Chapter 2
Viewers 4k

🌍Chapter 2



ကမ္ဘာကြီး အဆုံးသတ်ပြီ 


အားလုံး အလွန်တုန်လှုပ်နေကြသည်။ 


ထန်မော့ပင်အလုပ်သို့ နှစ်ရက်ခန့်မသွားနိုင်ခဲ့။ လူအများစုက ကျေးလက်သို့ပြောင်းရွေ့အခြေချကာ အနက်ရောင်မျှော်စင်များမှ ဝေးနိုင်သမျှ​​ ဝေး​ဝေးနေနိုင်ရန်  ကြိုးစားကြတော့သည်။ သို့သော်လည်း သိပ်မကြာခင်၌ပင် ပြည်တွင်းအခြေအနေများမှာ အလွန်တည်တည်ငြိမ်ငြိမ်ပင် ထိန်းသိမ်းခံလိုက်ရပြီး ထန်မော့သည် သုံးရက်မြောက်နေ့တွင် 

အလုပ်ပုံမှန်ပြန်ဆင်းရန် အကြောင်းကြားစာကို လက်ခံရရှိလိုက်လေသည်။


တစ်ပါတ်ခန့်ကြာပြီးသည့်နောက် အနက်ရောင်မျှော်စင်မှ ဘာထူးထူးခြားခြားလှုပ်ရှားမှုမှ မတွေ့ရသည့်အခါ လူအများလည်းမိမိနေရပ်သို့ ပြန်လာကြကုန်သည်။


ယခုတွင် ထိုဖြစ်စဉ်မှာ ခြောက်လခန်ပင် ကြာခဲ့ပြီ၍ အနက်ရောင်မျှော်စင်များမှာ လည်ပါတ်စရာနေရာကဲ့သို့ပင် ဖြစ်လာချေပြီ။


ပထမလ၌ သုတေသတအခြေစိုက်စခန်းမှ ၀တ်စုံဖြူများ ၀တ်ဆင်ထားသောလူများသည့် အနက်ရောင်မျှော်စင်၏ အောက်ခြေသို့ နေ့စဉ်လာရောက်ကာ 

စူးစမ်းလေ့လာကြသည်။ ၄င်းတို့သည့် ကြီးမားသော 

အထောက်အကူပစ္စည်းများကိုပင် သယ်ဆောင်လာလျက် ဘာမှန်းမသိသည့်အရာကို သုတေသတပြုနိုင်ဖို့ကြိုးပမ်းကြ၏။ ယခုတွင်မူ ထိုသူတို့မှာ သုံးရက်ခြား တစ်ခါသာလာရောက်ကြတော့ကာ 

စခန်းကိုလည်း အနက်ရောင်မျှော်စင်နှင့် မနီမ​ဝေးသို့သာ ပြောင်းရွေ့လိုက်ကြပြီဖြစ်သည်။


 á€‘န်မ္ဏအ လက်ဖြင့်မေးကိုထောက်လျက် အနက်ရောင်မျှော်စင်အား မမှိတ်မသုန်စိုက်ကြည့်နေမိသည်။ ဘတ်စ်ကားမှာ လမ်းချိုးသို့ ကွေ့လိုက်သောအခါတွင်မူ 

အနက်ရောင်မျှော်စင်အား ကွယ်သွားလေတော့သည်။


ထိုညတွင် သူ ပေါ့ပေါ့ပါးပါးညစာတစ်ခုကို သုံးဆောင်ပြီးနောက် အင်တာနက်အားဖွင့်ကာ သူ၏QQအကောင့်အား ၀င်လိုက်သည်။ ထို့နောက်တွင် မက်ဆေ့တစ်စောင်က အလိုအလျောက်တက်လာခဲ့၏။


[Victorတောင်းပန်ပါတယ်။ ငါဒီရက်ပိုင်းအလုပ်များနေလို့ မင်းနဲ့အတူကစားနိုင်မှာမဟုတ်ဘူး]


ထန်မော့က မက်ဆေ့ကိုဖတ်လိုက်သည်။ လွန်ခဲ့သောတစ်ပါတ်က သူပို့ခဲ့သောစာက ယခုမှreplyပြန်ရခြင်းဖြစ်သည်။


ကြည့်ရတာတော့ သူတကယ်အလုပ်များနေပုံပါပဲ...


