အပိုင်း ၁၁၈
Viewers 29k

Chapter 118


"ဘာ..အားလုံး ပြီးသွားပြီလား...."

ရှကျင်း ဖုန်းထဲမှ ကြားရသောစကားများကို မယုံနိုင်ဖြစ်နေသည်။


သူမသည် သူမ၏ သမီး သက်တောင့်သက်သာနှင့် ကျေးလက်ဒေသတွင် လှပစွာ နေနိုင်ရန် ဂရုတစိုက် စီစဉ်ခဲ့သော အရာများသည် ဆုံးရှုံးသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။


"စိတ်မကောင်းပါဘူး..မဒမ်..ကားမတော်တဆမှု ဖြစ်ခဲ့ပြီး ကားနဲ့ ကားထဲကအရာတွေအားလုံး ရေထဲပြုတ်ကျသွားတယ်..ကံကောင်းစွာနဲ့ သေဆုံးမှု မရှိပါဘူး..” 

ရှကျင့်သည် ဒေါသဖြင့် ဖုန်းကို လွှတ်ပစ်လိုက်ချင်သည်။


“ ငါ့ကားထက် နင်တို့တွေက ပိုအရေးပါတယ်လို့ ထင်နေတာလား…ပိန်းလိုက်တာ..."


ရှကျင်း သူမကိုယ်သူမ ဒေါသထွက်နေသည်။ သူမ၏ ပစ္စည်းများကို ထုတ်ရန် ပျင်းနေ၍ ခရီးဆောင်အိတ် အားလုံးကို ကားထဲတွင်ထားလိုက်သည်။


သူမ၏ ခရီးဆောင်အိတ် ဆုံးရှုံးသွားခဲ့သည်။


ရိုက်ကူးရေးတွင် လက်ဗလာဖြင့် ပါဝင်ရမည်နှင့် တူနေသည်။ ငှက်တွေရှိသော ကျေးလက်ဒေသတွင် နေထိုင်ရန် အလွန်ခက်ခဲသည်။ 


"မေမေ..ဘာဖြစ်တာလဲဟင်..” 

ဖုအန်းချီက မေးလိုက်သည်။


ရှကျင်းသည် သူမ သမီးလေး၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ကြည့်၍ လက်ကလေးကို ကိုင်လိုက်သည်။ 


“လာသွားကြမယ်..မရိုက်တော့ဘူး....အိမ်ပြန်ကြရအောင်နော်..."


ထိုသို့ပြောပြီးနောက် ရှကျင်းသည် သူမ၏ လက်ထောက်ကို ရှိုးရိုက်ကူးရန် မသွားတော့ဘဲ အိမ်ပြန်တော့မည်ဟု အချက်ပြလိုက်သည်။


သူမ၏ လုပ်ရပ်သည် “Mon is back “ အဖွဲ့သား အားလုံးကို ဒေါသထွက်စေခဲ့သည်။


ပရိုဂရမ်၏ ဒါရိုက်တာသည် ရှကျင်းက ရိုက်ကူးရေးမလုပ်တော့ဘဲ ပြန်သွားသည်ဟု သိသောအခါ သူမသည် အံ့ဩသွားသည်။


ရိုက်ကူးရေးသည် ယခုထိ မစရသေးပေ။


အမျိုးသမီးကလဲ ခုလိုမျိုး ဒုက္ခ မကြုံဖူးပေ။ 


“မစ္စ ဖု ..မစ္စဖု..ရှင်က ကျွန်မတို့ရဲ့ ပရိုဂရမ် အဖွဲ့သားတွေကို အားမရလို့လား..ပြဿနာတစ်ခုခု ရှိရင် ကျွန်မတို့ကို ပြောနိုင်ပါတယ် ကျွန်မတို့အဆင်ပြေအောင် လုပ်ပေးပါမယ်..."

 “Mon is back” ပရိုဂရမ်၏ လက်ထောက်ဒါရိုက်တာဖြစ်သော ရှုရှီက ရှကျင့်ကို အပြုံးဖြင့်ပြောလိုက်သည်။


သူမ၏ ချိုသာသော အပြောသည် အသုံးမဝင်ရုံသာမက ရှကျင်းကို စိတ်အ​နှောင့်အယှက် ဖြစ်စသည်။


“ဘယ်နေရာ စိတ်တိုင်းမကျတာလဲ ဟုတ်လား..ကျွန်မက ဘယ်နေရာမှ စိတ်တိုင်းမကျဘူး..."

