အပိုင်း ၁၄၁
Viewers 29k

Chapter 141


" ဟုတ်တယ် ပြိုင်ပွဲစပြီဆိုတော့ ငါ့ဓာတ်ပုံတွေကို တင်လိုက်ပြီ ... တကယ်လို့ ငါတို့ဆုရခဲ့မယ်ဆိုရင် မင်းရဲ့လက်ရှိအခြေအနေအတွက် အကူအညီကောင်းတစ်ခု ဖြစ်လာလိမ့်မယ် ..."

အယ်လန်၏အသံကျယ်ကျယ်က ဖုန်းထဲမှ ထွက်လာသည်။ ဖုန်းတစ်ဖက်မှလူက သူမကိုအလွန်စိုးရိမ်နေကြောင်း ခံစားမိနိုင်သည်။


" ကျေးဇူးတင်ပါတယ် အယ်လန် ..."


ရှအန်းက လူတစ်ယောက်ကို မည်သို့ပြောဆိုဆက်ဆံရမည်ကို မသိသူတစ်ယောက် မဟုတ်ပေ။ သူမအပေါ် ကောင်းပေးသူများကို ကောင်းမွန်စွာဆက်ဆံပေးပြီး သူမအပေါ်ဆိုးရွားသူများကိုလည်း ဆိုးရွားစွာဆက်ဆံပေးတတ်သည်။


သူမ နူညံ့စွာပြုံးလိုက်သည်။

" အယ်လန် စိတ်မပူပါနဲ့ ... ကျွန်မအဆင်ပြေပါတယ် ..."


သို့ရာတွင် ရှအန်း၏ မျက်နှာပေါ်မှအပြုံးက တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားသည်။


" ငါ သတင်းတွေဖတ်လိုက်ရတယ် ... မင်းတကယ်ကြီး တဲလက်စ်နဲ့ကြိုက်နေတာလား ..."


" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... ကျွန်မ သူ့ကိုတစ်ခါမှတောင် မတွေ့ဖူးဘူး ... အဲ့လူနဲ့ကျွန်မကို မတွဲပေးစမ်းပါနဲ့ ..."

ရှအန်း မပျော်မရွှင်ဖြင့် ပြောလိုက်သည်။


အယ်လန်နားလည်သွားသည်။ သူ၏မူပိုင်မော်ဒယ်က တဲလက်စ်ကို သဘောမကျပုံပင်။


ထိုမျှသာမက သူမအသံထဲတွင် စက်ဆုပ်မှုများလည်း ပါဝင်နေသည်။


အယ်လန် လျှင်မြန်စွာတောင်းပန်လိုက်သည်။

" ငါ တောင်းပန်ပါတယ် ..."


" ဒါမေဲ့ ရှအန်းရေ ... ငါဒီတစ်ခေါက်နိုင်မှာသေချာတယ်ဆိုတော့ မင်း စိတ်အေးအေးထားလို့ရတယ် ... မင်းလည်း နာမည်ကြီးလာတော့မှာ ..."


" ရှင် အနိုင်ရမှာကို ကျွန်မစောင့်နေပါ့မယ် ..."

ရှအန်း အပြုံးဖြင့် ပြောလိုက်သည်။


" ကောင်းပြီလေ ရှအန်း ... မင်းစောင့်ကြည့်နေရုံပဲ ... မင်းအတွက် နံပါတ်တစ်ကဒ်ပြားကို ရှေ့အထိ ယူလာပေးမယ် ... ငါသာ နံပါတ်တစ် ဓာတ်ပုံဆရာဖြစ်သွားခဲ့ရင် ငါတို့တွေ နောက်တစ်ခေါက်ပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ် ... အနာဂတ်မှာ နိုင်ငံတကာအထိအောင်မြင်တော့မယ့် ဒီနံပါတ်တစ်ဓာတ်ပုံဆရာက မင်းရဲ့သီးသန့် ဓာတ်ပုံဆရာဖြစ်လာ‌လိမ့်မယ် ..."

အယ်လန်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်သည်။


" မင်း ပရိုဂရမ်တစ်ခုမှာမှ မပါရသေးဘူးမလား ... ငါ့ဆီလာပြီး မင်းရဲ့သတ်မှတ်ချက်တွေပဲပြောလိုက် ... ဖုန်းထဲကပဲပြောလို့ရတယ် ငါ့ကိုဂရုမစိုက်နဲ့ ... ငါနဲ့ပဲလာပူးပေါင်းလိုက်တော့ ..."


