အပိုင်း ၁၂၀
Viewers 29k

Chapter 120


အချိန်တွေကြာလာသည်နှင့်အမျှ အမေရိကန်မှာနေရသော နေ့ရက်များက တစ်ဖြည်းဖြည်းကောင်းသည့်ဘက်ကို ပြောင်းလာခဲ့သည်။


သူမသည် မစ္စတာကု အကူအညီဖြင့် ကုမ္ပဏီ တည်ထောင်ခဲ့သည်။


သူမ၏ သားသည်လည်း မစ္စကု အကူအညီဖြင့် အကောင်းဆုံးကျောင်းတွင် တက်ရောက်ခွင့်ရသည်။


“Come on Challenger” ရိုက်ကူးပြီးသွားသော်လည်း ရှအန်း၏စတားအိမ် ရှိုးအသစ်ကို စတင်ရိုက်ကူးရသည်။


ရိုက်ကူးရေးကလည်း သက်တောင့်သက်သာ ဖြစ်လာပြီး နေ့တိုင်း အစားအသောက် ကောင်းများစားရပြီး ကြယ်ငါးပွင့်ဟိုတယ်တွင် နေထိုင်ရသည်။ အဆင့်အမြင့်ဆုံးတွင် အကောင်းစား အသုံးအဆောင်များနှင့် နေထိုင်ရသည်။


ရှအန်း၏ စိတ်အခြေအနေသည် ကောင်းမွန်နေသည်။ သူမသည် ပျင်းသော်လည်း သူမ၏ စိတ်ကို ထိုအရာများက အားဖြစ်စေသည်။


ရှကျင်းကတော့ ကံဆိုးနေသည်။


သူမသည် “Mon is back” ရှိုးတွင် ရှအန်းကို မပါဝင်စေချင်၍ သူမက ပါဝင်လိုက်သည်။ သူမသည် ကျေးလက်ဒေသတွင် နေရမည်ကို မကြိုက်ပေ။ သူမသည် ပရိုဂရမ် ရိုက်ကူးရေးအစီအစဉ်ကို သိသော်လည်း အစီအမံနှင့် လိုက်လျောညီထွေအောင် နေရသည်။ သူမသည် ရိုက်ကူးရေးအတွက် ပစ္စည်းများစွာကို ဝယ်ယူခဲ့သည်။ ရိုက်ကူးရေးရိုက်သော အချိန်သည် သူမ၏ သာမာန်ဘဝနှင့် တူမည်ဟု ထင်ခဲ့သည်။ သို့သော် သူမဝယ်ခဲ့သော အရာအားလူံးသည် အလဟဿ ဖြစ်သွားသည်။


ပို၍ မမျှော်လင့်ထားသည့် အရာက သူမ၏ ကလေးကို အိမ်တွင် ထားခဲ့လို့ မရပေ။


ထို့ကြောင့် ရှကျင်းနှင့် ဖုအန်းချီ သည် ကျေးလက်ဒေသတွင် နေသူများ၏ ဘဝကဲ့သို့ ကြုံတွေ့ရတော့သည်။


ထိုသို့နေထိုင်မှုပုံစံက တန်ဖိုးကြီးနေရာတွင် နေနေကျဖြစ်သော အမေနှင့် သမီး နှစ်ယောက်သည် မေ့လဲသွားမလိုပင် ဖြစ်နေကြသည်။


ငိုရသည်ကို မကြိုက်သော မင်းသမီးလေး ဖုအန်းချီသည် မျက်ရည်များနှင့် လူတစ်ယောက်ဖြစ်လာသည်။ သူမသည် နေ့တိုင်းငိုနေပြီး အစာစားချိန် ၊ တစ်ခြားကလေးများနှင့် ဆော့ချိန်တွင်လည်း ငိုနေသည်။


သူမသည် တစ်ချိန်လုံး ငိုနေသည်။


ဝန်ထမ်းများနှင့် အဖွဲ့ဝင်များသည် ဖုအန်းချီငိုသည်နှင့် တစ်ခြားကလေးများပါ လိုက်ငိုသောကြောင့် ခေါင်းကိုက်လာကြသည်။ သို့သော် ရှကျင်းနှင့် ယှဉ်လျှင် ဖုအန်းချီ ငိုနေသည်က ပို၍ ကောင်းသည်။


