အပိုင်း ၁၂၆
Viewers 29k

Chapter 126 


# ရှအန်း၏ အစားထိုး # Come on Challengerက အတုပဲ # အစရှိသည့် ခေါင်းစဉ်များက ဝေ့ပေါ်၏ရှာဖွေမှုတွင် ထိပ်ဆုံး အဆင့်သို့ ရောက်နေလေပြီ။


ရှအန်းက အပိတ်ခံလိုက်ရသော်လည်း ထို အရှိန်အဟုန်က အခြားသတင်းများကို ဖိနှိပ်ထားလေသည်။


"Return to Earth"၏ကျော်ကြားမှု တစ်ဝက်က ရှအန်းကြောင့်မှ အခိုးခံလိုက်ရပြီး ရှကျင်း၏ ပျော်ပါးမှုက ရှာဖွေမှုစာရင်းထဲမှ ပျောက်ကွယ်သွားသည်။


ထိုအချိန်တွင် အင်တာနက် အသုံးပြုသူများက ရှအန်းကို အားပါးတရပုတ်ခတ်ပြောဆိုနေကြပြီး "Come on Challenger"ကလည်း အရာတိုင်းကို အတုအယောင်လုပ်သည်ဟု ပြောနေကြပြီဖြစ်သည်။


"Come on Challenger"၏သစ္စာရှိ အမာခံပရိတ်သတ်များမှ လွဲ၍ ကျန်သော လူအားလုံးက သူမကို ပြင်းပြင်းထန်ထန် ဆူပူမောင်းမဲနေကြပြီဖြစ်သည်။


အက်တာနက်အသုံးပြုသူ အများစုက ဟယ့်ရှောင်ရှောင်ကို ယုံနေကြပြီး ရှအန်းက လူစားထိုးသုံးထားသည်ဟုသာ ထင်နေကြသည်။


[ငါအစကတော့ ဒါကို ထူးဆန်းတယ်ပဲထင်တာ... ရှအန်းလို နူးညံ့ပြီး အားနည်းတဲ့ အမျိုးသမီးတစ်ယောက်က ဘယ်လိုလုပ်ပြီး လူတွေကို အေးအေးဆေးဆေးအမှောက် သိပ်နိုင်မှာလဲ..]


[ဇွန်ဘီတွေ အဝိုင်းခံထားရပြီး ကင်မရာအရည်အသွေးကလည်း မကောင်းဘူး... ကြည့်ရတာ တကယ်လိမ်နေတဲ့ပုံပဲ... ရှအန်းက ဘယ်လိုလုပ်ပြီး သစ်ပင်ပေါ် ခုန်တက်နိုင်မှာလဲ... နံရံပေါ်က ခုန်ဆင်းနိုင်မှာလဲ... ဟာသကြီးပါကွာ...]


[အစက ရှအန်းကို မကောင်းတာမရှိဘူး လို့ထင်ခဲ့တာ... အခုတော့... ကြည့်ရတာ ရှအန်းက လူတွေကို အရူးလုပ်တတ်တဲ့လူပဲ နေမှာ.. သူက ချမ်းသာတဲ့ယောက်ျားတစ်ယောက်ရဲ့ မိန်းမပဲနေမှာ...]


[ရှအန်းလို အကျင့်ပျက်တဲ့ မိန်းမတစ်ယောက်ကပိတ်ပင် ခံရတာ ကောင်းမှကောင်းပဲ... သူမက ပိတ်ပင်ခံရဖို့ ထိုက်ကို ထိုက်တန်တယ်...]


...


တစ်ညလေးသာရှိသေးသော်လည်း အင်တာနက်ပေါ်တွင် မြောက်များလှစွာသော အမြင်များစွာ ထွက်ပေါ်နေကြလေပြီ။


နာမည်ကြီးမှုက ရိုးရှင်းစွာဖြင့် အလွန်လူသိများသွားစေသည်။ အဓိက ဆိုရှယ်ဖိုရမ်များနှင့် အဓိကဆိုရှယ်ဆော့ဖ်ဝဲ အသုံးပြုသူများက ရှအန်းအကြောင်း ဆွေးနွေးနေကြလေသည်။


ဖျော်ဖြေရေးလုပ်ငန်းမှ အကောင်ကြီးကြီးများကလည်း ၎င်းကို အမူအယာမဲ့စွာ စောင့်ကြည့်နေကြသည်။ ရှအန်းက အမှန်တကယ်ပင် လူတိုင်းကို လွယ်လွယ်ဆွဲဆောင်နိုင်သော အရည်အချင်းဖြင့် မွေးဖွားလာသူဖြစ်နေသည်။


ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ သူမပါဝင်လိုက်သည်နှင့် နာမည်ကြီးသွားပေသည်။


