အပိုင်း ၁၂၅
Viewers 29k

Chapter 125


"သူမက တော်တော်မိုက်မဲတာဘဲ ..ငါတို့ အဲ့တုန်းက ၂၄နာရီလုံး ရိုက်ကူးရေး လုပ်နေခဲ့တာ..အခုကျတော့ လူအစားထိုးပြီး ရိုက်ထားတယ်လို့ပြောတယ်..ရိုက်ကူးနေတဲ့ ဗီဒီယိုထွက်လာမှဘဲ အရာအားလုံးက ပြေလည်သွားလိမ့်မယ်..”


ဟန်ယွဲ့သည် ကျေးဇူးမသိတတ်သော ဟယ့်ရှောင်ရှောင်ကို သဘောမကျခဲ့ပေ။ ယခုတွင် သူသည် ဟယ့်ရှောင်ရှောင်ကို ပို၍ပင် မုန်းလာသည်။


သူသည် အံကြိတ်ထား၍ ဟယ့်ရှောင်ရှောင်အား မိုက်မဲသောဝက်ဟု ကြိမ်းမောင်းနေသည်။


"ဟန်..ဟယ့်ရှောင်ရှောင်က  ကျွန်မ ရိုက်ကူးရေးအပိတ်ခံရတော့ အဲ့တာကို မလွှင့်တော့ဘူး ထင်နေပြီး သူမလုံခြုံတယ်လို့ ထင်နေတာ..."

ရှအန်းသည် သဘောမကျစွာဖြင့် ပြောလိုက်သည်။ သို့သော် သူမသည် အလျင်စလိုတော့ မပြုလုပ်ပေ။ ပြဿနာများ၏ ရှင်းလင်းမှု မထွက်လာလျှင်လည်း ရှအန်းသည် အဆုံးတွင် အနိုင်ရမည်ဖြစ်သည်။


တရုတ်ပြည်ရှိ လူများ၏ ဆဲဆိုမှုများ ပြင်းထန်လာလေလေ အနာဂတ်တွင် ရုပ်ရှင်နှင့် ရှိုး ထုတ်လွှင့်သည့်အခါ သူတို့အား ပိုမို ထိုခိုက်လာလေ ဖြစ်မည်။


သို့သော် ဟန်ယွဲ့သည် အလျင်လိုနေသာ်။


သူသည် သူ့ကိုယ်သူ စိတ်မပူသော်လည်း ရှအန်းအတွက် စိိုးရိမ်နေသည်။


"ဟဲဟဲ ဟဲဟဲ ဟုတ်တာပေါ့…ဟန်ယွဲ့က တစ်ကိုယ်ကောင်းသမားလေးပဲ..."


"ရှအန်း မင်းဘာမှစိတ်မပူနဲ့..ဟယ့်ရှောင်ရှောင်ကို ဖြေရှင်းဖို့ ငါ့တာဝန်ထားလိုက်..သူမလုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရအောင် ငါလုပ်မယ်..သူမကို ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို နောက်တစ်ကြိမ် ပါဝင်ခွင့်  မပြုတော့ဘူး..."

ဟန်ယွဲ့သည် ရှအန်းအတွက် စောဒက တက်နေလေသည်။


ရှအန်းသည် တီဗီကို ပိတ်လိုက်ပြီး ဟန်ယွဲ့အား အပြုံးဖြင့် ကြည့်လိုက်သည်။ 

"အို..ရှင်က ဘယ်လိုလုပ်မှာလဲ..."


"အခု ငါပြောသလိုဘဲ..ငါတို့က တစ်နေ့ကို ၂၄နာရီလောက် ရှိုးအတွက် ရိုက်ကူးခဲ့ရတာ..ကုမ္ပဏီထဲက လူတွေကို ငါတို့ရိုက်ကူးနေတဲ့ ဗီဒီရိုတစ်ပုဒ်ကို အင်တာနက်ပေါ်တင်ခိုင်းပြီး လူအစားထိုးတယ်ဆိုတဲ့ သတင်းအမှားကို ဖြေရှင်းမယ်..."


