အပိုင်း ၁၂၃
Viewers 29k

Chapter 123


"Return to Earth” ရုပ်ရှင်ရဲ့ အမျိုးသမီးဇာတ်ကောင်က ဆံပင်အနက်ရောင်နဲ့ မျက်လုံးအနက်ရောင်ရှိတဲ့ အာရှလူမျိုးတစ်ဦး ဖြစ်တယ်လို့ ပြောနေကြတယ်…သင့်တော်တဲ့ အာရှလူမျိုးသရုပ်ဆောင်တွေက ဒီဇာတ်ကောင်အတွက် အရည်အချင်းပြည့်မှီကြတယ်..."


ထိုနေ့မှာပင် ထိုပိုစ့်အား တရုတ်ပြည်၏ လူသိများသော အာလာပသလာပပြောကြသည့် ဂရုထဲသို့ ထုတ်ပြန်ကြေညာပြီးနောက် စိတ်ဝင်စားမှုအများအပြား ရရှိလာသည်။


ပိုစ့်သည် ယုတ္တိရှိသော ပိုစ့်ဖြစ်၍  အာရှသရုပ်ဆောင်များ၏  အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု၊သရုပ်ဆောင်ကျွမ်းကျင်မှု ၊ သူတို့ရိုက်ခဲ့ဖူးသောရုပ်ရှင်များကို အခြေခံထားသော ပုံများနှင့် သူတို့၏ဓာတ်ပုံများကို တင်ထားသည်။ ထိုအရာက ပရိသတ်များနှင့် လူများစွာတို့၏ စိတ်ဝင်စားမှုကို ရရှိလေသည်။


ကျော်ကြားသော အမျိုးသမီးစတားများ၏ ပရိတ်သတ်များသည် အရှေ့ဆုံးမှ ပွဲဆူနေကြသည်။ ထို့ကြောင့်  ပိုစ့်သည် ပို၍ လူသိများလာသည်။


"Back to Earth ရုပ်ရှင်က ဟောလိဝုဒ် ရုပ်ရှင်တစ်ကားဖြစ်လို့ အင်္ဂလိပ်စကားကျွမ်းကျင်မှုက အဓိကကျတယ်..အင်္ဂလိပ်စကားမကျွမ်းရင် အဓိကဇာတ်ကောင်နေရာမှာ ဘယ်လိုလို့ သရုပ်ဆောင်လို့ရမှာလဲ..ဒါကြောင့် ငါ့နတ်ဘုရားမ ဒီနေရာကို ယူလို့မရဘူး..."


"ယွိစစ်ပေရဲ့ ပရိတ်သတ်တွေက အရမ်းရှက်နေကြတယ်..သူမက အထက်တန်းကျောင်းက ဘွဲ့မရဘူး..ဒါရိုက်တာဂရေစ့်က ပညာမတတ်တဲ့ကြယ်ပွင့်ကို ဘယ်လိုလို့ ရွေးမှာလဲ..”


" လန့်ကျားရီရဲ့ သရုပ်ဆောင်မှုကတော့ ကောင်းပါတယ်..ဒါမဲ့ သူမ အောင်မြင်ပါ့မလား..wikipedia မှာ Return to Earth နဲ့ ဒါရိုက်တာ ဂရေ့စ်ရဲ့ အင်တာဗျူးကို ဖတ်ကြည်လိုက်ပါ…ဂျုန်းနေရာက လိုအပ်ချက်တွေက အရမ်းမြင့်တယ်..သူမဂျုန်းနေရာမှာ သရုပ်ဆောင်နိုငိပါ့မလား..."


" ဘယ်အဆင့်တွေရှိတာလဲ…အဲ့တာက အရမ်းရှုပ်တယ်…All cats and dogs က ခုရက်ပိုင်း ကြယ်ငါးပွင့် ရနိုင်တယ်..."


ပိုစ့်အား စတင်သူသည် အပျော်သဘောဖြင့်သာ တင်လိုက်သည်။ ထိုသို့ လူသိများသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။


ပိုစ့်သည် ဆွေးနွေးကြသည့် ပေ့ချ်များသို့ ရောက်သွား၍ နာမည်ကြီး platform များကလည်း ကူးယူဖော်ပြထားကြသည်။


ခနကြာပြီးနောက် စိတ်ဝင်စားမှုများစွာ ရရှိနေသော ထိုပိုစ့်အား လူများစွာက follow လာကြသည်။


ဖန်များသည် တစ်ခြားသူများသို့ ဖြန့်ဝေကြပြီး ကြယ်ပွင့်များပေးကြလေသည်။ ထိုပိုစ့်သည် လူပြောများသော ပိုစ့်တစ်ခုဖြစ်လာလေသည်။


လူများစွာက စိတ်ဝင်စားကြသောကြောင့် ထိုပိုစ့်သည် ရှာဖွေမှုအများဆုံး အဖြစ်ရောက်ရှိသွားသည်။