သို့သော် ရှအန်းက အသုံးမဝင်သည်မှာ သနားစရာပင်။ ထိုကဲ့သို့သော ပျိုးပင်ကောင်းလေးက  အချည်းအနှီးဖျက်ဆီးခံလိုက်ရပြီး သူမက ဤလုပ်ငန်းများမှ ထာဝရပိတ်ပင်ခံလိုက်ရပြီဖြစ်သည်။ 


သို့သော် ဤအခြေအနေက သိပ်ပင်မကြာလိုက်ဘဲ လူတစ်အုပ်ကြီးက ခပ်မြန်မြန် ရိုက်ချခံလိုက်ရတော့သည်။


ဤမနက်က သာမန်နေ့ရက်လေးများလိုပင်ဖြစ်သည်။ ကျောင်းသွားသူသွား၊ အလုပ်သွားသူသွားနှင့် အိမ်ထဲတွင်နေသူကနေနေကြသည်။


သို့သော် ထိုကဲ့သို့သော သာမန် မနက်ခင်းလေးတွင် ဗွီဒီယိုလေးတစ်ခုက အင်တာနက်ပေါ်တွင် ချက်ချင်းလက်ငင်း နာမည်ကြီးလာပြီးမရေမတွက်နိုင်သော အင်တာနက်အသုံးပြုသူများကလည်း မျှဝေနေကြသည်။


[ကြည့်စမ်းပါဦး... ဒီဗွီဒီယိုက အရာအားလုံးကို ပြောင်းပြန် လှန်ပေးလိုက်တာပဲ..]


[ဘုရားရေ.. ဒါတကယ့်ရှအန်းလား...]


[ဒီဗွီဒီယိုက အစစ်လား... ဒါဆို ပုံတွေက အတုပေါ့...]


[မိုက်လိုက်တာ....]


....


မနက်စောစောတွင် "Come on Challenger"မှ ရှအန်းကို လိုက်လံရိုက်ကူးရသော ကင်မရာမန်း လေးက လူသုံးများသောဖိုရမ်တစ်ခုတွင် ဗွီဒီယိုတစ်ခုတင်လိုက်သည်။


ပို့စ်ထဲတွင် သူ၏အလုပ်အကိုင်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကိုပါ ရှင်းပြထားပြီး ရှအန်းကို အပြစ်တင်နေသမျှကို ရှင်းပြထားသည်။ အဆုံးတွင် အရည်အသွေးမြင့် ဗွီဒီယိုများကို တင်ချလိုက်သည်။


ထိုဗွီဒီယိုများက ရှအန်းတစ်ယောက် ဇွန်ဘီများ အဝိုင်းခံနေရချိန်တွင် ရိုက်ကူးထားခြင်းဖြစ်သည်။


ဗွီဒီယိုတစ်ခုစီတိုင်းက တိုသော်ပြီး စက္ကန့်အနည်းငယ်သာပါသော်လည်း ရှအန်း၏မျက်နှာကို ထင်ထင်ရှားရှားမြင်နေရသည်။


ညဘက်ဖြစ်နေ၍ ဗွီဒီယိုတိုင်းကို အလင်းတင်ပြီး ပြသထားသဖြင့် လူတိုင်းက ရှအန်း၏ မျက်နှာကို မြင်ရပေသည်။


ထိုဗွီယိုက နက်ဝက်ဘ်ထဲတွင် ခေါင်းစည်းပိုင်း ဆွေးနွေးစရာဖြစ်သွားသည်။


နေ့လည်ခင်းတွင် ထို ရိုးရိုးရှင်းရှင်းပို့စ်လေးက လူတိုင်း၏အာရုံစိုက်မှုကို ရရှိသွားသည်။


# ရှအန်း၏ တိုက်ခိုက်ခန်း #


၎င်းက နေ့တစ်ဝက်အတွင်း လူရှာဖွေမှုအများဆုံးစာရင်းတွင် ထိပ်ဆုံးကို ဝင်သွားခဲ့သည်။


[ဒီဗွီဒီယိုက အတုမဟုတ်ဘူးမလား... ဟယ့်ရှောင်ရှောင်က ဒါကို အတုလို့ပြောဖို့ သတ္တိရှိတယ်ပေါ့လေ...]


[ရုတ်တရက်ကြီး ငါ့မျက်နှာက နည်းနည်း နာသွားသလိုပဲ...]


[ဟယ့်ရှောင်ရှောင်လား ကင်မရာမန်းလား ဘယ်သူကလိမ်နေတာလဲ...]


[ဗွီဒီယိုကတော့ အတုမဟုတ်လောက်ဘူး...ငါတော့ ရှအန်း တကယ် တိုက်ခိုက်ခန်းတွေ ရိုက်နိုင်တယ်ထင်တာပဲ.. ဟုတ်တယ်မလား...]


