Chapter 51
Viewers 4k

👻Chapter 51

နှလုံးသားရေးရာ  လျှို့ဝှက်အကြံအစည် (1)



သဲလွန်စပြိုင်ပွဲက ပြီးသွားပြီ ဖြစ်၍ လူတိုင်းက တိုက်ခန်းကို ပြန်ရောက်သွားကြပြီ ဖြစ်သည်။


ကျင်းထျန်းယိက လော့ဇီယန် လက်ဆွဲထားသည့် ယဲ့ယွမ်ကို တွေးတွေးဆဆ ကြည့်မိ၏။


လော့ဇီယန်က ယဲ့ယွမ်ကို ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ဆီ ရင်းရင်းနှီးနှီး ခေါ်လာခဲ့ပြီး မိတ်ဆက်ပေးရန် ပြင်လိုက်သော်လည်း အတွဲကြားညှပ်သွားသလို ဖြစ်သွားရသည်။


ချူဟွိုက်နှင့် ကျင်းထျန်းယိတို့က တစ်ယောက်နှင့်တစ်ယောက် ကျီစယ်နေကြ၍ပင်။


လော့ဇီယန်က ရှက်သွေးဖြာသွားပြီး ယဲ့ယွမ်ကို လှည့်မေးလာသည် " ညီလေး....ဆောရီးပါ....မင်း နာမည် ဘယ်လိုခေါ်လဲ...ငါ တကယ် သတိမထားမိခဲ့လို့...."


ယဲ့ယွမ်၏ မျက်နှာက တစ်စက္ကန့်မျှ တွန့်လိမ်သွားပြီး နာနာခံခံ ပြောပြလာသည် " ရှောင်ယဲ့လို့ပဲ ခေါ်ပါ...."


သူက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ ကျင်းထျန်းယိနှင့် အကြည့်ချင်းဆုံသွားရသည်။


ကျင်းထျန်းယိ၏ မျက်လုံးတို့ ကျဥ်းမြောင်းသွားရသည်။


ယဲ့ယွမ်က ချူဟွိုက်ကို ကြည့်နေပြီး ကျင်းထျန်းယိကလည်း လော့ဇီယန်ကို ကြည့်နေ၍ သရဲနှစ်ယောက်က အချင်းချင်း နားလည်သွားကြဟန် နှုတ်ခမ်းစွန်းများက အနည်းငယ် မြောက်တက်သွားသည်။ 


ယဲ့ယွမ်က ကျင်းထျန်းယိကို ကြည့်လိုက်သည် " မင်္ဂလာပါ....အစ်ကိုကြီး...."


ချူဟွိုက်က ယဲ့ယွမ်ကို လက်ကမ်းပေးလာသည်။


လော့ဇီယန်က အမြန်ပြောလိုက်ရသည် " ဟေး....လက်ဆွဲနှုတ်ဆက်မနေနဲ့တော့ ကျောင်းကျောင်း....သူ့ကြောင့် အေးခဲသွားလိမ့်မယ်...."


သူ့စကားမဆုံးခင် ချူဟွိုက်က ထိုလက်ဖြူဖြူလေးကို ဆွဲကိုင်လိုက်ပြီး ဖြစ်သည်။


ချူဟွိုက်၏ မျက်နှာအမူအရာက တစ်စက္ကန့်မျှ အေးခဲသွားရပြီး ယဲ့ယွမ်၏ နှုတ်ခမ်းစွန်းတို့ကလည်း ကွေးတက်လာသည်။


ယဲ့ယွမ်က နာနာခံခံလေး ပြောလာသည် " မင်္ဂလာပါ....မရီး...."