[သကြားမှုန်: ကိစ္စမရှိပါဘူး။ 

မင်းအားတော့မှ ငါတို့တူတူဆော့ကြတာပေါ့]


စာပြန်ပြီးသည်နှင့် ထန်မော့ Bridgeဂိမ်းဆော့၀ဲလ်ကို ဖွင့်လိုက်သည်။သို့သော် ဤတစ်ကြိမ်တွင်တော့

Victorဘက်မှ လျင်မြန်စွာစာပြန်လာခဲ့ပြီး 

အွန်လိုင်းသို့ တက်လာခဲ့သည်။


[Victor:ဆော့ရအောင်၊ ငါအချိန်နည်းနည်းရတုန်း]


[သကြားမှုန်:ကောင်းပြီ (ပြုံး​နေ​သောအီမိုဂျီ)]


ထန်မော့ Victorအား inviteလုပ်လိုက်ကာ 

ဂိမ်းကမကြာခင်မှာပင် စတင်ခဲ့တော့သည်။


ထန်မော့ ဤဂိမ်းကိုကစားခဲ့သည်မှာ ငါးနှစ်ခန့်ပင်ရှိရော့မည်။ သူတက္ကသိုလ်ကျောင်းသားဘ၀တုန်းက 

သူ၏အခန်းဖော်မှာ ဤဂိမ်းကို အင်မတန်စွဲလမ်းနေသူဖြစ်သည်။ 

သူကBridgeဂိမ်းမှာ လူတစ်ဦး၏ဉာဏ်ရည်ကိုမြှင့်တင်ပေးနိုင်သည့် ဂိမ်းဟုလည်းအမွှမ်းတင်တတ်သေး၏။


သို့သော်လည်း သိပ်မကြာခင်မှာ သူ၏အခန်းဖော်၏ စိတ်၀င်စားမှုမှာ တစ်ခြားတစ်ခုသို့ ပြောင်းသွားခဲ့ပြီး ထန်မော့ကသာ ဤဂိမ်းကိုတိတ်တိတ်လေးဆက်ဆော့နေခဲ့ခြင်းဖြစ်သည်။


ဂိမ်းပွဲတွင် သူ Contractလုပ်ရန်အခွင့်အရေးရခဲ့လေသည်။ သူကဒ်အားဆွဲမထုတ်ရသေးခင် မျက်တောင်တခတ်မှာပင် Victorမှ K ကဒ်ကိုဆွဲထုတ်လာသည်ကို မြင်လိုက်ရပြီး ထန်မော့အာရုံမှာ ဗလာဖြစ်သွားခဲ့သည်။ ထို့နောက်တွင် ထန်မော့သည် မိမိ၏ contractလုပ်ရန် အခွင့်အရေး

ဆုံးရှုံးလိုက်ရပြီမှန်း သိလိုက်ရ​တော့သည်။


Victorအမှားလုပ်မိတာလား...


Bridgeဂိမ်းသည် 2 Vs 2ဂိမ်းမျိုးဖြစ်သည်။ ထန်မော့သည် Victorအားလွန်ခဲ့သော တစ်နှစ်ခန့်က ဂိမ်းထဲတွင် ဆုံခဲ့ရခြင်းဖြစ်ပြီး နှစ်ဦးသားမှာ အလွန်အတွဲညီညီဆော့ကစားနိုင်ခဲ့သည်။ အမှန်တကယ်တွင်Victorက ဤဂိမ်းတွင် ထန်မော့ထက်ပိုတော်သည်။ သို့သော် Victorမှာ ယခုခြောက်လအတွင်းအလွန်အလုပ်များနေပုံရကာ ဂိမ်းအားနှစ်လကျော်လောက် မဆော့ဖြစ်ခဲ့ချေ။