ရှကျင်း အထင်သေးစွာ ပြောလိုက်သည်။ ရှုရှီက ခံပြင်းစွာ ပြုံး၍ စိတ်ကို တည်ငြိမ်အောင်ထားလိုက်သည်။


"မစ္စဖု..ဘာက ရှင့်ကို စိတ်တိုင်းမကျစေတာလဲဆိုတာ ပြောမှ ကျွန်မတို့က အဆင်ပြေအောင် စီစဉ်ပေးလို့ရမာပါ” 


ရှကျင့်သည် သူမ၏ စကားများကို လှောင်ရယ်လိုက်သည်။


“ကျွန်မဝယ်ထားတဲ့ Hastens Vividus မွေ့ယာပေါ်မှာ အိပ်ချင်တယ်..ရှင့်မှာ အဲ့လိုမျိုး တစ်ခုလောက်ရှိလား.."


“Hastens Vividus မွေ့ယာ..ကိစ္စမရှိပါဘူး..ကျွန်မတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကို သင့်အတွက် အဲ့ဒါဝယ်ပေးဖို့ ပြောလိုက်မယ်..လေကြောင်းနဲ့ ပို့ဖို့လိုမယ်ဆိုရင်..”


ရှုရှီသည် ထိုကြောက်မက်ဖွယ်ရာကောင်းသော မွေ့ယာက ဘာလဲဆိုတာ မသိသော်လည်း အနည်းဆုံးတော့ ရှကျင့်ကို ဆက်နေဖို့ ဖြောင်းဖျလို့ရသည်။ သူမကိုယ်သူမ အားပေးလိုက်သည်။


သူမက ထို Hastens Vividus မွေ့ယာသည် မွေ့ယာအားလုံးထဲတွင် အကောင်းဆုံးဖြစ်သည်ဆိုတာကို မသိပေ။


သူမဆက်မပြောခင် ရှကျင်းက ဖြတ်၍ပြောလိုက်သည်။ 


" ရှင်ဝယ်မလို့လား..အဲ့ဒီ့ မွေ့ယာက ပစ္စည်း အကန့်အသတ် ရှိတယ်နော်..အဲ့တာကို ထိပ်တန်း လက်မှုပညာသည် ဆယ်ယောက်က နာရီ ၂၅၀ ကြာအောင်လုပ်ထားတာ..အရမ်းကို သန့်စင်တဲ့ လက်မှုပညာဘဲ..စျေးက ယွမ် ၁၀မီလီယံ ပေးရတယ်..ရှင်ကအဲ့တာကို ဝယ်နိုင်မယ်လို့ထင်လား..ရှိုးခေါင်းဆောင်က တတ်နိုင်ပါ့မလားနော်...”


“…”


ရှုရီနှင့် သူမဘေးပတ်လည်က ဝန်ထမ်းများသည် ကြောင်တောင်တောင် ဖြစ်သွားကြသည်။


ထိုအချိန်တွင် လူတိုင်း၏ စိတ်ထဲတွင် ရှိနေသော အတွေးများက..


“ ၁၀ မီလီယံတောင်ပေးရတယ်ဆိုတော့ အရမ်းကောင်းတဲ့ မွေ့ယာဘဲ ဖြစ်ရမယ်..သေချာတယ်..ချမ်းသာတဲ့ လူတွေရဲ့ဘဝက မတွေးတတ်စရာဘဲ..ဒါမဲ့ ဘယ်သူက ဒီလို မွေ့ယာမျိုးကို ဝယ်မှာလဲ..."


ထိုအရာက သူတို့ကို အရှက်ရစေခဲ့သည်။


ရှကျင်းသည် သူတို့ကို ခက်ခဲအောင် မပြုလုပ်ပေ။ သို့သော် သူမသည် ထိုကဲ့သို့ စျေးကြီးသော မွေ့ယာကို ဝယ်ခဲ့သည်မှာ အမှန်ဖြစ်သည်။


၁၀ မီလီယံ မွေ့ယာဘဲ မဟုတ်ဘဲ နေ့စဉ် အသုံးအဆောင်ပစ္စည်းများသည်လည်း မီလီယံနှင့်ချီ တန်သည်။


ထို့ကြောင့် ဒီတစ်ခေါက်တွင် ရှကျင်းသည် ကြီးမားသော ဆုံးရှုံးမှုကို ရလိုက်သည်။



“ ဘယ်လိုလုပ်မလဲ..အစ်မ ရှု ..မစ္စဖုက ထွက်ဖို့ဘဲ အတင်းပြောနေတယ်”


“သူရဲ့ သမီးရယ် လက်ထောက်ရယ်နဲ့ တူတူ သွားတော့မယ်တဲ့..."