ကျင်းထျန်းယိက ထိုသူက ကြင်နာတတ်သည်ဟု တွေးမိရင်း မျက်ခုံးပင့်သွားရသည်။ ချူဟွိုက်၏ မျက်နှာက အေးခဲသွားရင်း ထိုလူ့ကို ကြည့်လိုက်ပြီး တိတ်တဆိတ် လက်ပြန်ရုတ်လိုက်ချိန် သူ့လက်ပေါ်က အနွေးဓါတ်က အကြွင်းအကျန်လေးသာ ရှိတော့သည်။ 


ယဲ့ယွမ်ဆုပ်ကိုင်လိုက်သည့် လက်က ပူပြင်းနေပြီး ထိုလူ၏ ခန္ဓာကိုယ်အပူချိန်က သူ့ထက် ပိုပြီးမြင့်နေသည်။


ချူဟွိုက်က ယဲ့ယွမ်ကို ကိုင်ထားသည့် လော့ဇီယန်၏ လက်တစ်ဖက်က သိသိသာသာ အေးခဲနေပြီဖြစ်၍ လော့ဇီယန်ကို ကြည့်လိုက်ရင်း သက်ပြင်းအသာရှိုက်မိသည်။ လော့ဇီယန်က သူ့ကိုယ်သူ လဲကျတော့မလား အောက်မေ့မိသည်။ ယဲ့ယွမ်က သူသိနေလျှင်ပင် တစ်ခွန်းမှ ဟမည့်ပုံမရှိမှန်း သေချာနေသည်။


“အေးနေတာလား...." ကျင်းထျန်းယိက အပူပေးရန် သူ၏ ညာလက်ကို ဆုပ်ကိုင်လာသည့်ချိန် သူ့လက်က ယခင်ကထက် ပိုနွေးနေသလို ခံစားရသည်။


ချူဟွိုက်က သူ့ကို မျက်တောင်ခတ်ပြလာ၍ ကျင်းထျန်းယိကလည်း မျက်လုံးမှိတ်ပြလိုက်ကာ လက်နှစ်ဖက်လုံးကို သူ့ပုခုံးပေါ် တင်ထားလိုက်သည်။


 " တော်တော်အေးနေတာပဲ..."


သူက ပြောနေရင်း စိတ်ဝင်တစား ထိတွေ့နေသေးသည်။


ချူဟွိုက် "......"


လူတိုင်းက အရင်ဦးဆုံး နားရန် ပြန်သွားကြပြီး ညနေခင်းတွင် ချူဟွိုက်နေသည့် ဒုတိယထပ်၌ ညစာစားကြသည်။ ချူဟွိက်က လော့ဇီယန်နှင့် ယဲ့ယွမ်တို့ လက်တွဲပြီး အပေါ်တက်သွားကြသည်ကို ကူကယ်ရာမဲ့သလို ကြည့်နေမိသည်။


ယဲ့ယွမ်က လှေကားပေါ်မှ ငုံကြည့်လာပြီး ချူဟွိုက်ကို လှည့်စားသလိုကြည့်လိုက်ရင်း ချိုချိုသာသာ ပြုံးပြလာ၍ ကျားသွားလေးနှစ်ခုပင် ပေါ်လာ၏။       


ချူဟွိုက်က တံခါးကို မှီထားရင်း လေစားသွားသလို ခံစားရသည်။


ယဲ့ယွမ်က သရဲဖြစ်ပြီး နေထိုင်သူ မဟုတ်၍ သူ့တစ်ယောက်စာအတွက် အခန်းရနိုင်မည် မဟုတ်ပေ။ ညစာစားပွဲတွင်လည်း လော့ဇီယန်ကို သိမ်းသွင်းခဲ့၍ ထိုလူက သူ့ရင်ဘတ်ကို ပုတ်ပြပြီး သူနှင့်အတူတူနေခွင့်ပြုခဲ့သည်။


မယုံနိုင်စရာကြီး....


သူသာ အတိတ်မှာတုန်းက ယဲ့ယွမ်လို လူမျိုးနဲ့ ဆုံခဲ့ဖူးတယ်ဆိုရင်တော့ ခဏခဏ ကြည့်နေမိတော့မှာပဲ....။ 


နီနီရဲရဲ နှုတ်ခမ်း...သွားဖြူဖြူလေးနဲ့ နာခံတတ်ပြီး စိုးရိမ်သောကကင်းတယ်....တော်တော်လေးကို သက်တောင့်သက်တာ ရှိစေတယ်...


