အပိုင်း ၁၂၄
Viewers 29k

Chapter 124


ထိုပိုစ့်သည် ရှအန်းနှင့် ရှိုးပွဲတွင် အတူသရုပ်ဆောင်ရသော ဟယ့်ရှောင်ရှောင်ဆီသို့ ရောက်ရှိသွားလေသည်။


"😊ငါကအဟော့ဆုံး V..ထူးထူးခြားခြား စိတ်ဝင်စားဖို့ကောင်းတဲ့ ပိုစ့်တစ်ခုကို အခုတွေ့လိုက်တယ်..."


အစကတည်းက ထိုပိုစ့်သည် အရေးမပါသော ပိုစ့်တစ်ခုဖြစ်သည်။ လူများစွာက တုံ့ပြန်ကြပြီး ငြင်းခုန်ကြသည်တောင်မှ အကျိုးသက်ရောက်မှု မရှိပေ။


တကယ်တမ်းတွင် ထိုအရာများသည် သက်သေအထောက်အထားများ မရှိသော မှန်းဆချက်တစ်များသာ ဖြစ်သည်။


ယခုတွင်မူ ဟယ့်ရှောင်ရှောင်သည် ကိုယ်လွတ်ရုန်း၍ ပိုစ့်၏ ကျော်ကြားမှုကို ပြောင်းလဲလိုက်သည်။ သူမသည် ရှအန်းကိုသာ လူများ၏ အရှေ့သို့ တွန်းပို့ခဲ့သည်။


ဟယ့်ရှောင်ရှောင်၏ ဝေ့ပေါ်တွင် ပြန်ထားသောreplyသည် မပြတ်မသားနှင့် မရေမရာဖြစ်နေသည်။ ထို့ကြောင့် ပရိတ်သတ်များသည် ဟဲရှောင်ရှောင်က မည်သည့်ဘက်တွင် ပါနေသည်ကို နားလည်၍မရနိုင် ဖြစ်နေကြသည်။ သူမက ထိုပိုစ့်အား အဓိပ္ပာယ်မရှိဟု ပြောသလိုလို မှန်ကန်သည်ဟု ပြောသလိုလို ဖြစ်နေပေသည်။


ထို့နောက် သူမသည်ဝေ့ပေါ် တွင် ရှအန်းနှင့် ပက်သတ်သော ပိုစ့်တစ်ခုကို တင်ခဲ့သည်။


"😊ငါကအဟော့ဆုံး V  :တကယ်တော့ ငါကတစ်စုံတစ်ခုကို ဖုံးကွယ်ထားတာ ကြာပါပြီ ငါ့နှလုံးသားကလည်း အဲ့တာနဲ့ ပက်သတ်ပြီး အရမ်းကို စိတ်မကောင်းဖြစ်နေရတာ..နင်တို့မသိသေးတဲ့ လျှို့ဝှက်ချက် တစ်ချိူ့ကို ပြောပြချင်တယ်..ဒါပေမဲ့ အဲ့တာက သတ်မှတ်ချက်တွေရှိလို့ အများကြီးတော့ ပြောပြလို့မရဘူး…ဒါပေမဲ့ အခုရှိုးက ပြီးသွားပြီး လူတိုင်းကလည်း သူ့လမ်းသူ သွားကြပြီဆိုတော့ စိတ်ပူစရာတော့ မရှိပါဘူး..ရှအန်းနဲ့ ငါက သူငယ်ချင်းတွေပါ..ငါတို့က တူတူရှိခဲ့ကြတယ်..ဒီမှာရှိနေတဲ့ လူတိုင်းကို ပြောချင်တာက မြင်သမျှကို မယုံဖို့ပါဘဲ..."


ထိုပိုစ့်သည် အင်တာနက်တစ်ခုလုံးကို ပွက်လောရိုက်စေခဲ့သည်။


နာမည်ကြီးနေသော ထိုပိုစ့်နှင့်အတူ ရှကျင့်၏နာမည်နှင့် “Return to Earth” ရုပ်ရှင်၏ အဓိက ဇာတ်လိုက်မင်းသမီး ပိုစ့်တို့သည် ရှာဖွေမှုအများဆုံး စာရင်းတွင် ထိပ်ဆုံးသုံးနေရာ၌ ရပ်တည်နေသည်။


[တွေ့လား..ဟယ့်ရှောင်ရှောင်က ရှအန်းရဲ့ နေရာကို ထုတ်ဖော်ပြောထားတယ်.. အဲ့တာက တကယ်လက်တွေ့ အစားထိုးထားတာလား]