[ကံကောင်းစွာဖြင့် ငါက သူများတွေလုပ်သလို လိုက်လုပ်တတ်တဲ့ လူမဟုတ်လို့ပေါ့... အခုတော့ အခြေအနေက လုံးဝကို ပြောင်းပြန်ဖြစ်သွားပြီပဲ...]


ဟယ့်ရှောင်ရှောင် ဒေါသတကြီး အံကြိတ်ထားသည်။


သူမက ပိတ်ပင်ခံလိုက်ရသော ရှအန်းအတွက်နှင့် ရပ်လိုက်ပြီဖြစ်သော "Come on Challenger"မှ လူများက ထွက်ပေါ်လာပြီး ရှအန်း၏ပုံရိပ်ကို လာရောက်သန့်ရှင်းပေးမည်ဟု လုံးဝမထင်ခဲ့ပေ။ 


ထိုသို့ဖြစ်လာမည်ဟု သူမ၏ ဦးနှောက်ဆဲလ်လေးတစ်ခုနှင့်ပင် မတွေးမိဖူးချေ။ သူမက ရှအန်းက ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲက ကန်ထုတ်ခံလိုက်ရပြီဖြစ်၍ ဟန်ယွဲ့၏အဖွဲ့သားများက ရှအန်းအတွက် ရှေ့ထွက်ရိုက်ပေးမည်မဟုတ်ဟု ထင်ခဲ့သည်။


ထို့အပြင် သူမနောက်တွင် အကောင်ကြီးကြီးတစ်ယောက်ရှိနေပြီ ဖြစ်သည်။ သူမ ထပြောလိုက်၍ ပြဿနာရှိမည် မဟုတ်ပေ။


သို့သော် သူမ မသိသည်က ဟန်ယွဲ့က သူ့ကိုယ်သူ ရှအန်းနှင့်အတူ ချည်နှောင်ခံရန် ရွေးချယ်ပြီး ဖြစ်သည်ကိုပင်။ ဤတစ်ကြိမ်တွင် သူတို့နှစ်ယောက်က နောက်ထပ် ရှိုးတစ်ခုတွင် ပူးပေါင်းရန် ရှိနေ၍ဖြစ်သည်။


"ကိစ္စမရှိပါဘူး... ဘာပဲဖြစ်ဖြစ် ရှိုးရဲ့ အဓိကလူတွေ ပါမလာသေးသ၍ အဆင်ပြေတယ်...."

သူမ ထိုဗွီဒီယိုများကိုလည်း အတုဟု ပြောလိုက်၍ ရပေသည်။


သူမ ထိုသို့သာ လုပ်လိုက်သည်။


ဟယ့်ရှောင်ရှောင်က ကင်မရာမန်း၏ဝေ့ပေါ်တွင်အပြစ်တင်သော ပို့စ်တစ်ခု ထပ်တင်ပြီး ထိုဗွီဒီယိုများက အတုဟု ပြောခဲ့သည်။


ဟယ့်ရှောင်ရှောင် ပို့စ်တင်လိုက်သည်နှင့် ၎င်းက လှိုင်းထနေသည့်နေထဲသို့ ဗုံးတစ်လုံးပစ်သွင်လိုက်သလို ဖြစ်သွားသည်။ ၎င်းက အင်တာနက်တစ်ခွင်ကို မုန်တိုင်းတိုက်သလိုဖြစ်သွားစေသည်။


[ဟားဟားဟား... ဒီဇာတ်လမ်းက တဖြေးဖြေး ပိုပိုကောင်းလာပြီ...]


[ဒီတစ်ခေါက် ရှအန်းရဲ့ ကိစ္စက တစ်နှစ်လုံးရဲ့ အကြီးဆုံးဒရာမာကြီးပဲဟေ့... ဇာတ်လမ်းလှည့်ကွက်တွေများ အများကြီးပဲ... ငါတော့ ထပ်ပြီး ရှိနေဦးမလား သိချင်နေတယ်...]


[ကောင်းချက် ... ငါကတော့ ဘယ်သူနိုင်သွားမလဲ တကယ်သိချင်နေပြီ...]


[ဗွီဒီယိုတွေက အတုလို့မထင်ပေမဲ့ ဘာများထူးဆန်းလို့လဲ... ဟယ့်ရှောင်ရှောင်ကတော့ အရူးမဟုတ်လောက်ပါဘူး ဟုတ်တယ်မလား...]


[နောက်ထပ် အခြေအနေတွေ ပြောင်းပြန် ထပ်ဖြစ်လာမလား သိချင်နေပါပြီနော်~~]