ထိုသရုပ်ဆောင်နေရာသည် အရမ်းမမြင့်သော်လည်း လူသိများလာမှုကြောင့် မြင့်တက်သွားသည်။ cyber squad နှင့် PR များကိုတော့ မတောင်းဆိုထားပေ။


စီးပွါးရေးကို အလေးထားသော နာမည်ကြီးဆယ်လီများသည်လည်း ပိုစ့်ကို စိတ်ဝင်စားလာသောကြောင့်  ထိုပိုစ့်သည် ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။


ပိုစ့်တွင် အမျိုးသမီးကြယ်ပွင့်များကို  ပို၍ ဖော်ပြထားသည်။


နာမည်ကြီး ကြယ်ပွင့်များကို ပထမလိုင်းနှင့် ဒုတိယလိုင်း ဟူ၍ ကန့်သတ်ထားရုံသည့်အပြင် ကြယ်ပွင့်များ စုစုပေါင်း ဆယ့်ရှစ်လိုင်း ပေါ်ထွက်လာခဲ့သည်။


ထို ကြယ်ပွင့် ဆယ့်ရှစ်လိုင်းထဲမှ ရှအန်းသည် အဓိက ပေါ်ထွက်လာခဲ့သည်။


"ဒီနေရာက ရှအန်းနဲ့ သင့်တော်တယ်…ပထမရိုက်တဲ့ Come on Challenger မှာပါတဲ့ Zombie Seigeနေရာမှာ ရှအန်းက ထူးထူးချွန်ချွန် သရုပ်ဆောင်နိုင်တယ်...."


"ရှအန်းရဲ့ ရုပ်ရည်နဲ့  သရုပ်ဆောင်ကျွမ်းကျင်နှုကို ကြည့်ရင် သူမက ဂျုန်းနေရာနဲ့ အသင့်တော်ဆုံးဘဲ …ငါတော့ ရှအန်းရဲ့ ရုပ်ရှင်ကို ကြည့်ချင်လိုက်တာ…”


" တရုတ်ပြည်က ဟောလိဝုဒ် ရုပ်ရှင်တွေမှာ သရုပ်ဆောင်တဲ့ အမျိုးသမီး ကြယ်ပွင့် နည်းနည်းလေးဘဲရှိပေမယ့် အမျိုးသားကြယ်ပွင့်တွေဘဲ အများကြီးရှိတာ… တရုတ်ပြည်က အမျိုးသမီးကြယ်ပွင့် သရုပ်ဆောင်ကို မြင်ဖူးချင်တယ်….ကံမကောင်းစွာနဲ့ ရှအန်းက အပိတ်ခံခဲ့ရတယ်..."


" အပိတ်ခံရတဲ့ ကောင်မလေးက ဒီနေရာ ရချင်တယ်တဲ့လား…အိမ်မက် ဆက်မက်နေလိုက်စမ်းပါ…သခင်မ လုပ်ချင်တဲ့သူကို ဆွဲချကြစို့..."


"ရှအန်းက မတော်ဘူး..ပြောရရင် သူမက လှပပြီးတော့ သူမရဲ့ သရုပ်ဆောင်ချက်တွေကလဲ အံ့မခန်းဘဲ..."


"လာပြောစမ်းပါ…ခုခေတ်မှာ ဘယ်အမျိုးသမီးကြယ်ပွင့်က အစားမဝင်ပေးဘူးဆို ရှိလို့လဲ..Come on Challenger က ရသစုံရှိုး တစ်ခုတော့ဟုတ်တယ် ဒါပေမယ့် ပိုပြီးရုပ်ရှင်ဆန်တယ်…ရှအန်းရဲ့ နေရာမှာ တစ်ခြားသူက အစားဝင်ပြီး သရုပ်ဆောင်ပေးရမယ်…လူတွေကို အဲ့လောက်အထင်မကြီးစမ်းပါနဲ့..."


စကားပုံလိုဘဲ.. လူတွေရှိတဲ့နေရာမှာ မြစ်တွေ  ရေကန်တွေ ရှိတယ်..စတားတွေ ရှိတဲ့နေရာမှာလဲ ပြိုလဲမှုတွေ ရှိမှာဘဲ…


ယခုတလော တရုတ်ပြည်တွင် အပိတ်ပင်ခံရသော စတားလေး ရှအန်းတောင်မှ အားတင်းနိုင်တဲ့ ခံနိုင်စွမ်းရှိသေးသည်...