[နူးညံ့တဲ့ မင်းသမီး ရှအန်းရဲ့နောက်မှာ အရာအားလုံးကို ချုပ်ကိုင်နေတဲ့ လူတစ်ယောက်ရှိမယ်ဆိုတာ ငါသိတယ်]


[အိုးမိုင်ဂေါ့..Come on Challenger ကရှိုးပွဲ အတုဖြစ်မယ်လို့ မထင်ခဲ့ဘူး..အဲ့တာက အဓိပ္ပာယ်မရှိဘူး…ရပ်လိုက်တာဘဲ ကောင်းတယ်…ဒီလိုမျိုး လှည့်စားတဲ့ ပရိုဂရမ်ကို ရပ်လိုက်သင့်တယ်]


[ရှအန်းက ရုပ်ရှင်ထဲမှာ မပါတာကို ဟယ့်ရှောင်ရှောင်ကိုလဲ ဖုံးကွယ်ထားတယ်..တကယ် သနားစရာကောင်းတာဘဲ..]


[ဒီအချိန်မှာ ငါကတော့ ဟယ့်ရှောင်ရှောင်ကိုဘဲ ရယ်ချင်တယ်..သူမက တစ်ခုခု ပြောစရာရှိနေတဲ့ အမအကြီးဆုံးနဲ့ တူနေတယ်]


[ဟား ဟား.. အသုံးမကျတဲ့ မင်းသမီးတစ်ယောက်ကို နင်တို့က Return to Earth ရဲ့ ဇာတ်လိုက်မင်းသမီးနေရာမှာ သရုပ်ဆောင်စေချင်တယ် ဟူတ်လား..အိမ်မက်မက်နေတာဘဲ..သူမမှာ လှပတဲ့မျက်နှာကလွဲပြီး ဘာမှမရှိဘူး]


[ဟုတ်တယ်…အဲ့တာမှန်တယ်..ရှအန်းက လှတာဘဲရှိတယ်..Come on Challengerမှာ သူမ ဘာမှမလုပ်ခဲ့ဘူး သရုပ်လဲမဆောင်ဘူး တိုက်ခိုက်တဲ့ကျွမ်းကျင်မှုလဲ မရှိဘူး အင်္ဂလိပ်စကားလဲမကျွမ်းကျင်ဘူး..ဟား ဟား သူမက အဲ့နေရာမှာ သရုပ်မဆောင်သင့်ဘူး]


အင်တာနက်ပေါ်တွင် လူများသည် ရှအန်းကို ဆဲဆိုနေကြသည်။ ထိုအခါ ရှကျင်းသည် သူမ၏ နှုတ်ခမ်းအား ဂုဏ်ယူစွာဖြင့် ပင့်တင်လိုက်သည်။


ညအချိန်ဖြစ်၍ ရှကျင်းက မီးမပွင့်ထားပေ။ ပြတင်းပေါက်မှ ဖောက်ထွက်လာသည့် ဖျော့တော့သော လ၏အလင်းရောင်သာ ရှိသည်။ ထိုအလင်းရောင်သည် သူမ၏တစ်ကိုယ်လုံးကို ဖျော့တော့သော ရောင်ဝါလေးပမာ ပေါ်လွင်စေသည်။ 


" အား..ပိုက်ဆံရှိတာ ကောင်းလိုက်တာ..”


ရှကျင်းသည် ရှာဖွေမှုအများဆုံး စာရင်းကို ကြည့်လိုက်သည်။ သူမ၏ ကိုင်တွယ်မှုကြောင့် ရှာဖွေမှုစာရင်းထဲတွင် သူမ၏ မကောင်းသတင်းများသည် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားသည်။


ယခုအခါ ရှာဖွေမှုအများဆုံရသည် ဂရေစ့် ရိုက်ကူးသော ဇာတ်ကားအသစ်များနှင့် ရှအန်း ဆဲဆိုခံရသော ပိုစ့်များဖြစ်သည်။

 

ရှကျင့်သည် စိတ်ချမ်းသာစွာဖြင့် တက်ဘလက် ကို ဘေးတွင်ထားလိုက်ပြီး သက်တောင့်သက်သာရှိသော ဆိုဖာဆီသို့ ဖြေးဖြေးချင်းလျှောက်သွား၍ ထိုင်ချလိုက်သည်။


"ရှအန်း..ဒီလိုမျိုး cyber ဆူပူမှုတွေကို မျှဝေဖို့ ကူညီပေးတဲ့အတွက် မင်းကိုကျေးဇူးတင်တယ်…”


