Chapter 119
“မမနတ်သမီး ..”
တံခါးဖွင့်လိုက်သောအခါ ကောင်ကလေးတစ်ယောက်သည် အခန်းပြင်သို့ ထွက်လာသည်။
ထို့နောက်..
“ကုရှုမော့ ..မင်းကို ငါ့အမေကို ကိုင်ခွင့်မပေးဘူး..လွှတ်..”
ရှအန်းသည် သူမ၏ ပေါင်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ကောင်ကလေးကို ကြည့်လိုက်သည်။ သူ ငိုနေသည့်ပုံ ပေါက်နေသည်။
သူမသည် ကုရှုမော့က သူမဟိုတယ်ကို ရောက်လာဖို့ စောင့်နေမည်ဟု မထင်ခဲ့ပေ။
သူမ ဒီမှာ အခြေကျမှ သူ့ကို ပြောင်းရွေ့ကြလိမ့်မည်ဟု ထင်ခဲ့သည်။ ကုရူမော့ကို မနေ့တုန်းက အသက်ကြီးသော သူတစ်ယောက်က လာပို့ခဲ့သည်ဟု သူမထင်သည်။
“ငါ့ အမေကိုလွှတ်..သူမက ငါဘဲကိုင်ခွင့်ရှိတယ်...."
“မလွှတ်ဘူး..အဖိုးကပြောတယ် ငါကအနာဂတ်မှာ မမနတ်သမီးနဲ့ နေရမယ်တဲ့..သူမက ငါ့ကို စောင့်ရှောက်မှာတဲ့”
ရှအန်းသည် ခေါင်းငြိမ့်လိုက်သည်။ သူမသည် ဒီနေ့ကစပြီး ထိုကလေးနှစ်ယောက်၏ နုံအသော အမူအရာများကို ဖြေရှင်းရတော့မည်ဖြစ်သည်။
သူမသည် လက်ဖြန့်လိုကိပြီး သူတို့နှစ်ယောက်လုံးကို တစ်ဖက်စီတွင်ထား၍ ဖက်လိုက်သည်။
“ကောင်းပြီ ကလေးတို့..အနာဂတ်မှာ တိုတွေအားလုံး အတူနေကြပြီး အဆင်ပြေအောင်နေကြရမယ်..ဟုတ်ပြီလား”
ငြင်းခုန်နေသော ကလေးနှစ်ယောက်သည် တိတ်ဆိတ်သွားကြသည်။
“ဟုတ်ကဲ့ မေမေ”
“ဟုတ်ကဲ့ မမနတ်သမီး...”
ကလေးနှစ်ယောက်သည် စိတ်မကောင်းသည့်ပုံဖြင့် ပြန်ဖြေလိုက်သည်။
ရှအန်းက သူမ၏ နှလုံးသားထဲတွင် တိုးတိုးလေး ပြောနေသည်။
“ဇာတ်လိုက်နဲ့ ဗီလိန်က တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ဖို့ မွေးလာကြတာထင်တယ်.."
ဇာတ်လိုက်မ မရှိလျှင် ထိုကလေးနှစ်ယောက်သည် အဆင်ပြေကြမည် မဟုတ်ပေ။
ရှအန်းက သူမ၏ ခရီးဆောင်အိတ်ကို ဖွင့်လိုက်ပြီးနောက် ကုရှုမော့က သူမ၏ အဝတ်အစားများကို ဆွဲထုတ်နေသည်ကို တွေ့ရသည်။
“မမနတ်သမီး သားအဖိုးကပြောတယ် ညစာစားဖို့ လာကြိုမယ်တဲ့..."