သူမအမေသည် သူမ ထက်ပို၍ ဆိုးသည်။


သွေးဆုံးချိန်တန်သော မိန်းမတစ်ယောက်ကဲ့သို့ လူတိုင်းအပေါ်တွင် ဒေါသထွက်နေသည်။


ရိုက်ကူးရေးပြီး ရက်အနည်းငယ် အကြာတွင် ရှကျင့်မျက်နှာကို အကောင်ကိုက်သွားသောကြောင့် အနီရောင် အစက်အပြောက်များ များစွာ ပေါ်လာသည်။


မနာသော်လည်း တော်တော် ရုပ်ဆ်ိုးနေသည်။  မိတ်ကပ် ပမာဏ အများကြီးကတောင် သူမမျက်နှာပေါ်က အနီရောင် အစက်များကို မဖုံးနိုင်ပေ။


“အားး..ငါဆက်မရိုက်တော့ဘူးး…ဒီမျက်နှာနဲ့ ဘယ်လိုရိုက်နိုင်မှာလဲ”


“Mon is back “ ပရိုဂရမ် ရိုက်ကူးရေး အဖွဲ့သည် စိတ်ညစ်နေကြသည်။ 


“ငါ့ကိုပြောစမ်းပါ..ငါတို့ရှိုးရဲ့ ဒါရိုက်တာက ဘာလို့ ဒီလိုအမျိုးသမီးကို ရိုက်ခိုင်းရတာလဲ..ဒီလောက်အရမ်းဆိုးရွားတဲ့မိန်းမကို..သူ မသောင်းကျန်းတဲ့ရက် တစ်ရက်မှမရှိဘူး..”


“အို..အဲ့လိုမပြောပါနဲ့…ငါတို့ ရှိုးရဲ့ ဒါရိုက်တာက ဒီမိန်းမကို ရိုက်ကူးရေးလုပ်ဖို့ မဖိတ်ခေါ်ချင်ခဲ့ဘူး..သူက ရှအန်းနဲ့ဘဲ ရိုက်ချင်ခဲ့တာ..ဒီမိန်းမ ခုလိူရောက်လာလိမ့်မယ်လို့ ဘယ်သူကသိမာလဲ..."


“ ရှအန်းက ရိုးသားပြီးတော့ ကံမကောင်းတဲ့သူလို့ ထင်တယ်..ရှအန်းရဲ့ စိတ်ထားကို သိပြီးတဲ့နောက်မှာ သူမကို ထင်ခဲ့တာတွေက အမှားတွေဆိုတာ သိလိုက်ရတယ်..."


“သေချာတယ်..ဘယ်စတားက ဆိုးလို့ဆိုပြီး ရှအန်းလို ပိတ်ပင်ခံရဖူးလို့လဲ..ရှကျင်းရဲ့ လက်ချက်ကြောင့်ဘဲ ဖြစ်မယ်”


“ကံကောင်းတာက ရှိုးက ပြီးတော့မယ်..အဲ့တာမှမဟုတ်ရင် ငါနှုတ်ထွက်တော့မယ်”


“ဟုတ်တယ်..အလုပ်တူတူ ကြိုးစားလိုက်ကြရအောင်..ဒါပြီးရင် ရှကျင်း ဘယ်တော့မှ ပြန်မလာဖို့ မျှော်လင့်တယ်”


“ဒါရိုက်တာလဲ အဲ့လိုတွေးမယ် ထင်တယ်”



“Mon is back “ ရှိုးသည် ထိုကဲ့သို့ ဖြစ်နေသည်။ ဝန်ထမ်းအားလုံး နှုတ်ထွက်ချင်နေကြပြီး အဖွဲ့ဝင်များကလည်း ထွက်သွားချင်နေကြသည် ။ 


အစပိုင်းတွင် ထက်မြက်၍ လှပသော ရှကျင်းနှင့် သူ၏ သမီးသည် တက်ကြွသော စိတ်ဓာတ်ရှိကြသည်။


ယခုတွင် သူတို့သည် ဆိုးရွှားစွာ စိတ်ပျက်နေကြသည်။


သူတို့နှစ်ဦးစလုံးသည် ကိုယ်အလေးချိန်များလည်း ကျသွားကြသည်။ မျက်နှာများလည်း ကျသွားကြပြီး အရင်ကထက် တစ်ဝက်မျှသာ ရှိတော့သည်။