အယ်လန်၏ စိတ်ကြီးဝင်နေသောစကားများကြောင့် ရှအန်း အော်ရယ်လိုက်မိသည်။

" ရှင် ကျွန်မကို တော်တော်ဂရုစိုက်တာပဲ ..."


" ဒါတော့ ဂရုစိုက်ရတာပေါ့ ... မင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ ရွှေရောင်ဆံပင်နဲ့ပုံကိုမြင်ပြီး အကြံဉာဏ်အသစ်တွေရလာလို့လေ ... အဲ့ဒါကြောင့် ဒါကို လာပြောတာ ..."


" ကောင်းပါပြီ တော်ပါတော့ ... မရှင်းပြပါနဲ့တော့ ... ကျွန်မရှင့်ကို ကတိပေးတယ် ... ရှင် ပထမရခဲ့ရင် ကျွန်မတို့ထပ်ပြီး ပူးပေါင်းကြမယ်လေ ..."


ရှအန်းက ကို့ရိုးကားယားရှင်းပြချက်များကို နားထောင်ရန် ပျင်းလွန်းနေသည်။ သူမပြုံးလိုက်ပြီး အထွေအထူးမတွေးတော့ပဲ အယ်လန်၏ တောင်းဆိုချက်ကိုလိုက်လျောလိုက်သည်။


အဘယ့်‌ကြောင့်ဆိုသော် အယ်လန်က သူမစိတ်ဓာတ်ကျနေချိန်၌ သူမဘက်မှရပ်တည်ပေးသည့် သူငယ်ချင်းဖြစ်သော‌ကြောင့်ပင်။


ထို့အပြင် ဓာတ်ပုံရိုက်ရသည်က အချိန်အလွန်မကြာပေ။


" အိုကေ ရှအန်း ... အဲ့လိုပဲသဘောတူလိုက်ပြီနော် ... ငါပထမဆုရတာနဲ့ မင်းကိုအရင်ဆုံးပြောပြမယ် ..."


" ကောင်းပါပြီ ..."


အယ်လန်နှင့် သဘောတူညီမှုရပြီးသည့်နောက် ရှအန်းဖုန်းချလိုက်သည်။


သူမရယ်လိုက်သည်။


" ပထမနေရာတဲ့လား ... သူတကယ်ကြီး ပထမရမှာလား ..."

သူမ ရေရွတ်လိုက်သည်။


အကယ်၍ နိုင်ငံတကာဓာတ်ပုံဆုပေးပွဲ၌ အယ်လန် ပထမရခဲ့ပါက သူမလည်း အင်တာနက်ပေါ်တွင် နောက်တစ်ကြိမ်နာမည်ကြီးသွားမည်ဖြစ်သည်။


သူမ အရမ်းကံမကောင်းနေဘူးလား ...


ထားလိုက်ပါတော့ ... အဲ့လောက်အထိတော့ ကံမကောင်းချင်ဘူး ... 


ဓာတ်ပုံပြိုင်ပွဲနှင့် ဖျော်ဖြေရေးနယ်ပယ်တို့က ပါဝင်ပက်သတ်မနေသောကြောင့် သူမတွေးထားသကဲ့သို့ ပုံကြီးချဲ့လိမ့်မည်မဟုတ်ပေ။


ရှအန်း အထွေအထူး မတွေးနေတော့ပေ။ ကံဆိုးသည်က ဤကိစ္စမှာ သူမတွေးထားသည်ထက်ပို၍ ပုံကြီးချဲ့သွားသည်။


ထိုအချိန်တွင် အာရှ၌ ဗီးနပ်စ်နတ်သမီးတစ်ပါး အသစ်ပေါ်ထွက်လာမည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ပေ။


ဗီးနပ်စ်နတ်သမီးနှင့် မရေမတွက်နိုင်သော နာမည်ကြီးဓာတ်ပုံများနှင့် ဖက်ရှင်လောက၏နတ်ဘုရားမ ...



" ရှအန်း၏စတားဘဝ " အစီအစဉ်အပိုင်းနှစ်ကို အင်္ဂလိပ်နောက်ခံစကား‌ပြောဖြင့် ထုတ်လွှင့်ရန်စီစဥ်ပြီးသည့်နောက် ရှအန်းအနည်းငယ် စိတ်အေးသွားသည်။


“ဟား ~"


ယခုနောက်ပိုင်း အလုပ်အချိန်ဇယားများက များပြားလာသည်ဟု ခံစားမိ၍ သူမ မျက်လုံးများကို ပွတ်လိုက်မိသည်။


အကယ်၍ သူမ၏လည်ဆွဲကြောင့်သာ မဟုတ်ပါက သူမအတော်လေး လွှမ်းမိုးခံရမည်သာ။


" မာမား ပင်ပန်းနေတာလား ... အိမ်ပြန်ပြီး အိပ်ရာဝင်ကြမယ် ‌... မာမားခြေထောက်ကို သားနှိပ်ပေးမယ် ..."


