အပိုင်း ၁၃၂
Viewers 29k

Chapter 132


အဖွဲ့ထဲဝင်ပြီး စတင်ရိုက်ကူးကာစ ရှအန်းက သူမပင်မသိလိုက်ဘဲ အဖွဲ့ထဲတွင် စတားတစ်ယောက်ဖြစ်သွားပြီ ဖြစ်သည်။


သရုပ်ဆောင်အများစုနှင့် ဝန်ထမ်းအများစုက နိုင်ငံခြားသားများဖြစ်သော်လည်း သူတို့အားလုံးက ဆံပင်အနက်နှင့် မျက်လုံးအနက်ရှိသော တရုတ်လူမျိုးမိန်းကလေး ရှအန်းထံမှ အနိုင်ယူခံလိုက်ရပြီဖြစ်သည်။


သို့သော် ရှအန်းက နေ့တိုင်းအလုပ်များလွန်းနေ၍ သူမအကြောင်း ဘာမှမသိကြပေ။


သူတို့သိသည့်အရာမှာ ရှအန်း၏ သရုပ်ဆောင်အရည်အချင်းက ကောင်းသည်ထက် ကောင်းလာသည်ဟူသော အရာသာဖြစ်သည်။


သရုပ်ဆောင်ခြင်းဆိုသည်မှာ သူမထင်သလောက်မခက်ခဲပေ။ ထို့အပြင် အခြားလူများနှင့် ယှဉ်လျှက် သူမက ပိုမိုအသာစီးရနေသည်။ ၎င်းက သူမ၏ မှတ်ဉာဏ်ကြောင့်ဖြစ်သည်။


သူမ၏ အရာတိုင်းကို မှတ်မိနိုင်သော မှတ်ဉာဏ်က ကမ္ဘာပျက်ကပ်တွင် အသုံးမလိုသော်လည်း ယခုလို ငြိမ်းချမ်းသော ကမ္ဘာတွင် အတော်လေး အသုံးဝင်ပေသည်။


လူတိုင်းက ဇာတ်ညွှန်းဖတ်ကာ စာကြောင်းအရှည်ကြီးများကို မှတ်မိရန် အသည်းအသန် ကြိုးစားနေရကြရသည်။ တစ်ခါတစ်ရံ အချို့က မေ့လွန်း၍ စာသားများကိုပင် ပြောင်းလိုက်ရသည်။


သို့သော် သူမတွင် ထိုပြဿနာများ လုံးဝမရှိပေ။


သူမ၏ အစွမ်းကမည်သည့် စာသားကိုမဆို လုံးဝမမေ့စေ၍ သူမ၏ ဇာတ်ရုပ်ကို ခွဲခြမ်းစိတ်ဖြာရန် အချိန်ရလာသည်။


၎င်းက ဤကျွမ်းကျင်သရုပ်ဆောင်များ အုပ်စုထဲတွင်ပင် သူမ၏ သရုပ်ဆောင်အရည်အချင်းက အလွန်အမင်းတိုးတက်လာခဲ့ပြီး သူမကို ပိုမိုတောက်ပလာစေသည်။


သို့သော် ဇာတ်ကွက်များ ပိုမိုရိုက်ကူးလေလေ အာရှသူရှအန်းပ လှပပြီး သရုပ်ဆောင် တော်ရုံသာမက အခြားအရာများတွင်လည်း တော်ကြောင်း သိလာကြရသည်။


"ဆိုက်ဘော့.."


"သွားပြီ... ငါတို့ အဝိုင်းခံလိုက်ရပြီ..."


...


ဤရိုက်ကွင်းက သစ်တောထဲတွင် ရိုက်ကူးနေခြင်းမဟုတ်ဘဲ စတူဒီရိုထဲရှိ green screen ရှေ့တွင် ရိုက်ကူးနေကြခြင်းဖြစ်သည်။ ဤရိုက်ကွင်းက sepcial effect များဖြင့် ပြန်လည်ပြုပြင်ရမည့် ဇာတ်ကွက်ဖြစ်သည်။


ထို့ကြောင့် ၎င်းက ဝန်ထမ်းများစွာကို ဆွဲဆောင်မိပြီး သူမကိုဝိုင်းအုံ၍ လာကြည့်ကြသည်။


ဤရိုက်ကွင်းက သူရဲကောင်းမဂျုန်းစတင်ထွက်ပေါ်လာရမည့် ဇာတ်ကွက်ဖြစ်သည်။


ဤအေးခဲထားခြင်း အစီအစဉ်မှ လူဖြစ်သည့် ဂျုန်းက အခြားလူများထံမှ အားနည်းသည်ဟု လှောင်ပြောင်ခြင်းခံရသည်။