ကုရှုမော့ သည် ရှအန်းကို အမြန်တွေ့ချင်၍ ဟိုတယ်သို့ စောရောက်နေခြင်းဖြစ်သည်။ သူက ရှအန်းကို သူ့အဖိုးကု ဘက်က ဖိတ်ထားသည့် နေရာကို ပြောပြလိုက်သည်။ နာမည်ကြီးသော Michelin စားသောက်ဆိုင်ဖြစ်ပြီး ရှအန်းက ချက်ချင်းသဘောတူလိုက်သည်။ သူမ အနားယူမည့် အစီစဉ်များကိုပင် ဖယ်ထုတ်လိုက်သည်။
သူမသည် ကလေးနှစ်ယောက်နှင့် ညစာစားပွဲသို့အလျင်စလို သွားနေသည်။
“အို.. ဒီ အာရှသူက နတ်သမီးလေးလို ကြည့်ကောင်းတယ်..."
“သူမက အာရှကဆယ်လီ တစ်ယောက်လား”
“လှလိုက်တဲ့ အာရှသူလေး...”
…
သူမက နိုင်ငံခြားရောက်နေ၍ တရုတ်ပြည်မှာတုန်းကလို ရုပ်ဖျက်စရာမလိုပေ။
သူမ စိတ်ကောင်းဝင်နေ၍ maskတောင် မတပ်ပေ။ သူမသွားသည့် လမ်းတစ်လျှောက်လုံးက လူများ၏ အာရုံက သူမဘက်ကို ရောက်နေကြသည်ကိုပင် မသိပေ။
ညစာစားပွဲတွင် ထိုင်သောအခါ သူမကို အားလုံးက ဝိုင်းကြည့်နေကြသည်။
ရှအန်းက ကလေးနှစ်ယောက်ကို ခေါ်၍ မစ္စတာကု နှင့်မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
စားပွဲထိုးက လှပသော အစားအစာကို သူမရှေ့တွင် ချပေးလိုက်သည်။
“မစ္စ ဒါကတော့ ဟိုဘက်ဝိုင်းက မင်းကို ပို့ခိုင်းတဲ့ အစားအသောက်ဖြစ်ပါတယ်.."
ရှအန်းသည် သူမရှေ့က အစားအစာကို ကြည့်၍ ကြောင်သွားသည်။
သူမ ခုလိုမျိုး ကြုံတွေ့ရတာ ပထမဆုံးဖြစ်သည်။ သူမ မထွက်လာခင် အမြဲ ရုပ်ဖျက်နေကျ ဖြစ်သည်။ ယခု ပထမဆုံး ကမ္ဘာပေါ်တွင် ရှအန်းက သူမကိုယ်သူမ လှသည်ဟု ခံစာရလာရပြီး သူမ၏ မျက်နှာက်ို စားဖို့ရာအတွက် ကဒ်အနေဖြင့် အသုံးပြုလို့ရသည်။
“အို..မစ္စရှ အရမ်းလှတာဘဲ..."
မစ္စတာ ကုလော့က ရှအန်းကို အပြုံးဖြင့်ကြည့်လိုက်သည်။
ရှအန်းက အရသာရှိသော အစားအသောက်များကို တည်ငြိမ်စွာဖြင့် စားရန်ပြင်သည်။
ကံမကောင်းစွာ သူမစားရန် ဇွန်းကိုင်သောလိုက်ချိန်တွင် ကလေးနှစ်ယောက်က ရပ်ခိုင်းလိုက်သည်။
“ စားပွဲထိုး..ဒါကို ဖယ်ပေးပါ..ကျွန်တော့်အမေက သူစိမ်းဆီက အစားအသောက်တွေမစားဘူး..."
