အပိုင်း ၁၂၂
Viewers 29k

Chapter 122


ရှအန်း၏ ကံသည် ကောင်းသထက်ကောင်းလာပြီး ရှကျင့်၏ ကံမှာ ပို၍ဆိုးလာသည်။


သူမ ပထမဆုံး ပါဝင်ခဲ့သော "Mom is back" ရှိုးပွဲနှင့် နှိုင်းယှဉ်ကြည့်လျှင် ဒုတိယ ရှိုးပွဲသည် ပို၍ကောင်းနေသည်။


အနည်းဆုံးတော့ ဘဝက အလွန်မခက်တော့ပေ။


ပရိုဂရမ်ထဲ၌ ပါဝင်သော နေထိုင်မှုအဆင့်အတန်းများက အနည်းငယ်မြင့်မည်ဆိုလျှင် အင်တာနက်ပေါ်ရှိ ကြည့်ရှုသူများ၏ အမြင်များသည် ကွဲထွက်မည်မဟုတ်ပါ။


အထူးသဖြင့် ရှအန်း နှင့် ပရိုဂရမ် အပိတ်ခံရခြင်းသည် ရှကျင်းကြောင့်ဟု ထင်ကြေးပေးနေကြသည်။


ရှကျင်း ၏ နာမည်ကောင်းသည် အနည်းငယ် ပြိုလဲသွားလေသည်။ ယခုအချိန်တွင် သူမ အပိတ်ခံရတောင်မှ ရှအန်းက အောင်မြင်နေသေးသည်ဟု အင်တာနက်ပေါ်တွင် ပြောဆိုနေကြသည်။


လွန်ခဲ့သော အချိန်အနည်းငယ်က ရှကျင်းက ရှိုးအဖွဲ့ဝင် တစ်ယောက်အား အော်ငေါက်နေသည့် ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ပျံ့သွားခဲ့သည်။


"Come on  Challenger” ရိုက်ကူးရေးပြီးနောက် ရှအန်းသည် နောက်ထပ် ရိုက်ကူးရေးများရှိသော်လည်း ရပ်လိုက်ရသည်။ အင်တာနက်ပေါ်သုံးစွဲသူများသည် ရှအန်း အတွက် ငြင်းခုန်ကြလေသည်။ 


ရှိုးပွဲရပ်သွားပြီးနောက် အင်တာနက်ပေါ်ရှိ လူအားလုံးသည် ရှအန်းအတွက် စိတ်မကောင်းဖြစ်နေကြသည်။


"ရှကျင်း…ဖျော်ဖြေရေးလုပ်ငန်းကနေ ထွက်သွားပေးပါ..."


" ဒီလိုမျိုး ဖျော်ဖြေရေးရှိုးပွဲက မစ္စ ဖုနဲ့ မသင့်တော်ပါဘူး..."


" လူချမ်းသာဖြစ်ရတာ ကောင်းတာဘဲ သူတိူ့ကိုစိတ်တိုအောင် လုပ်တဲ့သူမှန်သမျှကို ပိတ်ပစ်လို့ရတယ်..."


" Mom is back ကဘာကောင်းလို့လဲ Come on Challengerကမှ အဆတစ်ရာပိုကောင်းသေးတယ်..."


အရင်ကတည်းက "Mom is back"  ထုတ်လုပ်ရေးအဖွဲ့သည်  ရှကျင်း က season အသစ်တွင် ပါဝင်လာပါက အားပေးမှုနှုန်းမြှင့်လာပြီး နာမည်ကြီးလာမည်ဟု ထင်ထားကြသည်။ တီဗီရုပ်သံလိုင်းတွင် စတင်မပြခင်ကတည်းက ရှိုးပွဲသည် ဆိုးဝါးသောထင်မြင်ချက်များနှင့် အင်တာနက်ပေါ်တွင် ပျံ့နေပြီးဖြစ်သည်။


အထူးသဖြင့် ရှကျင်း...ဒီအမျိုးသမီးက တော်တော်ဆ်ိုးတာဘဲ… သူမနဲ့ ရှိုးရိုက်တာက အဆိုးဝါးဆုံးဘဲ…


