အပိုင်း ၁၂၉
Viewers 29k

Chapter 129 


သူမ၏ ဉာဏ်ကြီးရှင်သားလေးက နေရာလွတ်မှရေကို သုတေသနလုပ်ပြီး အကျိုးသက်ရောက်မှုတူညီသည့် ရလဒ်တစ်ခုကို ပြုလုပ်နိုင်ခဲ့သည်။ အကျိုးသက်ရောက်မှုက ဆယ်ပုံတစ်ပုံသာရှိသော်လည်း ရှအန်းက အတော်လေး စိတ်ကျေနပ်နေပြီဖြစ်သည်။


မည်သို့ပင်ဆိုစေ တစ်ယောက်တည်း သုတေသနလုပ်နိုင်ခြင်း ဆိုသည်ကိုက အကောင်းဆုံးဖြစ်နေလေပြီ။


အမှန်အတိုင်းပြောရလျှင် အစက သူမ၏ကိုယ်ပိုင် ပိုက်ဆံများနှင့် မစ္စတာကု၏ အကူအညီများနှင့် ဆိုလျှင့် ကိုယ်ပိုင် သုတေသနအဖွဲ့တစ်ခု ထူထောင်နိုင်မည်ဟု ထင်ခဲ့သည်။


သို့သော် သူမက ၎င်း၏ ဇစ်မြစ်ကိုမပြောပြနိုင်သလို အဖွဲ့ထဲတွင် သစ္စာဖောက်ရှိ၍ သတင်းအချက်အလက် ပေါက်ကြားသွားခဲ့လျှင် သူမမည်သို့ လုပ်ရမည်နည်း။


ထို့ကြောင့် မူလက သူမ၏ချစ်လှစွာသော သားလေးကို ဤကိစ္စတွင် မပါဝင်စေချင်ခဲ့ပေ။ သို့သော်ယခုတွင် သူမ၏မျှော်လင့်ချက်များကို သူ့အပေါ်သာ ပုံအောလိုက်တော့သည်။


မည်သို့ပင်ဆိုစေ သူမ၏ဗီလိန်သားသားလေး၏ IQမှာ ဝတ္ထုတစ်ခုလုံးရှိ လူများထဲတွင် အများဆုံးဖြစ်ပြီး ဇာတ်လိုက်မင်းသား၏ ဦးနှောက်ကပင် သူမသားလောက် မထက်မြက်ပေ။


ထို့အပြင် သူမ၏ သားလေးက ခုနစ်နှစ်သာ ရှိသေးပြီး နေရာလွတ်ရေ၏ အချို့တစ်ဝက်ကို ဓာတ်ခွဲကြည့်နိုင်ခဲ့ပြီး အဆင့်နိမ့်မိတ္တူတစ်ခုကို လုပ်နိုင်ခဲ့ပြီး သူမကို အံ့အားသင့်စေခဲ့သည်။


သို့သော် စာအုပ်ထဲတွင် ဗီလိန်အရွယ်ရောက်လာသောအခါ လက်နက်တစ်ခုကိုပင် ပြုနိုင်ခဲ့သည်။ ထို့ကြောင့် စကင်ကဲ ထုတ်ကုန်တစ်ခုကို ပြုလုပ်နိုင်သည်မှာ အံ့အားသင့်ဖွယ်ကြီးတော့ မဟုတ်ချေ။


ရှအန်း ကောင်ငယ်လေး၏ ခေါင်းလေးကို ထိလိုက်ကာ အပြုံးလေးဖြင့် မေးလိုက်သည်။

"လိမ္မာလိုက်တဲ့ကောင်လေး... သားမှာ မာမားကို မေးစရာများရှိသေးလား...."


ရှရှင်းချန် မျက်တောင်ခတ်လိုက်ကာ သူ၏ နတ်သမီးမေမေကို ကြည့်လိုက်သည်။


"မေးစရာရှိသေးလားဆိုတာက..."


ရှအန်း ကောင်လေးကို ကြည့်လိုက်ပြီး နူးနူးညံ့ညံ့မေးလိုက်သည်။

"သားကို မာမားပေးတဲ့ရေက ဘယ်ကရလာလဲ မသိချင်ဘူးလား...."


