အပိုင်း ၁၃၆
Viewers 29k

Chapter 136


ရှအန်း တရုတ်တန်းထဲဝင်သွားသည်နှင့် သူမတရုတ်တန်းတွင် ပေါ်လာခဲ့သည့် ဓာတ်ပုံများ ဗွီဒီယိုများက အမေရိကန်ရှိ အကြီးဆုံးဆိုရှယ်ပလက်ဖောင်းတွင် အတင်ခံလိုက်ရသည်။

 

ဘလော့ဂါက ဓာတ်ပုံတင်ပြီးသည်နှင့် သူတရုတ်တန်းတွင် အလွန်လှသော နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးနှင် ဆုံခဲ့ကြောင်း တင်လိုက်ပြီး တုံ့ပြန်မှုများစွာ ရမည်ဟု မထင်ခဲ့ပေ။


သို့သော် အံ့ဩစရာကောင်းစွာဖြင့် သူပို့စ်တင်ပြီးသည်နှင့် လူအများ၏အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။


စက္ကန့်ပိုင်းအတွင်း လိုက်ခ်လုပ်သူနှင့် ကွန်းမန့်ရေးသူများက မယုံကြည်နိုင်လောက်အောင် များပြားသွားသည်။


[ဝိုး... လှလိုက်တာ... သူမက နာမည်ကြီးလား... ဘယ်နိုင်ငံကစတားလဲ...]


[ငါ လူမျိုးရေးခွဲခြားတာမဟုတ်ပေမဲ့လည်း သူမသာ ငါတို့လို blondeနဲ့ဆို ပိုလှမယ်လို့ ထင်နေမိတယ်...]


[အရမ်းလှတာပဲ... သူမက အယ်လီစင်ထက်တောင် လှသေးတယ်...]


[ဒီနိုင်ငံခြားသူစတားကဘယ်သူလဲ သိချင်တယ်...ငါသူမကို သဘောကျမိသွားပြီ XD]


...

(Blonde= အသားဖြူဖျော့ကာ ဆံပင်ရွှေဝါရောင်ဖျော့ဖျော့ရှိသောလူ

အများစုက  ဥရောပဘက်က နိုင်ငံခြားသားတွေပါ)


ရှအန်းပုံကို တင်လိုက်သော ဘလော့ဂါက အသံအများကြီး မထွက်ခဲ့ပေ။


သို့သော် နောက်ထပ်ပုံများက အတော်လေး မမျှော်လင့်ထားစရာဖြစ်နေသည်။


၎င်းက ရှအန်းကို နိုငိငံခြား ဆိုရှယ်မီဒီယာတွင် နာမည်ကြီးသွားစေသည်။


[ငါ့ရဲ့ နောက်ဆုံးပုံလေးကို ကြည့်လိုက်ပါဦး... ဒါက blonde ဗားရှင်းလေး... သူမကိုကြည့်ရတာ ပိုလှမသွားဘူးလား^-^]


ပြင်ထားသည့်ဓာတ်ပုံက အမေရိကန်ရှိ အဓိကဆိုရှယ်ပလက်ဖောင်းတွင် လျှင်မြန်စွာ နာမည်ကြီးသွားသည်။


ရှအန်း၏ ဓာတ်ပုံများကို မူရင်းဘလော့ဂါက လှပသော အရာများကို ဝေမျှသည့် လူမျိုးသာဖြစ်သည်။


ပရိတ်သတ်များစွာရှိသော ဓာတ်ပုံပြင်ဆရာတစ်ယောက်က ထိုပုံများကို စိတ်ဝင်စားသွားခဲ့သည်။ သူက သူမ၏ မျက်ဆံအနက်များနှင့် ဆံပင်အနက်များကို မျက်ဆံပြာများနှင့် ဆံသားရွှေဝါရောင်များအဖြစ် ပြောင်းလဲလိုက်သည်။


ထိုပုံကို တင်လိုက်သည်နှင့် ရှအန်းက အမေရိကန်ရှိ ဆိုရှယ်ပလက်ဖောင်းများတွင် ဟုန်းဟုန်းတောက်နေအောင် နာမည်ကြီးလာခဲ့သည်။


ရှအန်း၏ပုံများက အလွန်လှကြသည်။


[ဘုရားရေ... ငါနတ်သမီးလေးတစ်ပါးကို မြင်လိုက်ရတာပဲ...]