ဒါကြောင့် ဂိမ်းမဆော့တာကြာလို့ အမှားလုပ်မိတာလည်း ဖြစ်နိုင်တာပဲလေ။


သို့သော် ထန်မော့ တဖက်ကစားသူကိုပါ သေချာအကဲခတ်မိသည့်နောက်တွင် နားလည်သွားခဲ့သည်။


"သူကတစ်ခါတည်း ပွဲဖြတ်ချင်တာလား"


ထန်မော့နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်ကာ ကဒ်ကိုဆွဲထုတ်လိုက်တော့သည်။


နာရီ၀က်ခန့်ကြာပြီးနောက် ဂိမ်းအဆုံးသတ်သွားပြီး ထန်မော့ သူ၏QQအားပြန်၀င်လိုက်သည်။


[သကြားမှုန်: မဆော့တာကြာတာတောင် 

အရင်အတိုင်း​တော်နေတုန်းပဲ]


[Victor: gg]


[သကြားမှုန်: (ပြုံး​နေ​သောအီမိုဂျီ)]


ထို့​နောက် အတော်ကြာသည်အထိ Victorဘက်မှစာပြန်မလာခဲ့ပေ။ထန်မော့လည်း တဖက်လူမှာ အလုပ်များနေသည်ဟု ခန့်မှန်းလိုက်ပြီး နောက်ထပ်စာမပို့တော့ပေ။ ထိုအစား သူကနောက်ဂိမ်းတစ်ပွဲအား ဆော့ရန်၀င်လိုက်တော့သည်။ သူဂိမ်းမှပြန်ထွက်လာသောအခါတွင်မူ Victorမှာ သူ့အားစာပို့ထားသည်ကို တွေ့လိုက်ရလေသည်။


[Victor:မင်းအလုပ်လုပ်တဲ့ နေရာဘေးမှာ အနက်​ရောင်​​မျှော်စင်ရှိတယ်လို့​ ပြောဖူးတယ်​နော်]


[သကြားမှုန်: အင်း၊ မီတာ၂၀၀အကွာလောက်မှာပေါ့။ ဘာဖြစ်လို့လဲ]


[Victor:အခုနောက်ပိုင်း 

အဲဒါက နည်းနည်းမူမမှန်တာခံစားမိလို့]


ထန်မော့က စာကိုဖတ်လိုက်ပြီးနောက် အနက်ရောင်မျှော်စင်အားလက်ညှိုးထိုး၍ ဘုရားသခင် လာနေပြီဟု ပြောခဲ့သော ငကြောင်ပုဂ္ဂိုလ်အားသတိရသွားမိသည်။


Victorနဲ့ ငကြောင်က...


ထန်မော့ ရယ်တာမရပ်တော့ပေ။


သူသည် မက်ဆေ့အားပြန်မပို့ခင် အတော်ကြာကြာအထိ အရယ်မရပ်နိုင်ခဲ့။


[သကြားမှုန်:မင်းလည်း မျှော်စင်တွေကအန္တရာယ်ရှိတယ်လို့ ယူဆတဲ့ဘက်ကလား၊ ငါကအဲ​ဒီအနားမှာအလုပ်လုပ်ရတာဆိုတော့ ရှောင်လို့မရဘူးလေ]


Victorက ထိုအကြောင်းအရာအား ဆက်မပြောခဲ့ပေ။ သူကစကားနည်းနည်းပြောပြီးသည့်နောက် အလုပ်များသည်ဟုဆိုလာသည်။ သူတို့တစ်ယောက်ကိုတစ်ယောက် နှုတ်ဆက်ပြီးနောက် လိုင်းပေါ်ကဆင်းခဲ့ကြသည်။


ထန်မော့နောက်တစ်ရက် အလုပ်သို့သွားသောအခါတွင် ငကြောင်က စာကြည့်တိုက်သို့ရောက်မလာပေ။

ဥက္ကဋ္ဌ၀မ်ကမူ အထူးအံ့ဩလျက် ...