ရှကျင်းက ပို၍ဆိုးသည်။ သူမမျက်နှာတွင် အမာရွတ်များ ဖြစ်လာသည်။ အမာရွတ်များသည် ပိုးကောင်ကိုက်ခံရခြင်းနှင့် ချော်လဲခြင်းကြောင့် ဖြစ်သည်။ 


ရှကျင့်က သူမ ကျေးလက်ဒေသမှ အိမ်သို့ပြန်ရောက်လျှင် ပြန်လည် အားဖြည့်၍ လန်းဆန်းလာလိမ့်မည်ဟု ထင်သည်။


သူမသည် အိမ်ပြန်ရောက်သောအခါ မေ့လဲသွားသည်။ သေမင်းက သူမကို ပိုင်ဆိုင်နေသကဲ့သို့ ဖြစ်နေပြီး စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာစည် အဆ်ိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။


နောက်ဆုံးတွင် သူမသည် ပြင်းထန်သော အဖျားရှိနေပြီး နှစ်တွေ အကြာကြီး ဆုံးရှုံးနေသည်နှင့် တူနေသည်။


သူမ အဖျားပျောက်သွားသောအခါ ကံဆိုးမှုများ ပို၍ ဖြစ်လာသည်။


သူမ “Mom is back” ပရိုဂရမ်၏ ဝန်ထမ်းကို ဆဲဆ်ိုနေသည့် ဗီဒီယ်ိုသည် အင်ဆာနက်ပေါ်တွင် ပျံ့နေသည်ကို သူမ မသိပေ။


ရှိုးသည် မထုတ်လွှင့်ရသေးသော်လည်း ရှကျင်း၏ ဖြစ်ရပ်ကြောင့် အင်တာနက်ပေါ်တွင် ရောက်ရှိနေသည်။ အင်တာနက်သုံးစွဲသူများသည် ရှအန်းက ရှကျင်းကြောင့် အပိတ်ခံရသည်ဟူ သုံးသပ်ကြသည်။


ရှကျင်းသည် နူးညံ့၍ ကြင်နာတတ်သော ပုံရိပ်ကိုသာ  အမြဲပြသနေသောကြောင့် လူများသည် သူမဘက်တွင် ရပ်တည်ခဲ့ကြသည်။


ရှကျင်း၏ ဗီဒီယိုကို တွေ့သောအခါ လူထု၏ အမြင်သည် ပြောင်းလဲသွားခဲ့သည်။ ထိုအရာသည် ပရိုဂရမ်မှ ထွက်ရန် စီစဉ်နေသော ရှကျင်းကို လူထု၏ အမြင်များကို လိုက်နာ၍ ကျေးလက်ဒေသတွင် ဆက်နေရန် တွန်းအားပေးနေသည်။


“မေမေ… ချီချီက ကျေးလက်ဒေသကို နောက်ထပ် ပြန်မသွားချင်ဘူး..အဲ့တာကို မကြိုက်ဘူး..."


ရှကျင်းသည် သူမ၏ ကလေးငိုနေသည်ကို တွေ့သောအခါ ရှအန်း၏ နေရာကို လုယူခဲ့သည်ကို နောင်တရသွားသည်။ သူမသည် ရှအန်းကို ထိုရှိုးပွဲတွင် ပါဝင်ခိုင်းပြီး သူမနှင့် သူမသားကို ခံစားရအောင် လုပ်ခဲ့သင့်သည်ဟု တွေးနေသည်။


သူမသည် အမေနှင့် သား၏ ဒုက္ခများ ကြုံနေရသည်ကို ကြည့်၍ ပျော်နေမည်ဖြစ်သည်။


သူမ၏ ဗီဒီယို မထွက်လာခဲ့လျှင် အဆင်ပြေမည် ဖြစ်သည်။ သူမသည် အကြောင်းပြချက်ပေး၍ ရှိုးတွင် ပါဝင်စရာ မလိုတော့ပေ။


ယခုတွင် သူမ၏ ပုံရိပ်ကြောင့် ရှိုးကို ဆက်ရိုက်ရမည်ဖြစ်သည်။


ရှကျင်းသည် ဖုအန်းချီကို ဖက်၍ ညင်သာစွာ ပြောလိုက်သည်။ 

“ကလေး..မားလဲ မပါဝင်ချင်ပါဘူး..ဒီဆိုးဝါးတဲ့ အမျိုးသမီးကြောင့် ရှိုးပွဲကို ဆက်ရိုက်ရမယ်…အဲ့လိုမလုပ်ရင် အဲ့မိန်းမကို အရှုံးပေးရလိမ့်မယ်.."


