အပိုင်း ၁၄၂
Viewers 29k

Chapter 142


" ဘာလို့လဲ ... တစ်ခုခုရှိသေးလို့လား ..."

ရှအန်းက သွားနေရာမှရပ်လိုက်ပြီး ဟန်ယွဲ့ကို စိတ်ရှုပ်ထွေးသွားပုံဖြင့် ကြည့်လိုက်သည်။


" ငါတို့ရှိုးကို လာမယ့်သောကြာနေ့ဆယ်နာရီမှာ လွှင့်မှာနော် ကြည့်ဖြစ်အောင်ကြည့်ဦး ..."


ရှအန်း အံ့အားသင့်သွားသည်။ သူတို့၏ ဒုတိယပရိုဂရမ်ကို ဤမျှမြန်မြန် ရုပ်သံလွှင့်မည်ဟု မထင်ခဲ့မိပေ။ 


အစောဆုံးဆိုလျှင်ပင် အနည်းဆုံးတစ်လခန့်ကြာမြှင့်လိမ့်ဦးမည်ဟု ထင်ခဲ့သည်။


" မြန်လှချေလား ..."


" မြန်တာပေါ့ FXတီဗွီက ငါတို့ရဲ့ ကြယ်ပွင့်တို့ဘဝ အစီအစဉ်ကို ကြော်ငြာပေးမှာလေ .. ဒီနေ့ပဲ FXတီဗွီက မင်းရဲ့ဓာတ်ပုံတွေကို အင်တာနက်ပေါ် တင်မယ်တဲ့ ..."


" ငါလည်း သူတို့ဆီက ဓာတ်ပုံတွေတင်မှာစောင့်နေတာ ... အဲ့ဒါမှ တရုတ်က တရားဝင်ဝေ့ပေါ်အကောင့်မှာ အဲ့ဓာတ်ပုံတွေ ပြန်တင်ရမှာလေ ... အဲ့အချိန်ကျရင် မင်းလည်းတေ့ပေါ်ထဲဝင်ပြီးforwardလိုက်နော် ..."


ဟန်ယွဲ့ စိတ်ကောင်းဝင်နေသည်။ သူတို့၏ တရားဝင်ဝေ့ပေါ်အကောင့်မှ " ရှအန်း၏စတားဘဝ" အစီအစဉ်အတွက် ရှအန်း၏ဓာတ်ပုံများတင်လိုက်ချိန်တွင် ဖြစ်ပေါ်လာမည့် တရုတ်နိုင်ငံမှလူများ၏ တုံ့ပြန်ချက်ကို မစောင့်နိုင်တော့ပေ။


သူ အနည်းငယ် စိတ်လှုပ်ရှားနေသည်။


" အိုး ... ကောင်းပါပြီ ကျွန်မသိပြီ ..."

ရှအန်း ခေါင်းငြိမ့်ပြပြီးတုံ့ပြန်လိုက်သညိ။


သူမက ဟန်ယွဲ့နီးပါး စိတ်မလှုပ်ရှားနေသော်လည်း ပရိုဂရမ်ကို ရုပ်သံလွှင့်တေ့ာမည်ကိုသိ၍ ပျော်ရွှင်နေသည်။ ရှကျင်းက သူမကို တမင်တကာဟန့်တား၍ နာမည်ပျက်အောင် ကြံစည်ထားသည့်အတွက် ဤအစီအစဉ်ဖြင့် အောင်မြင်မှဖြစ်လိမ့်မည်။


အဲ့အရူးမတော့ အိမ်မှာ ရူးနေလောက်တော့မယ် ...


ရှအန်းလည်း ရုတ်တရက် မစောင့်နိုင်သလို ခံစားလိုက်ရသည်။


အိမ်ပြန်ရောက်သည့်အခါ ရှအန်းက ကလေးနှစ်ယောက်ကို ချော့သိပ်လိုက်သည်။


လိုင်းတက်ကြည့်သည့်အခါ တွေ့မြင်နေကြ အတင်းအဖျင်းများကိုသာ တွေ့ရသည်။


တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံကြားတွင် အချိန်ကွာခြားချက်ရှ်ိသော်လည်း ရှအန်းက အတင်းအဖျင်းများကို တက်ကြွစွာဖတ်နေသည်။


၎င်းက သူမအကြောင်းမဟုတ်ပဲ ရှကျင်း၏အကြောင်းများသာဖြစ်သည်။


ရှကျင်းရဲ့ မကောင်းတဲ့အတိတ်တွေကို ဖျက်ပစ်လိုက်ပြီမလား ... ကောင်းကောင်းရော ရှင်းပစ်လိုက်ရဲ့လား ...


အကယ်၍ တစ်စုံတစ်ယောက်က ရှာဖွေလိုပါက မြောက်များစွာ ရှိနေသေးသည်။


ရှကျင်း၏ ပိုစ့်ကို ရှအန်းမြင်လိုက်သည်။


ဝိုး ရှကျင်းဆိုတဲ့ ရူးနေတဲ့မိန်းမက တကယ်ပဲ ကျေးလက်ဒေသကိုသွားတာလား ...