ထိုအခါ ရိုက်ကူးရေးအဖွဲ့သည် ရှကျင်း ကို မကာကွယ်ပေးရုံသာမက  သူမအတွက် ထင်မြင်ချက်များကိုလည်း  တုံ့ပြန်မှုမရှိပေ။


အွန်လိုင်းပေါ်တွင် ရှအန်းကိုလည်း ဆိုးသော ထင်မြင်ချက် ပေးသူများလည်းရှိသည်။ သို့သော် သူမသည် အနည်းဆုံးတော့ သရုပ်ဆောင်ကျွမ်းကျင်သောကြောင့် ထိုအရာများကို ရင်ဆိုင်ရန် မခက်ခဲပေ။


ရှကျင်း စိတ်တိုစွာဖြင့် အသက်ရှုသွင်းလိုက်သည်။  တစ်နိုင်ငံလုံးက လူတွေက သူမအပေါ် ဒေါသထွက်နေကြသည်ကို ခံစားနေရသည်။


အင်တာနက်ပေါ်ရှိ လူများစွာက သူမကို ဆဲဆိုနေကြသည်ကို မြင်သောအခါ သူမ၏ ဒေါသသည် ပို၍ပြင်းထန်လာသည်။ သို့သော် ခေါင်းမာသော ရှကျင်းသည် အင်တာနက်ပေါ်ရှိ သူမအကြောင်းရေးထားသော ကောမန့််များကို ဆက်၍ ဖတ်နေသည်။


ဖတ်ပြီးသွားသောအခါ သူမကို ထိတ်လန့်စေသောအရာ ကိုတွေ့ရှိခဲ့သည်။


ထိုအရာသည် သူမကို  ကြောက်လန့်စေသော ကောမန့်တစ်ခုသာ ဖြစ်သည်။


"ထူးဆန်းလိုက်တာ..မစ္စတာ ဖုက ဘာလို့ ရင်းနှီးတဲ့ပုံပေါက်နေရတာလဲ..."


"မစ္စတာ ဖုက တစ်နေရာရာမှာ ရင်းရင်းနှီးနှီး တွေ့ဖူးသလိုဘဲ..."


"ဟုတ်ပါ့.. မစ္စဖုကလည်း ရင်းနှီးတဲ့ပုံ ပေါက်နေတယ်.."


ကောမန့်များတွင်လည်း မစ္စတာဖုကို အရင်က တစ်နေရာရာ၌ သူတို့ရင်းရင်းနှီးနှီး မြင်ဖူးကြကြောင်း ရေးထားသော ကောမန့်များ ရှိနေသည်။ ရှကျင်း၏ မျက်နှာသည် ရုတ်တရက် ဖြူဖက်ဖြူရော် ဖြစ်သွားသည်။


သို့သော် ဤကောမန့်များတွင် သူမကိုလည်း ဆဲဆိုထားခြင်းမရှိဘဲ ရှအန်းကို ဆွဲထည့်၍ သူမနှင့် နှိုင်းယှဉ်ထားခြင်းများလည်း မရှိပေ။ သူမ၏ မျက်နှာပေါ်ရှိ အမူအရာသည် ပို၍ အကျည်းတန်လာသည်။


ကျက်သရေ ရှိပြီး ရိုးစင်းသော သူမ၏မျက်နှာလေးသည် နားလည်ရခက်အောင် ချောက်ချားနေသည်။


" မဖြစ်နိုင်ဘူး… ဘယ်သူမှ မှတ်မိတာ မဖြစ်နိုင်ဘူး…”


ရှကျင့် သည် တက်ဘလက်ကို ကျစ်ကျစ် ကိုင်ထားလေသည်။


ယခုတွင် ရှကျင်းသည် ရှအန်းကို ယှဉ်ပြိုင်ရန် 

ရှိုးပွဲတွင် ပါဝင်ခဲ့မိသည်ကို နောင်တရနေသည်။


ဒီနှစ်များရဲ့ ရက်ကောင်းရက်မြတ်များက သူမကို ဂုဏ်ယူစရာ ဖြစ်အောင်ပြုလုပ်ပေးခဲ့သည်။ ထို့ကြောင့် သူမသည် မကောင်းသည့်အရာများကို မေ့နေခဲ့သည်။ အကြောင်းအရင်းမှာ သူမ ရှကျင့် မဖြစ်ခင်က တစ်ခြားသူတစ်ယောက် ဖြစ်ခဲ့သည်….