အမှန်အတိုင်းပြောရလျှင် ရှအန်းက သူ့ကို ကျောက်စိမ်းဆွဲသီး၏ နောက်ထပ် ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်ကို ပြောပြချင်ခဲ့သည်။


"သားမမေးချင်ဘူး... ဘာပဲဖြစ်ဖြစ် မာမားက ရှောင်ရှင်းကို ပြောပြချင်ရင်... ရှောင်ရှင်းက သိရမှာပဲလေ..."


ကောင်လေး၏ ဖြူစင်သော်လည်း လေးနက်နေသည့် အသွင်အပြင်က သူမ၏ နှလုံးသားလေးကို နူးညံ့သွားစေပြီး သူမမျက်နှာတွင် တောက်ပသည့် အပြုံးလေးတစ်ခု ထွက်ပေါ်လာသည်။


"ရှောင်ရှင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံး သားလေးပဲ... ရှောင်ရှင်းလို သားလေးတစ်ယောက်ရတာ မာမားအရမ်းကံကောင်းတာပဲ..."


ထိုစာကြောင်းက အတော်လေး ချဲ့ကားလွန်းသည်ဟု ရှအန်းထင်လိုက်သော်လည်း ၎င်းက  သူမ အမှန်တကယ်တွေးနေသည့် အတွေးသာဖြစ်သည်။


အရင်က သူမ ကလေးများကို မကြိုက်နှစ်သက်ခဲ့ပေ။ သူမ၏ သားနှင့် စတွေ့ကာစ အိမ်တွင် အတူတူနေသည့် အချိန်တွင် သူ့ကို စိတ်ရှုပ်စရာဟု မမြင်မိခဲ့ပေ။


ယခုတွင် ရှရှင်းချန်ကို သူမ၏ သားအရင်းလေးအဖြစ် ဆက်ဆံနေပြီဖြစ်သည်။


ကောင်ကလေးက သူ့အမေ၏ မြှောက်ပင့်စကားကို ကြားသောအခါ ရှက်သွေးဖြာသွားခဲ့သည်။ သူခေါင်းလေးငုံ့လိုက်ပြီး သူ၏ဖြူဖွေးနူးညံ့သော မျက်နှာလေးက ပန်းရောင်သန်းလာခဲ့သည်။


"မာမားကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး အမေပဲ..."

သူ၏ နူးညံ့ကာ ချစ်စဖွယ်ကောင်းသော အသံလေးက ထွက်ပေါ်လာသည်။


"ဟုတ်ပြီလေ... မာမားက ကမ္ဘာပေါ်မှာ အကောင်းဆုံး အမေပဲ... ရှောင်ရှင်းကလည်း ကမ္ဘာပေါ်မှာ အကောင်းဆုံး သားလေးပဲ... မာမားတို့ မိသားစုက အကောင်းဆုံးပဲကွာ..."

ရှအန်း ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်။


ကောင်ကလေးက ခေါင်းလေးမော့လာကာ ချစ်စဖွယ်အပြုံးလေးတစ်ခု ပြုံးပြလာသည်။


စကားလမ်းကြောင်း ပြောင်းလဲသွားခဲ့သဖြင့် ရှအန်းက ကောင်ငယ်လေးကို ကျောက်စိမ်းအကြောင်း ပြောပြရန်မေ့သွားခဲ့သည်။


ထို့နောက် နှစ်ယောက်စလုံးက အသေးလေးပြုလုပ်ခဲ့သည့် အဆင့်နိမ့်ရေဖော်မြူလာကြောင့် အလုပ်ရှုပ်သွားကြသည်။


နေ့အချိန်တွင် ရှအန်းက သရုပ်ဆောင်ခြင်းနှင့် ရိုက်ကူးရေးအတွက် လိုအပ်သည့် ဗဟုသုတများကို ဆည်းပူးရန် ဒါရိုက်တာဂရေ့စ် မိတ်ဆက်ပေးလိုက်သည့် သရုပ်ဆောင် သင်တန်းကို သွားရုံသာမက အခြား သရုပ်ဆောင်များ၏  သရုပ်ဆောင်ပုံကို ကြည့်ရန် ရိုက်ကွင်းသို့ သွားခဲ့သည်။