"အဲဒီငကြောင်က ဒီနေ့မလာဘူး၊ ငါကသူငါ့ထက်တောင်ရက်မှန်တယ်ထင်နေတာ။ ဘာဖြစ်လို့ပါလိမ့်..."


ထန်မော့က​ ခြောက်ကပ်ကပ်သာ ပြန်ဖြေလိုက်သည်။


"မိသားစုနဲ့ အလုပ်များနေလို့နေမှာပေါ့"


ဥက္ကဋ္ဌ၀မ်ကလက်ကိုခါလျက်


" အိုက်ရား... သူမလာတာ ပိုတောင်ကောင်းသေးတယ်။ နို့မို့ဆိုငါတို့ကသူ့ကိုစောင့်ကြည့်ရတာနဲ့  အလုပ်များနေရသေးတာ။ ရှောင်ထန်းနဲ့ ရှောင်ကျိုး ဒီနေ့လည်းအလုပ်ကြိုးစားပေးဦးနော်။ ဒီနေ့အဖို့ G ခေါင်းစဉ်နဲ့စာအုပ်တွေကို အမျိုးအစားခွဲဖို့ကူညီပေးဦး"


စာအုပ်အမျိုးအစားခွဲရခြင်းက ပုံမှန်စာကြည့်တိုက်မှူးများ အမြဲလုပ်ရသောအလုပ်တစ်ခုဖြစ်ပြီး အပြင်လူများတွေးသလို စိမ်ပြေနပြေမရှိလှပေ။ ရှောင်ကျိုးမှာယနေ့တွင် ဒိတ်လုပ်ရန်ရှိနေပြီး ထန်မော့အား သနားစဖွယ်ကြည့်နေခဲ့သည်။ သူကမနေနိုင်တော့ပဲ ပြောလိုက်ရသည်။


"မင်းပြန်ရင် ပြန်နှင့်တော့လေ၊ ငါပဲဆက်လုပ်လိုက်တော့မယ်"


ရှောင်ကျိုးမှာသူ့အား အလျင်စလိုကျေးဇူးတင်လာခဲ့သည်။


"ကျေးဇူးပဲထန်မော့၊ နောက်တစ်ခါကျ နင့်အချိန်ပိုကို ငါပြန်ကူပေးမယ်နော်"


ထန်မော့ကခေါင်းအသာငြိမ့်ကာ ဘာမှမပြောလိုက်တော့။


သူ ည10နာရီအထိ အချိန်ပိုကြိုးစားလုပ်ကာ နောက်ဆုံး​သောဘတ်စ်ကားကိုစီး၍ အိမ်ပြန်လာခဲ့သည်။


နောက်ဆုံးဘတ်စ်ကားပေါ်တွင် ခရီးသည်အလွန်နည်းလှသည်။ ဒရိုင်ဘာမှလွဲ၍ ထန်မော့အပြင်ကိုမှ 

ဦးလေးကြီးတစ်ယောက်သာ ပါ​လေသည်။ ဦးလေးကြီးမှာ သူ့ခုံ၌အိပ်မောကျနေပြီး ထန်မော့ကမူဖုန်းအားကုန်နေခဲ့၍ မေးကိုထောက်လျက်သာ  ပြတင်းပေါက်အပြင်ဘက်သို့ ပျင်းရိစွာကြည့်နေခဲ့သည်။


မြို့လည်ရှိ ဈေး၀ယ်စင်တာများမှာလည်း ယခုအချိန်တွင်ပိတ်နေခဲ့ပြီသည်။ နို၀င်ဘာညမှာအလွန်အေးစိမ့်လှပြီး လမ်းပေါ်၌လူအနည်းငယ်သာရှိနေခဲ့သည်။

အေးမြသော လရောင်က လမ်းပေါ်သို့ဖြာကျနေပြီး ထန်မော့သည် လမ်းပေါ်ရှိနီယွန်မီးရောင်များနှင့် ဆိုင်းဘုတ်များအား ကြည့်နေခဲ့သည်။ ထို့နောက်တွင် ဘတ်စ်ကားကရုတ်တရက် လမ်းချိုးသို့ ကွေ့လိုက်ပြီး ကြီးမားသော အနက်ရောင်မျှော်စင်ကြီးက ထန်မော့၏ မြင်ကွင်းတွင်ပေါ်လာခဲ့လေသည်။


