Chapter 97
Viewers 4k

♎️Chapter 97

ရန်ရှူးထန် -4



ဖုယွမ်ကျိုးခြေထောက်မှာ လမ်းလျှောက်နိုင်သည်အထိ သက်သာလာခဲ့ပြီ။ ထိုနေ့နောက်ပိုင်းတည်းက  သူ့အားဂရုစိုက်ပေးရန်အတွက်နှင့် ရန်ရှူးထန်ကို မလာခိုင်းတော့ပေ။ ရန်ရှူးထန်ကလည်း သူ့အတွက်တွေးပေးကာ အိမ်အထိမလာတော့သော်လည်း နေ့တိုင်းမက်ဆေ့ချ်ပို့ကာ သတင်းမေးတတ်လေသည်။


ယင်းအတွက်နှင့် ဖုယွမ်ကျိုးမှာ အလွန်စိတ်ရှုပ်ထွေးခဲ့ရသည်။ ရန်ရှူးထန် သူ့ထံလာကာ ဂရုမစိုက်ပေးတော့ခြင်းနှင့်ပတ်သက်၍ မည်သည်ကိုရုန်းကန်နေရသလဲ သူမသိတော့ပါချေ။ ထိုသူအကြောင်းကိုသာ တစ်ချိန်လုံးတွေးနေမိ၏။ အထူးသဖြင့် အပြင်ထွက်စားချိန်တွင် ရန်ရှူးထန်ကိုပိုသတိရမိတတ်သည်။ အခြားသူများနှင့် ထမင်းချက်စားလျှင်ပင် အရသာမရှိတော့ပေ။ 


ပြီးဆုံးသွားပြီပင်။ ရန်ရှူးထန်က သူ့အား အစားရွေးတတ်သွားအောင် လေ့ကျင့်ပေးခဲ့ချပြေီ။


ဖုယွမ်ကျိုးမှာ ညစာပန်းကန်ထဲမှ ထမင်းကိုကြိတ်မှိတ်စားနေရစဥ် ရုတ်တရက် ကျောကိုအပုတ်ခံလိုက်ရသည်။ 

"ဘာတွေတွေးနေတာလဲ..."


သူလှည့်ကြည့်လိုက်သည့်အခါ ချစ်စရာကောင်းသည့်အမျိုးသမီးတစ်ယောက်က သူ့အားဖော်ရွေစွာဖြင့်ပြုံးပြနေသည်ကိုတွေ့လိုက်ရလေသည်။ အထက်တန်းကျောင်းက အတန်းဖော်တုမန်ပင်။


သူတို့နှစ်ယောက်မှာ အတော်လေးခင်မင်ခဲ့ကြ၏။ သူငယ်ချင်းကောင်းများဖြစ်ပြီး အချစ်ဆုံးသူငယ်ချင်းများဟုပင်ပြော၍ရသည်။ တုမန်က သိုသိုသိပ်သိပ်နေတတ်သည့်တိုင် ယောကျ်ားဆန်ပြီး ရံဖန်ရံခါတွင် သူတို့ကဲ့သို့ယောကျ်ားလေးများကိုပင် သူမရှေ့တွင် ရှက်သွေးဖြာအောင်လုပ်နိုင်စွမ်းရှိလေသည်။


ကောလိပ်ဝင်ခွင့်ဖြေပြီးသည့်အခါ သူနှင့်တုမန်တို့က တစ်ကျောင်းတည်းကျခဲ့ကြသည်။ တုမန်က အခြားဌာနတစ်ခုကိုရောက်သွားသောကြောင့် နှစ်ယောက်သား ကျောင်းတွင် မကြာခဏဆုံတတ်ကြလေ၏။ ဖုယွမ်ကျိုးမှာ စက္ကန့်အနည်းငယ်ကြာအထိ တုံ့ဆိုင်းနေပြီး နေရာမှထကာ ပန်းကန်ပြားကို ပြန်လည်အသုံးပြုသည့်နေရာတွင် သွားပြန်ထားလိုက်သည်။ ထို့နောက် စားပြီးသွားသည့်တုမန်နှင့်အတူ အပြင်ပြန်ထွက်လာခဲ့လိုက်၏။


 "ငါနင့်ကိုတစ်ခုလောက်မေးချင်တယ်..."