ရှအန်း နောက်ဆုံး အိမ်သို့ ပြန်ရောက်လာချိန်တွင် အနားမယူနိုင်သေးပေ။ ကုမ္ပဏီစတင်ရန် အမျိုးမျိုးအထွေထွေသော ကိစ္စများကို စတင်လုပ်ကိုင်ရသည်။


ကံကောင်းစွာဖြင့် မစ္စတာကုက ဖြောင့်မတ်သည့် လူတစ်ယောက် ဖြစ်နေသည်။ ရှအန်းက ဤနယ်ပယ်တွင် အတွေ့အကြုံမရှိမှန်း သိ၍ သူမကို ကူညီရန် ကျွမ်းကျင်သည့် အဖွဲ့တစ်ခုကို ရှာပေးခဲ့သည်။


အလုပ်ရှုပ်သော နေ့ရက်များဖြင့် ရှအန်းတစ်ယောက် တစ်နေ့လုပ် အလုပ်များသော ဘဝတွင် နေထိုင်နေရသည်။


ရှအန်း၏ဘဝကလည်း အလွန်ချောမွေ့စွာဖြင့် ဆက်လက်ရွေ့လျားနေသည်။ ရှအန်းက အလုပ်များနေသော်လည်း သူမ မွေ့လျော်နေသည့် သူဌေးဘဝက အကျိုးသက်ရောက်မှု မများပေ။


ရှအန်းက နေ့တိုင်း စားလိုက်သောက်လိုက်ဖြင့် အသုံးအဖြုန်းကြီးသော ဘဝကို ဆက်လက်ကျင့်သုံးနေသည်။


သူမက ဤနေ့များတွင် အလွန်ပျော်နေပြီး အလွန်ကောင်းမွန်သည့် အချိန်လေးများကို ပိုင်ဆိုင်နေရသည်။


သို့သော် ဟယ့်ရှောင်ရှောင်ကတော့ ပြောင်းပြန်သာဖြစ်သည်။ သူမတွင် အဆိုးဝါးဆုံးသော အချိန်များကို ပိုင်ဆိုင်နေရသည်။


"Come on Challenger"က မတည်းဖြတ်ရသေးသည့် ဗွီဒီယိုအပြည့်အစုံကို တင်လိုက်သည်နှင့် အင်တာနက်ဆယ်လီ ဟယ့်ရှောင်ရှောင် ပြဿနာတက်ပေတော့သည်။


တစ်နေ့လုံး တစ်ညလုံး သူမကို မရေမတွက်နိုင်သော အင်တာနက် အသုံးပြုသူများက တိုက်ခိုက်နေကြသည်။


သူမတွင် ပရိတ်သတ်များစွာ ရှိခဲ့သော်လည်း ယခုတွင်တော့ ပရိတ်သတ်အားလုံးကို ဆုံးရှုံးလိုက်ရပြီ ဖြစ်သည်။


အခြေခံအားဖြင့် ပရိတ်သတ်အများစုက သူတို့၏ ပရိတ်သတ်အဖွဲ့ဝင်ထားသည်ကို ဤကိစ္စကြောင့် ပယ်ဖျက်လိုက်ကြခြင်း ဖြစ်သည်။ သူမကို မစွန့်ပစ်သည့် ပရိတ်သတ်အရေအတွက် အနည်းငယ်ရှိသေးသော်လည်း အလှောင်ပြောင်မခံရရန်အတွက် သူမကို ရှေ့ထွက်၍ မကူညီပေးကြပေ။ သူတို့၏ စကားများက ထောင်ပေါင်းများစွာသော ဆဲဆိုကာ ဆူပူသော စကားများအောက်တွင် ပျောက်ဆုံးသွားပေသည်။


ဖျော်ဖြေရေးနယ်ပယ်ထဲတွင် ရှအန်း၏ ဆိုးဝါးလှသော အခြေအနေနှင့် ယှဉ်လျှင် ယခုအထိ ပိတ်ပင်ခံထားရသေးသော 'ဆင်းရဲသည့်မိန်းမငယ်လေး'ရှအန်းက ပိတ်ပင်မခံထားရသော အခြားသော လူများထက်ပင် ပိုမိုသာလွန်နေလေပြီ။


