အပိုင်း ၁၂၁
Viewers 29k

Chapter 121


“ဘယ်လိုလဲ မစ္စအန်း ဒီနေရာမှာ ပါဝင်ဖို့အတွက် သဘောတူလားခင်ဗျာ..."


ရှအန်းနှင့် အတူရှိနေသော ဟွန်ယွဲ့နှင့် ရှုဒို နှစ်ဦးစလုံးသည် ရှအန်းခေါင်းငြိမ့်သည်ကို မြင်ရရန် တောင့်တနေကြသည်။


သို့သော် ရှအန်းပုံသည် ထိုအရာကို သဘောတူရန်အတွက် တွန့်ဆုတ်နေပုံရသည်။


ဟန်ယွဲ့နှင့် ရှုဒိုသည် သေလောက်အောင်ပင် အားမလိုအားမရ ဖြစ်နေလေသည်။


"မစ္စအန်း ..မင်းမှာ စိတ်ပူစရာ တစ်ခုခုများရှိလို့လား…ဆုကြေးငွေကြောင့်လား ဒါမှမဟုတ် တစ်ခြားတစ်ခုခု ကြောင့်လား ..ဆုကြေးငွေကြောင့်ဆိုရင် အဲ့အတွက်တော့ ဘာမှစိတ်မပူပါနဲ့ ..မင်းက ဒီရုပ်ရှင်မှာ အဓိကဇာတ်ဆောင်ဆိုတော့ ဆုကြေးငွေကလဲ နည်းမှာမဟုတ်ပါဘူး..."


နိုင်ငံခြားသားများ အထူးသဖြင့် ဂရေ့စ်သည် သဘောထားကြီးသူတစ်ဦးဖြစ်၍  အလွန်စေတနာကောင်းသူဖြစ်သည်။


ရှအန်း၏ မျက်နှာတွင် အထင်းသားပေါ်နေသော တွန့်ဆုတ်မှု အမူအရာကို မြင်တွေ့တာကိုပင် သူသည် ရှအန်းကို စိတ်မဆိုးပေ။


ထိုအရာကို ကြည့်ခြင်းဖြင့် ဂရေစ့်သည် ရှအန်းကို အလွန်ပင်သဘောကျကြောင်း သိနိုင်သည်။


ရှအန်းသည် ထိုကမ်းလှမ်းမှုကို ငြင်းရန် အကြောင်းမရှိတာတော့ သေချာပါသည်။


သူမသည် လူရွေးပွဲတွင် အဓိကဇာတ်ဆောင်နေရာကို အနိုင်ရအောင် ယှဉ်ပြိုင်ရန် ရည်ရွယ်ထားလေသည်။


ရှအန်းသည် သူမအား ခေါင်းရှုပ်စေသော လူရွေးပွဲကို အားစိုက်မထုတ်ရဘဲ အနိုင်ရချင်သည်။


သူမသည် ထိုအရာကို လုပ်နိုင်ပါ့မလားဟု တွေး၍ သူမကိုယ်သူမ စမ်းသပ်ရန် ပြင်ဆင်နေသည်။


သူမ လုပ်နိုင်လျှင် အလုပ်လည်းရ၍ ပိုက်ဆံလည်းရမည် ဖြစ်သည်။


ခုလိုမလုပ်လျှင် သူမသည် ကုမ္ပဏီကို ပိုပြီးစိတ်ချရအောင် လုပ်ရတော့မည်။


မမျှော်လင့်စွာဖြင့် လူရွေးပွဲတွင် သရုပ်ဆောင်ပြရမည့်အပိုင်း မပါဝင်တော့ပေ။


နိုင်ငံခြားဒါရိုက်တာကြီးသည် ရှအန်းက ဤနေရာတွင် တက်တက်ကြွကြွ သရုပ်ဆောင်နိုင်လိမ့်မည် ဟု ပြောသည်။ ထို့ကြောင့် ဒါရိုက်တာဂရေ့စ်သည်  ရှအန်းနှင့် လွယ်ကူစွာ သဘောတူညီမှုရခဲ့သည်။


ရှအန်းသည် မည်သူ့ကိုမျှ အနှောင့်အယှက် မဖြစ်စေချင်ပါ။


"ကျွန်မ ဒါကို မလုပ်ချင်လို့တော့ မဟုတ်ပါဘူး ကျွမ်းကျွမ်းကျင်ကျင် သရုပ်မဆောင်နိုင်မှာဘဲ စိုးရိမ်တာပါ…”


သို့သော် ဒါရိုက်တာကြီးက ဇာတ်ညွှန်းထဲတွင်ပါသည့် ဇာတ်လိုကိမင်းသမီးက ရှအန်းနှင့် တစ်ထပ်တည်းတူသည် ဟုပြောသည်။ ဇာတ်လမ်းတွင် အဓိကပါဝင်သော အကြောင်းအရာများကလည်း သူမအတွက် ရေးထားသည်ဟုပင် ထင်ရသည်။


သို့သော်….