[ဒါက နတ်သမီးလေးမလား... ဟုတ်တယ်မလား..]


[လှလိုက်တာလွန်ပါရော... သူ့ပုံလေးကိုကြည့်လိုက်တာနဲ့ ငါ့ရဲ့အခြေအနေမကောင်းတဲ့စိတ်က အငွေ့ပျံသွားတာပဲ...]


ရှအန်း၏ နောက်ထပ်ပုံအသစ်များက အွန်လိုင်းပေါ်တွင် ခဏချင်း နာမည်ကြီးသွားသည်။


ထို့နောက် အခြားလူတစ်ယောက်ကလည်း အမေရိကန်တွင် ရှအန်း၏ နာမည်ကြီးမှုကို လောင်စာဝင်ထည့်လေသည်။


[ဒီမိန်းမလှလေးက ဘယ်သူလဲသိချင်လိုက်တာ... ငါတော့ သူမကိုချစ်မိသွားပြီထင်တယ်...]


မည်သူကမှ အမေရိကန်ရှိ ရော့ခ်အသိုင်းအဝိုင်းတွင် နာမည်ကြီးပြီး ပရိတ်သတ်ပေါင်းသန်း ၁၀၀ကျော်ရှိသော လူရှုပ်လူပွေတဲလက်စ်က သူမ၏ပုံကိုပြန်လည် ဝေမျှမည်ဟု မထင်ခဲ့ပေ။


 တဲလက်စ်က အချစ်ရေးအချစ်ရာတွင် မတည်မြဲသော်လည်း အမေရိကန်၏ စံချိန်မြင့် ကောင်ဆိုးလေးက မည်သည့် မိန်းကလေးကိုမှတွစ်တာတွင် လူသိရှင်ကြား ဝန်မခံဘူးပေ။


ထို့ကြောင့် သူပြန်လည်ဝေမျှလိုက်သည်နှင့် အင်တာနက်ပေါ်တွင် နျူကလိယဗုံးပေါက်သလို ဖြစ်သွားခဲ့သည်။


အမေရိကန်တစ်ခုလုံး အုံကြွသွားကာ ခဏအတွင်း ရှအန်းက လူတိုင်းရှာဖွေနေသည့် အဓိကလူဖြစ်သွားသည်။


ထိုအချိန်တွင် ရှအန်းက...


"ဝိုး...အရသာရှိလိုက်တာ..."


ဟော့ပေါ့ထဲ သိုးသားလိပ်ကို ထည့်ပြီးသည်နှင့် ရှအန်းက သူမ၏နှင်းဆီရောင် နှုတ်ခမ်းနှစ်လွှာကို ဖွင့်ပြီး သူမပါးစပ်ထဲထည့်ကာ အပူရှိန်ကိုရောသူမ၏ပုံရိပ်ကိုပါ ဂရုမစိုက်တော့ဘဲ စားတော့သည်။


"သားတို့ရော ဘာစားချင်လဲ..."


အစားအသောက်များ ရောက်လာသည်နှင့် သူမက စားပွဲရှိ အခြားလူများကိုလည်း မေ့မထားပေ။


သူမ၏ဆွေမျိုးများကိုလည်း ချွင်းချက်မရှိပေ။


ရှအန်းက ပျော်ပျော်ရွှင်ရွှင်စားနေ၍ အခြားလူများကလည်း စားချင်စိတ်ဖြစ်ပေါ်လာရသည်။


နဂိုကတည်းက မျက်နှာလှလှလေးရှိသော ရှအန်းက ပိုပိုလှလာခဲ့သည်။


ကင်မရာမန်းက ရှအန်းတွင် ဤကဲ့သို့ ပုံစံမျိုး ရှိမည်ဟု မထင်ခဲ့ပေ။ အနောက်တိုင်းအစားအသောက်များကို စားစဉ်က ခက်ရင်းနှင့် ဓားကိုသုံးခဲ့ရပြီး သူမက တော်ဝင်မင်းသမီးတစ်ပါးလို ကျက်သရေရှိစွာစားသောက်ခဲ့သည်။