"နင်မစားရသေးဘူးမလား..." 

တုမန်သည်ကား အံ့ဩနေဟန်။ 

"နင်တစ်လုတ်တောင်မထည့်ရသေးဘူးလားလို့..."


"စားချင်စိတ်လည်းမရှိပါဘူး..." 

ဖုယွမ်ကျိုးမှာ လွှင့်ပစ်လိုက်ရမည်ကိုနှမြောပြီး ရှက်သောကြောင့် စားနေခဲ့ရသော်လည်း တကယ်တမ်းတွင် သူထပ်မစားနိုင်တော့ပေ။


"ဆေးသောက်မလား..." 

တုမန်ကမေးလာခဲ့လေသည်။


"အိုကေ..." 

ဖုယွမ်ကျိုးကပြန်ဖြေလိုက်သည်။ 

"ငါနင့်ကိုတစ်ခုလောက်မေးစရာရှိတယ်..."


"ဘာကိစ္စလဲ..."


"ဟို..." 

ဖုယွမ်ကျိုးသည်ကား စကားလုံးများကို ဂရုတစိုက်ရွေးချယ်ပြီးပြောလိုက်လေ၏။ 


"နင်မုန်းနေတဲ့လူက နင့်ကိုလည်းမုန်းနေမယ်ဆိုပါစို့...ဒါပေမဲ့ နောက်ကျတော့ အဲဒါကအထင်လွဲတာဖြစ်နေပြီး သူကနင့်ကိုအရမ်းသဘောကျနေတာဆိုရင် နင်ဘယ်လိုလုပ်မလဲ..."


တုမန်: "နင့်အကြောင်းနင်ပြောနေတာလား.."


ဖုယွမ်ကျိုး: "ငါဒီတိုင်းသိချင်လို့မေးကြည့်တာ... ငါ့သူငယ်ချင်းအကြောင်းပါ... ငါ့ကိုပြောစမ်းပါ...နင်ဆိုရင်ရောဘယ်လိုလုပ်မှာလဲ..."


တုမန်: "ဘာလုပ်ရမှာလဲ...သူစိမ်းတွေဖြစ်သွားရင်ဖြစ်...မဖြစ်ရင်လည်း လက်ဆွဲနှုတ်ဆက်ပြီးသူငယ်ချင်းလုပ်လိုက်ပေါ့..ပြီးတော့ အဆင်ပြေသွားနိုင်လားလို့ကြည့်လိုက်ပေါ့..."


"အခြေအနေတွေကမကောင်းရင်ရော"

 ဖုယွမ်ကျိုးသည်ကား မတင်မကျဖြစ်နေဆဲ။


"ဘာလို့လဲ.."


"သူစိမ်းဖြစ်ရတာက အတော်လေးနေရခက်စေပြီး သူငယ်ချင်းလုပ်ဖို့ကျပြန်တော့လည်း အဆင်မပြေပြန်ဘူး..." 

ယင်းအတွက်ကြောင့်ပင် ဖုယွမ်ကျိုးမှာ ချီတုံချတုံဖြစ်နေရခြင်းပင်။


တုမန်က သူ့အား စက္ကန့်အနည်းငယ်ကြာသည်အထိ သံသယမျက်လုံးတို့ဖြင့်ကြည့်နေမိလေသည်။ 


"အဲဒီတစ်ယောက်ကနင့်ကိုဖွင့်ပြောလိုက်လို့လား..." 


"ငါ့သူငယ်ချင်းကဖွင့်ပြောခံလိုက်ရတာ...အခုသူစိုးရိမ်နေတယ်..."


"ခေါင်းထဲထည့်တွေးနေသေးတယ်...ငြင်းလိုက်ပေါ့..."


"ငါလည်းငြင်းတာပဲ...ရမှမရတာ.."


"ဒါဆိုလည်း ပြတ်ပြတ်သားသားငြင်းပစ်လိုက်...အဲဒီလူလက်လျှော့သွားတဲ့အထိ..."