“ဟုတ်တယ်..မမနတ်သမီး စားချင်တဲ့ဟာကို သား ရှင်းပေးပါ့မယ်..ဒါကို ဖယ်ပေးပါ”
ရှအန်းက သူတို့ကို မြင်သောအခါ သူမကြောင်သွားသည်။ သူတို့၏ အပြုအမူများကြောင့်မဟုတ်ဘဲ သူတို့နှစ်ယောက်လုံးက အင်္ဂလိပ်လို ပြောနေကြသောကြောင့် ဖြစ်သည်။
ထိုအရာက တက္ကသိုလ်တွင် အင်္ဂလိပ်အထူးပြု ယူခဲ့သော သူမကို ရှက်စေသည်။ သူမက ဟောလိဝုဒ် ဇာတ်ကားတွင် သရုပ်ဆောင်ရမည် ဖြစ်သောကြောင့် အင်္ဂလိပ်စာကို ယူခဲ့သည်။
သို့သော် ယခုတွင် သူမသည် ကလေးနှစ်ယောက်ကဲ့သို့ အင်္ဂလိပ်လို မပြောနိုင်ပေ။
“မမနတ်သမီး ဘာစားချင်လဲ…ရှောင်မော့ ဝယ်ပေးမယ်..သားကချမ်းသာတယ်လို့ အဖိုးကပြောတယ်..."
ကုရှုမော့က ရှအန်းကို ပိုင်ရှင်ကို စိတ်ကျေနပ်မှုရအောင် ကြိုးစားနေသော ခွေးလေးတစ်ကောင်လို တောက်ပသော မျက်လုံးများနှင့် ကြည့်နေသည်။
ကုရှုမော့က ယခုလိုပြောသော အခါ ရှအန်း၏ ဘယ်ဘက်တွင်ထိုင်နေသော ကောင်ကလေးက ဒေါသထွက်သွားသည်။
“ငါ့မှာလဲ ပိုက်ဆံ ရှိတယိ..ငါ့အမေအတွက် အစားအစာတွေ အများကြီး ဝယ်ပေးလို့ရတယ်..."
ချစ်စရာကောင်းသော ကလေးနှစ်ယောက်သည် ငြင်းခုံနေကြသည်ကိုကြည့်ပြီး ရှအန်းနှင့် မစ္စတာကုက တစ်ယောက်ကို တစ်ယောက်ကြည့်မိပြီး ရယ်မောနေကြသည်။
“ကြည့်ရတာ ကျွန်တော့်မြေးက မစ္စ ရှကို သဘောကျနေတယ်နဲ့တူတယ်…သူအမွေဆက်ခံရင် ကုမ္ပဏီနာမည်ကို ရှ နာမည်ပြောင်းလိမ့်မယ် ထင်တယ်..."
မစ္စတာ ကုက သူမကို စနောက်လိုက်သည်။
ရှအန်းကို လက်များကို ဝှေ့ယမ်းလိုက်သည်။ “မစ္စတာကု အဲ့လိုတော့မလုပ်ပါနဲ့..”
“ဟားဟား..ငါ့မြေးက မင်းကို သဘောကျနေတာ မြင်ပြီးတော့ မင်းလက်ထဲကို ထည့်ဖို့ စိတ်ချသွားပြီ..."
ထိုသို့ပြောပြီး မစ္စကု၏ မျက်နှာပေါ်က အပြုံးသည် ပျောက်ကွယ်သွားသည်။
“မစ္စတာ ကုလော့...”
“အဲ့တာကို မေ့ထား လိုက်ပါ..ပထမဆုံး ညစာစားရအောင်..ပြီးမှ အဲ့ကိစ္စကို တစ်နေရာရာမှာ ပြောကြတာပေါ့.."
“ကောင်းပါပြီ.."
မစ္စတာ ကုက အချက်ပြလိုက်သောအခါ ဝတ်စုံဝတ်ထားသော စားပွဲထိုးများက လှပသော အစားအစာ အဆက်လိုက်ကို ကျွေးမွေးဖို့ စတင်လေသည်။
ရှအန်းက တစ်ခုပြီးတစ်ခု မြည်းကြည့်နေသည်။ အနောက်တိုင်းအစားအစာများသည် အလွန်အရသာရှိပြီး ပမာဏနည်းသည်။
သို့သော် ပမာဏနည်းနည်းလေးက အလွန်အကျိုးရှိသည်။ သူမကို အများကြီးစားခြင်းမှ ကာကွယ်ပေးသည်။
အရသာရှိသော အနောက်တိုင်းအစားအစာများကို သုံးဆောင်ပြီးနောက် ပမာဏ နည်းသောကြောင့် ရှအန်းသည် ဗိုက်မပြည့်သလို ခံစားရသည်။ ထို့နောက် သူမသည် အဖိုးကူ နောက်လိုက်သွားပြီး သူတို့သည် စကားပြောရန် စားသောက်ဆိုင်မှ ထွက်ပြီး သီးသန့်နေရာဆီသို့သွားကြသည်။
“ရှောင်မို..ရှောင်ရှင်းနဲ့ အပြင်ထွက်နေနော်..သားရဲ့ အစ်မ ရှကို ဘိုးဘိုးပြောစရာလေးရှိလို့..."