ညအချိန် တတိယထပ်တွင်....


လော့ဇီယန်က သူ့အတွက် ကြမ်းပြင်တွင် အိပ်ယာခင်းနေသည်။ ယဲ့ယွမ်ရဲ့ လက်ကလေး ခြေထောက်ကလေးတွေက သေးသေးလေးတွေ....သူ ဘယ်လိုလုပ်ပြီး ကြမ်းပြင်ပေါ်မှာ အိပ်ခိုင်းနိုင်မှာလဲ...ဒါကြောင့် သူက ယဲ့ယွမ်အတွက် အိပ်ရာအကြီးကို ဖယ်ပေးရမယ်လေ...


" အစ်ကိုလော့...."


ယဲ့ယွမ်ခေါ်သံကို ကြားလိုက်၍ လော့ဇီယန်က လက်ထဲက ခေါင်းအုံးကို ပစ်ချပြီး ရေချိုးခန်းတံခါးဆီ လျှောက်သွားလိုက်သည်။ ရေချိုးခန်းတံခါးက 'ခွက်' ဆိုသည့် အသံနှင့်အတူ ပွင့်သွားကာ ရေနွေးငွေ့များက သူ့မျက်နှာကို လာရိုက်ပြီး ယဲ့ယွမ်၏ မျက်လုံးနီနီများက တံခါးနောက်မှ ပေါ်လာသည်။ 


" အစ်ကိုလော့...ရေချိုးပြီးမှ အဝတ်တွေ ယူမလာခဲ့ရမှန်း သိလိုက်ရတာ..."


သူက စကားရပ်သွားပြီးမှ တံခါးစွန်းကို ကုတ်ခြစ်နေရင်း ရှက်ကိုးရှက်ကန်း ပြောလာသည် " ....အစ်ကို့ရဲ့ အဝတ်အစားတွေ ဝတ်လို့ရနိုင်မလား...." 


လော့ဇီယန်က အောက်နိမ့်ကြည့်မိရင်း သူ့မျက်လုံးများက အံ့သြရိပ်သန်းနေကာ အာခေါင်ခြောက်လာသလို ခံစားရသည်။ ယဲ့ယန်တွင် အချိုးအဆစ်ကောင်းကောင်းရှိနေမည်ဟု ထင်မထားခဲ့ချေ။


သူက ထပ်မကြည့်ရဲတော့....


"ရနိုင်မလား..." ယဲ့ယွမ်က ဖုံးကွယ်ထားသော အပြုံးတစ်ခုနှင့် ပြောလာပြီး အနည်းငယ် စိတ်ပျက်လာရသည်။


"ကောင်းပြီ...ကောင်းပြီ....ခဏလေးစောင့်...အခု ယူလာခဲ့ပေးမယ်..." 


လော့ဇီယန်က သူခိုးလူမိသလို ချက်ချင်း လှည့်ထွက်သွားပြီး ဗီရိုဆီ သွားလိုက်သည်။ 


ယဲ့ယွမ်က သူ့ကိုခေါ်လိုက်ရ၍ ရှက်သွေးဖြာနေသော ပုံစံနှင့် တစ်ဖက်က ပြောလာသည် " ....ပြီးတော့ အတွင်းဝတ်ရော..."


လော့ဇီယန်၏ နောက်ကျောတို့ တောင့်တင်းသွားရသည်။ ရှောင်ယဲ့က သူ့အတွင်းခံကို ဝတ်မှာလား...


လော့ဇီယန်က သူ့မျက်နှာကို ပုတ်လိုက်ရင်း သူ့ကိုယ်သူ ဆူလိုက်သည်။ သူ ဘာတွေ တွေးနေတာလဲ .....ရှောင်ယဲ့က အဝတ်အစားတွေ ယူမလာရလို့လေ...ဒါကြောင့် အဝတ်အစားငှားဝတ်တာ ပုံမှန်ပဲကို.... 