ဒါဆိုအလုပ်ဖြစ်နိုင်လား။


ဖုယွမ်ကျိုး စိတ်ထဲမှညည်းတွားလိုက်မိသည်။


သူသိရသလောက်ပြောရလျှင် ရန်ရှူးထန်လိုလူမျိုးက တော်ရုံနှင့်လက်မလျှော့တတ်သူပင်။ သူကလည်း ကြာကြာရှောင်ပြေးတတ်သူမဟုတ်ပါချေ။ သူ့အား ၁၀နှစ်ကျော်ကြာအောင် သဘောကျလာပြီး လက်မလျှော့ချင်သူအား လက်လျှော့စေရန်မှာ သူ့အနေဖြင့် ယခုချက်ချင်း လက်ထပ်ရုံမျှသာရှိတော့၏။


တုမန်ကသူ့အားပုတ်လိုက်သည်။ 


"ငလူး...ဘယ်သူကနင့်ကိုဖွင့်ပြောလိုက်တာလဲ...ငါ့ကိုပြောစမ်းပါဦး..."


"ငါနင့်ကိုပြောပြီးပြီလေ...ငါမဟုတ်ဘူး...ငါ့သူငယ်ချင်းတစ်ယောက်လို့..."


"ပြောစမ်းပါ..နင်ဘယ်သူ့ကိုလာလိမ်နေတာလဲ...ငါနင့်အကြောင်းကို မသိဘူးထင်နေတာလား..."


သူပြန်မဖြေသည့်တိုင် တုမန်ကသူ့အား ဆက်ပြီးစစ်မေးနေခဲ့သည်။ ရယ်စရာဟာသဖြစ်နေလျှင်ပင် ဖုယွမ်ကျိုးမှာ မိန်းကလေးတစ်ယောက်နှင့်ပြိုင်မပြောချင်ပေ။ သူမ၏ စစ်ကြောမှုကိုငြိမ်ခံနေရင်း လူတစ်ယောက်က အနောက်မှလှမ်းခေါ်လိုက်သံကိုကြားလိုက်ရသည်။


"ဖုယွမ်ကျိုး..."


ဖုယွမ်ကျိုးမှာ ရောက်လာသူ၏အသံကိုမှတ်မိသွားပြီး ခဏတွင်းချင်းပင် သူ့နှလုံးသားကတင်းကျပ်သွားခဲ့သည်။ တုမန်ကအသံကြား၍လှည့်ကြည့်လိုက်ရာ ရန်ရှူးထန်ကိုတွေ့သွားပြီး အံ့ဩသွားခဲ့လေ၏။ 


"ရန်ရှူးထန်လား"


သူမသည်ကား တခဏမျှအေးခဲနေကာ သူတို့နှစ်ယောက်ကို ကြိမ်ဖန်များစွာကြည့်ပြီးနောက် ရုတ်ချည်း အံ့အားသင့်နေသည့်မျက်နှာဖြစ်သွားလေသည်။ 


"အာ" 

ထို့နောက် သူမကဆက်ပြောလိုက်၏။

 "မဟုတ်မှ နင်..."


"လျှောက်ပြီးခန့်မှန်းမနေနဲ့...ငါ့သူငယ်ချင်းတစ်ယောက်ပါဆို..ရန်ရှူးထန်ကငါနဲ့လုပ်စရာရှိလို့ရောက်လာတာ...ငါတို့အရင်သွားနှင့်မယ်..!"


လိပ်ပြာမလုံစိတ်ဖြင့် ဖုယွမ်ကျိုးမှာ ကန်တင်းနှင့်ခပ်ဝေးဝေးရောက်သည်အထိ ရန်ရှူးထန်ကိုဆွဲခေါ်လာခဲ့ပြီးနောက် ခဏအမောဖြေလိုက်ရသည်။ ယခုမှပင် တုမန်လက်မှလွတ်လာရသော်လည်း နောက်တစ်ဦးနှင့် ထိပ်တိုက်တွေ့ရပြန်၏။


"မင်းနဲ့သူကဘာတွေလဲ..."