ဟန်ယွဲ့၏ စကားလုံးများသည် ရှအန်းကို လုံးဝ မအံ့ဩစေပေ။


ထိုပြဿနာသည် ဖြေရှင်းဖို့ရာ အတွက် အလွန်လွယ်ကူသော်လည်း ဟယ့်ရှောင်ရှောင်၏ လုပ်ရပ်များသည် အလွန်မိုက်မဲသည်။


သို့သော် ဟယ့်ရှောင်ရှောင်သည် ဘာကြောင့်မျက်နှာပြောင်တိုက်သလဲ ဆိုသည်ကို သူတို့နားလည်သင့်သည်။


ဟန်ယွဲ့၏ "Come on Challenger” ရှိုးကို သတင်းမီဒီယာများက လုံးဝကြည့်ခွင့်မရပေ။ 

ထို့ကြောင့် ရှအန်းသည် ထိုပြဿနာအား လုံးဝမစိုးရိမ်ခဲ့ပေ။


ထို့နောက် သူမ အနောက်တွင် ဆရာကျသည့်သူရှိသော်လည်း  သူမဂရုမစိုက်ပေ။


"ဒါဆို ဘာလဲ..ရှင်က တစ်ခြား ဘယ်လိုဖြေရှင်းချင်တာလဲ..အကိုဟန်..ကျွန်မရဲ့ ရှင့်အပေါ်နားလည်မှုကို အခြေခံပြီး ရှင် ဒီကိစ္စကို တိတိကျကျ တစ်ခုခု လုပ်သင့်တယ်..."


ရှအန်းသည် ပြုံးလိုက်ပြီး သူမ၏ မဲနက်သော မျက်လုံးက ဟန်ယွဲ့အား သူ၏ သူမအပေါ် ဂရုစိုက်သော အတွေးများကို မြင်နေရသကဲ့သို့ စိုက်ကြည့်နေသည်။


"ဒါဆို..ဘာလဲ…ရှအန်း ငါ့ကို အဲ့လို မစိုက်ကြည့်ပါနဲ့..မင်းကြည့်ရတာ ကြောက်စရာကြီး..."


ဟန်ယွဲ့သည် သူ၏ ခုန်နေသော နှလုံးအား ဖိလိုက်ပြီး ညည်းလိုက်သည်။

 " ရှအန်းက.. တကယ်လန့်စရာကောင်းတဲ့ လူသားတစ်ယောက်ဘဲ..."


ရှအန်းသည် ဟန်ယွဲ့နှင့် မျက်နှာချင်းဆိုင်ထိုင်နေပြီး ဘာမျှမလုပ်ဘဲ သူ့ကိုသာစိုက်ကြည်နေသည်က ဟန်ယွဲ့အား ထိတ်လန့်စေသည်။ 


"ငါ့အတွေးကတော့ ရိုးရှင်းတယ်..အခုလက်ရှိမှာ "ရှအန်း၏စတားဘဝ” ရှိုးကို တည်းဖြတ်နေတယ်..အဲ့တာကို အခွင့်ကောင်းယူပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့ ဘာလို့မရရမှာလဲ လို့တွေးနေတာ....”


ဟန်ယွဲ့သည် ရေသောက်လိုက်ပြီး စိတ်လျှော့လိုက်သည်။ ထို့နောက် ဒီအခြေအနေ ဖြစ်ပေါ်လာလျှင် သူ့မှာရှိသည့် အတွေးများကို ရှင်းပြခဲ့သည်။


"ရှအန်း..မင်းစဉ်းစားကြည့်ပါ..မင်းရဲ့အခုကျော်ကြားမှုကို အခွင့်ကောင်းမယူဘဲ ဖန်သားပြင်ပေါ်မှာ မပေါ်လာဘူးဆိုရင် မင်းရဲ့ ကျော်ကြားမှုက ပျောက်ကွယ်သွားလိမ့်မယ်..ပရိတ်သတ်တွေကလည်း မင်းကို မေ့သွားကြလိမ့်မယ်..."


"ဒီအချိန်မှာ ငါတို့ရဲ့ ပရိုဂရမ်ကို ထုတ်လွှင့်လိုက်ရင် အဲ့တာက နာမည်ကြီးသွားနိုင်တယ်လို့လည်း အာမ မခံဘူး..အဲ့တာမှန်တယ်..ဂရေစ့်ရဲ့ Return to Earth ရုပ်ရှင်မှာ မင်းနာမည်ပြန်ကြီး လာလိမ့်မယ်..ဒါပေမဲ့ အဲ့တာကို ထုတ်လွှင့်ဖို့ကလဲ လိုပါသေးတယ်..မင်းက စောင့်နိုင်ပေမယ့် ငါကမစောင့်နိုင်ဘူး..အဲ့တာကြောင့်...."