အကောင်ပေါက်လေးက အိပ်ငိုက်နေသော သူ၏နတ်သမီးမေမေကိုကြည့်ကာ ရှအန်းလက်ကို အမြန်လာဆွဲသည်။


ကင်မရာကိုကိုင်ထားသည့် ကုရှုမော့မှာ ရှရှင်းချန်က်ု မြင်သည့်အခါ လက်ထဲမှကင်မရာကို ဘေးတွင်ချလိုက်ပြီး လာရောက်ပြိုင်ဆိုင်တော့သည်။


" မမနတ်သမီး ပင်ပန်းနေတာလား ... ဒါဆိုရင် သားကုန်းပိုးပေးမယ်လေ ..."


လိမ္မာသော ကလေးလေးနှစ်ယောက်မှာ တစ်ယောက်က ခြေထောက်ကိုနှိပ်ပေးပြီး နောက်တစ်ယောက်က ကုန်းပိုးပေးမည်ဟု ပြောလာသည်။  ရှအန်း အလွန်ပင် ကြည်နူးပျော်ရွှင်သွားသည်။


ဟန်ယွဲ့က အင်္ဂလိပ်အသံထွက်နှင့် အစီအစဉ်ကိုကြည့်လိုက်သောအခါ ပြဿနာအကြီးအမား ရှိမနေပေ။ စတူဒီယိုထဲမှထွက်လာသည့်အခါ ချစ်စဖွယ်မိသားစုမြင်ကွင်းလေးကို တွေ့လိုက်ရသဖြင့် ကင်မရာမန်းကို ရှအန်းနှင့် အကောင်ပေါက်လေးနှစ်ယောက်ပုံကို ရိုက်ကူးထားရန် အလျင်စလိုပြောလိုက်သည်။


" မြန်မြတ် မြန်မြန် ဒီအခန်းကိုရ်ိုက်ထား ..."


" ဟန် ဒီဟာကို ရုပ်သံမလွှင့်နဲ့ ..."


" ဟားဟားဟာ ဘာလို့ကြောက်နေတာလဲ ..."


ဟန်ယွဲ့ ဆိုထာပေါ်မှီနေသည့် ရှအန်းကိုကြည့်လိုက်သည်။ သူပို၍ ကြည့်လေ ကိုယ်ကျပ်လည်ထောင်အင်္ကျီနှင့်ရှအန်းက တရုတ်သမ္မတနိုင်ငံခေတ်က ဇာတ်လမ်းတွဲများရိုက်ကူးရန် အလွန်သင့်တော်သည်ဟု ထင်လာမိသည်။


( တရုတ်သမ္မတနိုင်ငံ ၁၉၁၂–၁၉၄၉ )


ရှအန်းက ပျင်းရိစွာထိုင်နေသော်လည်း သိမ်မွေ့လျက်ပင်ရှိသည်။ အမေရိကန်သို့ ရောက်လာပြီးနောက် ရှအန်း၏စရိုက်က အနည်းငယ်တိုးတက်လာသည်။


" သွားကြရအောင် ... ခုတလောအရမ်းအလုပ်ရှုပ်တာပဲ ... နေ့တိုင်းရုပ်ရှင်ရိုက်ရတယ်... ဒီကိုလည်း အင်္ဂလိပ်စကားပြောနဲ့ အစီအစဉ်ကို ရ်ိုက်ဖို့လာရသေးတယ် နားချိန်ကိုမရှ်ိဘူး ... ဒီနေ့ အိမ်ပြန်ပြီး စောစောအိပ်မယ် ..."


ထိုသို့ပြောပြီးနောက် ရှအန်း ဆိုဖာပေါ်မှထကာ ဟန်ယွဲ့က လက်ပြလိုက်သည်။ အကောင်ပေါက်လေးနှစ်ယောက်၏လက်ကိုဆွဲကာ စတူဒီယိုမှ ထွက်သွားသည်။


" ရှအန်း ခဏစောင့်ပါဦး ..."

ဟန်ယွဲ့ အလျင်အမြန်တားမြစ်လိုက်သည်။