“ အမှန်တိုင်းပြောရရင် သူသွားတာ ကောင်းတယ်…သူ့ကိုယ်သူအရမ်းတော်တယ်လို့ ထင်နေတာလေ..သူရဲ့မာနက နာမည်ကြီး ဆယ်လီတွေထက်တောင် ကြီးသေးတယ်..သူ့လောက် မာနကြီးတဲ့သူ မမြင်ဖူးဘူး..."


“ရိုက်ကူးရေးက စတောင်မစရသေးဘူး.. ပြဿနာတွေ အများကြီး ရှိနေပြီ..သူ့လို စရိုက်မကောင်းတဲ့သူကို တွေ့ဖူးတာ ပထမဆုံးဘဲ…အရမ်းချမ်းသာတဲ့ သူတစ်ယောက်ဖြစ်ရတာ အရမ်းမိုက်တာလား..ရှအန်းက သူ့ကြောင့်ဘဲ ဘောင်ခတ်ခံထားရတာလို့ ထင်တယ်..သူတို့ရဲ့ 

ဆက်ဆံရေးထဲမှာ ရှအန်းက တတိယလူကို မဖြစ်သင့်ဘူး..."


“ကောင်းပြီ..ပိုက်ဆံရှိတာ ကောင်းတယ်..ရိုက်ကူးရေး ပရိုဂရမ် အတွင်းမှာ မစ္စဖုက သက်တောင့်သက်သာနဲ့ လှပအောင် နေဖို့ နေ့စဉ်အသုံးအဆောင်တွေကို ဝယ်ခဲ့လားဆိုတာ မင်းမသိနိုင်ဘူး..၁၀မီလီယံ မွေ့ယာကိုတော့ တကယ် ဝယ်ခဲ့တယ်..ပြီးတော့ ဒီရဲ့ နေ့စဉ် အသုံးပစ္စည်းတွေကလဲ ၁၀မီလီယံ ထိရှိတယ်..."


“ဘယ်လို..ရှိုးလေးရိုက်ဖို့အတွက်ကို ၁၀ မီလီယံရှိတဲ့ ပစ္စည်းတွေကို ဝယ်ခဲ့တာလား..."


“သူက သူဌေးမ တစ်ယောက်ဆိုတာကို မမေ့နဲ့ဦးလေ..."


“အသုံးအဖြုန်းကြီးတာဘဲ..ချမ်းသာရတာ ကောင်းလိုက်တာ..."


“အဲ့ဒါကြောင့် သူ ရှိုး ရိုက်ကူးရေးကို ရပ်လိုက်တာလား.."


“ဟားဟား..ဟုတ်တယ်မလား..ချမ်းသာတဲ့သူတွေက ကျေးလက်ဒေသမှာ ဘယ်လိုလို့နေနိုင်မာလဲ” 


“မှန်တယ်ပဲ..နာမည်ကြီး စတားတွေလည်း ကျေးလက်ဒေသမှာ မနေနိုင်ကြဘူး..."


“ဒါပေမယ့် သူမက ကျေးလက်ဒေသမှာ နေဖို့ ခက်ခဲတယ်ဆိုရင် ဘာလို့ ရှိုးမှာ ပါဝင်တာလဲ...”


“အဲ့ဒါက ရှအန်းနဲ့ သက်ဆိုင်လို့ထင်တယ်..ရှအန်းက ငါတို့ပရိုဂရမ်က ဖိတ်ခေါ်ချင်နေတဲ့ ဧည့်သည်သရုပ်ဆောင်ဘဲ..”


“Mon is back” ပရိုဂရမ်ထဲမှ အဖွဲ့ဝင်တစ်ယောက်သည် ထင်မြင်ချက်လိုမျိုး မကောင်းသတင်းတစ်ခုကြောင့်ဖြစ်သည်ဟု ပြောလိုက်သည်။


ဂုဏ်ယူ ဝင့်ကြွားစွာ ထွက်သွားသော ရှကျင်းသည် သူတို့ဘက်သို့ ပြန်လှည့်လာသည်။


ဒီတစ်ခေါက်တွင် သူမသည် ကသိကအောက် ခံစားနေရသည်။ သူမ၏ ခန္ဓာကိုယ်သည် အညစ်အကြေးထဲ ပြုတ်ကျသွားသော ကြက်ကလေးနှင့်တူနေ၍ အညစ်အကြေးများ ပေနေသည်။


“လာကြ..မဒမ်ကို ကူညီရအောင် သန့်ရှင်းတဲ့ အဝတ်တွေယူခဲ့..."