"Come on Challenger" မတည်းဖြတ်ရသေးသော ဗွီဒီယို တစ်ပုဒ်ကို တင်လိုက်သည်နှင့် ကိစ္စတိုင်းက အကောင်းဘက်ပြောင်းသွားမည်ဟု ဟန်ယွဲ့မထင်ခဲ့ပေ။


ရှအန်းနှင့် ရှိုးအဖွဲ့က မရေမတွက်နိုင်သော ပရိတ်သတ်များကိုရလိုက်ပြီး အပြာရောင်လိပ်ပြာTV ကပင် ပြန်လည်ထုတ်လွှင့်ပြသရန်အတွက် တောင်းဆိုနေပြီဖြစ်သည်။


ဤသို့ဖြင့် ရှအန်း ပိတ်ပင်ခံလိုက်ရစဉ်က ငြိမ်းချမ်းရေးသံလွင်ခက် မပစ်ပေးနိုင်ခဲ့သော TV အစီအစဉ်တိုင်းက အရှေ့သို့ တက်လာခဲ့ကြသည်။ rating ကောင်းသည့် အခြား မြောက်များလှသော TVလိုင်းများကလည်း ဟန်ယွဲ့၏ နောက်ထပ်လာမည့် ရှိုးအတွက် ပြသခွင့်ကို ငွေအများကြီးပေးဝယ်ရန် လုံးပန်းလာကြသည်။


၎င်းက ဟန်ယွဲ့ကို ပီတိဖြာစေသည်။


သူတို့က အမေရိကရှိ ရုပ်မြင်သံကြားလိုင်းများကို ရှအန်းက ပြည်တွင်းတွင် မားကတ်တင်းအတွက်အလွန်ကောင်းမွန်ပြီး ရသစုံရှိုးအတွက် သင့်တော်သော ကြယ်ပွင့်တစ်ယောက်ဖြစ်ကြောင်း ပြချရုံသာဖြစ်သည်။


ဤမျှ ကြီးမားသည့် အကျိုးအမြတ်ကြီး ရလာမည်ဟု မထင်မိခဲ့ပေ။


သူ၏ ရှင်းလင်းပေးချက်က ရှအန်းကိုသာမက သူ၏ရှိုးအတွက်ပါ ကောင်းမွန်လှသည့် ရလဒ်များ ရလာမည်ဟု လုံးဝမထင်ခဲ့ချေ။


လူချမ်းသာတစ်ယောက်ထံမှ ပိတ်ပင်ခံလိုက်ရသော်လည်း ရှအန်းက သူမ၏ကိုယ်ပိုင် အရည်အချင်းဖြင့် ကျော်ကြားသွားခဲ့လေသည်။


ဤနည်းဖြင့် မရေမတွက်နိုင်သည့် လူများကို သူမက ဖျော်ဖြေရေးနယ်ပယ်တွင် ထိုင်စားရန်မွေးဖွားလာသူဟု သက်သေပြခဲ့သည်။


သူမက တားမြစ်ခံထားရပြီး လူရှေ့ပင် ထွက်မလာခဲ့သော်လည်း သူမ၏ကိုယ်ပိုင် အင်အားဖြင့် လှိုင်းလုံးကြီးတစ်ခု ဖန်တီးကာ အင်တာနက် အသုံးပြုသူများနှင့် ကြည့်ရှုသူများထံမှ မရေမတွက်နိုင်သော အချစ်များကို ရရှိခဲ့သည်။


သူအမှုမဲ့အမှတ်မဲ့ လုပ်ခဲ့သောအရာက "ကိစ္စကြီး"တစ်ခု ဖြစ်သွားသည်ကို ကြုံလိုက်ရသောအခါ ဟန်ယွဲ့က ကျန်ရှိသည့် မတည်းဖြတ်ရသေးသော ဗွီဒီယိုအားလုံးကို အင်တာနက်ပေါ် တင်လိုက်ပြီး လူတိုင်းကို ဆွဲဆောင်ပြီး သူမအတွက်ရော သူ့အတွက်ပါ ကျော်ကြားစေရန် လုပ်ဆောင်လိုက်သည်။