင်ခဲ့သော ပိုစ့်သည် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို မသိပေ။
ဇာတ်လိုက်မ၏ မိသားစု မပျော်မရွှင် ဖြစ်နေကြသည်ကိုလည်း သူမသိပေ။ အဘယ်ကြောင့်ဆိုသော ရှက်စရာကောင်းသော ဖြစ်ရပ်သည် ကုမ္ပဏီအတွက် ကြီးမားသော ဆုံးရှုံးမှု ဖြစ်သောကြောင့် ဖြစ်သည်။
ထို့ပြင် ရှကျင်းသည် ပို၍ ဆိုးဝါးသော အခြေအနေတွင် ရှိနေသည်။ သူမသည် သူမ၏ သမီး ဖုအန်းချီကို “Mon is back “ တွင် ပါဝင်ခိုင်းသည်။ သို့သော် ကျေးလက်ဘဝကို အတွေ့အကြုံမယူချင်ဘဲ အလုပ်ကို ပေါ့တန်စွာ လုပ်ခဲ့သည်။ သူမ ငွေပမာဏ အများကြီးကို သုံးခဲ့သည်။ သို့သော်..