ရှကျင်းက ရှက်စရာကောင်းသော ပုံစံဖြင့် ပြန်လာပြီးနောက် အံ့ဩနေသော ဝန်ထမ်းများ၏ မျက်နှာသည် လှောင်ပြုံးများအဖြစ်သို့ ပြောင်းသွားသည်။


ရှကျင်း၏ ယခု ပုံသည် အလွန်ရယ်စရာကောင်းနေသည်။


စိတ်ထားကောင်းသော သူတစ်ယောက်က ခုလိုအခြေအနေဖြစ်သွားသည်ကို သူတို့ စာနာနိုင်ကြမည်ဖြစ်သည်။ သို့သော် ယခု ရှကျင်း၏ ပုံသည် ခုနတုန်းက ရှကျင်းနှင့် ကွဲပြားနေသည်။ ထို့ကြောင့် အားလုံးသည် မစာနာဘဲ ရယ်နေကြသည်။


“မစ္စဖု..ဘာဖြစ်တာလဲ..."

 ရှုရှီက အံ့ဩစွာဖြင့် မေးလိုက်သည်။ ရှကျင့်သည် ညစ်ပတ်နေသော တောင်းစားသူနှင့် တူနေသည်။


လက်ထောက်ကဖြေလိုက်သောအခါတွင် ရှုရှီသည် ရှကျင်း၏ ကံဆိုးနေမှုကို နားလည်သွားသည်။


ရှကျင်းသည် အဖွဲ့ခေါင်းဆောင်ကို ဒေါသထွက်၍ ရွာမှ ထွန်စက်ဖြင့် ထွက်သွားခဲ့သည်။


လမ်းတစ်ဝက်ရောက်သောအခါ ထွန်စက်က ရုတ်တရက် ပျက်သွားခဲ့သည်။


မိုးရွာနေသည်က သူမအတွက် အရေးမကြိီးပေ။ ထွန်စက်က ဘတ်စကား မှတ်တိုင်ရောက်သောအခါ နောက်ထပ် ဒုက္ခတစ်ခု ဖြစ်ပေါ်ပြန်သည်။


မတော်တဆမှုကြောင့် ဒီတစ်ပတ်လုံး ဘတ်စ်ကားရှိမည်မဟုတ်ဟု သူတို့ကပြောပါသေးသည်။


ရှကျင့်သည် ဒေါကထွက်နေပြီး ဘူတာက သန့်ရှင်းရေး အမျိုးသမီးနဲ့ ပြဿနာတက်၍ ထိုအမျိုးသမီးက သူမကို ဆွဲပုံးထဲက ညစ်ပတ်သောရေနှင့် ပက်လိုက်တာဖြစ်သည်။


သူမကို အိမ်ကို ဖုန်းခေါ်၍ ဖုအန်းချီကို လာခေါ်ခိုင်းစေချင်ခဲ့သည်။


ကံမကောင်းမှုများကြောင့် အိမ်ပြန်ရန် ကားမရှိသော ရှကျင်းသည် ဖုန်အန်းချီကို ရှိုးပွဲသို့ လာကြိုခိုင်းခဲ့သည်။


“ပထမ ငါက အိမ်အစုတ်မာမနေချင်ဘူး အကောင်းဆုံးအိမ်မာဘဲ နေချင်တယ် ဒုတိယ မင်းက ငါတို့အတွက် အစားအသောက်တွေ ပြင်ဆင်ပေးရမယ်..."


အိမ်ပြန်ဖို့ မဖြစ်နိုင်၍ ရှကျင်းက ပရိုဂရမ်အဖွဲ့သားများနှင့် ရှိုးပွဲဆက်ရိုက်ကူးရန် သဘောတူညီမှုများ ရယူလိုက်သည်။


ရှိုးပွဲအဖွဲ့သည် ရှကျင်းပြောသမျှက်ို လက်ခံသဘောတူသောကြောင့် ရှကျင်း အနည်းကယ် စိတ်သက်သာရာရသွားသည်။


သနားစရာကောင်းသော ရှကျင်းသည် သူမ ရှိုးပွဲတွင် နေမည်ဆိုလျှင် ကောင်းသောဘဝကို ရမည်မဟုတ်သည်ကို မသိပေ။ သူမ ဒီနေ့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များထက်တော့ ဆိုးနိုင်မည် မဟုတ်ပေ။


သူမကို ပို၍ ကံဆိုးစေသော ရိုက်ကူးရေးကိုလည်း ရိုက်ရအုန်းမည် ဖြစ်သည်။


ရှကျင်း၏ ကံဆိုရသော နေ့ရက်များ စတင်လာချိန်တွင် ရှအန်း၏ နေ့ရက်များကတော့ ပို၍ကောင်းမွန်လာသည်။