ကောင်မလေးသည် ငိုပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ 

"အဲ့ဆို ပါဝင်ကြစို့..အဲ့မိန်းမကို မရှုံးချင်ဘူး..."


“ကောင်းပြီ..”

ရှကျင့်သည် သူမ၏ ကလေးကို ချော့လိုက်သည်။ သူမက ရှအန်းကို ပိတ်ပင်ခံရပြီးနောက် စိတ်ညစ်နေလိမ့်မည်ဟု တွေးနေသည်။


ရှအန်းက သူမထင်သလို စိတ်မကောင်း မဖြစ်နေပေ။


ရှအန်းသည် ဆိုးသော ဘဝကို မရသည့်အပြင် တန်ဖိုးကြီးပြီး သက်တောင့်သက်သာ ဖြစ်သောဘဝတွင် နေနေရသည်။ သူမ၏ အလုပ်နှင့် ဘဝသည် လေညှင်းကဲ့သို့ သာယာဖြောင့်ဖြူးနေသည်။


ရသစုံရှိုး ရိုက်ကူးပြီး မကြာမီ ရှအန်းသည် ဒါရိုက်တာ ဂရေ့စ်နှင့် တွေ့ရန် ဟန်ယွဲ့နှင့် ရှုဒို နောက်လိုက်ခဲ့သည်။


ဒါရိုက်တာ ဂရေ့စ်နှင့် တွေ့ဆုံခြင်းမှာ ရှအန်း၏စတားအိမ် ရှိုးပွဲကြောင့်လဲ ပါသည်။


ရှိုး၏ နာမည်သည် ရှအန်း၏ ဘဝအကြောင်းဖြစ်ပြီး အပိုင်းတိုင်းတွင် ဖျော်ဖြေရေး ထုတ်လုပ်မှုထဲမှ သူမ၏ အလုပ်အကြောင်းလဲ ပါမသည်ဖြစ်သည်။


“အိုးး..မင်းက ငါ့ဘဝရဲ့ စံပြ နတ်သမီးဘဲ”


ရှအန်းသည် အစမ်းသရုပ်ဆောင်ဖို့ ဇာတ်လမ်းတောင် မရသေးပေ။ ဒါရိုက်တာ ဂရေ့စ်က သူမကို တောက်ပသော မျက်လုံးများနှင့် ကြည့်နေသည်ကို တွေ့ရသည်။


မုတ်ဆိတ်မွှေး အဖြူရောင်နှင့် ဒါရိုက်တာ ဂရေစ့်၏ ရုပ်ကို တွေ့သောအခါ ရှအန်းသည် အနည်းငယ် ကြောင်သွားသည်။


အစမ်းသရုပ်ဆောင်ခြင်းသည် ခက်ခဲ၍ ရှုပ်ထွေးမည်ဟု သူမ ထင်ခဲ့သည်။


သူမသည် ဘာတစ်ခုမှ လုပ်စရာမလိုပေ။ ကမ္ဘာ့ အကျွမ်းကျင်ဆုံး ဒါရိုက်တာက သူမအပေါ်တွင် အကောင်းမြင်စိတ်ရှိသည်။


တကယ်တော့ ရှအန်းသည် ကြယ်ပွင့် သေးသေးလေးသာဖြစ်ပြီး သရုပ်ဆောင်ပိုင်းတွင် မကျွမ်းကျင်ပေ။


“အိုးး..ရှအန်းရဲ့ စိတ်ထားနှင့် ရုပ်ရည်က ငါ့ဇာတ်လမ်းထဲက ဇာတ်ကောင်နဲ့ တူတယ်..အန်း ထက်ဘယ်သူကမှ ဒီနေရာနဲ့ မကိုက်ဘူး..."