ယခုသည် သရုပ်ဆောင်ရမည် ဖြစ်သည်။


သူမသည် ဘယ်တုန်းကမှ သရုပ်မဆောင်ခဲ့ဖူးပါ။


" ဟဟ မစ္စ အန်း မင်းက ငါတွေ့ဖူးသမျှထဲမှာ အရိုးသားဆုံး သရုပ်ဆောင်ဘဲ..."

ဂရေစ့်က ရှအန်း၏ ဟန်ဆောင်မှု မရှိဘဲ ရိုးသားသည့်အဖြေကို ကြားသောအခါ ရယ်၍ပြောလိုက်သည်။


ရှအန်း ဟန်ယွဲ့နှင့် ရှုဒို တို့သည် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။


"မစ္စ အန်း ဆယ်လီတွေ တော်တော်များများက ဒီနေရာကိုရချင်ကြတယ်ဆိုတာ မင်းသိလား”

ကလဲရာ က ဒီဇာတ်ညွှန်းကို ဖတ်ပြီး အာရှတိုက်ကနဲ့ တူအောင် သူမဆံပင် ရွှေရောင်ကိုတောင် အမဲရောင် ဆိုးချင်နေတယ်…ဂျပန်သရုပ်ဆောင် တော်တော်များများကလည်း ဒီနေရာကိုရဖို့ လုနေကြတယ်… …”


ရှအန်းသည် ဂရေစ့် ပြောနေသော နာမည်များကို နားမလည်ပေ။ သို့သော် ဟန်ယွဲ့ နှင့် ရှုဒိုက ဘယ်လိုလုပ်၍ နားလည်ကြသလဲဟု တွေးနေသည် ။


ဂရေ့စ် ပြောနေသော သူများ၏နာမည်များသည် လူသိများကြသည်။ သူတို့သည် အအောင်မြင်ဆုံး သရုပ်ဆောင်များ ဖြစ်ကြသည်။


ထိုထိပ်တန်း အမျိုးသမီးသရုပ်ဆောင်များသည် ဂျုန်း၏ဇာတ်ကောင်နေရာတွင် သရုပ်ဆောင်ရရန် ကြိုးစားနေကြသည်။ ဤအကြောင်းသည် ဂျုန်း၏နေရာက ကောင်းသည်ဟု သက်သေပြနေသည်။


သို့သော် ရှအန်းသည် ထိုနေရာတွင် သရုပ်ဆောင်ရန် ချိတုံချိတုံ ဖြစ်နေလေသည်။


"ဒါက အတော်ရှက်စရာကောင်းတာဘဲ…”


"ဒါပေမယ့် မစ္စအန်း မင်းက ဂျုန်းနေရာမှာ သရုပ်ဆောင်ဖို့ ငြင်းဆိုချင်တဲ့ ပထမဦးဆုံးသူဘဲ… “

 ဂရေ့စ် ကပြုံး၍ ပြောလိုက်သည်။ သူသည် ရှအန်းကို နည်းနည်းမျှ ဒေါသမထွက်ပေ။ အဲဒီ့အစား သရုပ်ဆောင်ရန် စိတ်ရင်းဖြင့် ဆွေးနွေးနေသော ရှအန်းကိုပင် သဘောကျနေလေသည်။


တကယ်တမ်းတွင် ရှအန်းနှင့်မတွေ့ခင်ကတည်းက သူ့သည် ထိုစတား၏အကြောင်း အသေးစိတ် သိထားပြီးဖြစ်ပါသည်။


ရှအန်းသည် သူမ၏  တရားမဝင်ကလေးကြောင့် ဖျော်ဖြေရေးမှထုတ်ခံခဲ့ရသော အတိတ်ဆိုးကြောင့် သရုပ်မဆောင်ရဲတာလည်း ဖြစ်သည်။

စုဆောင်းထားသော အချက်အလက်များက ရှအန်းသည် ပူးပေါင်းပါဝင်ဖို့ရန် သင့်တော်သော သရုပ်ဆောင်တစ်ယောက် မဟုတ်ကြောင်း ပြသနေသည်။


အစပိုင်းတွင် ဂရေစ့်သည် ရှအန်းကို ရွေးရန် တုံ့ဆိုင်းနေ၍ တစ်ခြားသရုပ်ဆောင်ကို ရွေးချင်နေသည်။


သို့သော် လူရွေးပွဲ၌ ရှအန်း၏သရုပ်ဆောင်ချက်များသည် သူ့ကို ဆုံးဖြတ်ချက်မှန်ကန်ကြောင်း ပြသခဲ့သည်။ သူ၏စိတ်ထဲ၌ ရှအန်းသည် ဂျုန်းနေရာတွင် ပါဝင်ရန် အကောင်းဆုံးသရုပ်ဆောင် ဖြစ်နေသည်။