မိနစ်အနည်းငယ် ကြာပြီးနောက် ယဲ့ယွမ်က အဝတ်အစားဝတ်ပြီး ထွက်လာ၍ သူ့ဆံပင်မှ သလင်းကျောက်လို ရေစက်လေးများက ခိုတွဲနေပြီး မျက်နှာကလည်း ပန်းရောင်ပြေးနေသည်။


လော့ဇီယန် အိပ်ယာပေါ် ထိုင်နေရင်း ယဲ့ယွမ်ကို မိန်းမောပြီး ကြည့်နေမိသည်။ သူ၏ အဝတ်အစားများက အခြားသူကိုယ်ပေါ်တွင် ကြည့်ကောင်းနေလိမ့်မည်ဟု ထင်မထားခဲ့ချေ။ ဒါက လုံးဝ သာမန်ရှပ်အင်္ကျီလေး ဆိုပေမယ့်လို့....


လော့ဇီယန်က အိပ်ယာဘေးရှိ ရေသန့်ပုလင်းကို လှမ်းယူလိုက်ပြီး ထိန်းမရနိုင်ပဲ သောက်လိုက်မိသည်။


ယဲ့ယွမ်က ထွက်လာပြီးမှ ပြန်ဝင်သွားရင်း ဘောက်ဆာအနက်လေး ကိုင်ပြီး ပြန်ထွက်လာလေသည်။ 


လော့ဇီယန်က သူ့ကို ခက်ခက်ခဲခဲ ကြည့်လိုက်ရသည်


 " မင်း မဝတ်ထားဘူးလား...."


သူက အောက်ငုံ့မကြည့်လိုက်ရန် ထိန်းချုပ်ထားရသည်။


ယဲ့ယွမ်က ရှက်ရိပ်စွန်းသွားပြီး သူ့ကို ပြန်ပေးလာသည် " ....တော်တော်လေး သေးနေလို့ ဝတ်လို့မရဘူး...."


နားမလည်သလို ဖြစ်သွားရသည့် လော့ဇီယန် "....."


သူက ရှောင်ယဲ့က သူ့ထက် အရပ်နည်းနည်း ပိုရှည်နေမှန်း သိလိုက်ရသည်။


လော့ဇီယန်က ခေါင်းအုံးပိုက်ပြီး ကြမ်းပြင်ပေါ် လှဲချလိုက်ရင်း တီဗွီဖွင့်ကြည့်လိုက်သည်။


ကံကောင်းစွာဖြင့် ယဲ့ယွမ်က သူ့ကို အိပ်ရာပေါ်အိပ်ရန် တိုက်တွန်းနေသေးသည်။


တီဗွီက ကြော်ငြာတစ်ခု ပြနေသည် " ပိုပြီးကြီးတယ်....ပိုပြီးတုတ်တယ်....ပိုပြီး ရှည်တယ်...xxက မင်းကို လူကြမ်းကြီးဖြစ်အောင် သင်ပေးမယ်... တစ်ချက်တည်း ပွဲသိမ်းသွားမယ်လို့ ပြောရဲတယ်..."


လော့ဇီယန်၏ မျက်လုံးအစုံ ပြူးကျယ်သွားရင်း တီဗွီကို ချက်ချင်း ပိတ်လိုက်ရသည်။ ဒါက အမိမြေက ပန်းပွင့်လေးတွေကို ဖျက်ဆီးနေတာပဲ မဟုတ်လား....


ယဲ့ယွမ်က သူ့နောက်မှ တိတ်တဆိတ် ပြုံးလိုက်ရင်း ရှက်ဝဲဝဲ ပြောလာသည် 


" အစ်ကိုလော့...ရပါတယ်...ကျွန်တော် သေတုန်းက ၁၈နှစ်ရှိပါပြီ....သေသွားတာ ၇နှစ်ရှိပြီဆိုတော့ ကျွန်တော့်အသက်အမှန်က ၂၅နှစ်ပါ...ဒီခန္ဓာကိုယ်က ဘယ်တော့မှ မပြောင်းလဲသွားလို့သာ...."