မစ္စကူ သည် ကလေးနှစ်ယောက်ကို အပြင်မှာ နေခိုင်ရလိုက်သည်။ သူနှင့် ရှအန်းသည် အထူးအခန်းတွင် ထိုင်ကြသည်။
ကောင်ကလေးနှစ်ယောက်သည် မပျော်ရွှင်သော်လည်း ပြောစကားနားထောင်သည်။
ကောင်ကလေး နှစ်ယောက် အပြင်ထွက်သွားသောအခါ အဖိုးကုသည် စိတ်သက်သာရာ မရတော့ပေ။ သူ၏ မျက်နှာသည် စိတ်မကောင်းစရာ နှင့် ပြည့်နေသည်။
“မစ္စရှ..ကျွန်တော်အခု တောင်းဆိုမယ့်ဟာက နည်းနည်း မသင့်တော်ဘူးလို့တော့ မင်းထင်လိမ့်မယ်..ဒါမယ့် မပြောလို့မရဘူး..."
“ရှင့်ရဲ့ မြေးကို စောင့်ရှောက်ပေးဖို့ မဟုတ်လား..အဲ့ဒါက ကိစ္စမရှိပါဘူး…ရှင်က အများကြီးပေးပြီးပါပြီ... ကျွန်မဒါတော့လုပ်နိုင်ပါတယ်..အများကြီးမတွေးပါနဲ့..."
ရှအန်းက စိတ်ရင်းဖြင့် ပြောလိုက်သည်။
မစ္စတာ ကုသည် ရှအန်း၏ တည့်တိုးစကားများကို ကြားသောအခါ သူသည် ဒီအမျိုးသမီးကို ရိုးသည်ဟုပြောရမလား သွေးအေးသည်ဟုပြောရမလား မသိတော့ပေ။
သို့သော် ထိုအဖြေသည် မစ္စကုကို စိတ်သက်သာရာရစေသည်။
“ဟုတ်ပြီ..ကျွန်တော့်မြေးကို မင်းဆီမှာထားဖို့ ပိုစိတ်ချသွားပြီ..ကျွန်တော့်မြေးကို စောင့်ရှောက်ပေးတဲ့အတွက် မင်းကို လက်ဆောင်အများကြီးပေးပါ့မယ်..မင်း လိုအပ်တာတွေရှိရင်လည်း ပြောနိုင်တယ်..ကျွန်တော်လုပ်ပေးနိုင်တာရှိရင် ကူညီပေးပါ့မယ်.."
မစ္စကုက စီးပွါးရေးသမားတစ်ယောက်ဖြစ်ပြီး ဟန်ဆောင်မှုများကို မကြိုက်ပေ။
စိတ်ဝင်စားစရာကောင်းတဲ့ ရိုးရှင်းသော ဆက်ဆံရေးကိုသာ သဘောကျသည်။
ထို့ကြောင့် ပို၍စိတ်ချရပြီး သူ သစ္စာဖောက်မည်ကို မစိုးရိမ်ရပေ။
“ရှင် အဲ့တာတွေ အတွက် ပိုက်ဆံပေးခဲ့တာမလား..."