လေယာဉ်ဆင်းပြီးနောက် ရှအန်းနှင့် ကောင်ကလေးသည် တန်ဖိုးကြီးသော ဘတ်စ်ကားဖြင့် လာကြိုခံရပြီး သူတို့ကို ကြယ်ငါးပွင့် ဟိုတယ်ရှေ့တွင် ရပ်ပေးသည်။


“မင်္ဂလာပါ မစ္စရှ ..မစ္စရှရဲ့ သူငယ်ချင်းက ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်မှာရှိတဲ့ ဟိုတယ်ရဲ့ အထူးတိုက်ခန်းဖြစ်တဲ့ တန်ဖိုးကြီးအခန်းကို ဘိုကင် လုပ်ထားပါတယ် ..ကျွန်တော်က မစ္စရဲ့ အိမ်သန့်ရှင်းရေး အကူဖြစ်ပါတယ်..တစ်စုံ တစ်ခု လိုအပ်ရင် ကျွန်တော့်ကို ရှာနိုင်ပါတယ်..."


တန်ဖိုးကြီး တိုက်ခန်းတွင် မနေဖူးသော ရှအန်းသည် ကြားလိုက်သည့်စကားများနှင့်ပင် သက်တောင့်သက်သာ ရှိသည်ဟု ခံစားရသည်။


အထူးအခန်း..အပေါ်ဆုံးထပ်မှာ…ဟိုတယ်မှာ တစ်ခုဘဲ ရှိတဲ့အခန်း…နေစရာကတော့ အရမ်းမိုက်တာပဲ...


သူမသည် အခန်းခ ပေးစရာမလိုဘဲ နေခွင့်ရသည်။


ဟိတ်ဟန်များတဲ့ ရှိုးပွဲကို ရိုက်ရတာ အရမ်းတန်တာပဲရော...


ရှအန်းသည် ကောင်ကလေး၏ လက်ကိုကိုင်၍ အပေါ်ဆုံးထပ်ရှိ တိုက်ခန်းကို သွားသော ဓာတ်လှေကားဆီသွားလိုက်သည်။


ဓာတ်လှေကားက ပွင့်လာပြီး အိမ်ဓာတ်လှေကားအဖြစ်ပြောင်းသွားသည်။


ဓာတ်လှေကား တံခါးပွင့်လာသောအခါ ရှအန်းသည် တန်ဖိုးကြီးသော အခန်းတံခါးကို တွေ့ရသည်။


တံခါးသည် ဝရံတာဘက် သွားသည့် တံခါးနှင့် မတူပေ။


“မစ္စရှ ဒီအထပ်က မစ္စပိုင်တယ်ဆိုတာ ကိုပြောဖို့မေ့နေခဲ့တယ်..."


မစ္စတာ စတီးဝဒ်သည် စကားပြောပြီးသောအခါ ရှအန်းအတွက် တံခါးဖွင့်ပေးလိုက်သည်။


တံခါးပွင့်သည်နှင့် ရှအန်းသည် တိုက်ခန်းကို မြင်၍ အံ့ဩသွားသည်။


Spa ,gym ,ရေကူးကန် မျာရသည် တိုက်ခန်းထဲတွင် ပါပြီးသားဖြစ်သည်။


ရှအန်းသည် မစ္စတာ စတီးဝဒ် တစ်ခန်းချင်း လိုက်ပြသောအခါ အံ့ဩနေသည်။


ထိုအချိန်တွင် သူမတွင် အတွေးတစ်ခုသာရှိသည်။ အဲ့ဒါကတော့..


“နေပါဦး...ဒါတွေကစျေးကြီးပေးရမှာတွေ..ဒီမှာ တစ်ညတည်းဖို့ ဘယ်လောက်လောက်ကျလဲ..”


“မစ္စရှ ..မေးချင်ရင် မစ္စတာ ဟန်ကို မေးလို့ရပါတယ်..."


မစ္စတာ စတီးဝဒ်က မဖြေသော်လည်း ထိူတိုက်ခန်းက အလွန်စျေးကြီးသည်ကို ရှအန်းသိသည်။


တောက်ပသော အခန်းများကို ပြပြီးနောက် မစ္စတာ စတီးဝဒ်သည် ရှအန်းနှင့် ရှရှင်းချန် နေရမည့် အခန်းကို ခေါ်သွားသည်။


မစ္စတာ စတီးဝဒ် တံခါးဖွင့်လိုက်သောအခါ


“ မမနတ်သမီး...”