 ဂျုန်းအပေါ် အထင်အမြင်ကောင်းရှိသည့် အဓိကမင်းသားမှလွဲ၍ အခြားလူများက ဂျုန်းကို လူတစ်ယောက်အဖြစ် မသတ်မှတ်ထားပေ။


သို့သော် ဤဇာတ်ကွက်မှစ၍ ဂျုန်း၏ ဇာတ်ကောင်က စတင်နိုးလာတော့မည် ဖြစ်သည်။ 


ဇာတ်ကြောင်းထဲရှိ ဂျုန်းက အခြားလူများ၏ အမြင်တွင် အလှပန်းအိုး အနေအထားသာရှိသည်။


လက်တွေ့တွင်လည်း ဝန်ထမ်းအများစုက ရှအန်းကို အလှပန်းအိုးဟု သတ်မှတ်ထားကြသည်။


သူတို့က တရုတ်ပြည်အင်တာနက်ပေါ်မှ အတင်းအဖျင်းများကို ဖတ်ရန် စိတ်မဝင်စားသလို နိုင်ငံတကာသတင်းစာတွင် တစ်ခါမှပေါ်မလာဖူးသည့် ရှအန်းကဲ့သို့ စတားပေါက်စလေးအကြောင်း ဘာမှမသိကြပေ။


ထို့ကြောင့် ရှအန်းက ဂျုန်း၏နေရာတွင်သရုပ်ဆောင်နိုင်မည်ဟု မယုံကြည်ကြခြင်းဖြစ်သည်။


မည်သို့ပင်ဆိုစေ သူတို့အားလုံးက "Come on Challenger" ရသစုံရှိုးကို မကြည့်ဖူးပေ။


ထို့ကြောင့် ဂျုန်း၏ဇာတ်ကောင် နိုးထလာသည့် ဇာတ်ကွက်က နိုင်ငံခြားသား ဝန်ထမ်း တစ်အုပ်ကြီးကို ဆွဲဆောင်နိုင်ပေသည်။


သူတို့အားလုံးက ရှအန်းကဲ့သို့ နူးညံ့ကာ အားနည်းလှသည့် မိန်းကလေးတစ်ဦးက ဤတိုက်ခိုက်ခန်းကို မည်သို့ သရုပ်ဆောင်မည်လဲ သိချင်နေကြသည်။


ထို့အပြင် ၎င်းက သူတို့ကို အလွန်အံ့အားသင့်သွားစေခဲ့သည်။


လူတိုင်း ပါးစပ်အဟောင်းသားဖြစ်အောင် ထိတ်လန့်သွားကြသည်။


ကြောက်မက်ဖွယ် မိတ်ကပ်များနှင့် ဆိုက်ဘော့များ ထွက်ပေါ်လာသည်နှင့် မိန်းကလေးဆန်ဆန် ဂါဝန်အဖြူလေး ဝတ်ထားသည့် ဂျုန်းက ထိုဂါဝန်ကို လှုပ်ရှားရလွယ်သည့် စကတ်အဖြစ် ချက်ချင်းလက်ငင်း ဖြဲချလိုက်သည်။


လူအုပ်ကြီးက ရှအန်း၏ ခြေတံရှည်များအပေါ် သွားရည်ကျနေရင်း နောက်တစ်စက္ကန့်တွင် ထိတ်လန့်သွားရသည်။


သူတို့အားလုံး ရှအန်းက ဆိုက်ဘော့တစ်ကောင်ပြီးတစ်ကောင်ကို အမှောက်သိပ်ကာ ဆိုက်ဘော့ပေါင်း တစ်ဒါဇင်လောက်ကို အေးအေးဆေးဆေး ဖျက်ဆီးသွားကြောင်း မြင်လိုက်ရသည်။


"...?"


"...?"


"...!"