ခြောက်လကျော်ခန့်မြင်ခဲ့ရပြီးသည့်နောက် ထန်မော့မှာလည်း ဤမျှော်စင်အား အနည်းငယ်မျှပင် စိတ်မ၀င်စားတော့။ အခြားသူများကဲ့သို့ပင် တည်ငြိမ်စွာမော့ကြည့်လိုက်သည်။


ရုတ်တရက်ပင် ပိုးကောင်လား ငှက်ငယ်လားမသဲကွဲသောအရာကိုသူမြင်လိုက်ရသည်။ လရောင်အောက်တွင် ထိုအမဲရောင်လေးသည် အနက်ရောင်မျှော်စင်တည့်တည့်သို့ ပျံသန်းသွားနေသည်။ ထန်မော့ကအလွန်ပျင်းရိစွာပင် ထိုအမဲရောင်လေးက အနက်ရောင်မျှော်စင်ကို​ဖောက်၍ပျံသန်းသွားမည်ကို ​စောင့်ကြည့်နေခဲ့သည်။ 


သို့သော်..


ထိုအမဲရောင်လေးမှာတစ်ခုခုကို၀င်တိုက်မိသည့်ဟန်ဖြင့် ဘုတ်ခနဲပြုတ်ကျသွားတော့သည်။


ထန်မော့သည် ထိုမျှော်စင်အား ဘတ်စ်ကားကနောက်ထပ်လမ်းချိုးတစ်ခုကို မကွေ့ခင်အထိ ထိုစိုက်ကြည့်နေမိခြင်းပင်။


နောက်ထပ်ရပ်မည့်မှတ်တိုင်အား ကြေညာချက်က ဘတ်စ်ကား၏ စပီကာမှမြည်လာခဲ့သည်။ 

ထန်မော့ ပြတင်းပေါက်အပြင်ဘက်သို့ ငေးနေဆဲဖြစ်ပြီး ယခုည ညစာ သူဘာစားသင့်သည်ကိုတွေးတောနေမိစဥ် မြင်ကွင်းကြောင့် သူ့မျက်လုံးများက ရုတ်ချည်းပြူးကျယ်သွားခဲ့သည်။


နောက်သို့လှည့်ကာ မမြင်ရတော့သော အနက်ရောင်မျှော်စင်ကြီးအား ကြည့်ရန်ကြိုးစားလိုက်ပါ​သော်လည်းဘတ်စ်ကားမှာထို​နေရာကိုကျော်ခဲ့ပြီဖြစ်ကာ အနက်ရောင်မျှော်စင်အား နောက်ထပ်မမြင်ရတော့ပေ။


ထန်မော့၏နှလုံးမှာ အလွန်ခုန်နေပြီး လည်ချောင်းမှပင်ထွက်ကျလာတော့မလိုပင်။ အချိန်တော်တော်ကြာပြီးနောက်တွင် သူ့ကိုယ်သူတည်ငြိမ်ရန်ကြိုးစားနိုင်လိုက်သည်။


"ငါမှားမြင်မိတာလား အနက်ရောင်မျှော်စင်က လေထုညစ်ညမ်းမှုကနေ ဖြစ်လာတဲ့ ပုံရိပ်ယောင်ကြီးပဲလေ ဘယ်လိုလုပ်ထုထည်ရှိမှာလဲ"


ဤသည်မှာ လတ်တလော လူတိုင်းလက်ခံထားသောအမှန်တရား တစ်ခုဖြစ်သည်။ အနက်ရောင်မျှော်စင်များမှာ ပုံရိပ်ယောင်သာဖြစ်ပြီး မြင်ရုံသာမြင်နိုင်ကာ ထိတွေ့ကိုင်တွယ်၍မရပေ။