ရှကျင့်သည် ဆက်တိုက် ကံဆိုးနေလေသည်။


အမေရိကန်တွင် နေထိုင်နေသော ရှအန်းမှာတော့ နေ့တိုင်းပျော်ရွှင်နေရသည်။


သူမသည် ပျော်ရွှင်စရာများနှင့်သာ တွေ့ကြုံနေရသည် ။ နေရာစုံလျှောက်လည်၍ လူအမျိုးမျိုးနှင့်လည်း တွေ့ဆုံခွင့်ရသည်။ ရှအန်း၏ ပင်ကိုစိတ်သည် ပြောင်းလဲသွားလေသည်။


" မင်းအခုတလော ပိုလှလာတယ်..."

  နိုင်ငံခြားသား ဂရေ့စ်က ရှအန်းကို တွေ့သောအခါ ချီးကျူးလိုက်သည်။


ရှအန်းသည် ဒါရိုက်တာဂရေစ့်က ဟန်လုပ်ပြောနေသည်ဟု ထင်နေသည်။


သူတို့တွေ့ကြသည်မှာ တစ်ပတ်မျှသာ ရှိသေးသည်။ ဘယ်လိုလုပ်ပြီး ကြီးကြီးမားမား ပြောင်းလဲမှုရှိနိုင်မှာလဲ…


သူမသည် သူမ၏ ပင်ကိုစိတ် ပြောင်းလဲနေသည်ကို သတိမပြုမိပေ။ ရှအန်း နှင့် နေ့တိုင်းနီးပါး တွေ့ရသော ဟန်ယွဲ့နှင့် ရှုဒိုသည်လည်း ထိုအရာကို သတိမပြုမိပေ။ သူတို့၏ စိတ်ထဲတွင် ရှအန်းသည် လှပရုံမျှသာရှိသည် ။ သတို့သည် သူမကို ဂရေစ့်ကဲ့သို့ စိတ်မဝင်စားပေ။


" ကျေးဇူးတင်ပါတယ် ....“ 

ရှအန်းက ပြုံး၍ ပြောလိုက်သည်။


" မစ္စအန်း မင်းဇာတ်ညွှန်းတစ်ခုလုံး ဖတ်ကြည့်ပြီးပြီလား..”

ဂရေ့စ်က ပြောချင်သည့်အရာကို အလုပ်သဘောအရ တိုက်ရိုက်မေးလိုက်သည်။


"ဟုတ်ကဲ့....ဖတ်ကြည့်ပြီး ဂျုန်း က ထူးခြားတဲ့ဇာတ်ကောင်တစ်ယောက်လို့ ထင်တယ်..ကျွန်မနဲ့တကယ်တူတာဘဲ..ဒါပေမယ့် ကျွန်မက ဂျုန်းလောက်တော့ သရုပ်ဆောင်မကောင်းပါဘူး..“

 ရှအန်းက ပြုံး၍ တိုးတိုးလေး ပြောလိုက်သည်။


ရှအန်းသည် ဇာတ်ညွှန်းတစ်ခုလုံး ဖတ်ပြီးသောအခါ  စိတ်သက်သာရာ ရသွားလေသည်။ ဂျုန်း၏ အမူအရာက သူမနှင့် ချွတ်စွပ်တူနေသည်။ အထူးသဖြင့် သူမ၏ နောက်ကြောင်းရာဇဝင်နှင့် တစ်ထပ်တည်းဖြစ်သည်။ ထိုကဲ့သို့သော နောက်ထပ် အကျွမ်းဝင်မှုတစ်ခုသည် သူမအား ယုံကြည်မှုရှိစေသည်။


ထိုရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ရန် ယုံကြည်မှုပြည့်ဝရမည်…


" ဟားဟား ရှအန်း မင်းကအရမ်းရိုးသားတာဘဲ ..ငါ့မျက်လုံးထဲမှာတော့ မင်းက ဂျုန်းလိုဘဲ တော်တယ်..မင်းတို့နှစ်ဦးစလုံးက ရဲရင့်ပြီး ထက်မြက်တဲ့ အမျိုးသမီးတွေပဲ..."