ရှအန်း၏ ထိုမျှကြမ်းတမ်းလှသည့် တိုက်ခိုက်ခန်းများကို မြင်လိုက်ရသောအခါ ဝန်ထမ်းများအားလုံး ရူးခါသွားရသည်။


ရှအန်းနှင့်အတူ သရုပ်ဆောင်နေသည့် သရုပ်ဆောင်များသာမက ဆိုက်ဘော့အဖြစ် သရုပ်ဆောင်သည့် လူများပါ ကြောင်အသွားကြသည်။


လူအုပ်ကြီးက ခဏမျှငြိမ်ကျသွားသည်။


ရှအန်းက အလွန်ကြမ်းတမ်းလှပေသည်။ ဇာတ်ညွှန်းအရ သူမက ဆိုက်ဘော့များကို တိုက်ခိုက်မည်ဖြစ်ပြီး နောက်ထပ်လူများကလည်း သူမကို လာတိုက်ခိုက်မည်ဖြစ်သည်။


သို့သော် သူမက မိနစ်ပိုင်းလေးအတွင်း သရုပ်ဆောင်၍ ပြီးသွားပြီဖြစ်၍ အခြားသရုပ်ဆောင်များက ကြောင်တောင်တောင်လေး ရပ်ကြည့်နေကြသည်။ ယခုတော့ သူမ ပြန်လည်ရိုက်ကူးရတော့မည် ဖြစ်သည်။


 (╯ ‵ □ ′) ╯︵┻━┻


"Cut... မင်းတို့ ဘာဖြစ်နေကြတာလဲ..."


ဂရေ့စ်က ရှအန်း၏ အရည်အချင်းများကို သိပြီးဖြစ်သော်လည်း သူမ ဓားအစစ်နှင့် တိုက်ခိုက်သည့်အခါတွင်တော့ သူပါ ထိတ်လန့်သွားရသည်။


သူအလျှင်အမြန် ပြန်လည်တုံ့ပြန်လိုက်သော်လည်း သူ၏ လျှင်မြန်သည့် တုံ့ပြန်မှုက အလကားဖြစ်သွားပြီး အခြားသရုပ်ဆောင်များ၏ အမူအယာက အဆင်မပြေဖြစ်သွားရသည်။


"မင်တို့က ဝါရင့်တွေလေ...  ဘာကိစ္စ ရိုက်ကူးရေးလုပ်နေတုန်း ကြောင်တောင်တောင်ဖြစ်သွားရတာလဲ..."

ဂရေ့စ် အမှန်တကယ် ဒေါသထွက်နေပြီဖြစ်သည်။


ရှအန်း၏ ပေါ်ထွက်လာမှုက ပြီးပြည့်စုံနေသော်လည်း အခြားလူများက ကြောင်စီစီဖြစ်သွားကြ၍ ယခုတော့ သူပြန်လည်ရိုက်ကူးရပေတော့မည်။


ဂရေ့စ်ဆီမှ အဆူခံလိုက်ရသည့်လူများက ရှအန်းကို ကြည့်ရင်း ရှက်သွားကြသည်။


သူတို့  ကြည့်မနေကြသော်လည်း ယခုလေးတင် ရှအန်းသရုပ်ဆောင်လိုက်သည့် တိုက်ခိုက်ခန်းက ပြီးပြည့်စုံကြောင်း သိကြပေသည်။


ရှအန်းလို နူးညံ့ပြီး အားနည်းတဲ့ ကောင်မလေးတစ်ယောက်က ကောင်းကောင်းတိုက်ခိုက်နိုင်မယ်လို့ ဘယ်သူထင်မှာလဲလို့....


သူမရဲ့ နူးညံ့တဲ့ ခန္ဓာကိုယ်လေးထဲမှာ ဒီလောက်အထိ ပေါက်ကွဲနိုင်စွမ်းရှိတဲ့ စွမ်းအင်တွေ ရှိနေတာလေ...


၎င်းက ရှေးဟောင်းတရုတ်အဆိုအမိန့်ဖြစ်သည့်

-လူတစ်ယောက်ကို အပြင်ပိုင်းသွင်ပြင်နှင့် ဆုံးဖြတ်၍မရ- ဟူသော အဆိုနှင့် တူနေသည်။


ကြောက်ဖို့ကောင်းလိုက်တာ...


"တောင်းပန်ပါတယ်... ဒါရိုက်တာ... တောင်းပန်ပါတယ်..."


လူတိုင်း ရှအန်းနှင့် ဂရေ့စ်တို့ကို တောင်းပန်လာကြသည်။


ဂရေ့စ်၏ ဒေါသထွက်နေသော အမူအယာနှင့် ယှဉ်လျှင် ရှအန်းက သူတို့၏ တောင်းပန်မှုကို လက်ခံလိုက်သည်။


"အဆင်ပြေပါတယ်.. ဒါရိုက်တာ ကျွန်မဒီထက်ပိုကောင်းအောင် လုပ်နိုင်သေးတယ်... ခုဏက ဂျုန်းရဲ့ ပုံစံက အရမ်းကြမ်းတမ်းတော့ အလှတရားတွေတောင် လျော့သွားပြီး သိပ်မကောင်းဘူးလို့ ထင်မိတယ်..."