ရှကျင်း စီမံချက် ရေးဆွဲလေတော့သည်။ သူမသည်  ရှအန်းကို ဘေးဖယ်ထားပြီးသားဖြစ်သည်။  သူမက ရှအန်းကို တစ်ဖန် အားပေးနေကြသော သူမ၏ အမာခံပရိတ်သတ်များကိုတော့ မတားနိုင်ပေ။ ရှအန်းကို လုံးဝအပုပ်ချရန်အတွက် ကြံစည်နေသည်။


ယခုတွင် အကျိုးသက်ရောက်မှုသည် မကောင်းတော့ပေ။ လူသန်းပေါင်းများစွာက ရှကျင့်ကို ယုံကြည်ကြပြီး ဟဲရှောင်ရှောင်က ကိစ္စများကို လှပစွာ ကိုင်တွယ်နေသည်။


သူမသည် ဝိုင်အနီကို တစ်ငုံသောက်လိုက်၍ တက်ဘလက်ကို ဘေးတွင်ထားလိုက်ပြီး အိပ်ယာဝင်သွားသည်။ 


ထိုညတွင် သူမသည် ကောင်းစွာ အိပ်ပျော်သည်။


အိပ်နေလျက်ပင် သူမသည် ပြုံးနေလေသည်။


သို့သော် သူမ၏ စိတ်ချမ်းသာမှုသည်  မကြာခင်တွင် ပျောက်ကွယ်တော့မည်မှာ သနားစရာကောင်းပေသည်။


"သေစမ်း..ဒါတွေအားလုံးက အဓိပ္ပာယ်မရှိဘူး..ဟယ့်ရှောင်ရှောင်ရဲ့ ခေါင်းထဲမှာ အမှိုက်တွေနဲ့ဘဲ ပြည့်နေတာလား..ဝေ့ပေါ် ဒီလိုမျိုးပို့စ်တင်ရဲတယ်..."


ဟန်ယွဲ့သည် အလုပ်ဖြင့် အမေရိကန်ကို ပြောင်းရွေ့သွားသော်လည်း ပြည်တွင်းသတင်း အမျိုးမျိုးကို နားစွင့်နေသည်။


သူသည် သူနှင့် ရှအန်း၏ သတင်းများကို ပို၍ စိုးရိမ်လာသည်။


ထို့ကြောင့် သူသည် အမေရိကန်တွင် ရောက်နေသော်လည်း အင်တာနက်သုံးစွဲသူများက ရှအန်းကို အပြင်းအထန်ရှုံ့ချနေကြသည်ကို သတိပြုမိလာသည်။


သူသည် ပထမဆုံး ရှအန်း နေထိုင်သော တိုက်ခန်းသို့ သွားခဲ့သည်။ 


"ရှအန်း..ဟယ့်ရှောင်ရှောင်က ရူးနေပြီထင်တယ်.. သူမ ခုလို ဘာလို့ စကားအမှားတွေ ပြောရဲတာလဲ.."


ရှအန်းသည် ဆိုဖာပေါ်တွင် စိမ်ပြေနပြေဖြင့် တီဗီကြည့်နေသည်။ သူမသည် ဟန်ယွဲ့ ၏ စိတ်တိုသော လေသံကို ကြားသော်လည်း တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ 

"ဟန် ရှင်မှားနေပြီ.. ဟယ့်ရှောင်ရှောင်က မရူးပါဘူး..သူမကို တစ်ယောက်ယောက်က လုပ်ခိုင်းထားတာ.."


ရှအန်းသည် ဟယ့်ရှောင်ရှောင် ဘာကြောင့် ခုလိုလုပ်သည် သူမကို ဘယ်သူက ခိုင်းသည် ဆိုတာကို သဘောပေါက်သည်။


"သူမကို ပိုက်ဆံပေးပြီး လုပ်ခိုင်းတာလား.."

ဟန်ယွဲ့ ကြောင်တောင်တောင်ဖြစ်သွားပြီး ခေါင်းငြိမ့်လိုက်သည်။


" သူမကို ခိုင်းတာမဟုတ်ဘူးဆိုရင် သူမ စာချုပ်ဖျက်သိမ်းပြီး အဖွဲ့ထဲကနေထုတ်တဲ့ ပြစ်ဒဏ်ရလိမ့်မယ်..အခုအချိန်မှာ သူမ ဒီသတင်းအမှားတွေကို အလွယ်တကူ ဖျက်လို့ရမယ် မထင်ဘူး..."


"သူမ အနောက်မှာ ကြိုးကိုင်နေတဲ့သူ တစ်ယောက်ယောက်မရှိဘဲ အမှန်တရားကို ဖုံးကွယ်ထားတဲ့ ဒီလိုသတင်းအမှားတွေကို weibo ပေါ်မှာ ဘယ်လိုလုပ် တင်နိုင်မှာလဲ..."