ရှအန်းသည် မျက်ခုံးပင့်၍ အပြုံးဖြင့် မေးလိုက်သည်။
“မဟုတ်ပါဘူး..ဒါတွေက ဟန်ယွဲ့ပေးတာပါ..မင်းက ကျွန်တော့်ရဲ့ မြေးကို ဘယ်လောက်ကြာကြာ စောင့်ရှောက်မလဲ မသိသေးလို့ ဝန်ဆောင်ခတွေ မပေးရသေးဘူး..ပထမဆုံး မင်းကို အကျိုးအမြတ် ပေးစရာလိုသေးတယ်..."
မစ္စကုက လက်ဖက်ရည်ခွက်ကို ကိုင်၍ သောက်လိုက်သည်။ ဒီအချိန်တွင် သူသည် အဖိုးတစ်ယောက်နှင့် မတူတော့ပေ။ အမျှော်အမြင်ရှိသော စီးပွါးရေးသမား တစ်ယောက်နှင့် တူနေသည်။
“မင်းကို ကုမိသားစုအကြောင်း အများကြီးမပြောရသေးဘူး..ဒါမဲ့ ကျွန်တော့်မြေးက မင်းကို တော်တော် သဘောကျနေတယ်..သူ့ကို အနာဂတ်မှာ စောင့်ရှောက်ပေးပါ..."
ပြန်ပေးဆွဲခြင်းက အဖိုးကုကို ခြောက်လန့်စေသည်။
ကျားတစ်ကောင်တောင် သူ၏ သားများကို မစားပေ။ အဖိုးကု၏ သားက သူ့မြေးကို ခုလို မစောင့်ရှောက်ပဲ နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် မြေးအတွက် ချစ်ခင်စိတ် နည်းနည်းလေးမျှမရှိပေ။
သူ၏သား မသေခဲ့လျှင် သူ့မြေး၏ လုံခြုံမှုသည် သူ့လက်အောက်တွင်သာ ရှိမည်ဖြစ်သည်။
သူသည် အိမ်၌ ဆိုးဝါးသော အခြေအနေများနှင့် မရပ်မနားသွားနေရသော ကုမ္ပဏီအကြောင်းကို စဉ်းစား၍ သူ၏ မြေးကို သူ့အသက်အရွယ်နှင့် မည်သို့စောင့်ရှောက်ရမည်ကို မသိပေ။
“ကောင်းပါပြီ..ကျွန်မ ရှင့်မြေးကို စောင့်ရှောက်ပါမယ်..ရှင် ကုန်ကျငွေတွေကို ပေးမယ်လို့ပြောတာကို ကျွန်မ လက်မခံနိုင်ပါဘူး..."
ရှအန်းသည် ဟန်မဆောင်တတ်ပေ။ သူမသည် ဘယ်တုန်းကမှ အဖြူရောင်ယုန်သူငယ်လေးလို မလုပ်တတ်ပေ။
မစ္စတာကုက ရိုးသားဖြောင့်မတ်၍ ရှအန်းကလည်း ဟန်ဆောင်မည် မဟုတ်ပေ။
“ယဉ်ကျေးစရာမလိုပါဘူး..”
“ကျွန်မကုမ္ပဏီတစ်ခု တည်ထောင်ချင်တယ်”
ရှအန်းသည် ထိုကိစ္စကို မစဉ်းစားတော့ဘဲ ပြောလိုက်သည်။ သူမသည် ပိုက်ဆံပြတ်နေ၍ ထိုက ကူညီချင်သည့် ဆန္ဒရှိသည်။
“ကုမ္ပဏီ တည်ထောင်မယ်..အမေရိကန်မှာလား..”
အဖိုးကူးသည် ရှအန်း ခုလို တောင်းဆိုလိမ့်မည်ဟု မထင်ခဲ့ပေ။
ပိုက်ဆံတောင်းမည်ဟုဘဲ ထင်ခဲ့သည်။
ထို လှပသော အမျိုးသမီးသည် ရည်မှန်းချက် ကြီးမားသည်။
“ရှင်…မဟုတ်ပါဘူး..”
“ကိစ္စမရှိပါဘူး..မင်းကို ကူညီပါ့မယ်”