ဂရေ့စ်သည် ရှအန်းကို ကြည့်၍ ဖက်ရမည်ကို စိတ်လှုပ်ရှားနေသည်။


“ဘာပဲဖြစ်ဖြစ်..အစမ်းသရုပ်ဆောင်ကြည့်ရအောင်.."


ရှုဒိုသည် မျက်မှောင်ကြုတ်နေသော ရှအန်းကို ကြည့်ပြီး စိတ်လှုပ်ရှားနေသော ဒါရိုက်တာ ဂရေ့စ်ကို ကြည့်လိုက်သည်။


အဆုံးတွင် ရှုဒို၏ လမ်းညွှန်ချက်ကြောင့် ဒါရိုက်တာ ဂရေစ့်သည် ရှအန်းကို အစမ်းသရုပ်ဆောင်စေခဲ့သည်။


ရှအန်းသည် မြေပြင်ကို လက်နှင့်ပင် မထိဘဲ သေသပ်စွာ သရုပ်ဆောင်ပြပြီးသောအခါ အစမ်းသရုပ်ဆောင် အောင်မြင်သွားလေသည်။


ရှအန်းသည် သူမ၏ နောက်ဆုံး အပိတ်ပြီးသောအခါ လက်ခုပ်သံများ ပေါ်လာပြီး ဂရေ့စ်၏ လက်သည် ရောင်တော့မလိုပင် ဖြစ်နေသည်။


“အရမ်းတော်တယ်..ဂျုန်းရဲ့နေရာက မင်းလို ကျွမ်းကျင်မှုနဲ့မှ ရမှာ ဒီနေရာက မင်းအတွက်ဘဲ...."


ရှအန်းသည် သူမ သရုပ်ဆောင်ရမည့် နေရာသည် မခက်ခဲမှန်း ခုမှသိသွားသည်။


ဂရေ့စ်သည် ချဲ့ကား၍ ပြောသည်မဟုတ်ပေ။ ထိုနေရာသည် သူမနှင့် အံဝင်ခွင်ကျ ဖြစ်သည်။


သူမသည် ထိုဇာတ်ကောင် နေရာတွင် သရုပ်ဆောင်နိုင်ပြီး အထူးသဖြင့် ဖိုက်တင်အခန်းများကို သရုပ်ဆောင်နိုင်သည်။


နောက်ခံ ဇာတ်လမ်းသည် ကမ္ဘာပျက်မှု နှင့် အနည်းငယ် ဆက်စပ်နေသည်။ သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများနှင့် အနည်းငယ်သာလျှင် ကွဲပြားသည်။


တကယ်တမ်းတွင် ထိုဇာတ်ကားကို အတော်ဆုံး ဒါရိုက်တာက ရိုက်မည်ဖြစ်သည်။ အဓိကသည် သွေးစုပ်ဖုတ်ကောင်များအကြောင်း မဟုတ်ပေ။ လူသားဆန်မှုနှင့် ပတ်ဝန်းကျင် အကာအကွယ်ပေးခြင်း အကြောင်းဖြစ်သည်။ 


ဇာတ်လမ်းသည် ကမ္ဘာကြီးပြီးဆုံး ပြီးနောက် နှစ်ပေါင်းများစွာက ဖြစ်ပေါ်ခဲ့သည်။ ရှအန်းသရုပ်ဆောင်မည့် ဂျုန်းသည် အေးခဲ ပရောဂျက်တွင် ပါဝင်သူဖြစ်သည်။ သူမသည် နှစ်ပေါင်းများစွာ အေးခဲနေသောသူ အဖြစ် ကျန်ရှိနေသည်။ 


ဇာတ်လမ်း၏ အဓိက အကြောင်းသည် ယဉ်ကျေးမှု အသစ်နှင့် အဟောင်း အကျိူးကျေးဇူးများနှင့် ကမ္ဘာပျက်သောနေ့များကို ကယ်တင်ခြင်း အကြောင်းများ ဖြစ်သည်။ 


ဇာတ်လမ်းသည် အလွန်ကောင်းသည်။ သူမအင်တာနက်ပေါ်တွင် မြင်ဖူးသော သွေးစုပ်ဖုတ်ကောင် ဇာတ်ကားများထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။ 


“ဘယ်လိုလဲ ..အန်း..ဒီနေရာမှာ သရုပ်ဆောင်ဖို့ သဘောတူလား”