ထန်မော့သည် မျက်လုံးကိုမှိတ်လျက် ယခုလေးတင်မြင်တွေ့လိုက်ရသော မြင်ကွင်းကို မေ့ဖျောက်ရန် ကြိုးစားလိုက်သည်။


သို့သော်ထိုဖြစ်စဉ်မှာ replayနှိပ်ထားသကဲ့သို့ သူ့အာရုံတွင် စွဲထင်နေခဲ့ပြီး အိပ်လို့မပျော်ခဲ့ပေ။ ညသန်းခေါင်ယံမှသာ ခက်ခဲစွာအိပ်ပျော်သွားခဲ့သည်။


နောက်တစ်နေ့မနက်တွင် ထန်မော့ ၇နာရီခွဲ၌နိုးလာခဲ့ပြီး သွားကိုအလျင်စလိုတိုက်လိုက်သည်။ 


၈နာရီဘတ်စ်ကားကို မှီမှဖြစ်မည်။ အ၀တ်အစားအမြန်လဲကာ လွယ်အိတ်ကိုကောက်လွယ်၍ ထွက်လာခဲ့တော့သည်။


အိမ်တံခါး၏လက်ကိုင်ဘုကိုလှည့်ကာ ဖွင့်တော့မည့် အခိုက်အတန့်တွင် စီးချက်ကျသောသီချင်းသံတစ်ခုက သူ၏နားထဲအလွန်လျင်မြန်စွာ ၀င်လာခဲ့သည်။ 


"Jingle bells Jingel bells 

Jingle bells~~"


ထန်မော့ တုန်ရီသွားပြီး အခန်းတွင်းအား အမြန်လှည့်ကြည့်လိုက်မိသည်။ သို့သော် သူ့အခန်းအတွင်း၌ အသံထွက်ပေါ်လာသည့် ဘယ်အရာမှရှိမနေခဲ့ပေ။


Jingle Bellsသီချင်းသံကဆက်တိုက်ကြားနေရလေသည်။ စာသားများမပါပေမယ့်လည်း ဤသီချင်းဘယ်သူမသိပဲနေမည်နည်း။


သူ အလွန်ဂရုတစိုက် နားစွင့်နေသော်လည်း 

အသံထွက်ပေါ်လာသည့်နေရာကိုမူ ရှာမတွေ့ပဲဖြစ်နေဆဲပင်။


သီချင်းမှာ အရပ်မျက်နှာပေါင်းစုံက ထွက်ပေါ်လာနေသကဲ့သို့ ခံစားရစေသည်။


အ​တွေးတစ်ခု၀င်လာသည်နှင့် တစ်မဟုတ်ချည်းတွင် 

ထန်မော့ အလွန်တုန်လှုပ်သွားမိကာ သူ့ဘ၀တွင် ဘယ်သောအခါမှ မပြေးဖူးသော အလျင်မျိုးဖြင့် ပြတင်းပေါက်ဆီသို့ပြေးကာ စုကျိုးမြို့လည်ခေါင်တွင် တွဲလွဲခိုနေသော အနက်ရောင်မျှော်စင်ကြီးအား ကြည့်လိုက်မိတော့သည်။


ရောင်စုံမီးများက မျှော်စင်ကြီးပေါ်တွင် တဖျတ်ဖျကတ်တောက်ပလျက် သီချင်းများကလည်းတစ်ပုဒ်ပြီးတစ်ပုဒ်ပြောင်းလဲလျက်။ 


သီချင်းပြီးဆုံးသွားချိန်၌မီးရောင်များကလည်းချက်ချင်းပြန် ပိတ်သွားပြီး ယခင်အတိုင်းအနက်ရောင်အဖြစ် ပြန်ပြောင်းသွားခဲ့၏။


ထို့နောက်တွင် စူးရှကာကျယ်လောင်သော ကလေးငယ်တစ်ဦး၏အသံက ကြေညာချက်တစ်ခုကိုထုတ်ပြန်လာခဲ့သည်၊


"တင်းတောင်~~နို၀င်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်၊

ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပါပြီ"



🪩