ရှအန်းက နှုတ်ခမ်းကိုစုလိုက်၍ ပြုံးပြလိုက်သည်။


သူမက မရိုးသားပါ။ ကမ္ဘာပျက်သော နေ့များတွင် သူမသည် သာမာန်မဟုတ်တော့ဘဲ ထင်ရှားပေါ်လွင်သော မှတ်ဉာဏ်ရှိသည့်  သာမာန်မိန်းကလေး တစ်ဦးပင်ဖြစ်သည်။  သူမသည် အကြောင်းအမျိုးမျိုးကြောင့်သာ ဂျုန်းကဲ့သို့ ရဲရင့်ကြံ့ခိုင်သော သူတစ်ယောက်ဖြစ်လာခဲ့သည်။


ဂျုန်းသို့ မွေးဖွားလာခြင်း မဟုတ်ဘဲ ရှအန်းတွင် အလိမ်အညာများ ရှိနေသည်။


"ဘယ်လိုလဲ… ဒီနေရာမှာ သရုပ်ဆောင်ဖို့ ယုံကြည်ချက်ရှိလား ..."


ဂရေစ့်က ရှအန်း ပြုံးပြသည်ကို ကြည့်၍ သူမသည် ဤနေရာတွင် သရုပ်ဆောင်နိုင်လိမ့်မည်ဟု သူ၏စိတ်ထဲတွင် သိပြီးသားဖြစ်သည်။


"ဟုတ်ကဲ့…ရှိပါတယ်...."

 ရှအန်းသည် ယုံကြည်ချက်အပြည့်ဖြင့် ခေါင်းငြိမ့်လိုက်သည်။


လတ်တလောတွင် သူမသည် ဇာတ်ညွှန်းကို ဖတ်ရုံတင်မဟုတ်ဘဲ သရုပ်ဆောင်အပိုင်းတွင် ကျွမ်းကျင်ရန် ဗဟုသုတများကိုလည်း လေ့လာသည်။ သူမကိုယ်သူမလည်း သရုပ်ဆောင်ကြည့်နေသည်။


သူမသည် မပြည့်စုံသော်လည်း သူမ၏ပြင်းထန်သော မှတ်နိုင်စွမ်းကြောင့် သရုပ်ဆောင်မှုအပိုင်းကိုသင်ယူနိုင်၍ ထိုနေရာတွင်လည်း ကောင်းစွာသရုပ်ဆောင်နိုင်ခဲ့သည်။


"ဟုတ်ပြီ… ဒါဆို မင်း နောက်အပတ်ကျရင် ဂရုထဲကိုတရားဝင် ဝင်ရလိမ့်မယ်…ငါတို့ရဲ့ ဇာတ်လိုက်မင်းသမီးကို ကြေညာပေးလို့ရပြီလို့ထင်တယ်....."


ဂရေစ့်သည် အလွန်တက်ကြွသော သူတစ်ယောက်ဖြစ်မည်ဟု ရှအန်း မမျှော်လင့်ခဲ့ပါ။


နောက်တစ်နေ့တွင် နိုင်ငံတကာမီဒီယာက သူမပါဝင်သရုပ်ဆောင်မည့် ဇာတ်ကားကို ကြေညာနေသည်ကို တွေ့လိုက်သည်။


သူမသည် နိုင်ငံခြားဒါရိုက်တာ ဂရေစ့်က ထိုကဲ့သို့ အရှိန်အဝါကြီးလိမ့်မည်ဟု မထင်ခဲ့ပေ။


သူတို့သည် "Return to Earth “ ဇာတ်ကားကို ကြေညာပေးပြီး ပါဝင်မည့် သရုပ်ဆောင်တစ်ချို့ကို  သူတို့၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ပြသထားသည်။


တရုတ်ပြည်ရှိ အဓိကမီဒီယာ များက ထိုအချက်အလက်များကို တတ်နိုင်သမျှအမြန်ဆုံး ထုတ်လွှင့်ပြသကြသည်။