ရန်ရှူးထန်ကသူ့လက်ကောက်ဝတ်ကိုဆွဲထားရင်း မျက်နှာအခြေအနေမှာ စိတ်ဆိုးနေသည့်အလား ဆိုးရွားနေလေသည်။


"အတန်းဖော်တုမန်...အိုး...မင်းလည်းသိတယ်မလား...တန်းခွဲ ၇ ကပဲလေ..." 


ဖုယွမ်ကျိုးမှာ တစ်ဖက်လူက မည်သည့်ရည်ရွယ်ချက်ဖြင့်မေးမှန်းမသိဘဲ အေးအေးဆေးဆေးပင်ပြန်ဖြေလိုက်လေသည်။


"အတန်းဖော်တွေလား..." 

ရန်ရှူးထန်က ပြန်မေးလာခဲ့လေသည်။


"ငါတို့ကသူငယ်ချင်းတွေ...အရမ်းရင်းနှီးကြတယ်..." 

ပြောပြီးမှ ရန်ရှူးထန်၏လေသံက တစ်ခုခုမှားနေသည်ကို သတိထားမိလိုက်၏။ သူက အနောက်ကိုခြေတစ်လှမ်းခန့်ဆုတ်ကာ ပြန်မေးလိုက်မိသည်။ 


"မင်း...ငါတို့ကိုအထင်လွဲနေတာတော့မဟုတ်ပါဘူးနော်"


ရန်ရှူးထန်: "မင်းတို့ပဲ အရမ်းရင်းနှီးကြတယ်ဆို"


"တကယ်ကြီးလား..." 

ဖုယွမ်ကျိုးက အတတ်နိုင်ဆုံး ပြန်စဥ်းစားကြည့်လိုက်သည်။ မည်မျှပင်စဥ်းစားကြည့်ပါစေ တုမန်ကသူ့ကို လက်ချောင်းလေးဖြင့်တို့သွားရုံမှလွဲပြီး ဘာမှမလုပ်သွားခဲ့ချေ။ 


"မဟုတ်သေးပါဘူး"


"ဟုတ်တယ်လေ..." 

ရန်ရှူးထန်က မျက်လွှာချလိုက်သည်။


"အဲဒါကဘာဖြစ်တာလဲ..." 

ဖုယွမ်ကျိုးက ဘာသိဘာသာဖြင့် ပုံမှန်ပင်ပြောလိုက်လေသည်။ 

"မင်းနဲ့လည်းရင်းနှီးတာပဲလေ...ချီးပဲ...ငါဆိုလိုချင်တာကတစ်မျိုးနော်..."


ပြောပြီးမှ သူ့စကားကလမ်းချော်သွားပြီမှန်းသိလိုက်ပြီး သူ့ကိုယ်သူပင်ပြန်ရိုက်ချင်သွားသည်။ ရန်ရှူးထန်၏မျက်နှာချောချောလေးက ရဲတက်သွားသော်လည်း ဖုယွမ်ကျိုးလက်ကိုမလွှတ်သေးဘဲ ပိုပြီးအားထည့်ကာကိုင်ထားခဲ့လေသည်။ 


"ဒါဆိုငါတို့က ဘယ်လိုဆက်ဆံရေးလဲ..."

သူကမေးလာ၏။


ဖုယွမ်ကျိုး: "အတန်းဖော်တွေလေ...အာ့...အား...မင်းအရမ်းမကိုင်ထားနဲ့...နာတယ်..."


"ဆောရီး..." 

ရန်ရှူးထန်က နှုတ်ခမ်းကိုဖိလိုက်ပြီး သူ့လက်ချောင်းလေးများကို လွှတ်ပေးလိုက်သည်။


"အဲဒီတော့ မင်းကငါ့ကိုဘယ်လိုပြောစေချင်တာလဲ...ငါတို့ကအတန်းဖော်တွေမဟုတ်လို့လား..." 

ဖုယွမ်ကျိုးကပုခုံးတွန့်ပြပြီး လေသံကိုပင်နှိမ့်လိုက်သေးသည်။ 

"မင်းက အခြားဘယ်လိုများခေါ်ချင်သေးလို့လဲ..."