ဟန်ယွဲ့သည် ရှအန်းအား ယုံကြည်မျှော်လင့်စွာဖြင့် ကြည့်နေသည်။ သူပြောလို့ မပြီးခင်မှာဘဲ ရှအန်းက ဖြတ်ပြောလိုက်သည်။ "အဲ့တာကြောင့် ဒါက ကျွန်မ အခွင့်အရေးဖြစ်သလို ရှင့်အခွင့်အရေးလို့လဲ ထင်တယ်ပေါ့”


ရှအန်းသည် မတုံးအပေ။ ဟန်ယွဲ့ တွေးနေသော အတွေးများကို သူမသိသည်။


ဟန်ယွဲ့ ပြောသော အစီအစဉ်သည် နှစ်ဦးစလုံး အကျိုးအတွက် ကောင်းသည်။


သို့သော် သူမသည် သူမအတွက် ကျော်ကြားမှုက အရေးမကြီးပေ။ ဟန်ယွဲ့ နှင့် ကုမ္ပဏီအလုပ်ရှင်များအတွက် ဖြစ်ပြီး ဒါကလည်း သူတို့၏အိမ်မက်ပင် ဖြစ်သည်။


ထို့ကြောင့် ရှအန်းသည် များများစားစား မစဉ်းစားတော့ဘဲ ခေါင်းငြိမ့်လိုက်သည်။


"ဟုတ်ပြီ..ကျွန်မကတော့ ပြဿနာမရှိပါဘူး..ရှင်လုပ်ချင်သလိုသာ လုပ်ပါ..ကျွန်မ အကြံမပေးတတ်ဘူး..ဒါပေမဲ့ အကိုဟန် ရှင်အခု ဒုတိယရိုက်ကူးထားတဲ့ ရသစုံရှိုးကို ထုတ်လွှင့်မယ်ဆိုရင် တီဗီဌာနတွေ အကုန်လုံးကို မထုတ်လွှင့်နိုင်မှာ စိုးတယ်..ကျွန်မက အပိတ်တ်ခံထားရတုန်းလေ..” 

ရှအန်းသည် ဟန်ယွဲ့ကို ကြင်နာစွာဖြင့် သတိပေးသည်။ သို့သော် ဟန်ယွဲ့က ထိုအရာတွေကို သူမထက် ပိုသိသည်။


"ဟားဟားဟား ကောင်းပါပြီ..ရှအန်း မင်းကိုကျေးဇူးတင်တယ် ..မင်းသိလား ဒါရိုက်တာဂရေ့စ်က ငါ့ကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမှာ..ငါတို့ရဲ့ ဒုတိယရှိုးပွဲက တရုတ်ပြည်ကနေမလွှင့်ဘဲ အမေရိကန် ရုပ်ရှင်ထုတ်လွှင့်တဲ့ ဌာနကနေ လွှင့်လို့ရတယ်..."


ရှအန်းသည် အံ့အားသင့်သွားသည်။


"ဟမ်..အမေရိကန် ရုပ်ရှင်ထုတ်လွှင့်တဲ့ဌာန..”


ထိုအချိန်တွင် ရှအန်းသည် ဟန်ယွဲ့ကို လေးစားသွားခဲ့သည်။ ဟန်ယွဲ့သည် အမေရိကန်လိုမျိုး စီးပွါးရေးနိုင်ငံကို ထိုးဖောက်နိုင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပါ။


ဟန်ယွဲ့သည် ရယ်၍ ပြောလိုက်သည်။

" အခုတော့ ငါတို့ပရိုဂရမ်ကို ဝေဖန်နေကြတယ်..အဲ့အချိန်ကျရင် ငါတို့က ကောင်းကောင်းလှုပ်ရှားပြီး အပိတ်ခံရတာတောင်မှာ တရုတ်ပြည်မှာ လွှမ်းမိုးနိုင်သေးတယ် ဆိုတာကို သက်သေပြရမယ်..."


ရှအန်းသည် စိတ်အေးသွားလေသည်။ သူမသည် ထိုအရာများကို နားမလည်ပါ။ သို့သော် ဟန်ယွဲ့၏ ယုံကြည်မှုကို ကြည့်ပြီး ပြဿနာရှိမှာမဟုတ်တော့တာကို သူမ သဘောပေါက်သည်။


"ကောင်းပြီ..အကိုဟန် ကျွန်မ ရှင့်ကိုဘဲ လွှဲအပ်လိုက််မယ်..ကျွန်မ ဘာလုပ်စရာလိုလဲသာပြောပါ.. ရှင်နဲ့အတူ  လိုက်လုပ်ပေးမယ်..."


ရှအန်းသည် ဖျော်ဖြေရေး ထုတ်လုပ်မှုအကြောင်းကို အများကြီး မသိသော်လည်း သူမမှာ စိုးရိမ်စရာ မလိုတော့ပါ။ သူမသည် ဟန်ယွဲ့က သူတို့အား သင်ခန်းစာပေးမည်ကိုဘဲ တိတ်ဆိတ်စွာ ထိုင်ကြည့်နေတော့သည်။