" နိုင်ငံတကာ ဒါရိုက်တာဖြစ်သည့် ဂရေ့စ်၏ " Return to Earth” ဇာတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်များ အားလုံးကို ကြေညာပါတော့မည်.. အဓိကဇာတ်ကောင်ဖြစ်သည့် ဂျုန်း အဖြစ် ထူးခြားတဲ့ အာရှလူမျိုး တစ်ဦးကပါဝင်မယ်လို့လည်း ပြောကြပါတယ်…”


"Return to Earth ၏ ဇာတ်လိုက်မင်းသမီးမှာ နိုင်ငံခြားထိပ်တန်းသရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်”


….


အဘယ်ကြောင့်ဆိုသော် ဂရေစ့်၏ ရုပ်ရှင်များသည် စျေးကွက်ကောင်း၍ ပျံ့လွှင့်မှုမြန်ဆန်သည်။


"Return to Earth “ ရုပ်ရှင်အကြောင်းကို အများကြီး ထုတ်ဖော်မပြောရသေးပါ။ သို့သော်  ထိုရုပ်ရှင်ကို စောင့်စားနေကြသော လူများစွာ ရှိနေသည်။


အထူးသဖြင့် အဓိကဇာတ်ကောင် ဂျုန်းနေရာတွင် သရုပ်ဆောင်မည့်သူသည် မျက်လုံးအနက်ရောင်ရှိသော အာရှလူမျိုးတစ်ယောက်ဟု ကောလဟာလများ ထွက်ပေါ်နေသည်။ ထိုအရာက အာရှလူမျိုးများ၏ စိတ်ဝင်စားမှုကိုရရှိစေခဲ့သည်။ 


ထိုသို့ စိတ်ဝင်စားမှု များများရရှိရန်မှာ အရေးအကြီးဆုံးတစ်ခုဖြစ်သည်။ နာမည်ကြီးသရုပ်ဆောင်များသည် ဂရေ့စ်နှင့် တွေ့ဆုံပြီးကတည်းက အဓိကဇာတ်ဆောင်နေရာကို ရရန် အပြင်းအထန် ပြိုင်ဆိုင်မှုများလည်း ရှိနေသည်။ 


ထို့ကြောင့် ရုပ်ရှင်သည် မစရသေးဘဲ အာရှတွင်

လူသိများလာသည်။


ယခုအခါ စိတ်ဝင်စားမှု အမြင့်ဆုံးရုပ်ရှင်၏ အဓိကဇာတ်ဆောင်ကို ရှာတွေ့ပြီဟု သတင်းများထွက်ပေါ်လာသောအခါ အွန်လိုင်းပေါ်တွင် အာရှလူမျိုးများသည် ပွက်လောရိုက်နေကြသည်။


ဂျပန် ၊ တောင်ကိုးရီးယား နှင့် အာရှတိုက်ရှိ တစ်ခြားနိုင်ငံများသည် တစ်ကိုယ်ရေသမားများဖြစ်သောကြောင့် အဓိကဇာတ်ဆောင် ဂျုန်း နေရာတွင် သရုပ်ဆောင်မည့်သူအား ဂရေစ့်ကိုယ်တိုင်ရွေးသည်ဆိုတော့ သူ့နိုင်ငံက သရုပ်ဆောင်ဘဲ ဖြစ်ရမည်ဟု ထင်နေကြသည်။


အွန်လိုင်းပေါ်တွင် ဘယ်ကြယ်ပွင့်က ဂျုန်းနေရာကိုရသွားမလဲ… ဘယ်စတားက ဂျုန်းနေရာမှာ အသင့်တော်ဆုံးဖြစ်တယ် ဆိုတာကို ငြင်းခုန်နေကြသည်။


တကယ်တမ်းတွင် သာမာန်လူများတင်မကဘဲ နာမည်ကြီး သရုပ်ဆောင်များကပါ အာရှတွင်ပထမဆုံး ဟောလိဝုဒ်အတွက် သရုပ်ဆောင်မည့် အမျိုးသမီးကြယ်ပွင့် ကိုခန့်မှန်းနေကြသည်။