သူမက အစားအသောက်များကို အလောတကြီး စားနေသော်လည်း အခြားလူများက သူမကို အိန္ဒြမရှိသူဟူ မမြင်ကြပေ။ ယင်းအစား ချစ်စရာကောင်းသည်ဟု ထင်ကြပြီး သူတို့ပင် စားချင်စိတ် ဖြစ်ပေါ်လာရသည်။


သူမ၏ တရုတ်အစားအသောက်များ စားနေပုံကိုကြည့်ပြီး ကလေးနှစ်ယောက်ပါ အံ့ဩနေရသည်။


"မမနတ်သမီးက ကောင်းကောင်းစားနေတာပဲ... ကြည့်ရတာ ဗိုက်ဆာနေတဲ့ပုံပဲ..."

ကုရှုမော့က သူ၏ မျက်ဝန်းနက်နက်ကလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရှအန်းကို ကြည့်နေသည်။


ရှရှင်းချန်လည်း အသိပြန်ဝင်လာပြီး ရှအန်း၏အကြိုက် သိုးသားကို သူမပန်းကန်ထဲ ထည့်ပေးလိုက်သည်။


"မာမား စားချင်တာစားပါ... သားထည့်ပေးမယ်နော်... မြန်မြန်ကြီးမစားနဲ့ လျှာကျက်သွားလိမ့်မယ်..."


ရှရှင်းချန် ပေးထားသည့် အသားလေးကိုယူကာ ရှအန်းက သူမသားလိမ္မာ၏ ပန်းကန်ထဲပြန်ထည့်ပေးလိုက်သည်။


"သားဘာသာစားပါ... ဟော့ပေါ့က အရသာရှိတယ်... အားပါးတရသာစား..."


"အိုး... အိုကေလေ..."

ကောင်လေးက အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။


"သားက လိမ္မာပြီးသိတတ်မှန်း မာမားသိပါတယ်... ကိုယ့်ဗိုက်ကိုယ်အရင်ဖြည့်ပြီးမှ မာမားကို ဂရုစိုက်ပေး ဟုတ်ပြီလား..."


ရှအန်း သူမလက်ကိုမြှောက်လိုက်ကာ ကောင်လေး၏ခေါင်းကို ပုတ်ပေးပြီးဟော့ပေါ့အိုးထဲ ခေါင်းပြန်နှစ်နေလေသည်။


စားပွဲပေါ်ရှိ အသားများနှင့် ဟင်းသီးဟင်းရွက်များ တစ်ဝက်မျှကုန်သွားချိန်တွင် ရှအန်း၏ဖုန်းက မြည်လာသည်။


ရှအန်းက ဂရုမစိုက်ပေ။ နည်းနည်းလေးပင် လှုပ်မသွားပဲ ဟော့ပေါ့သာ ဆက်စားနေသည်။


"မမနတ်သမီး.. ဖုန်းလာနေတယ်နော်...."

ရှအန်း၏ အစားအသောက်များအပေါ် ထားရှိသည့် အချစ်ကို နားမလည်သည့် ကုရှုမော့က သူမကို တိတ်တဆိတ်အသိပေးလာသည်။


"စိတ်မပူပါနဲ့... အရင်စားကြတာပေါ့..."

သူမ ခေါင်းခါကာ ဖုန်းပြန်ဖြေမည့် အစီအစဉ်ရှိပုံပေါ်မပေ။ သူမစားနေစဉ်တွင် မည်သည်ကမှ သူမကို မနှောင့်ယှက်နိုင်ချေ။


"ဟုတ်ပြီလေ...."