ထို့ကြောင့် ရှအန်းကို သရုပ်ဆောင်ရန် မမေးမြန်းတော့ဘဲ ချက်ချင်းရွေးချယ်လိုက်ခြင်းဖြစ်သည်။ 


ဤအခြေအနေတွင် သူ မမျှော်လင့်ထားသည့်အရာက ရှအန်းသည် သူမ၏ဆွဲဆောင်မှုကို ပဓာနမထားဘဲ ရုပ်ရှင်ကိုသာ ဂရုတစိုက်စဉ်းစားနေသည်ကိုပင်။ 


"မစ္စအန်း မင်းက ကြင်နာတတ်တဲ့မိန်းကလေးတစ်ယောက်ပါ … ဒီနေရာမှာ မင်းသရုပ်ဆောင်ရင် အောင်မြင်လိမ့်မယ်လို့ ယုံကြည်တယ် ..အားလုံးအဆင်ပြေသွားလိမ့်မယ် ငါ့ကိုယုံပါ.."

 ဂရေ့စ်က ရှအန်းလက်ကို ကိုင်၍ ချော့မော့ပြီး ပြောလိုက်သည်။ သူ ရှအန်းကို နှစ်သိမ့်နေသည့်အချိန်တွင် ရှအန်း၏ မျက်နှာ၌ တွေဝေမှုတွေနှင့် ပြည့်နေသည်။ 


"နေပါအုန်း ..ဘာကိုကြင်နာတတ်တာတဲ့မိန်းကလေးလဲ ..ဘာကအဆင်ပြေသွားမှာလဲ...” 


" သူ့ရဲ့ အိုနေတဲ့ အတွေးကြီးကရော ဘာများဖြစ်မလဲ..."

 

ဂရေစ့်သည် ရှအန်းက အသက်ကြီးသောသူက သူ့အတွက် အကြံကောင်းပေးနေသည်ဟူ၍ တွေးနေမည်ဟု ထင်နေသည်။ ထိုအရာက အစည်းအဝေးပြီးသည့်အခါ ပို၍ ပေါ်လွင်လာသည်။


ဂရေစ့် မသိသည့်အရာက ရှအန်း၏ တွန့်ဆုတ်မှုသည် သူ့အတွက်ထောက်ထား၍မဟုတ်ဘဲ သူမကိုယ်သူမအတွက် တွေးနေ၍ဖြစ်သည်။


ရှအန်းသည် သူမ၏အချိန်ကို မဖြုန်းချင်တာက သူမ၏ ပုံမှန်စတိုင်ဖြစ်သည်။


ဂရေစ့်က သူမကို နားလည်မှုလွှဲနေသည်။


"ဒါက တော်တော်ကြောင်တောင်တောင် နိုင်တာဘဲ..."


ထိုအလုပ်သည် အခြားသူများမရနိုင်သည့် အလုပ်ဖြစ်ပြီး ရှအန်းက နစ်နာမှုမရှိဘဲ အကျိုးအမြတ်များစွာရမည့် အလုပ်လည်းဖြစ်သည်။


ရုပ်ရှင်ထုတ်လုပ်မှုထဲက ဂရေစ့်လိုလူမျိုး၏ ချစ်တာခံရခြင်းကလည်း ရှအန်း၏ ကံကောင်းမှုပင်ဖြစ်သည်။


ထို့ကြောင့် စာချုပ်ချုပ်ပြီးသောအခါ ဟန်ယွဲ့နှင့် ရှုဒို သည် စိတ်လှုပ်ရှားနေကြသည်။ အိမ်မက်မက်နေသည်ဟု ခံစားနေရသည်။


"ဟေး ရှုဒို ဒါရိုက်တာဂရေ့စ်က စကားပြောကောင်းတာဘဲ ကြင်နာတတ်မယ့်ပုံလဲရှိတယ်..."

ဟန်ယွဲ့က ငေါက်ဆက်ဆက် ပြောလိုက်သည်။


ရှုဒိုကလည်း ရှအန်း လူရွေးပွဲကို ခုလို လွယ်လွယ်ကူကူအောင်သွားမည်ဟု မထင်ခဲ့ပေ။ ဂရေ့စ်သည် ရှအန်းကို အတော်ရင်းနှီးသည်။


"ဒါရိုက်တာဂရေစ့်က ရုပ်ရည်ကိုဦးစားပေးတတ်သူ တစ်ယောက်လား..."