လော့ဇီယန်က အတော်လေး အံ့သြသွားရသည် " အာ...ငါလည်း ၂၅နှစ်ပဲ...."


သူက ယဲ့ယွမ်နားကို ထူးဆန်းသလို ကပ်လာသည် 


" ၁၈နှစ်မှာ သေသွားတယ် ဆိုတော့ ဒီကမ္ဘာကြီးက မတရားတာပဲ...မင်းဘာလို့ မြန်မြန်သေသွားရတာလဲ..."လော့ဇီယန်က စပ်စုလာသည်။


ယဲ့ယွမ်က သွားများ ကြွေသွားမတတ် အံတင်းတင်း ကြိတ်ထားပြီးမှ ထိန်းထားလိုက်ရသည် " ရပါတယ်....ပြောပြပါ့မယ်....အစ်ကိုလော့က ဘာမေးချင်တာလဲ..."


လော့ဇီယန်၏ မျက်လုံးများက တလက်လက်ဖြစ်သွားသည် " ငါ မေးချင်တာက ....မင်း အဲ့ဒါ လုပ်ခဲ့လား..." သူက အနည်းငယ် ရှက်ရွံ့နေပြီးမှ စကားဆုံးသွားသည်။


ယဲ့ယွမ်၏ နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားကာ ရူးချင်ယောင်ဆောင်လိုက်သည် " ဘာကိုလဲ..."


လော့ဇီယန်က ရယ်ကျဲကျဲ မျက်နှာနှင့် ပြောလာသည် " မင်း သိပါတယ်...အဲ့ဒါ လုပ်တာလေ..."


"ဘာကို လုပ်တာလဲ...." ယဲ့ယွမ်က တိုက်တွန်းလာသည်။


" Making loveဟေ့...." လော့ဇီယန်က အင်္ဂလိပ်လို အော်ပြောလိုက်ပြီးမှ ရှက်သွေးဖြာသွားရသည်။ ယဲ့ယွမ်က သူ့ကို ကြည့်နေရင်း အရမ်းချစ်စရာကောင်းနေသလို ခံစားရပြီး အသဲတယားယား ဖြစ်လာရသည်။


ယဲ့ယွမ်က ရုတ်တရက် လော့ဇီယန်၏ ချောမောသော မျက်နှာကို အတွင်းရော အပြင်ရော ကြည့်လာရင်း သူ့မျက်စိနှင့် ထပ်ကာထပ်ကာ ခြေရာခံနေမိသည်။


"ဘာလို့ မဖြေတာလဲ..." လော့ဇီယန်က စိုက်ကြည့်ခံထားရ၍ အနည်းငယ် မသက်မသာဖြစ်လာပြီး သူ့ပုခုံးကို ပုတ်လိုက်ရင်း နှစ်သိမ့်ပေးလာသည်


 " မင်း မလုပ်ဖူးရင်လည်း ကိစ္စမရှိပါဘူး...အနာဂတ်မှာ အခွင့်အရေးတွေ ရှိလာမှာပါ...."


ယဲ့ယွမ်က သူ့ကို စကားဖြတ်ပြောလာသည်။ သူက နာနာခံခံလေး ထိုင်နေရင်း မျက်လွှာချကာ စကားလုံးနှစ်လုံး ပြောလာသည် " ကျွန်တော် လုပ်ခဲ့တယ်...."


သူ့အင်္ကျီအောက်ရှိ လက်များက ထိန်းမရပဲ တုန်ယင်လာသည်။


"ဟမ်....ဟုတ်ပြီ....ဒါဆို...." လော့ဇီယန်က အံ့သြသွားပြီး ဆက်ပြောလာသည် " နောက်ပိုင်း သူမက...."


ရုတ်တရက် အသံတိတ်သွားရသည်။


သူ့မျက်လုံးများ နီနေသည်ကို တွေ့လိုက်၍ လော့ဇီယန်က အလန့်တကြား ထရပ်လာပြီး ချော့လာသည် 


" ငါတောင်းပန်ပါတယ်...ငါ မေးမလို့ မဟုတ်ပါဘူး...ငါ ပြောချင်တာက..." 