ရှအန်းသည် ပျောက်ကွယ်သွားမည် မဟုတ်ပေ။  အချိန်တွေကြာရင်တောင် သူမ၏ ပရိတ်သတ်များက သူမကို မေ့မည်မဟုတ်ပေ။ 


အဘယ်ကြောင့်ဆိုသော် "Come on Challenger” သည် အခိုင်အမာ ပရိတ်သတ်များ ရရှိပြီးဖြစ်သည်။ ပရိုဂရမ် ဆိုင်ငံထားပြီးနောက်ပိုင်းတွင် သူတို့သည် ရှအန်းကို ထောက်ခံအားပေးသူများ ဖြစ်လာကြသည်။


ထိုကဲ့သို့သော တိမ်းစောင်းမှုသည် ပိုစ့်တွင် ပါဝင်သည့် အမျိုးသမီးကြယ်ပွင့်များအတွက် အခွင့်အရေး နည်းသွားလေသည်။ Beauty သတင်းစာ တွင် ရှအန်းသည် သူမ၏ ရုပ်ရည် အသွင်အပြင်ကြောင့်  လှပသော အမျိုးသမီးကြယ်ပွင့်များကို ထုတ်ဖော်ပြောဆိုသော အပိုင်းတွင် ပါဝင်လာသည်။ 


ရှအန်းအား အားပေးမှုနှုန်းသည် အလွန်မမြင့်သော်လည်း သူမ၏ ပင်ကိုရုပ်ရည် အသွင်အပြင်နှင့် ကျော်ကြားမှုသည် သူမကို ဂျုန်းနေရာတွင် သရုပ်ဆောင်ရန် အသင့်တော်ဆုံး ကြယ်ပွင့်ဖြစ်စေလိမ့်မည်။


ကံမကောင်းစွာဖြင့် သူမသည် လတ်တလောတွင် ပိတ်ပင်ခံထားရသည်။ သရုပ်ဆောင် ဆယ့်ရှစ်လိုင်းတွင် အဓိကထွက်ပေါ်လာသည့် ရှအန်းသည် ဟောလိဝုဒ် ရုပ်ရှင်များနှင့် ဆက်စပ်ရန် အရည်အချင်း မပြည့်မှီပေ။


သို့သော် အမာခံ ပရိတ်သတ်များက သူမအကြောင်း ပြောနေကြသည်။ သူတို့အား ရန်စရန် ကြိုးစားနေကြသော cyber squad အချို့လဲရှိသည်။ သူတို့သည် ရှအန်း ပရိတ်သတ်တိုင်း၏ ပိုစ့်များကို ဖြုတ်ချကြသည်။


မကြာမီက အင်တာနက်ပေါ်တွင် တစ်ခြားပိုစ့်တစ်ခု ပေါ်ပေါက်လာသည်။


"ဩဂုတ်လ ၁၈ ရက်နေ့မှာ Come on Challenger ရဲ့ စတန့်မင်းသမီးကို အစားထိုးမည်..."


ထိုပိုစ့်အောက်တွင် လူများသည် ရှိုးပွဲ၌ သရုပ်ဆောင်ကျွမ်းကျင်သည်သော ရှအန်းကို မန်းရှင်းကြလေသည်။


Rating ပိုစ့်တင်ပြီးနောက် ရှအန်းသည် သူမကို မုန်းနေသော သူများ၏ တိုက်ခိုက်ခြင်းကို ခံရသည်။


ရှိုးပွဲတွင် ရှအန်းနေရာကို အစားထိုးမည်ဟု တင်ထားသော ပိုစ့်သည်လည်း လူသိများလာသော ပိုစ့်တစ်ခု ဖြစ်လာခဲ့သည်။


ထိုပိုစ့်အား တင်ထားသော သူသည် အချက်အလက်များစွာနှင့် တင်ထားသည်။ သူသည် ရှအန်း၏ ပုံများကို ဖြတ်ထုတ်၍ ရှအန်းနှင့် ရုပ်ချင်းဆင်သော အစားထိုးမည့်သူ၏ ပုံနှင့် တစ်ခုချင်းစီယှဉ်ပြထားသည်။


ထိုမိန်းကလေးသည် ရှအန်းနှင့် တူသော နှုတ်ခေါင်းနှင့် မျက်လုံးများရှိ၍ သူတို့နှစ်ဦးသည် အလွန်ရုပ်ဆင်ကြသည်။


ရှိုးပွဲရိုက်ကူးမှု၌ သူတို့ထဲမှ တစ်ယောက်သည် ပုဂ္ဂိုလ်ရေးအရ  ပါဝင်ခွင့်မရလျှင် ကြည့်ရှုသူများကို လှည့်စား၍ရနိုင်သည်။


ထို့ကြောင့် လူများသည် နားမလည်နိုင်ဖြစ်သွားပြီး ထိုပိုစ့်ထဲက အချက်အလက်သည် မှန်ကန်နိုင်သည်ဟု စီစစ်နေကြသည်။


တစ်ချို့သောသူများသည် ထိုပိုစ့်အား မယုံကြည်ကြပေ။ အထူးသဖြင့် Come on Challenger၏ အမာခံ ပရိတ်သတ်များသည် အင်တာနက်သုံးစွဲသူများက သတင်းရှုပ်ထွေးအောင် လုပ်သည်ဟူ၍ ထိုပိုစ့်အား လျစ်လျူရှုထားကြသည်။