"ဘာ" ရန်ရှူးထန်ကပြန်မေးသည်။


"....."


"...."


"အိုကေ...ငါ့ကိုလာမကြည့်နေနဲ့တော့...ငါပြောပြမယ်...စိတ်မဆိုးနဲ့..ငါတို့ကသူငယ်ချင်းတွေ...သူငယ်ချင်း...အား...ငါမင်းကိုစိတ်မဆိုးနဲ့လို့ပြောထားတယ်လေ...အား"


ရန်ရှူးထန်ကသူ့အား အတင်းနမ်းလာခဲ့သည်၊၊ သူရူးနေ၍ပင်ဖြစ်မည်။ ယခုက ကျောင်းမှာပင် ရှိနေသေးသည်လေ။


သူ့နှုတ်ခမ်းတို့ကို ရန်ရှူးထန်ကပိတ်ဆို့ထားခဲ့သည်။ ဖုယွမ်ကျိုးမှာ နှလုံးခုန်ရပ်မတတ်ဖြစ်နေပြီး စိတ်လှုပ်ရှားစွာဖြင့် ဘေးဘီကိုလှည့်ကြည့်မိ၏။ ကံကောင်း၍ သည်နေရာကအတော်လေးဝေးသောကြောင့် ရောက်လာသူမရှိပေ။ ရန်ရှူးထန်ကို ဤနေရာအထိဆွဲခေါ်လာနိုင်ခဲ့၍ သူဝမ်းသာမိသွားသည်။


သူရုန်းနေသောကြောင့် ရန်ရှူးထန်ကသူ့အား ပို၍ပင်ပြင်းပြစွာနမ်းလာခဲ့၏။ ဖုယွမ်ကျိုးမှာ အသက်ပင်မရှူနိုင်ဘဲရုန်းကန်နေရပြီး နောက်ဆုံးမှ ရန်ရှူးထန်ကိုတွန်းထုတ်ရန်သတိရသွားခဲ့သည်။ ဤသို့ဖြင့် သူရန်ရှူးထန်ကိုတွန်းထုတ်လိုက်နိုင်လေသည်။


"မင်းရူးနေလား..."


ဖုယွမ်ကျိုးက သွားရည်များနှင့်ရွှဲနေသည့်သူ့နှုတ်ခမ်းကို အမြန်ပွတ်သုတ်ပစ်လိုက်သည်။ အရင်က ရန်ရှူးထန်ကိုတည်ငြိမ်သူဟုထင်ထားခဲ့သော်လည်း ဒုတိယအကြိမ်တွင်တော့ သူထုတ်မေးမိတော့သည


ရန်ရှူးထန်ကသူ့ကို စိတ်ဆိုးနေသည့်ပုံစံဖြင့်ကြည့်ပြီး နာကျင်နေသည့်အရိပ်အယောင်များပေါ်လာခဲ့သည်။ 


"ဒါက မင်းငါ့ကို ဘယ်လိုမြင်လဲဆိုတာလား..."


ဖုယွမ်ကျိုးသည်လည်း အမှားလုပ်မိသလိုခံစားနေရသည်။ ရန်ရှူးထန်၏အမေးကို သူမည်သို့တုန့်ပြန်ရမည်လဲ မသိပါချေ။ နှုတ်ဆိတ်နေလိုက်သင့်သည်လား။ သူတို့ကသူငယ်ချင်းဟုခေါ်ရတော့မည်မဟုတ်ဘဲ ချစ်သူဟု ပြောရတော့မည့်အဆင့်ဖြစ်နေလေပြီ။


သို့ထိတိုင် ရန်ရှူးထန်၏မျက်လုံးများကိုကြည့်ပြီး သူဆက်မပြောရဲတော့ပေ။ ဖုယွမ်ကျိုးက ခေါင်းငုံ့ပြီးသာတောင်းပန်လိုက်ရလေသည်။ 


"ငါတောင်းပန်ပါတယ်..မှားသွားပါတယ်...ငါဒီလိုမပြောလိုက်သင့်ပါဘူး..."