ဖွီး .. ပတ်ဝန်းကျင်အခြေအနေကလည်း ဆိုးရွားလိုက်တာ ... သူလိုမိန်းမက အဲ့ဒီမှာ ဘယ်လိုနေတာလဲ ...


အစီအစဉ်ရိုက်ကူးစဉ်တွင် ရှကျင်းများစွာခံစားခဲ့ရသည်။


ရှကျင်းပါဝင်ထားသည့် "Mom Is Back" ပရိုဂရမ်၏ သတင်းများကိုကြည့်လိုက်ကာ ဗိုက်အောင့်သည်အထိ ရယ်တော့သည်။


ယခုအချိန်၌ ရှကျင်းက ဤရှိုးမှ သူမနေရာကို လုယုသွားခြင်းက အလွန်ကံကောင်းသည်ဟု တွေးနေမိသည်။


ထိုသို့မဟုတ်ပဲ ရှိုးတွင်ပါဝင်ရန် စာချုပ်၌လက်မှတ်ထိုးမိပါက သူမသေချာပေါက် နောင်တရလိမ့်မည်ဖြစ်သည်။


ပို၍တွေးမိလေ သူမကိုယ်ကို ပို၍ကံကောင်းလာသည်ဟု ရှအန်းတွေးမိလာသည်။


" အင်း ... ဒါတော့မကောင်းဘူပေါ့လေ ... ကြက်ခိုးဖို့ကြိုးစားနေမယ့် က်ိုယ့်ဆီကဆန်ပါပြန်အခိုးခံလိုက်ရသလိုကြီး ..."

ရှအန်း ပြောလိုက်သည်။ ရှကျင်းက ရှအန်းကို နာမည်ကျသွားရန် စီစဉ်ခဲ့သော်လည်း သူမကိုယ်တိုင် ထိုကိစ္စထဲဝင်ပါပြီး ဒုက္ခရောက်သွားသည်။


ဒါတို ရှကျင်းရဲ့ ကံဆိုးတဲ့အဖြစ်အပျက်တွေက ရှောင်ဟေးရဲ့ကျိန်စာကြောင့်လား ... ဒါမှမဟုတ် သူမရဲ့ဆိုးရွားတဲ့ စရိုက်ကြောင့်ပဲလား ...


ပြုံးလိုက်ပြီးနောက် ရှအန်းက ရှကျင်းအကြောင်းများကို အာရုံမစိုက်တော့ပေ။


အတင်းအဖျင်း pageများမှ ပြန်ထွက်လာပြီး အိပ်ရာဝင်ရန် ပြင်လိုက်သည်။


ထိုအချိန် သူမဖုန်းက တုန်ခါလာသည်။


သူမကြည့်လိုက်ချိန်တွင် ဟန်ယွဲ့က ‌မက်ဆေ့တစ်စောင်ပို့ထားသည်။


[ ဓာတ်ပုံတွေပို့လိုက်ပြီ ... မင်းမအိပ်သေးရင် ဝေ့ပေါ်ထဲ loginဝင် ပြီးရင်forwardလိုက်ပြီးမှအိပ် ... 

စာကြွင်း : Come on Challenger တရားဝင်စာမျက်နှာက သွားကြည့်လိုက် ]


ရှအန်း ပြုံးလိုက်ပြီး အလျင်အမြန်ပင် တုံ့ပြန်လိုက်သည်။ ဝေ့ပေါ်ထဲဝင်၍ သူမအကောင့်ကို loginလိုက်သည်။


အကောင့်ထဲဝင်ပြီးနောက် ရှအန်း၏ဖုန်းပင် ဟမ်းမတတ်ဖြစ်သွားသည်။


မရေမတွက်နိုင်အောင်များပြားသော privateမက်ဆေ့များစွာရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် သူမရက်ပေါင်းများစွာကြာသည်အထိ ဝေ့ပေါ်အကောင့်ကို loginမလုပ်ထားသောကြောင့်ဖြစ်သည်။


အနီစက်များကို လျစ်လျူရှု့ထားလိုက်ပြီး ဟန်ယွဲ့၏စကားအတိုင်း “Come on Challenger”၏ တရားဝင်ဝေ့ပေါ်စာမျက်နှာကို ဖွင့်လိုက်သည်။


ပထမစာမျက်နှာတွင် " ရှအန်း၏ဘဝ " ဓာတ်ပုံများကို repostထားကြောင်း တွေ့လိုက်ရသည်။


Forward ကိုနှိပ်ပြီးနောက် စာရိုက်လိုက်သည်။


[ ကျွန်မရဲ့ ဒုတိယမြောက် ရသစုံရှိုးပါ ( ပြုံးနေသည့်အီမိုဂျီ)]


ရှအန်းက စကားလုံးများစွာမရေးတော့ပေ။


သို့သော်၎င်းက ဖျော်ဖြေရေးနယ်ပယ်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။


အကြောင်းအရင်းက အလွန်ရိုးရှင်းပါသည်။ 

အဘယ့်ကြောင့်ဆိုသော် ...


[ ကြည့်ကြဦး ရှအန်းရဲ့ ဒုတိယမြောက် ရသစုံရှိုးကို အမေရိကန်က FXတီဗွီကနေ လွှင့်တော့မယ်တဲ့ ]