(⊙ O ⊙)


ကုရှုမော့က မျက်လုံးလေးပြူးသွားပြီး သူမ၏အစားအသောက်တစ်လိုင်းဖြစ်နေပုံကို နားလည်သွားခဲ့သည်။


သို့သော် သူမ နှောင့်ယှက်ခံရမှုမှ မလွတ်မြောက်နိုင်သေးပေ။


"ရှအန်း... ဟန်ယွဲ့ခေါ်နေတယ်..."


ဝတုတ်လေးက သူ့ဖုန်းသူကိုင်ထားကာ ရအန်းထံပေးလိုက်သည်။


"ဟန်က အစ်မဖုန်းကို ခေါ်မရလို့... ကျွန်တော့်ဆီခေါ်လာတာ... တစ်ခုခုဖြစ်နေတဲ့ပုံပဲ..."


ချိတ်ဆက်ထားဆဲဖြစ်ပြီး သူမထံလက်ကမ်းပေးနေသော ဖုန်းကိုကြည့်လိုက်သည်။


ထို့နောက် ရှအန်းက တူကိုချလိုက်ကာ လက်ကို တစ်ရှူးဖြင့် သုတ်၍ ဖုန်းကိုင်လိုက်သည်။

"ဟေး..."


"ရှအန်း.. ဟော့ပေါ့ဆက်မစားနဲ့တော့... မြန်မြန်ပြန်လာတော့..."


သူမဖုန်းကိုင်လိုက်သည်နှင့် ဟန်ယ်ွ၏ စိုးရိမ်တကြီးအသံက ထွက်ပေါ်လာသည်။


"ဟာ... ဘာဖြစ်လို့လဲ... ရှင်ဘာတွေပြောနေတာလဲ..."

ရှအန်း၏ အမူအယာက ဗလာဖြစ်နေပြီး ဟန်ယွဲ့ဘာတွေပြောနေလဲ လုံးဝနားမလည်ပေ။


"မင်းအခုပြန်မလာရင် ခဏနေဆိုရင် ပြန်လာလို့ရမှာ မဟုတ်တော့ဘူး... မြန်မြန်ပြန်လာတော့..."


"ဟန်... ရှင်ဘာတွေပြောနေတာလဲ... ကျွန်မတစ်လုံးမှကို နားမလည်ဘူး... ပြီးတော့ ကျွန်မဟော့ပေါ့စားမပြီးသေးဘူး... စားပြီးမှ ပြန်လာခဲ့မယ်..."


ရှအန်း တစ်ဝက်မျှကျန်နေသည့် ဟော့ပေါ့ကို ကြည့်လိုက်သည်။


သူမအမေရိကန်ကို ရောက်ကတည်းက ဤမျှအရသာရှိသည့်ဟော့ပေါ့ကို မစားရသည်မှာ ကြာလှပြီဖြစ်သည်။ ထို့ကြောင့် ယနေ့တွင် ဗိုက်အပြည့်ဖြည့်ရမည် ဖြစ်သည်။


"နတ်ဘုရားမရယ်... မင်းအခုရောက်နေတဲ့နေရာမှာ လူတွေဘယ်လောက်တောင် စုနေပြီလဲသိရဲ့လား... ဒါတောင် စားဖို့ကတွေးနိုင်သေးတယ်... မင်းသာစားပြီးမှပြန်လာရင် ပြန်လာလို့တောင် ရတော့မှာ မဟုတ်ဘူး...."