“မငိုပါနဲ့...ငါက....အဲ့ဒါ...."


ယဲ့ယွမ်က သူ့ကို နားမလည်ဟန် ကြည့်လာပြီး ရုတ်တရက် ရယ်မောလာသည်။ ပန်းပွင့်လေးများက တောက်တောက်ပပ ပွင့်ဖူးနေပြီး မိုးမခပင်ကြီးက စိမ်းစိုနေလျက် နွေဦးပန်းချီကဲ့သို့ပင်.....။ 


တစ်ခုလေးပဲ....သူက ငါ့ကို မမှတ်မိဘူး....


"အစ်ကိုလော့....ငါ မငိုပါဘူး...ဆောရီးပါ....စောစောတုန်းက လိမ်ခဲ့မိတယ်...."


 á€šá€˛á€ˇá€šá€˝á€™á€şá€€ ရှက်ရိပ်ပြေးနေသော မျက်နှာနှင့် ပြောလာ၏ 


" ဝန်ခံရမှာကို ရှက်လို့ပါ....မလုပ်ခဲ့ရဘူးဆိုတာကို ဝန်ခံရမှာ ရှက်နေမိတယ်...." 


လော့ဇီယန်က စိတ်အေးသွားဟန် သက်ပြင်းချလိုက်ပြီး သူ့ပေါင်ကို ပုတ်ပြလာသည် " ငါ နားလည်တယ်....ငါ နားလည်တယ်....ကိုယ့်လူ....စန်းပွင့်ချင်ကြတာ ပုံမှန်ပါပဲ...."


ယဲ့ယွမ်က မီးပိတ်လိုက်ပြီး ကုတင်ပေါ်တွင် တိတ်တိတ်လေး လှဲနေလိုက်သည်။ ကြမ်းပြင်ပေါ်က လော့ဇီယန်က အိပ်မောကျနေပြီ ဖြစ်ပြီး ကြောင်တစ်ကောင်လို ဟောက်နေပြီဖြစ်သည်။


ယဲ့ယွမ်က အိပ်ရာဘေးကို တိုးလိုက်ရင်း ကုတင်းစွန်းကို ကျပ်ကျပ်ကိုင်ထားကာ လော့ဇီယန်ကို ပုတ်ပြီးနှိုးလိုက်သည်။


ဟောက်သံက ချက်ချင်း ရပ်သွားပြီး လော့ဇီယန်က ပျော်တစ်ဝက်နိုးတစ်ဝက်နှင့် အိပ်ချင်မူးတူးမျက်လုံးဖွင့်လိုက်ချိန် ယဲ့ယွမ်၏ မျက်လုံးနက်နက်လေးများနှင့် ဆုံလိုက်ရသည်။


"ဘာဖြစ်လို့လဲ..." သူက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။


ယဲ့ယွမ်က စောင်ကို ဆွဲတင်လိုက်ရင်း တုန်ယင်နေသော ကိုယ်လေးနှင့် ပြောလာသည် " အစ်ကိုလော့...ငါ ချမ်းတယ်...."


သူ့ပုံစံလေးကို တွေ့လိုက်၍ လော့ဇီယန်၏ ဒေါသများက ချက်ချင်း လွင့်စင်သွားရင်း ပြန်ဖြေလာသည် " လေအေးပေးစက်ကို သွားပိတ်လိုက်မယ်....'


ယဲ့ယွမ်က ခေါင်းခါပြရင်း သူ့ကို မထခိုင်းချေ " အတွင်းထဲမှာ အေးနေတာမို့ လေအေးပေးစက်ကို ညှိလိုက်လည်း အပိုပဲ...."


“ဒါဆို ငါ ဘာလုပ်ပေးရမှာလဲ...." လော့ဇီယန်က နားမလည်တော့၍ မေးလိုက်သည်။


ယဲ့ယွမ်က ရှက်ဝဲဝဲ ပြန်ဖြေလာသည် " အိပ်ပျော်အောင် ဖက်ထားပေးလို့ရမလား..."



👻