ဟန်ယွဲ့သည်  ရုတ်တရက် ရှအန်း၏ ပရိသတ်များကို တွေးမိသွားသည်။ သူတို့အားလုံးသည် ရုပ်ရည်ကိုဦးစားပေးတတ်သူများ ဖြစ်ကြသည်။


ဒါရိုက်တာဂရေ့စ်သည် ရုပ်ရည်ကိုဦးစားပေးသူ တစ်ယောက်ဖြစ်နိုင်သည်။


"..ဒါ အဓိပ္ပာယ်မရှိဘူး တစ်ခြား ဇာတ်လမ်းတွေမှာ ဒါရိုက်တာဂရေစ့်က ကြံ့ခိုင်မှုနဲ့ သရုပ်ဆိုင်ပိုင်နိုင်တာကိုဘဲ အဓိကထားတယ် ..သူ့ရိုက်တဲ့ ရုပ်ရှင်တွေထဲမှာ ရုပ်မချောတဲ့ အဓိကအမျိုးသမီးသရုပ်ဆောင်တွေ အများကြီးရှိတယ်…“


"အခုက ရှိုးပွဲလေ….ရှအန်းကအရမ်းကံကောင်းတယ်ပြောရမယ်..."


ရှအန်းက တိတ်တဆိတ် မျက်လုံးဝှေ့လိုက်သည်။


သူမသည် ဟန်ယွဲ့တို့နှစ်ယောက် စကားပြောနေကြသည်ကို မနှောက်ယှက်ချင်ပါ။


" ဒီမှာ ဒါကကံကောင်းတယ်လို့ ဘယ်သူကပြောတာလဲ ..ကံကောင်းခြင်းဆိုတာ ခွန်အားဘဲ..."


ရှအန်းသည် နိုင်ငံရပ်ခြားသို့ ရောက်သွားပြီးနောက် ရှကျင်းနဲ့ ဖုရှန်းတို့နှင့် ဝေးသွားသောအခါ သူမ၏ကံက ပိုကောင်းလာတာကို သိလိုက်သည်။


သူမသည် အကောင်းဆုံး ဟိုတယ်၌ နေထိုင်ခွင့်ရပြီး အရသာရှိသော အစားအစာများကိုသာ စားရသည်။ သူမ၏ သားကိုလည်း ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဇိမ်ခံကျောင်းတွင် ထားနိုင်သည်။ ယခုတွင်လည်း အကောင်းဆုံးဒါရိုက်တာက သူမကို အဓိကဇာတ်ဆောင် နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ခြင်းခံရသည်။


ထိုကဲ့သို့သော နေရာကို သူမ မည်သို့မျှ ငြင်းပယ်နိုင်မည်မဟုတ်ပေ။


ရရှိမည့် ဆုကြေးငွေသည်လည်း အလွန်မြင့်သည်။ သူမ၏ အဖေနှင့် အမေကလည်း သူမသရုပ်ဆောင်နိုင်မည်ဟု အားပေးနေကြသည်။ ထိုအရာသည် အကြံကောင်း တစ်ခုပင်ဖြစ်သည်။


သူမ ထိုအတွက် အဖြေပေးမှရမည်။


ဇာတ်လိုက်မနေရာက သူမ လက်လှမ်းမမှီနိုင်တာကြောင့် သူမ၏ ကံက ပြောင်းလဲပေးလိုက်သည်လား ။


ထိုသို့ဆိုလျှင် သူမ ရထားသည့် ဇာတ်လိုက်မင်းသမီးနေရာကို နောက်ပြန်လှည့်မည်မဟူတ်ပေ ။ ထိုနေရာအတွက် သူမ စိတ်ပူစရာလည်း ရှိမည်မဟုတ်ပေ။ 


သူမသည် ဇာတ်လမ်းကို အများကြီးမဖတ်ရသေးသော်လည်း သူမ၏အစ်မ ပြောပြသည်ကို ကြားဖူးနေသည်။


ဇာတ်လိုက်နေရာ ၊ ဇာတ်ကွက် စသည်များကို သူမပိုင်နိုင်သည်ဟု ယုံကြည်ထားသည်။


တကယ်တမ်းတွင် သူမကိုယ်သူမ သရုပ်ဆောာင်လောကထဲသို့ ဝင်လာပြီးဖြစ်၍ မည်သည့်အရာက မဖြစ်နိုင်တာရှိမည်နည်း။ 


သူမသည် ဤအကြောင်းအရာများကို တွေးတောနေစဉ်တွင် သူမ ပြည်ပသို့သွားရန် ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်သည် မှန်ကန်သည်ဟု ခံစားရသည်။


နိုင်ငံခြား၌ နေထိုင်ရသည်မှာ အလွန်ကောင်းသည်။ သူမကိုယ်သူမ တိုးတက်အောင် လုပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။


သူမ ဇာတ်လမ်းစတင် ရိုက်ကူးပြီးသည့်အချိန်မှာတော့ ဇာတ်လိုက်နေရာ၏ သရုပ်ဆောင်ချက်များကို မစိုးရိမ်တော့ပေ။