ရှအန်း အတော်လေး စိတ်ရှုပ်သွားရသည်။ ထို့ကြောင့် မသိလိုက်ပဲ ခေါင်းမော့ကြည့်လိုက်သော်အခါ မူလ သူမရောက်ကာစက ဗလာဖြစ်နေသော ဟော့ပေါ့ဆိုင်ရှိ ထိုင်ခုံများတွင် လူပြည့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


တံခါးပေါက်နှင့် ပြတင်းပေါက်များတွင်လည်း လူအုပ်ကြီးရှိနေသည်။ ထို့အပြင် လူအများစုက နိုင်ငံခြားသားများဖြစ်ကြသည်။


တရုတ်လူမျိုးများက သူမကိုကြည့်နေလျှင် သူမကတရုတ်ပြည်ရှိ စတားတစ်ယောက်ဖြစ်သောကြောင့် ကြည့်ကြကြောင်း နားလည်ပေသည်။


ဒါပေမဲ့.. နိုင်ငံခြားသားတွေကတော့.... 


သူမက နိုင်ငံခြားမှာ နာမည်မှမကြီးတာ...


သူမ၏ ပရိုဂရန်ကမထုတ်လွှင့်ရသေးသလို သူမ၏ ဇာတ်ကားကလည်း မပြသသေးပေ။


"ဟန်... ရုတ်တရက်ကြီး ဘယ်လိုဖြစ်သွားရတာလဲ... လူတွေလည်းအများကြီးပဲ.. ဘာဖြစ်တာလဲ..."


ရှအန်း၏စိတ်ထဲတွင် နမိတ်မကောင်းသော လက္ခဏာများကို တွေးနေမိပြီဖြစ်သည်။


"ရှအန်း... မင်းအခု အမေရိကန် အွန်လိုင်းမှာ နာမည်အရမ်းကြီးနေပြီ... ဘာမှမပြောနဲ့တော့.. လူတွေအများကြီးမစုဝေးသေးခင် မြန်မြန်ပြန်လာခဲ့တော့... မဟုတ်ရင်ခဏနေကြရင် သတင်းသမားတွေပါ ရောက်လာတော့မယ်... မင်းပြန်ရောက်မှ ဆက်ပြောကြတာပေါ့..."


ဟန်ယွဲ့ က စိတ်အားထက်သန်စွာဖြင့် စိတ်လှုပ်တရှားဖြစ်နေသည်။ ရှအန်းက ဆက်လက်၍စားချင်စိတ်မရှိတော့ဘဲ ကလေးနှစ်ယောက်လက်ကိုတွဲ၍ ဟော့ပေါ့ဆိုင်မှ ပြေးတော့သည်။


ဟော့ပေါ့ဆိုင်နှင့် တရုတ်တန်းမှ ထွက်လာရန်ပင် မလွယ်ကူခဲ့ချေ။ လူများကြပ်သိပ်နေသည်မှာ ကုန်စိမ်းတန်းလိုပင် ဖြစ်နေသည်။


ရှိုးအဖွဲ့သားများရောက်လာချိန်တွင် ရှအန်းရော ကလေးနှစ်ယောက်ပါ အသားပြား ဖြစ်သွားခါနီးဖြစ်သည်။


တရုတ်တန်းမှ ထွက်လာပြီးနောက်တွင် သူမနေသည့်ဟိုတယ်ဆီသာ တန်းသွားလိုက်သည်။ ရှအန်း ကားမောင်း၍ ထွက်ပြေးသွားသည်နှင့် မီဒီယာများမှ ကားများက တရုတ်တန်းတွင် ရပ်ကြသည်။ ဂျာနယ်လစ်များစွာကလည်း ကားကင်မရာများကိုင်၍ ကားထဲမှ ထွက်လာကြသည်။


ရှအန်း စိတ်သက်သာရာရစွာ သက်ပြင်းပြချလိုက်သည်။ ၎င်းက ဟန်ယွဲ့ပြောထားသည့်အတိုင်း ဖြစ်နေခဲ့သည်။


သူမသာ ဟော့ပေါ့စားပြီးသည့်အချိန်အထိ နေခဲ့ပါက ပြန်ရန် အလွန်ခက်ခဲပေလိမ့်မည်။


သို့သော်...


ဟော့ပေါ့ကို ကုန်အောင်မစားလိုက်ရသည်မှာ နှမျောစရာပင်။