"မင်းမမှားပါဘူး...မင်းကြိုက်တာမင်းပြောလို့ရတာပဲ..ဖြစ်သလိုတော့မပြောသင့်ဘူး..."


"တောင်းပန်ပါတယ်.." 

ဖုယွမ်ကျိုးမှာ စိတ်ကိုလျှော့ပြီးတောင်းပန်လိုက်ရသည်။


ပြီးနောက် ဖုယွမ်ကျိုးလည်း ဘာဆက်ပြောသင့်မှန်းမသိတော့ပေ။ အချိန်အနည်းငယ်ယူကာတိတ်ဆိတ်နေခဲ့ကြပြီး သူတို့နှစ်ယောက်ကြားမှလေထုသည်လည်း အေးစက်လာခဲ့ကာ ရန်ရှူးထန်ကရုတ်တရက်မေးလာခဲ့သည်။


"မင်း...တခြားလူတွေနဲ့လုပ်ဖူးလား..."


"ဟမ်" 

ဖုယွမ်ကျိုးက မတုံ့ပြန်မိပေ။


"အဲဒီ့ညက..." 

ရန်ရှူးထန်က အသံကိုနှိမ့်လိုက်သည်။ 

"မင်းက အရမ်းကို တက်ကြွနေခဲ့တာ မင်းကိုကြည့်ရတာ အတွေ့အကြုံရှိပုံပဲ...ငါကောင်းကောင်းလုပ်ခဲ့ရဲ့လား ငါလုပ်တာကိုမင်း ကျေနပ်ရဲ့လား ငါမသိဘူး...ကြည့်ရတာတော့ ငါသေချာမလုပ်နိုင်ခဲ့ပုံရ..."


ဖုယွမ်ကျိုး ကြက်သေသေသွားခဲ့သည်။ ရန်ရှူးထန်က သူ့ကိုယခုလိုမေးလာလိမ့်မည်ဟုမထင်ထားခဲ့၍ သဘောပေါက်သွားချိန်တွင် ဒေါသထွက်သွားလေသည်။ 

"သောက်ကျိုးနည်း ငါဒေါသထွက်လာပြီ..."


အခြေအနေမတူတော့သလို ရန်ရှူးထန်ကလည်း သူ့ကိုသူငယ်ချင်းဟူသော စကားလုံးအားပြောခွင့်မပေးခဲ့ပေ။ ရန်ရှူးထန်က သူ့တွင်အတွေ့အကြုံရှိပြီးသားဟု တွေးနေသည့်တိုင် ကြောက်မက်ဖွယ်ရာအတွေ့အကြုံသာ။


ဖုယွမ်ကျိုးသည်ကား စိတ်ဆိုးနေသောကြောင့် အသံမှာတင်းမာနေလေသည်။ 


"ငါ့မှာအတွေ့အကြုံရှိရင် မင်းနဲ့အိပ်မှာမဟုတ်ဘူး...ငါကမင်းကိုဘာလို့ကြိုက်ရမှာလဲ...ငါ့ရဲ့ပထမဆုံးကို မင်းကိုပေးမိရုံနဲ့ ငါကနစ်နာသွားစရာလား..."


ထိုအထိပြောပြီးသည့်နောက် ရန်ရှူးထန်နှင့်စကားဆက်မပြောချင်တော့၍ သူလှည့်ထွက်လာခဲ့လိုက်၏။ သို့သော် ခြေလှမ်းအနည်းငယ်သာလှမ်းရသေးစဥ် ရန်ရှူးထန်ကသူ့အားအနောက်မှသိုင်းဖက်လာခဲ့သည်။


.........


စာရေးသူတွင်ပြောစရာရှိပါသည်။


စကားပြောကြသည့်အခါ...


ရန်ရှူးထန်: ငါမင်းကိုကျေနပ်အောင်မလုပ်ပေးနိုင်မှာ စိုးရိမ်မိတယ်....


ဖုယွမ်ကျိုး: သူဘာလို့ဒီလောက်လူမဆန်ရတာလဲ?


♎️